kom.. kom နဲ့ကိုယ့်ကိုယ်ကို တစ်ဆယ့်ခြောက်နစ်ထင်ပြီး ပျော်မြူးနေတာ အခုတစ်လောတော့ နဲနငြိမ်နေတယ် မငြိမ်လို့လဲမရဘူး ကွန်ပြူတာ က လစ်မိ တက် ဖြစ်နေတယ် စိတ်သွားတိုင်းကိုယ်မပါ။ ပြင်ပြီးပြီလို့တော့ သူငယ်ချင်း အီးစီအင်ဂျင်နီယာက အကြောင်းကြားတယ်။ ဖန် လဲလိုက်တာ ကောင်း သွားပြီ ဆိုတယ်။ လက်ခ မပါဘဲ ပစစည်းဘိုးဘဲ ကျတဲ့သဘောဆိုတော့ လက်ပတော့အသစ်ဝယ်စရာမလိုသေးဘူး ပိုက်ဆံကုန်သက်သာမယ် လို့တော့မျော်လင့်ရတာဘဲ ဆက်သုံးကြည့်ရသေးတာပေါ့. သွားတော့မယူရသေးဘူး ပိုစ်တင်လိုက်တုံး ကခံစားရတာကိုဘဲတင်တာပါ. ။ ဝိုင်းပြီး ကူညီကြ တာကို မမျှော်လင့်ဘဲရလို့ကျေးဇူးတင်မဆုံးပါဘူး။
အဲသလိုနဲ့ဘဲ ကိုယ့်နာမည်ရင်းက ဘာလဲဆိုတာတောင်ပြန်စဉ်းစားနေရတယ် နာမည်ရင်းနဲ့အီးမေလ်ကို တစ်ပါတ် တစ်ခါ နစ်ခါ သုံးခါ လောက်ဘဲ တာဝန် ကျေ ရုံစစ်ပြီး ခဥမ မေလ်းကတော့အားတိုင်းကို ဖွင့်ထားတော့တာဘဲ.
ငယ်သူချင်းတွေ အချို့ ဖဘမှာပြန်တွေ့တယ် ကိုယ်တို့ဘွဲ့ရတဲ့နစ်. ကျောင်းသား များအဖွဲ့လဲ ဝက်ဆိုဒ်ရှိတယ်မဝင်ဖြစ်ပါဘူး. ။
အခုတစ်လောရာသီဥတုဆိုးတယ်။ နေမကောာင်းဖြစ်ကြသလို. သွေးတိုးတာတွေလည်း ဦးနောက်သွေးကြောပြတ်တာတွေ အခုတစ်လော အ တော်ကြား နေရတယ်။ ဆင်ခြင်ဘို့ဘဲ။
သူငယ်ချင်းု KT အဖေ ရဲ့သတင်းလဲကြားရတယ် ဘာဖြစ်မှန်းမသိသလို ဖုံးလဲမဆက်ဖြစ်သေးဘူး .။ စိတ်မကော်းပါဘူး သူငယချင်း. . သူ့အဖေက ကိုယ့်အဖေနဲ့သူငယ်ချင်းပါ။
ကိုယ်တို့ အလုပ်လျောက်တုံးက လိုချင်တဲ့မြို့တွေ ကို စာရင်းပေးရတယ်။ နံပါတ်စဉ်တစ်က ဘာာ. နံပါတ်စဉ် နစ်က ဘာ. နာပါတ်စဥင်္သုံ့း ကဘာဆိုပြီးပေးရယတ်. tz က ကိုယ့ိုကို အကြံပြုတယ်။နံ့ပါတ်စဉ်တစ်က ရန်ကုန် နံပါတ်စဥင်္နစ် လိုချင်တာကလဲ ရန်ကုန်. နံပါတ်စဉ် သုံး လိုချင်တာကလဲ ရန်ကုန် လို့ဖြည့်ခိုင်းတယ်။ ဟာ….မဟုတ်တာ ဆိုတော့ နင်ကဘာလိုချင်လို့လဲ ဆိုတော့လဲအင်းလေ ငါလဲ ရန်ကုန် ဘဲလိုချင်တာ ပါဘဲ ရန်ကုန်သူဘဲဆိုတော့ အေး လိုချင်တာ ကို တောင်းရမှာ က ကိုယ့်တာဝန်. ကိုယ်တောင်းမှ သူက သိမှာပေါ့ ဆိုတာနဲ ကိုယ်လဲ တစ်..ရန်ကုန် နစ်…… …ရန်ကုန် သုံး ရန်ကုန် လို့ ရေးလိုက်တယ်။ ရတယ်ဗျာ. ယုံမှာတောင်မဟုတ်ဘူး . ။
အလုပ်ခန့်စာတွေ ကို တစ်နေရာ ရုံးခန်းမှာ ခေါ်ပြီးဖတ်ပြတယ်။ ဘယ်သူက ဘယ်မြို့ ဘယ်သူက ဘယ်မြို့ဆိုတာတွေ ကို ရင်တစ်ထိတ်ထိတ် နဲ့နားထောင်ရတယ်။ ကိုယ်ရန်ကုန် ရတယ်လို့ဆိုတာနဲ့ မျက်နာကို စားပွဲပေါ်ကို မှောက်ချလိုက်မိတယ်။ ငိုမိမတတ်တဘဲ ရန်ကုန်ရဘို့ဆိုတာ အန်မတန်ခက်ပါတယ်။မြန်မာပြည်တစ်လွားမြို့ပေါင်းစုံ နေရာပေါင်းစုံ ဘယ်နစ်ရာရောက်မယ်ဆိုတာ မသိဘဲနဲ့ အစိုးရအလုပ်ကို ဝင်ချင်လွန်းလို့စွန့်စွန့်စားစား လျောက်မိတယ်။ အိမ်က အမေနဲ့ အစ်မက သဘောမတူဘူး နယ်ရောက်မှာ စိုးလို့ အဖေကတော့ဘာမှ မပြောဘူး သူကိုယ်တိုင်ကလဲ ဝန်ထမ်းလုပ်လာတာဆိုတော့သမီးက လုပ်ချင်တယ်ဆိုတော့ တားရခက်နေတယ်။
ဆယ်တန်းအောင် ပြီး တကသိုလ်တွေ တက်တုံးကလဲအဲသလိုဘဲ တစ်.. …….တက္ကသိုလ်. နစ……. တက္ကသိုလ်. သု့း………. တက္ကသိုလ်. အဲသလိုဘဲ တခုတည်းသော ကျောင်းကိုဘဲ ဖောင်ထဲမှာ ဖြည့်တယ်။ အဲဒါမှ မရရင်လဲ ဘာမှ မလိုချင်တော့ဘူးလေ.။ ရချင်တာရ မထူးတော့ဘူး. ဆိုပြီး ချတာဘဲ တော်သေးတာပေါ့ လိုချင်တာ ရသွားလို့။်
ကိုယ်တို့အလုပ်လျောက်တုံးက စာမေးပွဲလည်းဖြေရတယ် ခုခေတ် ကလေးတွေ ဘယ်သိမလဲ။ စာကျက်ရသေးတယ် ကျောင်းစာမဟုတ်တာတွေ သတင်းစာတွေ ဖတ်ရတယ်။ ကျုရှင်လဲတက်ရတယ်။ အင်တာဗျူးလဲဝင်ရတယ်။ ခြောက်ထပ်ရုံးမှာ သွားဗျုးရတယ်။ ကိုယ်ကဘယ်သူ ကိုမှ လဲလက်ဆောင်မပေးခဲ့ရပါဘူး။ တော်လည်းမတော်ပါဘူး. ဒါပေမဲ့ အဲဒီအချိန်က ကိုယ့်အဖေက လေဖြတ်ထားတယ်။ ဆေးပင်စင်ယူကာစ.. စကားပြောရင် နဲနဲလုံးတယ်။ ကိုယ့်အဖေသည် အန်မတန်မှ ရိုးသားသော ကြိုးစားသော ဝန်ထန်းတစ်ဦး ဆိုတာကို..ဒါကို သိတဲ့ သူတစ်ချို့ကသိကြတယ်။ အဖေ့ကျန်းမာရေးကြောင့်ဘဲလားမသိ. တိုက်ဆိုင်တာဘဲလားမသိ. သနားသွားလို့ဘဲလားမသိဘူး. ကိုယ်ရန်ကုန် ရသွားတယ်။
နောက်တစ်ခု
အမေရိကားက သူငယချင်း စလုံးလာမယ်တဲ။ ချိန်းနေကြတယ် မတွေ့တာကြာပြီ. နစ်ပေါင်းမနည်းတော့ဘူး ။ သူကတော့တာဝန်ကျေပါတယ်။ ဘွဲ့လွန်တွေ အများကြီးယူသွားပြီးပြီ. ကိုယ်ဘဲ ရောက်တဲ့နေရာမှ ကျန်နေခဲ့တယ်။ နောင်တကို တစ်ခါတစ်လေ တော့ရမိတတ်တပါတယ်။ ကျောင်းပြီးကတည်းကဘဲ. မတွေ့ရတာ. သူမသွားခင်နေ့က ကိုယ့်အိမ်လာနှူတ်ဆက်တယ် ကိုယ်အိမ်မှာမရှိလိုက်ဘူး။။ စာရွက်တစ်ရွက်ထဲမှာ သူကမန်းကတန်းခြစ်ပေးထားခဲ့တယ်။ ငါလာသွားတယ် နင်မရှိလိုက်ဘူး နှူတ်ဆက်ပါတယ်။ ဘာညာဘာညာဆိုတဲ့စာရွက်ကလေး နစ်ပေါင်း အတော်ကြာအောင်သိမ်းထားသေးတယ်။
ဘဝက နစ်မျိုးဖြစ်နေတယ်။ virtual world ထဲမှာ အနေများနေတယ်။ ပြင်ပကိုတော့ငဲ့ကြည့်ဦးမှပါ။
အင်း………..ကြည့်ဖြစ်ခဲ့မယ်ဆိုရင်ပေါ့။

31 comments:
လာဖတ်တယ်
:):):):)
:P:P:P:P
ပြင်ပကိုမှာလဲနေပါ..
ဒီကိုလည်း ပစ်မထားပါနဲ့..။
သတ်ပုံမှားတာ တင်းကြမ်းပဲ။
သူငယ်ချင်းအဖေကိစ္စ ဖုန်းဆက်သင့်ပါတယ်..။
သတိရရင်ဖုန်းဆက်ပါ..။
ဖုန်းမကိုင်မိရင် တွေ့တာနဲ့ ပြန်ဆက်ပါ့မယ်..။
ကျနော်တို့က သံမဏိနဲ့တည်ဆောက်ထားတာမှမဟုတ်တာ..။
ခံစားချက်ရှိပါတယ်..။
အယ်ငှယ်..
စာမရေးရတာ ကြာပြီး ပြန်ရေးလို့ ထင်တယ်။
မမကွန် ရေးထားတာတွေ တော်တော်မိုက်တယ်။
ဟုတ်ပဗျာ ကျနော်လည်း ရောက်တဲ့ နေရာမှာ ရပ်ကျန်နေခဲ့တာ ကြာပြီ။ သူငယ်ချင်းတွေကတော့ ခဏခဏ ပြောပါတယ်။ အရွတ်တိုက်ချင်တဲ့ စိတ်ဓါတ်ကြောင့် ခက်နေတာ။
မမကွန် အလုပ်လျှောက်တုန်းက ဆိုတာ ကျနော် မေဂျာ လျှောက်တုန်းကနဲ့ တူတယ်။ ကျနော်ကတော့ သူများတွေလို အများကြီး မရေးဘူး တစ်ခုပဲ ဖြည့်လိုက်တာ တန်းရတာပဲ။ ရမှာပေါ့ အမှတ်က အများကြီးပိုနေတာကိုး :P:P:P
ရတဲ့ဘ၀ ကျေနပ်နေရင် တိုးတက်ဖို့မရှိပေမဲ့ စိတ်ဆင်းရဲမှုတော့ သက်သာတာပေါ့။
ပြင်ပကမ္ဘာကို အဆက်မပြတ်စေနဲ့ အရီး။ မိတ်ဆွေတွေနဲ့ ရံဖန်ရံခါ တွေ့ဆုံပေး။ ကိုမဆာလာနဲ့ လျှောက်လည်ပေးပါ အရီး။ စီးတီးဟောရောက်နေရင်လဲ ဖုန်းဆက်ပါအရီး ..:P
ပြင်ပကိုတော့ငဲ့ကြည့်ဦးမှပါ။
အမ... အပြင်က လက်တွေ့ဘ၀ပါ..အမ။
အချိန်မနှောင်းသေးပါဘူး။
မြတ်နိုး
ဖြစ်တတ်ပါတယ်လေ။ တခါတလေ အတွေးကမ္ဘာက မျောလို့ အကောင်းသား။ :(
:) အပြင်ကိုလည်းသွား။ အထဲမှာလဲနေ။
း) အိမ်က အစ်မတစ်ယောက်လဲ ဘာမှဆက်မတက်ပါဘူး။
သမီးအပျိုပေါက်နဲ့ရှုပ်နေတာပဲ။
mm
Virtual world က တစ်ချို့ အမာခံလူတွေ အပြင်ထုတ်တွေ့ လိုက်။ အနော်တို့ အုပ်စုလို ပေါ့ ။
စီဘောက်မှာလည်း ဝက်ဝက်ကွဲ အပြင်မှာတွေ့ လည်း မျောက်မူးလဲ ၊လက်ပံပင်ဆက်ရက်အကောင် ၁၀၀၀ကျ။
မမဖုန်းကလည်း ဆက်ရခက်တာ ။
မက်စိတောင် ၃ ခါပို့ မှ တစ်ခါရောက်သလားမှတ်ရ ဟွင့်။
ဘ၀နှစ်မျိုး ဖြစ်တာလဲ မပြောနဲ့၊ ခု ဒီစာဖတ်ရတာကို စိတ်နှစ်မျိုးနဲ့ ဖတ်နေရတာ..:D
ဘ၀ဆိုတာဒီလိုပါပဲ..လွတ်တဲ့ငါးကို သေးတယ်လို့ သတ်မှတ်ပြီး ဖြစ်လာတဲ့အခြေအနေပေါ်မှာ အကောင်းဆုံးကြိုးစားတာဟာ အသင့်တော်ဆုံးပါ..ဘယ်လမ်းကပဲ သွားသွားအားလုံးအတွက် ပန်းတိုင်ကတော့ အတူတူပါပဲလေ...
Virtual world ထဲမှာတင်ဆူညံတာမဟုတ်ဘူးပေါ့.. အပြင်မှာလည်း ဆူညံ့တယ်ပေါ့... :D:D
Kom..Kom.. သိပ်ခေါ်လို့ကောင်းတယ်.. ဟီးဟီး
ခင်မင်တဲ့
နေ၀သန်
ပြင်ပ ကမ္ဘာနဲ့ မနီးစပ်နိုင်တဲ့အခါ အိမ်မက်ကမ္ဘာထဲမှာ ချာချာလည်နေမိတာပါဘဲ..
မမရေးထားတာကို ကြိုက်တယ်။ ဖတ်ရင်းနဲ့ တခါတည်းတွေးမိသွားတာ။
ဇွန်လည်း တက္ကသိုလ်လျှောက်တုန်းက ဦးစားပေး ၁နဲ့၂ ကို ကျောင်းတစ်ခုတည်း လျှောက်ခဲ့တာ။ ရပေမယ့် မတက်ဖြစ်ခဲ့ဘူး။
အမှန်အတိုင်းပြောရယင် ဆရာဝန်မဖြစ်ခဲ့တာ ဘယ်တော့မှ နောင်တမရဘူး မမရေ။ ဘာလို့ဆိုတော့ စာတွေတစ်သက်လုံး ကျက်မနေချင်လို့ပါ။
ဂျီးတော် ရေးဖူးထားသမျှထဲမျာ ဒီပို့စ်လေး အကြိုက်ဆုံးပဲ တကယ်ပြောတာ ။
မမ ရေ
welcome back!!!
း)
Virtual World ထဲမှာပဲ ပျော်နေရတာ ကြာပါပြီလေ။ :)
like (thumb up) :)
တားဘဝကတော့ ရွေးတိုင်လဲ အပယ်ခံဘဝ...
အစ်မကွန်..... virtual world ထဲမှာက နေရတာပျော်ဖို့
ကောင်းတယ်လေ....။အပြင်ကိုတော့ တချက် တချက်
တော့ စောင်းငဲ့ကြည့်ရတာပေါ့..။
လူဆိုတာဒီလိုပါဘဲအစ်မတွေ့ခနခွဲခနပါ။ကျွှန်တော်တို့ဟာဘဝတစ်ကွေ့မှာရေစက်ရှိသူများနဲ့ဆုံတွေ့ရပါတယ်။ပြီးတော့လည်းအချိန်တန်တော့လည်းခွဲခွာရတာပါဘဲ(လေးစားစွာ
ဖြင့်(ဖိုးသား)
အပြင်ကိုလည်းသွား... အထဲမှာလဲနေ...
အပြင်မှာလဲ တွေ့ကြမယ်...
အထဲမှာလဲ တွေ့ကြမယ်လေ မမ..
ကောင်းဘူးလား...
ကျီးမိုက်နဲ့ ကြီးမိုက် ပေါင်းမိတာပေါ့လေ။ ဒါပေမယ့် အကြောတော့ မတည့်လှပါဘူး။ လူအိပ်တဲ့အချိန် မအိပ်တဲ့သူနဲ့ လူအိပ်တဲ့အချိန် အိပ်တဲ့သူ ကြားမှာ တခါတလေ ထထ ကြောင်တာ အိပ်ရေးပျက်လွန်းတယ်။ အကြားအမြင် ရထားရင်တော့ ကောင်းတာပေါ့။ အခုချိန် အိပ်နေပြီ ငါ ဖုန်းမခေါ်သင့်ဘူး ဆိုတာမျိုး သိရအောင်ပါ။
အမူးပြေရင် ထန်းပင်ပေါ်မော့ကြည့်ဦးမှာ .. မသိတာ ကျနေတာပဲ....။
သာမီးတို့လည်း ရေးဖြေအောင်တော့ (၆) ထပ်ရုံးမှာ အင်တာဗျူး ဖြေရပါတယ်ဗျ..၊
အဲဒီတုံးက ဆြာဝန်တွေက အစိုးရအလုပ် မဝင်မနေရ...။ သူများတွေလို စာမတော် တော့ ဆြာဝန်မဖြစ်တော့ အစိုးအလုပ်လေး ရပါမယ့်အရေး..ဖြေလိုက်ရတဲ့ စာမွဲ.. မျက်နှာငယ်တာ..... ။
pifpif
ဖတ်ပြီး တွေးစရာတွေ တော်တော်ရသွားတယ် ။ ရောင့်ရဲတာနဲ့ ရည်မှန်းချက်ကြီးတာကြား ကိုယ်တိုင်သတ်မှတ်တဲ့ မျှခြေတစ်ခုမှာ ရှိနေတာ ကျေနပ်နိုင်ရင် ပြီးတာပါပဲ ။ တစ်ခုအတွက် တစ်ခုကိုတော့ လွှတ်ရတာပေါ့ ၊ (ဘွဲ့လွန်တွေ အများကြီး) မယူဖြစ်လည်း ဘာဖြစ်လဲ ၊ ဗာကျူရယ်ထဲရောက်နေတဲ့အတွက် ဘွဲ့လွန်တွေအများကြီးရတဲ့သူ မရနိုင်တဲ့ အတွေ့အကြုံတွေ ကိုယ်ရနေတယ်လေ။
ကိုကိုဒီဘီပြောသလို "ကိုမဆာလာနဲ့ လျှောက်လည်ပေးပါ အရီး။ "
ပြီးတော့ အမ ဗစ်ပြောသလို "Virtual world က တစ်ချို့ အမာခံလူတွေ အပြင်ထုတ်တွေ့ လိုက်" ပါလေ ၊
အမသက်ဝေပြောသလိုဆိုရင်တော့ "အပြင်ကိုလည်းသွား... အထဲမှာလဲနေ..." ပေါ့ ၊ ဟုတ်ဘူးလား ။
ကိုဇူလိုင်ကတော့ "အခုချိန် အိပ်နေပြီ ငါ ဖုန်းမခေါ်သင့်ဘူး ဆိုတာမျိုး သိရအောင်ပါ။" လို့ပြောပေမယ့် စိတ်ထဲမထားပါနဲ့ ။
မ pifpif က "(၆) ထပ်ရုံး" ဆိုပြန်တော့ မဆီမဆိုင် ဝန်ထမ်းတွေ ဖောင်ကြီး... qif; တက်တာ စဉ်းစားမိသေးတယ် ။ ခွိ.. :P
တွေးစရာတွေ အများကြီးပေးတဲ့ ပိုစ့်ပါ ။
အစ်မရေ ... လာဖတ်သွားပြီ။ အထဲမှာလဲတွေ့ အပြင်မှာလဲ တွေ့ရအောင်လေ။
ဝန်ထမ်းရွေးချယ်ရေးက စာမေးပွဲ သာမီးလဲဖြေဘူးတယ်။ ၆ထပ်ရုံးမှာပဲ ။ ၁၅၇၅ ကျပ်စား ဆရာမ လုပ်ဖို့အတွက်။ အတိတ်တွေ သတိတောင်ရလာပြီ။
၁၆ နှစ်မရဲ့နောက်ကြောင်းပြန်...
ဂျီးတော် နေကောင်းရဲ့လား..
Post a Comment