Wednesday, December 8, 2010

ဒါ……ဘလော့တဲ့လား!



















အိုးမိုင်ဂေါ့. ည ၁၂ နာရီထိုးပြီ. ဘာမှ မလုပ်ရသေးဘူး. ကိုးခွဲလောက်ကပြန်ရောက်တယ။် ရေချိုးတယ်။ ကွန်ပြူတာဖွင့်တယ်။ ကိုယ့်ဘလော့ကိုယ်ဖွင့်တယ်။ ကွန်မက်တွေ ဖတ်တယ်။ လာသူအရေအတွက်ကို ကြည့်တယ်။ များနေတယ်။ များနေရင်မသကာင်္ဘူး. Wesheme ကဖြစ်နိုင်တယ်။ wesheme ကိုသွားကြည့်တယ်။ ဟုတ်တယ်. လင့်ပါနေတယ်။ wesheme ဟာ ဘလော့မရေးတာကြာနေတာတောင်မှ သူ့လင့်တွေကို လူတွေ က သိတ်ယုံကြည်တယ်။ သူ့လင့်မှာပါရင်ကောင်းတယ်လို့ယူဆတယ်။ လာဖတ် လေ့ရှိကြတယ်။ ဒါပေမဲ့ TZA ဘာရေးရေးယူတယ်ဆိုတာကတော့ဆိုးပါတယ်။


စီပုံးဖတ်တယ်။ ဖဘ ဖွင့်တယ်။ စတေတပ်တွေ လိုက်ဖတ်တယ်။ များလွန်းလို့မနိုင်တော့ဘူး. ကိုယ်အန်မတန်ဖတ်နိုင်တဲ့သူတောင်လက်မြှောက်သွားတယ်။ သက်ပြငးချလိုက်ရတယ်။ ကိုယ်ဖတ်ချင်တဲ့ဘလော့ ကမန်းကတန်းလိုက်ဖတ်တယ်။ နားမလည်တာတွေ ရေးထားကြတယ်။

Blog. C box. Gmail. Face book …….(4) widow တစ်ခါထည်းဖွင့်ထားတယ်။ ကြည့်ရတာ လက်မလည်ဘူး. ဒါတောင် ဒီနေဲ့ reader မဖွင့်ရသေးဘူး.။
























ခေါက်ဆွဲထပြုတ်တယ်။ ပုဇွန်ခြောက် နဲ့စားတယ်။ ဝက်အူချောင်းကြော်နဲ့စားတယ်။ ထမင်းမစားချင်ဘူး.













































တစ်နေ့လုံးလည်းစားပြီးရင်းစား.. မနက်ကော်ဖီ. .ပြီး ပေါက်စီ… ………ငှက်ပျောသီး..... ...ခေါက်ဆွဲ.........ကောက်ညှင်းထုတ်.မုန့်ဖတ်ထုတ်. ငှက်ပျော်သီးကြော်... ကျွဲကောသီး. ..အတော်စုံတယ်။ စားလဲစားနိုင်တယ်။ စိတ်ရှိတိုင်းစားရရင် ဒီထက်စားနိုင်သေးတယ်။ ဟိုနေ့ကကန်တင်းမှာ ကိုယ်စားတာ ခလေးတွေ အံသြကုန်ကြတယ်။ တော်သေးတယ် သူတို့ထဲမှာလဲကိုယ့်လိုစားနိုင်သူရှိလို့.......
..



















အတွေးတွေများတယ်။ ရေးတဲ့သူတွေလည်းများတယ်။ ဒီနေ့တော့ လက်လျော့လိုက်မလားစိတ်ကူးတယ။် ကိုယ်ကလည်းနှေးတယ်။ ဒါတောင်ဘာမှ လုပ်တာမဟုတ်ဘူး ဘာမှ မလုပ်ဘဲနဲ့ကို ဘာမှ ကို မပြီးတာ အိပ်ငိုက်လာတာနဲ့ ကိုကာကိုလာ သုံးမော့မော့လိုက်တယ်။ မဝသလိုဘဲ နောက်တစ်မော့ထပ်မော့တယ်။ လေးမော့ မဝသေးဘူး ကဲကွာ မော့ချင်သလောက်သာမော့တော့ လို့စိတိကိုအမိန့်ပေးလိုက်မှ. ငါးမော့မှာ ကျေနပ်သွားတယ။် လူလဲ မျက်စိ နဲနဲ ပိုပွင့်သွားတယ်။

ရေးသူတွေများတယ် ဖဘမှာကော ဘလော့မှာကော. လူတိုင်း ပါးစပ်ပါတာဘဲ သူတို့မှာလည်းအတွေးတွေ ရှိတယ။် အဲဒီတော့ကာ အရေးတွေ ရှိကြတာဘဲ ခက်တာက လိုက်မဖတ်နိုင်တော့တာဘဲ။ ကိုယ်လဲရေးတာဘဲ ဖတ်ချင်ဖတ် မဖတ်ချင်နေ ရင်ထဲပေါ့သွားတာတော့အမှန်ဘဲ ပြင်ပကမ္ထာ နဲ့အဆက်အသွယ်မရှိတာလဲပါတာကို။ ရှိတဲ့သူဆိုရင် ဒီလောက် ဒီဖက်မှာ involve ဖြစ်မှာ မဟုတ်ဘူး။ ထင်တာဘဲ။ ဒါပေမဲ့ပြင်ပလောကနဲ့အဆက်အသွယ်ရှိတဲ့သူတွေလဲရေးအားကောင်းနေကြတာဘဲ။

အတွေးတွေ ပြေးနေတယ်။ ချစ်ကြည်အေး တောင် .com ဖြစ်သွားပြီ. အစကတည်းက နိုင်းနိုင်းလုပ်ကတည်းက လုပ်မလားတော့စဉ်းစားတယ်။ နောက်ဝါဝါခိုင်မင်း. ..အသစ်တစ်ခုကို learn လုပ်ရမှာကြောက်တာရယ် so many reason ရယ်..အခုတောင်……ဒီဘလော့ဒီလို မြန်မာစာ ရိုက်လို့ရအောင် မြန်မာလို့မြင်ရအောင် ကို နစ်ပါတ်လောက်လုပ်ခဲ့ရတာဆိုတော့.. .com မလုပ်နိုင်သေးဘူး ချစ်ကြည်အေး ဖဘမှာ .com ကို ပြောင်းလိုက်ပါပြီ ဆိုတဲ့မိနစ်ပိုင်းအတွင်း ကိုယ်လဲ update လုပ်မယ်ဆိုပြီးသွားတာ သူ့ရဲ့အားကို မျက်ဝါးထင်ထင်မြင်လိုက်ရတယ်။

























11 sec ago
21 sec ago
30 sec ago
40 sec ago
1 min ago
2 min ago
2 min ago
3 min ago
5 min ago
7 min ago

နေ့တိုင်းလဲလျော့မယ်လို့စိတ်ကူေးနတာဘဲ လျော့နိုင်ပါစေ ဆုတောင်းတယ်။ အချိနိ သိတ်ကုန်တယ်။ relaxation ကနေ burden ဖြစ်လာတာ မကောင်းဘူး. ။ အရောက် အပေါက်နည်းရင် စိတ်မရှိကြပါနဲ့ လစ်.လစ်သလိုတော့ဖတ်နေတာဘဲ။ အခု နောက်ပိုင်းတော့ကွန်မက်သိတ်မရေးဖြစ်တော့ဘူး. စကားစကား ပြောပါများ အမှားပါသတဲ့. ကိုယ်က မရည်ရွယ်ဘဲပြောခဲ့တဲ့စကားတွေ ကသူများကို ထိခိုက်နာကျင်စေခဲ့ရမယ်ဆိုရင် မကောင်းပေဘူး. ကိုယ်ကလဲစတတ်တယ်။ စတတ်တာကို နားလည်မှုခွဲခဲ့ရင်မကောင်းဘူး. အမြဲတော့အားပေးနေပါတယ်။

အခုတစ်လော အဝယ်လဲလျော့ပါတယ်။ လျော့ရင်းနဲ့ကို. ခွခေါင်းအုံးတစ်အုံး ဈေးအတော်ချလို့ဝယ်လာမိသေးတယ။အိမ်က ခွခေါင်းအုံးက နဲနဲပျော့နေပြီလေ ဆိုပြီး.. အင်း ………..အိမ်ရောက်တော့လဲ အိမ်ကဟာကို မလွတ်ပစ်ရက်သေးပြန်ဘူး အဲဒီတော့အိပ်ရာပေါ်ပစ်တင်ထားလိုက်တယ်။ ဘာဖြစ်သါားသလဲ ဟင်းဟင်း ကြပ်သွားတာပေါ့. ဘာသုံးရမှန်းတောင်းမသိတော့ဘူး စိတ်အိုက်မိပါရဲ့။





















မီးပူတစ်လုံးဝယ်တယ်။ အိမ်မှာ သုံးလုံးရှိသေးတယ။် နစ်လုံးက သိတ်မပူတော့လို့ တစ်လုံးကလေးလို့. အခု လေးမြောက်ကိုတော့ ချက်ခြင်းဘဲသုံးလိုက်တယ်။ အဲဒါပေါ့တယ်။ စလုံး ၃၀။ ကျန်တဲ့သုံးလုံးလား. .........လာပြီး လွတ်ပစ်မဲ့ မမွန် မလာခင် အမြန် ဖွက်ထားလိုက်တယ်။

















ပလပ်ပေါက်.သုံးခုပါတဲ့မီးကြိုးလဲဝယ်တယ် စလုံး ၁၃ ကျပ်လောက်။ ချက်ခြင်းလဲလိုက်တယ်။အဟောင်းလား ရှိသေးတယ။် ဟင်း ဟင်း မလွတ်ပစ်ရသေးဘူး. သိမ်းထားတယ်။ နေတာကြာပြီး ဘာမှ မလွတ်ပစ်ဘူး တစ်ခါတစ်လေ သတင်းစာထဲမှာ အဖိုးကြီးအဖွားကြီးနေတဲ့အိမ် ရိုက်ပြတာမြင်ဘူးလား တစ်အိမ်လုံး ကျွတ်ကျွတ်အိတ်တွေ နဲ့အပုံလိုက် အဲဒါနဲ့သက်ဆိုင်ရာက လွတ်ပစ်ဘို့ပြောရတယ်။ မီးလောင်မှာ စိုးလို့..

………အဲသလိုဘဲ တို့အိမ်လဲ အပြည့်ဘဲ.။ဟိုနေ့က သွေးလွန်တုတ်ကွေးအဖွဲ့ ဘက်ကလားမသိ. လာစစ်တယ်။ အိမ်ကိုဖွှုင့်ပြရတယ်။ အခန်းတွေ လိုက်ကြည့်တယ်။ ရေဝပ်မဝပ်. ရေချိုးခန်. ရေဘယ်လိုသွန်တာတွေ. သိမ်းဆည်းထားတာတွေ တော်ပါသေးရဲ့သူတို့က ဘာမှ သိတ်မပြောသွားလို့ ကမန်းကတန်းတော့ ကောက်ရှင်းလိုက်ရသေးတယ။်


ပုဝါတစ်ထည်လဲဝယ်သေးတယ်။ မြန်မာငွေ တစ်ထောင့်သုံးရာ။ လျော့နေတုံးဘဲ။ မသိမ်းသေးဘူး။့မြင်ရင် လိုချင်ဦးမယ။် ပါးပါေးလး အရောင်စုံစပ်ထားတာ. လိမ်မော် အဖြု. ခရမ်း. လှတယ်။ အခုတစ်လော ပုဝါဈေးကြီးတဲ့အထဲမှာ ရေစို ပုဝါလို့ခေါါ်ရမယ်ထင်တယ်။ ရောင်ပြေးလေးတွေ တွေ့နေတယ်။ ဒီနေ့မိန်းကလေးသုံးယောက် အပေါ်အောက်တစ်ဆက်တည်း အရောင်ရှိ အဆင်မရှိ. ဗြောင်.ကိုယ်ကြပ် နဲ့တွေ့တယ်။ ရိုးတော့ရိုးတယ်ကြည့်ရတာ. ။























ဟင်
ပြီးသွားပီ။


27 comments:

khet myint myint said...

တချိန်လုံးစောင့်ဖတ်နေတာ..
.com ပြောင်းဖို့အတွက် သိပ်ထွေထွေထူးထူး ပိုလေ့လာစရာ မလိုပါဘူး (ထင်ပါတယ် နဲ့ ပြန်လျှောချ :P)
ကိုယ်က ရေးမြဲရေးရိုးရေးစဉ် ရေးတင်ရုံပဲ
ကိုယ့်ဆီလာကြည့်တဲ့သူက ဒေါ့ ကွန်း လိပ်စာကနေကြည့်လို့ရမယ်..
ဘလော့ စပေါ့ လိပ်စာကို ရိုက်ပြီး လာကြည့်တဲ့သူဆိုအတွက်လည်း ဘာမှ ပြောင်းလဲမှာမဟုတ်.. လိပ်စာအသစ်တခု တိုးလာရုံလေးပဲ ရှိမယ်..။

ဘာရဲ.. .com စပွန်စာ ရှာနေတာရားငှင် :P

ဝက်ဝံလေး said...

အိမ်းးးးး ဒေါ့ကွန်းက ကွန်းနိုင်တဲ့လူတွေ ကွန်းကြပါစေ ဟက်ဟက် များတို့ကတော့ မကွန်းနိုင်သေးဘူး ဒါပေမယ့် ကိုယ်ပိုင် ဒိုမိန်းတခုတော့ ဝယ်ဖို့ စိတ်ကူးရှိသား ဘလော့ဂ်ရေးမှာတော့မဟုတ်ဘူး ကျောင်းစာတွေနဲ့ ကိုယ့် profile လုပ်ချင်တာရယ်ပါ မသိသေးပါဘူး

လျှော့ လျှော့ အကုန်လျှော့ အဆီအဆိမ့်တွေလဲ စားတာလျှော့ ၄၀ ကျော်လာရင် ပေါ့ပေါ့နေ ပေါ့ပေါ့စားတာ အကောင်းဆုံးပဲ ဟိ ဆရာလုပ်သွားသည် ဘိုင်....

ချော(အစိမ်းရောင်လွင်ပြင်) said...

မမလည်းရေးနိုင်တာပါဘဲနော်
ခုဘဲ လာဖတ်သွားတာ မကြာသေးဘူး နောက်တစ်ခု အသစ်ထပ်တက်လာတယ်
ခုချိန်ထိ မအိပ်သေးတာတော့ သေချာတယ် ဟုတ်တယ်ဟုတ် ..

ရွှေရတုမှတ်တမ်း said...

ဂျီးတော်ရေ..ကျုပ်တော့ ဒေါ့ကွမ်း လဲမလုပ်တတ်ဘူး..
အောင်နက်ကွမ်းလဲ..မလုပ်တတ်လို့ ခုတော့ လက်လျော့လိုက်ပြီ..
မူလလက်ဟောင်း..အာမခံ အတုအပသတိပြု ကိုပြန်သုံးနေပြီဗျို့

ကိုအောင် said...

ရောက်တယ် အမကြီး ... :P

Anonymous said...

ဇာတ်သိမ်းလိုက်ပုံလေးက စားတယ်...
ဟင်..
ပြီးသွားပီ.. ဆိုပဲ...
:haha
good
(mk)

...အလင်းစက်များ said...

post တိုဒယ်ကွာာာာာာာာာာာ..... ဖတ်ရဒါ အားကို မရ၀ူးးးးးးးးး.......... :P :P :P :P :P

...အလင်းစက်များ said...

ဒါဟာ ဘလော့တဲ့လား .......အဲ့ဒါ ဘလော့တဲ့လား. ဒါများဘလော့တဲ့လားကွယ် မင်းဘဲပြော... ဒါဟာ ဘလော့တဲ့လား.... အဲ့ဒါ ဘလော့တဲ့လား ... ဒါများဘလော့တဲ့လားကွယ် မင်းဘဲပြော....

ဒါဟာ ဘလော့တဲ့လား.... အဲ့ဒါ ဘလော့တဲ့လား ... အော..... ဒါ..ကြောင့် ... ဘလော့တဲ့လားးးးး ဟာ.............

ပလို့ ဂျိ (မKOM) မိုက်ပစ်ချသံ... ဂွက် ... :P

Anonymous said...

Don't worry,u r not alone.I used to came n read ur blog everyday as my 1st step of opening my computer.U make me warm n keep me smile :) I am also the one who have less getting in touch with ပြင်ပကမ္ထာ as u said.I rarely wrote comments coz me too afraid of " စကားစကား ပြောပါများ အမှားပါသတဲ့". Keep going on ur blogging. Cheer !!

Anonymous said...

The upper anonymous wrote exactly what i gonna write.Only last two lines r different:() Gyidaw

ကိုဇော် said...

ဝမ်တန်မီးပါလား . . ရှလွှတ် . .
မစားရတာ ၃ လလောက် ရှိတော့မယ်။
အဟောင်းတွေကို သိမ်းမထားနဲ့ လာလုပ်မှာလဲ လွှင့်သာ ပစ်။ ဒါမှ အသစ်တွေ ထပ်ဟောင်းလာမှာ ..။

Anonymous said...

ဟုတ်တယ် အစ်မ..............
ဒါ ဘလော့ ပါ............ :P

မန်းကိုကို said...

ဒေါ်KOM

ခုလောက်ဆို စိတ်လျှော့သင့်ပြီဆိုတာ နည်းနည်း သဘောပေါက်လာလောက်ပြီ ထင်ပါတယ်နော။ ကွန်ပြူတာမကိုင်ခင် အာနာပါနလေး အရင်လုပ်ကြည့်ပါလား။ :-)

ခွန် said...

ကျွဲကောသီး စားချင်လိုက်တာ အစ်မရယ်.... :)

ZT said...

ဒေါ့ကွန်း ပြောင်းတာ လေ့လာ စရာ မလိုပါဘူး။ blogspot Setting ထဲ သွား လိပ်စာ ရိုက်ထည့်လိုက်ရုံပဲ။ သူ့ဘာသာသူ ပြောင်းသွားလိမ့်မယ်။ :D

ချစ်ကြည်အေး said...

ကိုZT ပြောသလိုပဲ ဒေါ့ကွန်း ပြောင်းတာ ဘာမှ မခက်ဘူး၊ တစုံတယောက်သောသူက ဒါလေးနှိပ်ဆိုနှိပ်၊ ဟိုဟာလေး ကလစ်ဆို ကလစ်လိုက်နဲ့...ဟော...ချစ်ကြည်အေးဒေါ့ကွန်းကြီး ဖြစ်သွားရော။ အဲ...လင့်ခ်တွေတော့ တခုချင်း ပြန်ချိတ်ရတယ် မမရေ။ ချစ်ကြည်အေးက မမ ပြောသလောက်လဲ မဟုတ်သေးပါဘူးဗျာ၊ တိုက်ဆိုင်သွားတာ ဖြစ်မှာပါ...:)

Anonymous said...

သူငယ်ချင်းက ပြောလို့ လာဖတ်မိပါတယ်။
ဘာမှလဲ မဟုတ်ဘူး။

ဘယ်သူမှ ကိုယ့်ကို လိုက်ဖတ်နေပါလို့လဲ မပြောသလို မဖတ်ရင် စီးပွားပျက်အောင် လုပ်မယ် .. စိတ်ဒုက္ခရောက်အောင်လုပ်မယ် လို့လဲ မခြိမ်းခြောက်လောက်ဘူး ထင်ပါတယ်။
လူသနားအောင် လာမပြောပါနဲ့။
ကိုယ်လုပ်မှ ဖြစ်တာပါ။
သူများဆီ မသွားတိုင်း လူတွေက ကိုယ့်ကို တမ်းတနေမယ် ထင်သလား
ဒါဆိုရင်တော့ ကိုယ့်ကိုယ်ကို အထင်ကြီးတာ လွန်သွားပြီ။
ဒါဟာ စိတ္တဇပဲ။
ရူးလိုက်တာ။

Anonymous said...

အိမ်ကြီးရှင်ရေးတာလဲ ဖတိပြီး..
ကော်မန့်တွေလဲ ဖတ်ပြီးး...
ဒါ...
ဘလော့နဲ့ အပေါင်းအပါ ကော်မန့်များ


ပုံ/
Xထုံ

ဖိုးတုတ် said...

မမကွန်း ခွခေါင်းအုံး ၀ယ်တဲ့စာပိုဒ်ဖတ်ပြီး ရယ်လိုက်ရတာဗျာ၊ အတွေးတစ်ခုဝင်လာတယ် ၊ ကိုမဆလာကြီး ခရီး ခဏခဏထွက်နေလားလို.ပါ ၊ ခွိခွိ .. အမြဲတမ်းအားပေးနေမယ် ...

sosegado said...

မခင်ဦးမေက အလှကြိုက်တယ်ထင်တယ်၊

kokoseinygn said...

အော်..မခင်ဦးမေ......
စိတ်လျှော့ပါဗျာ.......
ခင်လို့နော်......

ညိမ်းနိုင် said...

ခွခေါင်းအုံး ထားစရာနေရာမရှိဘူးလား...။ကင်းဆိုဒ်မွေ့
ယာတစ်ခုထပ်ဝယ်လိုက်ပေါ့အစ်မရဲ့...၊ဒါလေးများ....:)

ဝါ၀ါခိုင်မင်း said...

မ ရေ..

ဝါ၀ါခိုင်မင်း က ဘာရဲ..မီးနားမလည်လို့...

နောက် ၀ါဝါခိုင်မင်း ဆိုတာလေးဖတ်ရတော့ ဘာကိုပြောတာပါလိမ့်လို့ နားမလည်ဘူးရယ်. ဟိ.

မမဘလော့ဂ်ကို မကြာမကြာရောက်တတ်ပါတယ်။

မမအဆင်ပြေ ပျော်ရွှင်ပါစေ။

ဝါ၀ါခိုင်မင်း said...

awww သဘောပေါက်ပြီ .com ပြောင်းတာကို ပြောတာလား.း))))

ဝါ၀ါခိုင်မင်း said...

မီးလည်း .comကို အလှူရှင်တစ်ဦး ၀ယ်ပေးလို့ ရှိနေပါတယ်။ မပြောင်းဖြစ်သေးဘူးလေ. ဒီကနေ အဆင်မပြေဘူး ပြောင်းဘို့က...ပြောင်းပြီးရင် အရင်လို စိတ်တိုင်းကျအောင် လင့်ခ်တွေ ပြန်မထည့်နိုင်မှာလည်း စိုးတယ်။သူများကိုလည်း အစ အဆုံး အကူအညီမတောင်းချင်ပြန်ဘူး။အဲဒီ ဒေါ့ကွမ်းလေးကို သူများဝယ်ပေးတာကြောင့် တန်ဘိုးထားပြီး စာဖတ်သူတွေအတွက် အကျိုးရှိတဲ့ ကျန်းမာရေး အမေး အဖြေ ဘလော့ဂ်ကလေး လုပ်ဖို့ စီစဉ်ထားပြီးသားလေ။ကူညီပေးမယ့်သူတွေလည်း ရှိတယ်။
ဝါ၀ါက မအားတာနဲ့ မလှည့်နိုင် ဖြစ်နေတာ.
ကြိုးစားတော့ ကြည့်ပါဦးမယ်.မမ

မမလည်း အဆင်ပြေပါစေရှင်။း)


ဝါ

Su said...

ဒါဟာဘလောက်တဲ.လား
အဲဒါဘလောက်တယ်.လား
ဒါမြားဘလောက်တဲ.လားကွယ် မင်းပြောစမ်း

Bino said...

You have to up date currently.
Even I want to use internet, there is very very difficult.
I can use internet connection by mobile phone when I was passing the developing Country at a nearest distance.
The cost is so high.
The connection strength is very very poor.
So, you have to carry out your way as much as you can.

BINO