Sunday, December 5, 2010

EGB






















ရိုးရိုးကလေးပါဘဲ. သွားနေကျနေရာကိုသွားတယ။် စားနေကျကို စားတယ။် ဒီနေ့နဲနဲနည်းတယ် မဝဘူး။ နည်းတော့မဝတော့ သက်ပြင်းချပြီး အေးလေ. ကောင်းပါတယ်။ အဝမစားဖြစ်တော့ဝတာသက်သာတာပေါ့ လို့ ပေါ်လီယာနာလိုတွေးလိုက်တယ်။


ဈေးဝယ်ထွက်တယ်။ ဗူးသီးညွန့်တွေ့တယ။် အံသြသလိုဖြစ်သွားသေးတယ်။ ရောက်အောင်သယ်လာကြသေးတယ်နော် လို့စဉ်းစားတယ်။ ချဉ်ပေါင်. မျှစ်ကတော့ရိုးနေပြီ။ ရှောက်ရွက် မြင်းခွာရွက်လဲ ဝယ်ပြီးသွားပြီ. ရှောက်သီးကို တွေ့တော့ဟိုတစ်လောက ရှောက်သီးသုပ်စားချင်ပါရဲ့နဲ့ သံပုယိုသီးသုပ်ပြီး သံပု့ရာညှစ်စားတဲဘလောကို သတိရမိသေးတယ်။ ရှောက်သီးကြီးတွေမှ အကြီြးီကီးဘဲ.

ပဲမြစ်တွေ့တော့ပိုအံသြသွားတယ်။ နောက်တစ်ခုမြင်တော့ပိုအံသြတယ်။ ငါသိပါတယ် အဲဒါဘာပါလိမ့်လို့စဉ်းစားတယ်။ စဉ်းစားမရတော့ဆိုင်ကိုသွားမေးတယ်။ အာတာလွတ်ဥတဲ့ သြော ငါ .အတော်မေ့တတ်ပါလား. အဲဒါနဲ့ အဝေးတစ်နေရာရောက် ဘလော့ဂါတွေ ဘလော့ဖတ်သူတွေ ကိုသတိရရပြန်တယ်။ သူတို့အမေရိကားတို့ ဂျာမဏီတို့မှာ မြင်ရပါ့မလားစဉ်းစားတယ်။ မှတ်ချက်. အဂ်လန်မပါ. (သူသည် အာတာလွတ်ဥစားမည်မဟုတ်ပါ.


)















ကင်မရာသွားကြည့်တယ်။ အတော်ဝယ်ကြတယ်။ ဈေးလဲချတာကိုး. လက်ဆောင်တွေကလဲပေးဦးမယ်လို့ ပြထားတာ အားရစရာကြီး တစ်ကယ်န်းကတော့ နစ်ခုဘဲရလာပါတယ်။ .တစ်ရာကျော်တန်ဝယ်မယ်လို့ စဉ်းစားထားတာ နောက်ဆုံး ဒါဖြစ်သွားတယ်။ ဆွိ ကိုသတိရ.ရတယ်။ . ကင်မရာကြီးတွေ မြင်တော့လဲ ကင်မရာမန်း ဘလော့ကာကြီးတွေ ကိုသတိရရတယ်။ မြင်သူတွေကိုလည်းသတိရရတယ်။ မမြင်ရသူတွေကို လည်းသတိရရတယ်။

အမြဲတန်းသတိရနေရတာပါဘဲလေ.





















မှတ်ချက်
ဒီနေ့သိတ်မဝယ်. အဲ…

23 comments:

...အလင်းစက်များ said...

(ပေါ်လီယာနာလိုဘဲတွေးလိုက်တယ်).တဲ့ ..... ဘာ ..... ပြော........ လိုက်....... တယ်..... (ဟွန်း.... လုပ်ချင်တာ လုပ်ပြီးမှ) :D :P :P:P

norman said...

ဘာဂါမတွေ့ပါလား ဒီနေ့
fast food တွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးနော်

Anonymous said...

ဝယ်နိုင်သူကြီးပဲ..
ဝယ်ပါ...။
ဝယ်ပါ...။
အာတာလွတ်ဥကိုရေလုံပြုပ်ပြီး ဆီနဲ့ဆားနဲ့တို့စား။
အမျှင်တွေဝါး...။
အပူများရင် ဝမ်းတွင်းပူ..ပါးစပ်နာရင်
အာတာလွတ်မှုန့် ကျိုပြီး ပျစ်ပျစ်လေး ဖြစ်လာရင် စားပေးရင် ကောင်းတယ်..။
ငယ်တုန်းက စားနေကျ..လက်တွေ့။


ပုံ/
Xထုံ

Anonymous said...

အင်္ဂလန်ကလူက အာတာလွတ်နေတော့ ဘယ်အာတာလွတ်ဥ စားပါ့မလဲ မမရယ်။

ပုံ/
မမရဲ့မြော့နေသူတဦး

ဝက်ဝံလေး said...

ဘာမန့်ရမှန်းတောင် မသိဘူး
အပေါ်ဆုံးက အဲဒါ ဘာလဲ မြီးရှည်လား ဘာလား မသိဘူး အဲဒါ စားချင်တယ် ဒါဗြဲ........

ယောနက်သန် said...

ဗူးသီးညွှန့် ဆိုတာ ဗူးညွှန့်ကိုပြောတာလား။

Anonymous said...

ဒါနဲ့ ဘူဒုံး အင်ဂလန် က ဆိုတာ စတိကို ပြောတာ မေဓာဝီကို ပြောတာလား စတိပဲနေမှာပါ မမေဓာဝီတော့ သတိမရလောက်ကောင်းဘူးထင်ပါ့ စတိနဲ့က ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုတော့ ဟီးးးဟီးးးး

ပြောလိုက်ပါဦး စီပုံး ဒရဝမ်ကြီးကို ဘာလုပ်နေဒုံးလို့ ခစ်ခစ်

ပုံ
အမည်မဖော်လိုသူ တဦး

Anonymous said...

မမကင်မရာမန်ဘလောက်ကာတွေကိုအစဖော်ပေးပါနဲ့ မဲမဲမြင်ရင် အကုန်ရိုက်ချင်နေတာ...သတိရတယ်ဆိုပိုရိုက်ပြနေဦးမယ်...

ကင်မရာမန်ဘလောက်ကာအသိတဦး

Sunny said...

ဟုတ်တယ်.. ဒီမှာ ပဲမြစ်နဲ့ အာတာလွတ်မတွေ့မိဘူး.. မမဘလော့ကနေပဲ ပုံကြည့်ပြီး စားသွားတယ်.. :)

T T Sweet said...

အာတာလွတ်ဥ စားချင်တယ်။ ဟိုတစ်ခေါက်က ၀ယ်မလို့ ဈေးမေးတာ ဈေးကြီးလို့ မ၀ယ်ခဲ့ရဘူး။ ပဲမြစ်ပဲ ၀ယ်လာခဲ့တယ်။

ကင်မလာဝယ်ခဲ့ပလား အစ်မ။ ဆိုနီလဲ ကောင်းပါတယ်။ ပုံကြည်ကြည်လေးတွေ ကြည့်ရတော့မှာပေါ့း)))

AMK said...

ရှမ်းသုတ်လား? ကြီးတော် ကိုယ်ပုံကိုယ်ရိုက်ဖို့ sony camera..၀ယ်လာခဲ့ပြီဆို ပြအုံးနော့ မျှော်ရတာမောပေါ့

ညိမ်းနိုင် said...

အင်း....အာတာလွတ်မြင်ရင် သမိန်ပေါသွပ် ကာတွန်းထဲက
အာတာလွတ်မြို့စားကြီးကိုပဲ သွားသတိရတယ်...:)။

Unknown said...

ဒီမှာ အာတလွတ်ဥကို ဘယ်လိုမှ ရှာလို့မရဘူး။ ပဲမြစ် အုံးနို့စမ်း မြေပဲထောင်း၊ နှမ်းထောင်း ပြီးဆားလေးနဲ့နယ်ဖြူးစားးးးး
OMG! သွားရေကျလာပြီ။

ဇွန်မိုးစက် said...

ပေါ်လီယာနာလို ပြန်တွေးမိတာ တကယ်ပဲ အကျိုးသက်ရောက်မှုရှိပါတယ် မမရေ။ ဇွန်က အဲလိုလေး ဖြေတွေးနေကျ။း)

ပါရမီဖြည့်ဖက်လေး said...

ရှောက်သီးကိုတွေ့တော့ ညီမလေးကို သတိရပေးတာ ကျေးဇူးပါ။ အာတာလွတ်ကြိုက်တယ်။ ပဲမြစ်လည်း စားချင်တယ်။

Shinlay said...

အာတာလွတ်.....လျှာနဲ့ လွတ်နေတာကြာပါပြီ။

MrDBA said...

သောကြာရော စနေရော ၂ရက်လုံး၊ အဲဒီကိုရောက်တယ်၊ ထိုင်စရာနေရာများ လွတ်မလားလို့ အမြဲတမ်းကြည့်ရင်းနဲ့ အဒေါ်ကြီးတစ်ယောက်များ ရှိနေမလားလို့ လှမ်းလှမ်းကြည့်ရတာလဲ မောရပါတယ်။

Anonymous said...

ရှိတယ်ဟေ့ ရှိတယ် ကုလားဆိုင်မှာ တွေ့ခဲ့တယ်တဲ့ မိန်းမကပြောတယ်.....ပြုပြီးမှ ပြအုန်းမယ် နေနှင့်အုန်း
ပုံ
ဂွကလေးရယ်တဲ့တို

ကိုဇော် said...

ဒါဆို ကင်မရာ ဝယ်ပြီးပြီပေါ့။
အင်း. . .ပုံဝါးဝါးလေးတွေ ပိုကြည့်ရတော့မှာပေါ့။
အာ တာ လွတ် ကို ဘလော့ဂါတွေ မစားကောင်းဘူးနော်။ အာ လို့ မရတော့ဘဲ နေမယ်။

Anonymous said...

အိုး..ရိုးး
အတော်စားနိုင်/သွားနိုင်/၀ယ်နိုင်တဲ့ ငါ့အမပဲ...
အမြဲတမ်း အဲလိုဖြစ်နေပါစေဗျာ

လေးစားစွာဖြင့်
သားဆိုး

မြူးမြူး said...

အာတာလွတ်ဥကို အ၀ိုင်းလေးတွေလှီးပြီးထောင်း.. အပြားလေးတွေလုပ်ပြီး ကြော်စားရင်အရမ်းကောင်းပဲ.. ပြောရင်တောင်စားချင်လာပြီ..

သိင်္ဂါကျော် said...

ကင်မရာလေးက ပါးပါးလေး ချစ်စရာလေး..

Bino said...

EGB mean?....

E=Edible
G=Goods
B=Buyer

It's means kom.

BINO