ဘာမှ မဖတ်ဘူးစိတ်ကူးတယ် ဖဘ ဖတ်ရတာနဲ့စီပုံးဖတ်ရတာနဲ့တင်မူးသွားပြီ. ပူးပူးကြောင့်ပေါ့။ ဖဘလဲစားစရာတွေ သိတ်များနေပြီ။ သူလဲစားစရာ ကိုယ်လဲစားစရာ. တင်ဘို့တောင်လက်တွန့်ရတယ်။
မနေ့က ကန်စွန်းရွက်ကြော် တစ်ပွဲခြောက်ကျပ်ပေးရတယ်။ အဲဒါဝယ်ပြီး နစ်ယောက် မျှစားတယ်။ ယုံပါ့မလားမသိဘူး. တစ်ကယ်ပါ။ ကြွားတာ မဟုတ်ရပါဘူး။
မနေ့က ကန်စွန်းရွက်ကြော် တစ်ပွဲခြောက်ကျပ်ပေးရတယ်။ အဲဒါဝယ်ပြီး နစ်ယောက် မျှစားတယ်။ ယုံပါ့မလားမသိဘူး. တစ်ကယ်ပါ။ ကြွားတာ မဟုတ်ရပါဘူး။

မနက်က မီးဟွန်းဆွပ် စားတယ်။ ဘဝကတော့ ဖြစ်သလိုစားရတာဘဲ အဂ်လန်က တော်ဝင် သမားတော်ကြီးလိုတော့ မခမ်းနားပေဘူး။ သွားဝယ်လာပြီး အထုပ်ကလေးကိုဖြေစား.။

နဲနဲဖျားချင်သလိုဖြစ်တယ်။ ပါးစပ်ကခါးသက်သက်ဖြစ်နေတယ် အချဉ်ဓါတ်က လေးစားရရင်ကောင်းမှာဘဲဆိုပြီးသရက်သီးဆားရည်စိမ်လိုမျိုးဝယ်စားတယ် ။ ခက်တာဘဲ ချိုနေတယ်။

လမ်းမှာတွေ့သမျှ ရိုက်ရမယ်ဆိုတဲ့ အစဉ်အလာအရ. ရိုက်တယ် တွေ့တာရိုက်တယ် မြင်တာ ရိုက်တယ်။ ရိုက်ရင်းနဲ့မှောင်သွားတယ် ဓါတ်မီးမပါသွားတာနဲ့မီးမထိုးခဲ့ရဘူး။

ဒီနေ့ည လသာတယ် ဝိုင်းစက်နေတာဘဲ calendar ပြန်ကြည့်တော့ တပေါင်းလပြည့် နားရောက်နေပြီ။

အလုံးလေးတွေပြန်သွားရှာတာ နစ်လုံးဘဲထပ်ရခဲ့တော့တယ်။ စဝယ်လာတုံးကတော့နစ်လုံးဘဲ သူများကိုတစ်လုံးပေးလိုက်တော့တစ်လုံးဘဲကျန်တယ် အခုနစ်လုံးထပ်ဝယ်လာတယ် ခက်တာက မဝယ်ဘဲနဲ့ဆော့ဆော့သွားလို့လားမသိ. ဘက်ထရီက သိတ်မီးမလင်းတော့ဘူး. အားလျော့သွားတယ်.

အိတ်ကလေး သုံးအိတ်ထပ်ဝယ်လာသေးတယ်။

9 comments:
တွေ့ကရာ မစားနိုင်တဲ့ ဘဝမှ သနားဖို့ ကောင်းတာ. . .
ကတောက် ......... နံပါတ် ၂ ဖြစ်သွား...
မမကွန် စားတာတွေ တိုးတက်လာတာ တွေ့ရတော့ စိတ်ချမ်းသာမိတယ်
ကိုယ်လဲ မ၀ယ်ပဲနဲ့ ပဲ သွားဆော့လိုက်ပေါ့လို့..
လမ်းမှာတွေ့သမျှ ရိုက်ရမယ်ဆိုတဲ့ အစဉ်အလာအရ. ရိုက်တယ် တွေ့တာရိုက်တယ် မြင်တာ ရိုက်တယ်။
တော်သေးတယ် ကပ်ရှောင်လိုက်တာ မှန်သွားယ် ဒေါ်ခင်ဦးမေရေ...:P
စားနိုင် သောက်နိုင် ရိုက်နိုင်ပါစေဗျာ...
လ လား .. ဓါတ်မီးမှတ်လို့  ဟိ
ချစ်စရာလေးတွေ ညီမလေးလဲ ဆော့ချင်လို့:P
ကောင်းသောနေ့လေးဖြစ်ပါစေမမ။
ကန်စွန်းရွက်ကြော်ကြည့်ရတာ တစ်မျိုးကြီးနော် အရွက်တွေ နွမ်းနေသလိုမျိုး ကန်စွန်းရွက်ကြော်ဆိုရင် အရွက်လေးတွေ အစိမ်းရောင် သိပ်မပြယ်မှ အရသာရှိတယ်လို့ထင်လို့...
မီးဟွန်းဆွပ် စာျးင်တယ်။
ပေါက်ထုံ
Post a Comment