Saturday, December 3, 2011

ဆွမ်းဦးပုညရှင် 1.





























ရောက်ပြီ. ဆွမ်းဦးပုညရှင်..........ထွေထွေထူးထူးမတွေးပါနဲ့ ဇတ်လမ်းလဲမရှိပါဘူး။ဆွမ်းဦးစောင့်ရကောင်းမှန်းလဲမသိပါဘူးး. မရှိခဏဘုရား ဆိုတာလဲမသိပါဘူး ဗဟုသုတလဲနုံချာရှာတယ်။ ဟိုသွားဒီသွားသွာချင်တာဘဲရှိတယ်။ တွေ့တာ ရိုက်ချင်တာဘဲရှိတယ်။ ရိုက်လာတာ တင်ချင်တာဘဲရှိတယ်။



















သုတ်ချေတော့တင်ရတာဘဲ သွားချင်တာကများတာကိုး ဆိုင်ကယ်က ဘယ်လိုမောင်းလိုက်မှန်းတောင်မသိဘူး မြန်တော့မြန်ပါတယ် အတက်လဲပြေတယ်။





































ဟိုကြည့်ဒီကြည့်ကတော့ကြည့်တယ်။


















ခံစားကြည့်နေရင်းတော့မပီးနိုင်ဘူး ကြည်နူးဘို့ကောင်းပေမဲ့လဲသုတ်နေတာနဲ့ဘဲ.


















အရပ်လေးမျက်နာလှည့်ရိုက်လာတာမို့လေးရက်တော့တင်ခွင့်ပြုပါ. မိတ်ပျက်ကုန်မှာတော့စိုးရီမ်မိတယ်။





























မတတ်နိုင်ဘူးဟိုပုံကကောင်းတယ် ဒီပုံကကောင်းတယ်လဲမရွေးချင်တော့ဘူး. ရှိတာထုတ်. ဖောင်ကြီးတုံးက သင်တန်းတက်ကျရင် ရှိပူရသေး ကုန်မှအေးဆိုပြီး လက်ထဲက သေနတ်ကို ကျည်ဆန်တွေ ကုန်အောင်တဒိုင်းဒိုင်းပစ်ကြတာဘဲ. ဒါတောင်ဆုမရလိုက်ဘူး။






























ဖတ်မယ်ဆိုရင်တော့အန်တီတင့်ရေးထားတာအတော်ကော်းတယ် ဗဟုသုတရတယ်။





























ရွေအမြုတေမှာရေးထားတာလဲကောင်းတယ်။ ဒီလိုသာ လှည့်လည်ပြီးကျောင်းစာဖတ်နေမယ်ဆိုရင်အတော်တိုးတက်မှာဘဲ အခုလဲတိုးတက်ပါတယ် နေ့လည်အင်တာနက်ဖြတ်လိုက်တယ်။ ဘယ်လောက်ခံမလဲတော့မသိသေးဘူး။




























ညကိုတော့အင်တာနက်မဖြတ်နိုင်သေးဘူး ပြတ်တယ်ဆိုတာ မရတော့မှပြတ်သွားတာကိုး ပြတ်သွားတော့လဲအေးတာဘဲ။


























































တယ်လီဖုံးနစ်လုံးလိုင်းဖြတ်လိုက်တယ်။ ဆက်သွယ်မြဲနံပါတ်ကတော့ရှိမြဲဘဲ။ သူလဲဖြတ်ချင်ဖြတ်မယ်။












































18 comments:

Anonymous said...

ပုံတွေက မှုန်မှိုင်းမှိုင်းနဲ့ ကြည့်ကောင်းတယ်..။
ဖြတ်ပါနဲ့...။ သူ့ဟာသူ ပြတ်ချင် ပြတ်ပါစေ။
ဆွမ်းဦးပုညရှင်မရောက်ဖူးဘူး..။
ပေးထားတဲ့ လင့်တွေလဲ မနှိပ်မိဘူး.။

ပုံ..။
Xထုံ

ကိုအောင်(ပျူနိုင်ငံ) said...

ပုံတွေက ကောင်းပါတယ်၊ မရှိခဏက ကျနော် သိသလောက်တော့ မြန်မာပြည်က ကျိန်စာဆိုပြီး တည်ထားတဲ့ ဘုရားတွေ တစ်ဆူပဲ၊ ဆရာမင်းသိင်္ခ ရေးတဲ့ `ဆားပုလင်းနှင်းမောင်နှင့် ပတုံးသုံးကောင်´ ဆိုတဲ့ဇာတ်လမ်းထဲက အင်းဝခေတ် သူခိုးကြီး ငတ်ပြားကို ပဲခူးရွှေမော်ဓေါဘုရားကနေ အဲဒီ သူခိုးကြီး ငတက်ပြား ကိုယ်တိုင် တည်ထားခဲ့တဲ့ မရှိခဏ ဘုရားဆီ ပြန်သယ်တဲ့ ဇာတ်လမ်းပေါ့၊ ပဋ္ဌာန်းဆက်ပါသူတွေ ဘုရားဝန်းထဲရောက်ချိန်မှာ ထူးခြားမှုတွေ ရှိတယ်လို့ ဆိုပါတယ် ...
ဓါတ်ပုံတွေ ကြည့်ခွင့်ရတာ ကျေးဇူးပါ ...း)

ကိုအောင်(ပျူနိုင်ငံ) said...

သူခိုးကြီး ငတက်ပြား မျက်လုံးကို ဘုရားမှာ ဋ္ဌာပနာ ထည့်ထားတာ*

ဖြိုးမောင်မောင်(CTM) said...

သူလဲဖြတ်ချင်ဖြတ်မယ်။
:-) pls don't

San San Htun said...

ရောက်ပါပြီ ခင်ဗျ ဆွမ်းဦးပုညရှင်ကို..

ညယံ said...

ဟိုသွား ၊ ဒီသွားနဲ့ ကိုယ်ရိုက်ချင်တာ ရိုက်လာတာ ကောင်းတယ်။ ကိုယ်လုပ်ချင်တာလေး လုပ်ရတော့ စိတ်လည်းပျော်တာပေါ့။ :)))

Vista said...

အနော့်ကို ပေးထားတဲ့ဖုန်း ၂ လုံးလုံး ဖြတ်လိုက်ပလား

Anonymous said...

MaMa please :'(

Anonymous said...

no worry. I have so many lines.

Anonymous said...

ပုံထဲက မောင်စည်သူလင်းရော ကျန်းမာရဲ့လား မမ

:P said...

Anonymous said...

ပုံထဲက မောင်စည်သူလင်းရော ကျန်းမာရဲ့လား မမ

December 3, 2011 12:18 PM
လက်မှတ်မထိုးလိုက်ရလို့ ပြန်ကူးတင်တာ..စိတ်ကြီးတယ်

...အလင်းစက်များ said...

တိန်တွေပုံပြန်မြင်ရပြန်ဘီ။ :D

mstint said...

ပုံတွေကြည့်သွားတယ် KOM ရေ။
ရှုခင်းပုံတွေ ဘုရားပုံတွေ ကြည့်သွား ဖူးသွားတယ်။
တီတင့်လည်း အဲဒီဘက် တစ်ခေါက်ထပ်သွားအုံးမယ်း)
ခရီးသွားမှတ်တမ်းလေးအတွက် ကျေးဇူးပါ။
ိစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

တင်ချင်တာကို ဖတ်ချင်တာဘဲ သိတယ်

နောက်ကို အရပ်၎မျက်နှာ မသွားနဲ့ အရပ်၈မျက်နှာသွား
ပြိးရင် အရပ်၁၀မျက်နှာသွား ။ရက်များများ တင်လို့ ရမယ်

အထက်အရပ်အတွက် တောင်တက် အောက်အရပ်အတွက် ဆင်း အဲ...အင်း.. ဆင်းတော့ဆင်း ပြေးမဆင်းနဲ့ ချော်လဲမယ်

ဟန်ကြည် said...

ကောင်းပ စစ်ကိုင်းတစ်ခေါက်ပြန်ရောက်သွားပြီ...မပြန်နဲ့ဦးဗျာ လည်စမ်းပတ်စမ်းပါဦး...ဒီပုံလေးတွေပြန်မြင်ရတာ ကျက်သရေရှိလို့...

Candy said...

ဟိုသွားဒီသွားသွာချင်တာဘဲရှိတယ်။ တွေ့တာ ရိုက်ချင်တာဘဲရှိတယ်။ ရိုက်လာတာ တင်ချင်တာဘဲရှိတယ်။

ဟီးဟီး.. အဲ့ဒါကန်ဒီနဲ့တူတယ်.. တွေ့ရာရိုက်မယ် ဒါပဲ.. :P :P

ZT said...

ကျွန်တော် တစ်လလောက် နေခဲ့ဖူးတဲ့ အိမ်က လှမ်းကြည့်ရင် ဆွမ်းဦးပုညရှင် ဘုရားကို ထင်ထင်ရှားရှား မြင်ရတယ်။ မရှိခဏ ဘုရားကတော့ အဲဒီအိမ်ကနေ စစ်ကိုင်းတောင်ဘက်ကို ဖြတ်ထွက်တဲ့ လမ်းမှာပဲ။

kokoseinygn said...

မခင်ဦးမေ
ကိုယ်ေ၇ာစိတ်ပါကျန်းမာချမ်းသာပါစေ
အော်ဒါနဲ့ ဖေါင်ကြီး ဆင်းတဲ့ မခင်ဦးမေ
စစ်ေ၇းပြအတော်ကျွမ်းမှာဘဲ