ဒီတစ်ပါတ်အတွင်းတစ်ရက်သာ စားရမည် ဖြစ်သော
မြန်မာစာကိုသေချာ တည်ခင်းစားသောက်လိုက်သည်။ ထမင်းစားရသည်မှာ အားမရ.
အပြင်ဆိုင်မှ ဝယ်စားရသည်ကို အားမရ.
မြန်မာနံ့ကလေးငပိနံ့ကလေးဖြင့်စားချင်သည်. ထမင်းဆိုင်မှာ ထမင်း နင့်ငါးကြော်
အကွင်း ကိုက်လန်ရွက်ကြော် (စုစုပေါင်းစလုံးလေးကျပ်
ပြားသုံးဆယ် x 750= 3225 ကျပ် ဘိုး ဝယ်လာသည် စလုံးတွင် ငါးဈေးကြီးသည်
ဘာကြောင့်မှန်းတော့မသိ ကြက်သားဈေးပေါသည်။ ထမင်းဘူးထဲမှ ထမင်းကို
ပန်းကန်ထဲသို့ထည့်သည် ပန်းကန်နစ်ချပ်အသစ်ဝယ်ထားသည် တော်ကြာနေ
ပန်းကန်လာပေးနေကြမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည် ။ ဟိုနေ့က
အကပ်အသပ်ကျန်သော ပုန်းရည်ကြီး. (ပုန်းရည်ကြီးသည် သုံးထုတ်ကို
စလုံးနစ်ကျပ်ပေးရသည် ( 2x 750= 1500 kyats) ) ကို ဆီထပ်ထည့်ကာ
(ဆီဝယ်ရဦးမည် ကုန်ခါနီးပြီ) ကြက်သွန်နီ တစ်ကျပ်ဘိုး ဝယ်ထားသည်ထဲမှ
အလုံးသေးတစ်လုံးကို ယူကာလှီးထည့်လိုက်သည်။
ငါ့ရံခြောက်သည် မြမြင့်မိုရ်ထင်သည် စလုံးရှစ်ကျပ်ပေးရည် ( 8 x 750= 6000 kyats ) ထိုတစ်ဘူးစာခန့်ဖြစ်သည် လက်ကျန်ငါးခြောက်နင့်ပေါင်းထားသေးသည် ဆီထပ်ထည့်ပြီးစားရုံဖြစ်သည်. ကင်ပွန်းချဉ်ရွက်ကြော်သည် ရယ်ဒီမိတ်ဖြစ်သည သူများကြော်ထားသည်ကိုဝယ်စားခြင်းဖြစ်သည် စလုံးနစ်ကျပ် ခွဲခန့်ဖြစ်ရာ နစ်ထောင်ကျပ်ခန့်ဖြစ်သည်ငါးပိများ၏ ချဉ်သည် ဆိုရုံမျှလေးသာ ချဉ်တော့သည် ငရုတ်သိးအားရပါးရသု့းထားရာ ရဲနေ၏ အားရပါးရစားလိုက်သည် . ဆိုးဆေးတွေ ပါတော့မှာဘဲ ဆိုကာ တွေးမိခြင်းကို ခဏမေ့ထားလိုက်သည် ငါတို့ နိုင်ငံသားများကို ရောဂါ ဖြစ်စေသော အရာများမှ ကယ်တင်တော်မူပါ။ လောလောဆေယ်တော့ စားလို့အတော်ကောင်းသည်ကုန်သွားလေ၏. ။ တန်လေသည် စိတ်ချမ်းသာမှူရသွားသည် ဘယ်နစ်ရက်မှ တစ်ခါြ့ပန်စားဖြစ်မည် မသိ. ကင်ပွန်းချဉ်ရွက်ကြော်ကလေးကို သေချာသိမ်းထားလိုက်သည် ပုန်းရည်ကြီါ်သေချာပြန်သိမ်းသည် ငါးခြောက်ဖုတ်ကလေးကို လေလုံအောင်ဖုံးသည် ဒါလေးတွေ နင့်လူလုပ်နေရ၏

6 comments:
စားချင်လိုက်တာ... စာဖတ်ပြီး သရေကျလာတယ်။ ဒီနေ့ အပြင်ကထမင်းကြော်ဝယ်စားတာ ထမင်းက မာတောင်နေတာပဲ။ စားလို့မကောင်းဘူး >.<
မမကေအိုအမ် နေကောင်းရင် မမသက်ဝေ Tag တဲ့ အိတ်သွန်ဖာမှောက် ပို့ လေးရေးပါအုံး မမကေအိုအမ် ရေးရင် စိတ်ဝင်စားဖို့ ကောင်းမှာဘဲ
မမ.. အိတ်မှောက်ပြပါ... <3
အားးးးးးး တကယ့်ကို အိမ်၇ှင်မကြီးပဲ အတွက်အချက်ကလည်း ပိုင်ပါ့။ စားလို့ကောင်းမယ့်ပုံ :)
အိပ်တော့မှာ ၊ ဗိုက်ဆာနေတယ် အမကွန်။ အိတ်မှောက်တာထင်လို့ ဝင်ကြည့်တာ။
မ ကို ထမင်းစားဖိတ်ချင်တယ်. တခါတလေ. မတွက်မချက်ပဲ မြိန်မြိန်စားကြည့်ပါလား မ ရေ
Post a Comment