Wednesday, June 22, 2016

22nd June 2016

အလုပ်မလုပ်လို့ပြာတာ ဆိုရင်လဲ မှန်တယ် ရန်ကုန်မြို့ကြီးရဲ့ကုန်ဈေးနှူံးန်ကလဲ ငါ့ကိုခြောက်ခြားစေတယ် တယ်လီဖုံးကဒ်က ချွှေတာနေပေမဲ့လဲ သုံးရက်ကို တစ်သောင်းနှူံးန်းနဲ့ မှန်မှန် ဝါးမျှိုနေတယ်။ ဘာမှ ပြောတယ်လို့မထင်ရဘူး တစ်မိနစ်ငါးဆယ် . ငါးဆယ်ဆိုတာ ဘယ်နစ်ပြားလဲ ငါမတွက်တတ်တော့ဘူး ဒါပေမဲ့ဝင်ငွေ မရှိတဲ့အချိန်မှာ သုံးရက်ကိုတစ်သောင်း တစ်လ ကို တစ်သိန်းဆိုတာ တော့ပြာယာခတ်စေတယ်။ ဟပ်ချလောင်း တစ်သောင်း ဆိုပြီးပေးလဲ မလောက်သေးဘူး ။

အောက်စက်သွားဝယ်တဲ့ဇတ်လမ်းက မပြီးသေးဘူး စကာပူက လူတွေ ရန်ကုန် လာရင် အောက်စက် တစ်ခါတည်း ဝယ်ခုဲ့ပါ. နောက်မှ EVD ထပ်ဝယ်ကြတာပေါ့ ရန်ကုန်က လူတွေ အဲသလိုဘဲ အောက်စက်လေးတွေ နစ်ခု ရှိကြတယ် တစ်ခုက panasonci တို့ sony တို့ နောက်တစ်ခု က EVD ပေါ့. ဟိုဟာတွေ က လမ်းဘေးမှ ရောင်းတဲ့အခွေတွေ ကို မဖတ်ဘူးလေ. ဥာဏ်သိတ်ကော်းတတယ်။

အောက်စက်သွားဝယ်မယ်ဆိုပြီး သွားတယ် မသွာခာင်းခင် သော့ဆရာခေါ်ရသေးတယ်။ သော့ဆရာ ခေါ်ြ့ပီ့းသော့တွေ ဖျက်ရတယ် သော့တူတွေ မှာရတယ်။ သော့ဖျက်တစ်ခု လေးထောင်ဘဲ သော့တူ တစ်ခု ခြောက်ထောင်. ကောပီပွားက နစ်ထောင်။ ဘယ်သော့ဖြစ်ဖြစ် သော့ဆရာနဲ့တွေ့ရင်ပွင့်တာဘဲ . သူ့ရှေ့သော့ခတ်ရတတောင်.အားနာတယ်။ သွားခေါ်ရတယ် ပြန်ပို့ရတယ် လမးကြောင်းကို သူကတောင်ပြောပြရသေးတယ် စနေနနေ့ကြိးလမ်းတေါ ပိတ်လိုက်တာ ပိုတောင်ပိတ်သေးသလိုဘဲ တိုးလိုက်ကြတာ ကြိတ်ကြိတ်တိုး။ ကားတွေ.

အောက်စက်သွားဝယ်ပါပြီ. ပြည်လမ်းက ကုန်တိုက် နစ်ခု ရှေ့မျက်နာချင်းဆိုင်မှာ ကုန်တိုက် တစ်ခုရှေ့ရပ်တယ်။ မရပ်ရဘူးတယ် လုံခြုံရေးက လာပြောတယ် ရပ်မှာပေါ့ ဘာဖြစ်လဲ ဆိုတော့ တက္ကစီဘဲ ရပ်ရမှာ. ကိုယ်ပိုင်ကားက အောက်ဆင်းရပ်ပါတဲ့ . ဒါမှမ ဟုတ် ခပ်လှမ်းလှမ်းမှာ သွားရပ်ပါတဲ့။ ဟင်. ဈေးဝယ်လာတဲ့သူကို မောင်းထုတ်သလိုဘဲ။ ဈေးလာဝယ်ပါတယ်ဆိုမှ ကြုံဘူးပေါင် တက္ကစီတွေ က တော့တန်းစီလို့ တက္ကစီများသာ ရပ်ရန် လို့ရေးထားသေးတယ်. မဝယ်ဘူးဟေ့ မဝယ်ဘူး တစ်ခြားဆိုင်သွားမယ်။ နဂိုတည်းက သိတ်စိတ်ရှည်တာမဟုတ်ဘူး.စိတ်ရှည်တဲ့နေ့မှ ပြန်လာမယ်။ ကားပေါ်ကလူတွေ ကို ကားအောက်က လူတွေ ကပြန်ဟောက်တဲ့ ခေတ်ဖြစ်နေပြီ။

မိုးတွေ ရွာလို့အဲဒီနားမှာဘဲ ခိုနေရသေးတယ် လမ်ဘေးရပ်ထားတာပေါ့ ကရိန်းနဲ့လာဆွဲမှာစိုးလို့ ဘေးမှာကားတွေ အဖော်ရှိလားကြည့်ရသေးတယ်။ အဖော်ဂှိမှစိတ်ချလက်ချ ရပ်ရဲတယ်။

အောက်စက်သွားကြည့်တယ်။ ကြိုးသုံးကြိုးနဲ့ တီဗွီကို ဝင်တာရယ်။ တစ်ကြိုးထဲနဲ့ဝင်တာရယ် မောင်က သုံးကြိုးနဲ့ဝယ်တာ ဝယ်လို့ မှာလိုက်တယ်။ ကြိုက်တာဝယ်တဲ့။ ခက်တာက ငါဘာကြိုက်လဲ ဆိုတာ ငါမသိသလို သိသလို. မောင်ပါမှ ဝယ်ချင်တာဖြစ်တယ် ကိုယ်တစ်ယောက်ထဲ မရွေးတတ်ဘူး.မောင်ရွေးတာမှ ကောင်းတယ်ထင်တယ်။ မောင်ဆုံးဖြတရင် မှန်တာချည်းဘဲ။ အဲသည်တော့ ဟိုလည်လည် ဒီလည်လည် လုပ်ပြီးပြန်လာပြန်ရော. ပြန်လာတော့အလကားမဖြစ်ပါဘူး တစ်သောင်း လေးထောင်ကုန်ခဲ့တယ် တို့စိတို့စိ တံမျက်စည်းတို့ စကာ တို့. နွားနို့ဘူးတို့ ကြမ်းတိုက် တဲ့အရည်တို့ ရေချိုးခနိးတိုက်တဲ့ အရည်ုတို့ စကာပူက အိမ်က ပစည်းတေါ ကိုလွတ်ပစ်ခဲ့ပြီးအ ခု တစ်ခါ အသစ်ပြန်ဝယ်ရတာဘဲ ပိုက်ဆပ် ကုန်လိုက်တာ။

ခေါင်းသွားလျှော်တာ တစ်သောင်းရှစ်ထောင်ကုန် ခဲ့တယ် ခေါင်းလျော်တာ က လျှော်ဘို့နဲ့ အပြောကောငးလို့ မျက်နှာ အဆိပ်ထုတ်ာ နဲ့ ရေညှိနဲ့ပေါင်းတင်တာက ရှစ်ထောင်. ဆံပင်ပေါင်းတာက တစ်သောင်း hair coat 4000 တန် မေတ္တာလက်ဆောင်ပေးတယ် ပရိုမိုးရှုင်းတဲ့။ အလကားရတော့လဲ ယူလာတာပေါ့ သုံးကြည့်ဦးမှ.  ကေသာလေးနဲနဲ သေသပ်သွားပြီး မျက်နာလေးနဲနဲ လင်းသွားတာပေါ့ ရန်ကုန် ရောက်လာတာ အသားညစ်သွားတယ် စကာပူမှာဆို အသားလတ်တယ် ဘာမှ သိတ်လိမ်းစရာမလိုဘူး. အခုတော့ နေရင်းထိုင်ရးင်း ညစ်လာတယ် skin care လုပ်ရတယ်လို့ပြောကြတယ်။ ငါးကျပ်တန် နာရီလေးကို လှတယ်တဲ့ ဟုတ်တယ် လှပါတယ် ပိန်သွားတယ် တဲ့ ]ဟုတ်တယ် နဲနဲပိန်သွားတယ်။ လုံချည်ဘဲ အမြဲ ဝတ်တယ်နော်တဲ့ လန်းလန်းလေး နေပါလားတဲ့။ ဟုတ်တယ်လန်းချင်တယ်။ သိတ်ရိုးတာဘဲ။ ရိုးရိုးကြီးမှန်းလဲ သိတယ် ဝတ်တာ စားတာ အပေါက်အလမ်းမတည့်မှန်းလည်းသိတယ် ဒါပေမဲ့ ဒီလိုဘဲ တစ်သက်လုံးနေလာတာဘဲ အရှိ အရှိအတိုင်းပေါ့. လန်းတော့လဲ လန်းချင်ပါတယ် မလန်းတတ်ဘူး. ။

ဒီနေ့ဖောင်းသွားတယ် အိမ်ရှေ့မှာ တယ်လီဖုံန်းဲ့ ကွန်မက် ကြိုးစားပမ်းစား စိတ်ပါဝင်စားစွာ တစ်လုံးချင်းစာရိုက်နေတာ. မောင် ထမင်းစားခန်းထဲ မှာ တိတ်တိတ်လေး အသံမထွက်ဘဲ ဘရိတ်ဖတ်စ် စားသွားတာ ငါမသိလိုက်ဘူး။ စားပြီး ထတော့မှ ရိတ်ကနဲ မြင် လိုက်ဆွဲ မမှီတော့ဘူး သူမှ စိတ်မဆိုး ဘယ်သူဆိုးမလဲ အဲသာကြောင့်ဖဘ တွေ ဘလော့တွေ ကို မောင်က မုန်းတာ။ ငါ့ကို မုန်းတာ။ စိတ်ကုန်မှာ။ အားလုံးပေါ့။

အော် ရေနွေးဒါတ်ဘူးလဲ ဝယ်ခဲ့ကြပါဦး ဒီမှာဈေးကြိးတယ် မီဆူဘီရှိအဲကွန်းက တစ်ကောင်ကို နစ်သိန်းခွဲ တစ်ကောင်ခွဲ က သုံးသိန်းခွဲ ပိုကောင်းတာက ဈေးမမြင်ခဲ့ရဘူး ။ ဈေးပိုကြေီးအဲသည်ဝန်းကျင်ပေါ့။ ဘဲသားမုန့်နဲ့ နာနတ်သီးဖျော်ရည်နဲ့တစ်ထောင့်နစ်ရာ။  ဘာရှိလဲ မေးတော့ ရှိတာ အကုန်မရွတ်ပြဘူး။ သူရွတ်ပြတဲ့အထဲကနေ နာနတ်သီးဖျော်ရည် ရွေးလိုက်ရတာ သူများကို စတော်ဘယ်ရီလာချတော့မကျေနပ်ဘူး ဒီလိုမှန်းသိ ဘာဖြစ်လို့စတော်ဘယ်ရီ ထည့်မရွတ်သလဲ ကလေးမ။ 

ဓါတ်ပုံတွေ မထည့်တေတာ့ဘူး ဘုရင်ကြီးမှ ပုဆိုးပါပါတယ်ဘုန်းကံရှိရင် မြင်ရလိမ့်မပေါ့ကွန်နက် ရှင်သိတ်ညံ့တယ် ပုံထည့်ရင်မိုးလင်းသါားလိမ့်မယ်။ စာတောင် မနည်းတင်ရတာ။ ပရိုဖိုင်းတင်တာက ဆယ်ခါလောက်နိပ်ရတယ် Size ကို ချုံ့လိုက်ရသေးတယ် စကာပူမှာတုံးက ပုံတွေ ဂဒီးဂဒီးတင်နိုင်တယ်ဘယ်လောက် MB ဖြစ်ဖြစ်.။ အခု  ၈ျီမေလ်းက မပွင့်ဘူး။ problem loading page တဲ့။ Viber့က ဟယ်လိုတောင် အနိုင်နိုင် ။ ဖဘ ပို့စ်က လေးခုလောက်ဘဲ မြင်ရပြီး လည်နေတယ် ဒါပါဘဲ။


--
Sent from Gmail Mobile

No comments: