Showing posts with labelုkom. Show all posts
Showing posts with labelုkom. Show all posts

Friday, February 26, 2010

kHz ..

kHz .. တဲ့. ကိုယ်အိမ်ထောင်မကျခင်လပိုင်းမှာ စတွေ့တယ်။ ဘယ်မှာတွေ့သလဲဆိုတော့ one of the April သင်္ကြန်မှာ. သူငယ်ချင်းတွေ နဲ့ မော်တော်ကားနဲ့ အဲဒီအချိန်က ခေတ်စားတဲ့ ဒတ်စားကားနောက်အဖွင့်နဲ့ ပေါ့။ နောက်ဆုံးနစ်ရက်.. လည်ဖြစ်တယ်။ မိန်းကလေးများပါတယ။် ယောကျာ်းလေး အချို့ ပါပေမဲ့ ကိုယ့် သူငယ်ချင်းရဲ့ ညီမရဲ့သူငယ်ချင်းများပါ။

အခုလုပ်ငန်းရှင်ကြီးဖြစ်နေတဲ့ ကိုဘယ်သူတို့ဘယ်ဝါတို့ပါသပေါ့။ ကိုယ်ဘယ်သူဘယ်ဝါက သူငယ်ချင်းဖြစ်မဲ့သာဖြစ်တာ မိန်းကလေးတွေကို ကြည့်လို့ရတာမဟုတ်ဘူး။ kHz က အလိုက်အထိုက်သမား။ ရုပ်ကလည်းဆိုးတယ် ။ ပိန်ကလည်းပိန်တယ်။ အရပ်တော့ ရှည်တယ်။ သီချင်းဆိုလဲကောင်းတယ်။ introduction များသွားပြီ။ အဲဒီမှာ ကိုယ်တို့ စသိခဲ့ကြတယ်။ ထုံးစံအတိုင်း သုံးလေးယောက်ပါတဲ့ ယောကျာ်းလေးထဲကနေ သူ့နဲ ကိုယ် သူငယ်ချင်းဖြစ်သွားခဲ့တယ်။ အသားချင်းမထိခဲ့ကြပါဘူး. လူချင်းသိခဲ့ကြတယ်။

ယူဘို့ မရည်ရွယ်ပေမဲ့ ခင်စရာကောင်းခဲ့တယ်။ သူ့မျက်လုံးတွေ ကို ကိုယ် ထင်ချင်ရာ ထင်ခဲ့တယ်။ လူကြီးများသဘောမတူလို့ တိတ်တိတ်ဆိတ်ဆိတ်စခဲ့တဲ့ ကိုယ်ရဲ့ အိမ်ထောင်ဦးကာလ မှာ ကိုယ်နေတဲ့အိမ်ကို ရအောင်ရှာပြီးလက်ဖွဲ့လာပေးခဲ့တယ်။ အခုထက်ထိလဲကိုယ့်မွေးနေ့ရောက်တိုင်းကဒ်ပြားပို့နေဆဲဘဲ။ (လူတိုင်းရဲ့ မွေးနေ့ ကိုသူမှတ် ထားပြီးပို့တတ်ပါတယ်။)

သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်အောက်မှာ ကိုယ်တို့ရဲ့ဆက်ဆံရေးကို ဆက်လက် တည်တံစေခဲ့တယ်။ ကိုယ်ကားမောင်းသင်တော့ သူက အရေးပါတဲ့နေရာကပါခဲ့တယ်။ ကိုယ်ကလဲ slow learner ဆိုတော့အတော်သင်ယူရတယ်။ ကားနောက်ကြည့်မှန်ကနေ ကားကိုကြည့်တာ နောက်ကို လှည့်မကြည့်ဘဲ မှန်ထဲကနေ ကြည့်ပြီး ကားကိုကွေ့တာ။ နောက်ဆုတ်တတ်အောင်. ကားပါကင်ကို လှပစွာဝင်နိုင်အောင် အန်မတန်ကျဉ်းတဲ့နေရာကို ဝင်နိုင်အောင် အနေအထားအယူအဆ အားလုံး ကိုယ့်ကို စိတ်ရှည်စွာသင်ပေးခဲ့တယ်။

သူ့အိမ်က ကိုယ့်အတွက် စားအိမ်သောက်အိမ်ဖြစ်ခဲ့တယ်။ .တစ်ဦးတည်းသော သား လည်း ဖြစ်ခဲ့ပြန်တယ်။ အမျိုးတွေ စုနေတဲ့တိုက်က ထမင်းစားပွှဲမှာ ကိုယ်ဟာ ဝင် စားခွင့် ရခဲ့တယ်။ တရုတ်နစ်ကူးမှာ ဖိတ်ခေါ်ခဲ့တယ်။ အတော်လေးခင်ခဲ့ကြတယ်။ ရည်းစား စကားမပြောခဲ့ကြပါဘူး။ စိတ်ချင်းတော့ငြိခဲ့ကြတယ်။ သူနိုင်ငံခြားသွားမယ် ဆိုတော့ သူ့ရည်းစားကိုကျော်ပြီး ကိုယ်အရင်ဆုံး သိခွင်ဲရခဲ့တယ်။ ကိုယ့်အတွက်ဆို တော်တော် များများကို ဖြစ်စေခဲ့တယ်။

နစ်ယောက်ပေါင်းပြီးတော့လဲအတော်လေခဲ့ကြတယ်။

ကိုယ်စလုံးလာတော့လဲ သူရှိသေးတယ။် နောက်ပိုင်းတော့ သူငှေးသားကလဲဖြစ်ပြန်. တစ်ဦးတည်သောသားကလဲဖြစ်ပြန် စလုံးရဲ့ဒဏ်ကို မခံချင်တော့လို့ပြန်သွားခဲ့တယ်။ သူ့ဘဝက ကောင်းပါတယ်။ အမြဲဘဲအေးချမ်းတယ်။

နစ်ခါတော့မှတ်မှတ်ရရဖြစ်ခဲ့ဘူးတယ်။ တစ်ခါက စကားများကြပြီးတော့ ကိုယ် သူ့အိမ်နားမှာ သွားထိုင် နေတယ်။ ခေါ်ရင်ဆင်းလာမယ် ဆိုတာ သိပေမဲ့မခေါ်ခဲ့မိဘူး။ နောက်တစ်ခါ ကိုယ်တို့တွေ့တာ နောက်ဆုံးလို့ ထင်ရနိုင်တဲ့တစ်ခေါက် ကိုယ်တို့ တိတ်ဆိတ်စွာ လမ်းခွဲခဲ့ကြတယ်။ ဒါပေမဲ့သူဟာ ကိုယ့်ကို မပြောင်းလဲ ဘဲချစ်ခင်နေတဲ့ သူထဲက တစ်ယောက်ဘဲဖြစ်နေခဲ့တယ်။

လွမ်းမိသေးတယ် kHz ..

Wednesday, February 24, 2010

on ..off..

ဒီနေ့ တယ်လီဖုံးက အင်တာနက်ချိတ်လို့မရဘူးဖြစ်တယ်။ အိမ်အပြန်လမ်းမှာ ကလိတာမှာ အင်တာနက်ချိတ်လို့ မရတာသိတယ်။ တစ်နေလုံးလဲ ကိုင်မကြည့်ဖြစ်ပါဘူး။ အားမှ မအားဘဲ။ အဲသလိုဆိုရင်မနေတတ်တော့ တာကြောင့် ဆိုင်ကို ရောက်သွားတယ်။ Q နံပါတ်ယူပြီး စောင့်နေဆဲမှာ လူတွေ ကို ကြည့်မိပြန်တယ်။

မျက်လုံးထဲကို အမျိုးသမီးတစ်ယောက် ဝင်လာတယ်။ အသက်နဲနဲကြီးပြီ။ အသက်ကြီး ပြီဆိုတာကို ဘာလို့ပြောနိုင်သလဲဆိုတာ အသားအရည်နဲနဲ ခြောက်လာတာရယ်။ လက်မောင်းအိုး က နဲနဲပျော့ပြီးတွဲလာတာရယ်။ မျက်လုံးအောက်ခြေမှာအ ရစ်တွေ ပေါ်လာ တာရယ် ကိုကြည့်ပြီးပြောနိုင်တယ်။ သေသေချာချာတော့ ပြင်ဆင် ထားပါတယ။် မိတ်ကပ်မျက်နာရယ်။ ဆံပင်ကိုလည်းသေချာ စနစ်တကျ အသာလေး ပင့်တင်ပြီး ကလစ်ထိုးထာရယ်။ ဝတ်တာစားတာ လဲ အဆင်ပြေပါတယ်။ ဒါပေမဲ့ ခနွာကိုယ် အနေအထားကတော့ အပျိုကလေးများနဲ့မတူနိုင်တာကတော့ နဲနဲဖွံ့ထွားနေတာဘဲ ။ ဆိုလို တာက တော့ ကိုယ်လုံးကြီးကြီးလာတယ်။

သူနဲ့အတူ ကောင်လေးတစ်ယောက်ပါလာတယ်။ ကောင်လေးဆိုတာမှာ ရိုးရိုးအမဲ ရောင်တီရှပ်နဲ့ ဘောင်းဘီတိုနဲ့ဘဲ။ လူငယ်လို့ဘာလို့ပြောနိုင်သလဲဆိုတော့လတ်ဆတ် စိုပြေတဲ့ အသားအရေရယ်။ ခနွာကိုယ်အနေအထားက သိတ်ပြီးမကြီးမားသေးဘဲ အနေတော် ဘိုက်မရှိ။ အဆီမရှိသေးတဲ့ အနေအထားကိုကြည့်ပြီးပြောနိုင်တယ်။ အသားဖြူပြီး မျက်နာက တော့နဲနဲရင့်တယ်။

ကိုယ်ကြည့်နေတယ်။ သူတို့နစ်ယောက်ဘာတော်နိုင်မလဲလို့ အမေနဲ့သားလား။ အဒေါ်နဲ့တူလား။ စဉ်းစားနေတယ်။ ဒါပေမဲ့ ပထမခန့်မှန်း ရခက်နေတယ်။ ယောက်ကျားလေး ဘက်က သိတ်တက်ကြွတဲ့အနေအထားကိုမတွေ့ရဘူး ။ အဖော် လိုက်လာပေးတဲ့ သဘောဘဲ။ တစ်ချက် မှာ အမျိုးသမီးက ကောင်လေးကို တစ်ချက် မျက်နာချင်းဆိုင် ခပ်မော့မော့ စကားပြောလိုက်တဲ့အခါမှာတော့တစ်စုံတစ်ခု ပက်သက်မှုရှိတယ်ဆိုတာ သေချာသွားခဲ့ရတယ်။

ကြည့်ရတာ သိတ်တော့အဆင်မပြေလှဘူး။ အမေနဲ့သားအရွယ်။ အဒေါ်နဲ့ တူအရွယ်။ ဒါပေမဲ့ အမျိုးသမီးရဲ့ နုပျိုဝတ်ဆင်မှုရယ်။ ကောင်လေးရဲ့ အရပ်ရှည်မှု။မျက်နာရင့်မှူ။ တွေကြောင့်တစ်စုံတစ်ခုတော့ ပက်သက်မှူရှိနေတယ်။

အဲဒီအချိန်မှာတော့ ကိုယ်အိမ်ထောင်ကျခဲ့မိတာ ..ယောကျာ်းရှိတာ ဝမ်းသာသွားခဲ့မိတယ်။

အော်..ဒါနဲ့.။ အင်တာနက်ပြန်ချိတ်လို့ရသွားတ်ယ်။ ဆိုင်က ဖုံးကို အွန်….အော်ဖ် လုပ်လိုက်တဲ့ အခါပြန်ချိတ်သွားတယ်။

Monday, December 21, 2009

analyzed

တစ်နေ့တစ်နေ့ အန်မတန်အချိန်ကုန်မြန်တယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေ အလုပ်များတယ်။ များတော့ဘာဖြစ်သလဲ။ပင်ပန်းတယ်။ ပင်ပန်းတော့ စိတ် မ ရှည်ချင် ဘူး.။ အိပ်ရေးဝအောင်အိပ်ဘို့လဲ အမြဲကြိုးစားရင်း မအောင်မြင်ဘူး။ နစ်ရက်တစ်ခါ ပေါင်း အိပ် သ လို တောင်ဖြစ်နေတယ်။ လာမဲ့ ရက် ၂၅. ၂၆. ၂၇ သုံးရက်က ကံအားလျော်စွာ အားသွားတယ်။ ဘာမှ မ လုပ်ဘူးလို့စိတ်ကူးတယ်။ လူမအား တော့စိတ်မပျော်တာဖြစ်တယ်။ မပြုံးတတ်သလိုတောင်ဖြစ်တယ်။ အားမယ် ဆိုရင်တော့ပြုံးနိုင်မယ်ထင်ရဲ့။

ဟင်းလဲမချက်ပါဘူး ။ပန်နီဇူလာက ခေါက်ဆွဲသုပ်ကို ဝယ်လာပြီးမနက်တစ်ထုပ် ည တစ် ထုပ်စားတယ်။

ကျောင်းစာပြန်ဖတ်ဘို့ကြိုးစားနေတယ်။ ပညာရှိမှ ညာဏ်ရှိမယ်မဟုတ်လား။ စာဖတ်ဲ့တဲ့ score မှာ bar graph က အောက်ဆုံးမှတ် မှာရောက်နေတယ်။ ဘလော့လုပ်တာ စာမဖတ်ဖြစ်ဘူး. ဘလော့ဆိုတာ အရင်ဖြစ်ခဲ့ရင် ဘွဲ့တောင်ရခဲ့ပါ့မလားစဉ်းစားမိတယ်။

Monday, December 14, 2009

Mrs.



















ကျွန်မအိမ်ထောင်သည်

အိမ်ထောင်ရှိပါတယ်။ ကြာပြီပေါ့။

အိမ်ထောင်ပြူတယ်ဆိုတာမှာချစ်လို့အိမ်ထောင်ပြုခဲ့ကြတာပါဘဲ. ငယ်စဉ်ကာလတုံးကတော့သူသွားသမျကိုယ်အကုန်လိုက်. ကိုယ်သွားသမျ သူပါ။ လဘက်ရည်ဆိုင်လဲကိုယ်ပါ. ရှော့ပင်လဲသူပါ။ကြာလာတော့မချစ်ကြတာတော့လည်းမဟုတ်..သွေးအေးလာကြတာထင်မိတယ်။ သူ့ရဲ့ လ ဘက် ရည်ဆိုင်လဲကိုယ်မလိုက်ဖြစ်. သူတို့ ရဲ့မြင့်မား တဲ့အကြောင်းအရာတွေ. နိုင်ငံ့ရေး. စီးပွားရေး ကြီးပွါားရေးတွေ ကို ကိုယ်မလိုက်နိုင်. ကိုယ်ဲ ရဲ့သေးငယ်တဲ့ အကြောင်းအရာတွေ ကို သူစိတ်မဝင်စား. .

စကားဆိုတာ ကို နားထောင်သူရှိမှ ပြောလို့ရတယ်။ နားထောင်သူမရှိတဲ့ကိုယ့်ရဲ့စကားတွေ …………

တစ်နေ့တာဟာ မိုးလင်းတာနဲ့အမြန်ဆုံး အလုပ်ခွင်ကိုရောက်ဘို့ဘဲ။ စနေလိုနေ့ မျိုးမှာတောင် ညနေ ကို မတွေ့ဖြစ်တဲ့အဖြစ်. ကိုယ်က အနောက်အရပ်မှာ သူက အရှေ့အရပ်မှာ . ဆုံမှတ် အလည်ကိုတောင် မသွားနိုင်တော့။ ရောက်တဲ့အရပ်မှာဘဲ ဟိုငေးဒီငေး.. လက်ချင်းတွဲထာားသူများတွေ့ရင်စိတ်နာ။ အိမ်ကို ဘဲပြန်တာကောင်းမယ်ထင်ရဲ့။

Thursday, July 23, 2009

ma / maung

ဒီနေ့ အိမ်မှာ သီချင်းလေ.းနားထောင်လိုက် .. လုပ်ချင်တာ လုပ်ဘို့အတွက် အလုပ်မသွားဘူး။။ ကျောင်း စာအုပ်ကတော့ ဝတ်တရားကျေ တစ်နာရီဖွင့်လိုက်မိသေးတယ်။ ဘာဖြစ်လို့ ကျောင်းစာအုပ် ကိုင်သလဲ။ ကိုင်ချင်လို့ ကိုင်ပါတယ။် ကိုင်လိုက်ရင် အားရှိတယ်လေ။ အဲဒီကနေ ..နေကြတ်တဲ့ဆီရောက်သွားတယ်



အင်း. .အဲဒီအချိန်မှာ ချစ်လှစွာသော မောင်ငယ်…ဆီက ဖုံးရပါတယ်။ လေဆိပ်ရောက်နေပြီ ဆိုတဲ့ အကြောင်း.။ ပြန်တော့မယ်ဆိုတဲ့ အကြောင်း…….
ဟမ်. ဘယ်လိုဖြစ် ……………ဘယ်လိုမှ မဖြစ်ပါဘူး .ဒီလိုပါဘဲ ဆိုတဲ့ အန်မတန်အေးချမ်းတဲ့ကောင်ကြောင့် စိတ်တိုရပေါင်းလဲ များပါပြီ။ သူကအေးချမ်းတော့လည်း
ကိုယ်လည်းအေးချမ်းရတော့တာပေါ့။ အဲဒီကောင် က မိန်းမခိုးတာမှာ အစ်မ ဆီ က သူ အေးချမ်း တယ်ဆို ပိုက်ဆံတောင်းသွားတဲ့ကောင်ပါ။ အစ်မ ပိုက်ဆံပေးဆိုလို့ ပေးလိုက်တာ အဲဒီညက ပျောက်သွားပါလေရောလား. . ဘီယာသောက်ချင်တယ် ပေးပါဦးဆို လို့လဲပေးရပါသေး။ ဖဲရိုက်တာကတော့ စီးပွားဖြစ်ရိုက်လို့မရဘူး ကိုယ်ပေးတာ က နဲတယ်လေ။

အိမ်ကထွက်တာနောက်ကျတာရယ်။ ကိုယ်ကိုယ်တိုင်ကလဲ kmsl လစ်ရင် လစ်သလို တက်ကစ်ီ ခိုးစီး တတ်တာကြောင့် တက်ကစီ စီးဖြစ်လိုက်ပါတယ်။ လေဆိပ် မှာ မောင် ကို ရှာပြီး ကမန်းကတန်း မုန့်စားခိုင်းလိုက်ရသေးတယ်။ ကိုယ့်မောင်လဲ လက်ပတော့ပါတယ။် ဟိဟိ။ ဘာညာဝယ်သွားတာ ကိုယ့်ကဒ်နဲ့ဘဲ ဖြတ်လိုက်တယ်။ စကားလဲ သိတ်မပြောလိုက်ရပါဘူး။ ဝင်သွား………ရော.။ လွမ်းတာနဲ့ ပါးကို ဖက်နမ်းလိုက်သေးတယ်။ တစ်ကယ်ပါ မညာဘူး။ ကိုယ့်မောင် ကိုယ်နမ်းဘာ ဖြစ်သလဲနော့။

ပြန်လာတယ်။ မြန်မာဆိုင်ရောက်ပါတယ။် တောက်တိုမယ်ရတွေ လုပ်ပါတယ်။ သရက်သီးက တစ်လုံး စလုံး သုံျးကျပ်ခွဲပါ။ ဒါကတော့ကိုယ့်မေတ္တာပါ


























မောင် သဘောင်္ပေါ်ကဆ င်းလို့စိတ်ညစ်လာတာနဲ့ စိတ်ပြေလက်ပျောက် ပိုက်ဆံအိတ်ကလေး ဝယ်လိုက်တော့မှ စိတ်နဲနဲ ချမ်းသာသွားတယ။် ကြားထဲက ခါး နာသွားတာကတော့ kmsl ဘဲပေါ့။ အင်. ဘာဖြစ်လို့လဲ မေးနေရသေးလား ။သူက ငွေရှင်လေ။ ဒီညတော့ နိပ်ပေးရင်ကောင်းမယ်ထင်ရဲ့. ……ဲ.





komရေးတဲ့စာ


မောင်ကလေးတစ်ယောက် အမည်ပေါက်
မတောက်တစ်ခေါက်...
ဟိုမရောက် ဒီမရောက်
မယုလေး က မျက်စိမှောက်
အစ်မတွေ က ခေါင်းတွေခြောက်
စိတ်ပြေလက်ပျောက် အိတ်ဆိုင်ရောက် ……..then.. ကိုမဆာလာ ငါးပါးမှောက်။

Sunday, July 12, 2009

BTW again

အိမ်က အင်ဂျင်နီယာ ရန်ကုန်သွားပါတယ။် လိန်ပျံကြီးစီးပြီး။ ပြန်လာမှာပါ။ သေချာပါတယ။် နောက်မိန်းမလဲ မရှိပါဘူး။ ယူဘို့လဲ စိတ်ကူးမရှိပါဘူး။ အဲ..ဘာတွေညာတွေ တော့မသိပါ။ ပြန်လာရင်တော့ သိရမယ်ထင်ပါတယ။် ဘာတွေညာတွေ ကမန်းကတန်းဝယ်လိုက်ပါတယ်။ အသေးအဖွဲလေးတွေတော့ စာရင်းထဲ မထည့်တော့ဘူး. ။

လူကြုံက ၁၀ ကီလိုပါ။ အဲဒီည့ ကိုယ်တို့အိမ် လူစည်သွားတယ။် တစ်ခါမှအမျိုးတွေ မလာကြတာ။ အဲဒီညကတော့အမျိုးတွေလာကြတယ။် သိတ်ပြောလို့တော့မဖြစ်ဘူး. ကိုယ်ဘလော့ရေးတာ အမျိုးက သိသွားပြီ။ နာမည်ကြီးတယ်ဆိုဘဲ။ အိုးမိုင်ဂေါ့။ အတင်းတွေ ဘယ်လိုဆက်တုပ် ဆက်အုပ်ရပါ့။

။ကိုယ့်အမျှိုးတွေအတွက် က ၁၆ ကီလိုပါ။ စုစုပေါင်း ၂၆ ကီလို. ။ သူ့အဝတ်အစား က နဲနဲပါဘဲ။ ..(၃၀ ) ကီလိုရပေမဲ့ ပေါင်ပို ၅ ပေါင်. ၅၅ကျပ် ဘိုးထိဘူးထားတော့ အသာလေးဘဲ လျှော့ထည့်တာ အနွယ်ရယ်ကင်းပါတယ် ။ နဂိုရှိတာတွေ နဲ့ပေါင်း။ ပါတိတ်ကတော့ဈေးမကြီးပါဘူး. အားလုံးအသစ်တွေပါ။ အရင်တစ်ခါက အားလုံးပေးပြီးသွားပြီ။ လောက်တောင်မလောက်ဘူး။ .အို………ဘာမဈေှး မကြီးပါဘူး။ စလုံးသူတွေ တိတ်တိတ်နေကွာ.။ ဒီမှာ အင်ထုမလို့။ ဒါပေမဲ့ရှုပါ။ အမှတ်တရပေါ့။











































Monday, June 29, 2009

sorry

အကြောင်းတစ်ခုခုကြောင့် account တစ်ခုဖွင့်လိုက်မိပါတယ်။ အထဲမှာ ဘာမှ မရှိပါဘူး. ။ ဘုရားစူး ။ နာမည်ဘဲရှိပါတယ။် အဲဒါတွေကို သိတ်နားမလည်လို့ တစ်စုံတစ်ခုကို ကလစ်နိပ်မိပါတယ။် အဲဒါကို တောင်းပန်ချင်လို့တစ်စုံတစ်ခုလုပ်လိုက်မိပါတယ။် ပိုဆိုးသွားပါတယ။် အခုဘာမှ မလုပ်တော့ပါဘူး.။ အားလုံးကိုတောင်းပန်ပါတယ။် နားမလည်မှူကြောင့်ဖြစ်တဲ့အမှားမို့လို့ခွှုင့်လွတ်ပေးစေချင်ပါတယ။်

မှတ်ချက်
တစ်ကယ်စိတ်မကောင်းပါ။
ခွင့်မလွတ်ပါနဲ့တော့။

Tuesday, March 3, 2009

Analysis

လူတွေ ကို လေ့လာရတာ စိတ်ဝင်စားဘို့ကောင်းတယ်။ ဦးစံရှားဝတ္ထူတွေ မှာလာ။ မှတ်မိမလား။ ပြတင်းပေါက် ကနေပြီး ဖြတ်သွားတဲ့သူတွေ ကို ထိုင်ကြည့်ပြီး သု့းသပ်ကြတဲ့ အခန်း။ အိုင်ဆေး။ ဒီလူကတော့ကလေးနှစ်ယောက် နဲ့ဗျ. တစ်ယောက် က အကြီး တစ်ယောက် က အငယ်။ အကြီးလေး အတွက် ကဘော လုံး ။ အငယ်လေး အတွက် က ပလုပ်တုတ် ဆိုတဲ့ အခန်း။ သဘောကျတယ်။

NTUC က (ရန်ကုန် က city mart ကို မြင်ယောင်ပါ။ ) ကိုယ့် အတွက်တော့ မူးရင်ရှူ မောရင် သောက် တဲ့အရပ်ဘဲ။ ပျင်းရင် တစ်ချက်လောက်ဝင်သွားရင် နာရီဝက် လောက်ကတော့ အသာလေးဘဲ။ မူးတာတွေ ပျောက်သွားမယ်။ ပျင်းတာတွေ ပြေသွားမယ်။ ဟိုကြည့်ဒီကြည့် နဲ့ သူများခြင်းတောင်းတွေ ထဲ ခိုးကြည့်လိုက်။ ဘာတွေဝယ်သွားကြပါလိမ့် လို့ စဉ်းစားလိုက်။ သူဝယ်တာ ကိုယ်လိုက်ဝယ်ရင် ကောင်းမလားစဉ်းစားလိုက်။။

ကဲ.ဘယ်သူ့မှ ဝေမဖန်ခင် ကိုယ့်ဘာသာ ကိုယ်ဝေဖန် လိုက်ကြပါစို့။

ငှက်ပျောသီး မနည်းမများ အဖီးကို ကြင်္ည်ပြီး ကြိုက်တတ်တယ် ဆိုတာ သုံးသပ်လီု့ရသွားပါပြီ။ တကယ် အမောပြေပါတယ်။ အဆာလဲခံတယ်။ အဆီလဲမတက်ဘူး။ ပန်းသီး ။သူလဲ အတူတူဘဲ။ ဘိုက်ဆာ တာ ကို ပြေစေတယ်။ အရမ်းမစားမီအောင် လဲထိန်းချူပ်ပြီးသားဖြစ်တယ်။


အုန်းသီး စိမ်းရည်ကို နှစ်သက်တယ်။ ဘူးဂစ် ဘူတာရုံနားမှာ တခါတည်းခွဲ ပေးပြီး စားရတာ ရှိတယ် ဒါကတော့ကိုယ့်ဘာသာ ကိုယ်ထိပ်ဖြတ်ြီပီးစားဘို့ဘဲ။ အုန်းစိမ်းရည် ကို beach မှာ သွားမသောက်နိုင်တော့ကိုယ့်ဘာသာကို လုပ်ကြံ ပြိးီသောက် ရတော့တာဘဲ။ အရည်ကိုသောက် အဖတ် ကို ချစ်စား အလုပ်ကိုဖြစ် နေတာဘဲ။ စပျစ်သီး ကတော့ ဝင်ခလုပ်ထွက်ခလုပ် နှိုက်စားနေတာဘဲ။ နွှားနို့နဲ ကွန်ပလိပ်ကတော့ ဘိုက်ဆာ ရင် ခလောက်လိုက်ရု့ဘဲ။ နွားနို့ က အသက်ကြီး တဲ့သူတွေ အတွက် ဒုးခေါင်း နာတာလဲ သက်သာစေတယ်။ ပရုပ်လုံးကတော့ အကျီတွေ ကြာ်းထဲပစ်ထည့်ဘို့ပေါ့ ။

ခြုံကြည့်လိုက်ရင် စလုံး ၁၅ ကျပ်ဘိုးလောက် ကို ဟိုလုပ်ဒီလုပ် လုပ်ရင်း ဝယ်လာခဲ့တယ်ဆိုတော့ ပိုက်ဆံ အသင့်အတင့်ဝင်ငွေ ရှိသူဖြစ်ရမည်။ အချိန်လည်းပိုတတ် သော သဘောရှိသည်။ သတိပြူရန်မှာ ဟင်းချက်စရာ မပါသည်ကို တွေ့ရှီရသဖြင့်ထမင်းဟင်းချက်ခြင်း ကို အရည်အချင်းမရှိကြောင်းမှာ ပေါ်လွင်သည်။ ကျန်းမာ ရေး ကို အစားအသောက်ဖြင့် ကြည့်ရှူ ထိန်းသိမ်းသူဖြစ်မည်။ တရားလွန်စားသူ မဖြစ်နိုင်။

နွားနို့နှင့် ကွန်ပလိပ် ခလောက်သောက်သည် ကိုကြည့်၍ ပျင်းသူဖြစ်သည်မှာ လည်း ထင်ရှားနေသည်။ စားစရာ များကို ကြမ်းပြင်ပေါ်ချ၍ ဓါတ်ပုံ ရိုက်သည်မှာ တော်ရုံလူ မလုပ်သော အမှူဖြစ်၍ အိမ်တွင် စားပွဲ မရှိဟု သူံးသပ်ရာသည်။ စသဖြင့် ရင်ထဲမှာ ဝေဖန်ရေးတွေ ဖြစ်လာ၏။ သို့ဖြစ်ရာနောင်တွင် NTUC တွင် ဈေးဝယ်ခိုက် kom ကိုမြင်လျှင် ဝယ်ထားသော ပစ္စည်းများ ကို နောက်သို့ပို့ရန် မဟုတ် က ရင်ထဲက ဝေဖန်ရေးနှင့်တွေ့သွားနိုင်ပါသည်။

Sunday, March 1, 2009

Famous blogger

နာမည်ကြီးတယ် လို့ဝိုင်းပြောကြတော့ကိုယ့်ကိုကိုယ် တစ်ကယ် နာမည်ကြီးတယ် လို့ ထင်လာမိတယ။် မနေ့က pensul.ar သွားတော့ ရုပ်ဖျက်သွားတယ်။ အချိန်လွဲသွားတယ်။ ခပ်သုတ်သုတ်သွားတယ်။ မြနဒ္ဒာကတော့ ရောက်သွားသေးတယ။် ထိုင်နေကျ နေရာမှာ မထိုင်ဘူး။ တယ်လီဖု့းကို အပြင်မထုတ်ဘူး။ ဟိုရမ်း ဒီရမ်း မလုပ်ဘူး။ ပိုက်ဆံအိတ် မယူသွားဘူး။ ဒါတောင်ဟိုလူ က ကိုယ့်ကိုကြည့်သလို ဒီလူက ကိုယ့်ကို ကြည့်နေသလို ထင်နေမိသေးတယ။် မျက်မှန်တောင် ယူသွားဦးမလို့ဘဲ။ ဒါကတော့ နဲနဲ ပိုလွန်ြးီ့ပီ ဆိုပြီးထားခဲ့ရတယ်။

ရယ်စရာကတော့မျက်စိထဲ အမြဲမြင်တာ ဘဲ ။ ဟာသဓါတ် ခံရှိလို့ထင်တယ်။ တကယ်ပါ။ မြင်ယောင်ကြည့် မြနဒ္ဒာ အတွင်းဘက် မှာ လူတစ်ယောက်အုပ်စု တစ်စု နဲ့ထိုင်နေတယ်။ တယ်လီဖုံးကပြော လို့ တယ်လီဖုံး ဘက်ထရီ charger ကြိုးက ဘေး က နရံ့ ရ ပေ အမြင့်လောက်မှာ ။ အဲဒါကို ကြီုးကြီး တန်းလန်း နဲ့စကားပြောနေတယ။် စကားပြောတာ ကိုလည်းမ အံသြပါဘူး။ဒါပေမဲ့သူ သွားတဲ့ စားသောက်ဆိုင် အရပ်ဒေသကို ဘယ် က charger ကြိုးက ပါလာတာလဲဆိုတာ ကို စဉ်းစားနေမိတယ်။ ဘယ်မှာမှ အဲလို မမြင်ဘူးဘူး။

ရထားပေါ်မှာလဲ လူကြပ်တော့ နောက်တစ်စီးမှ စီးမယ် ဆိုတာ ပိုဆိုးသွားသေးတယ်။ ထိုင်ခုံ နည်းတဲ့တဲ့တွဲကို မှ တက်မိတယ်။ အဲဒါနဲ့ မျက်စိမှိတ်ထားတယ။် ထုံးးစံအတိုင်းဘဲ။ လူတစ် ယောက် က ဝင်လာတယ။် တွဲထဲကို မြန်မာလို ပြောလာတယ။် တို့မျက်စိဖွှုင့်လိုက်ရင် မျက်လုံး ချင်းဆုံ သွားရင် သွေးကသိတယ်လေ။ မြန်မာ ကမြန်မာဘဲမဟုတ်လား။ အဲဒါနဲ့ အရှိန်ပျက် မှာစိုးလို့ဆိုပြီး မျက်စိ ဆက်ပိတ်ပြီး နားထောင်နေတယ။် ပြီးမှ သတိရတယ။် ဟိုက် ငါက မြန်မာ ညှပ်ဖိနပ်နဲ့ ပါလားဆိုပြီ။ ကိုယ့်ကိုကိုယ် မြန်မာ မဟုတ်ချင် ယောင် ဆောင်နေတာလေ. ညျပ်ဖိနိပ်ကြီးစီးပြီး။ ကဲ အဲဒါနဲ့မထူးပါဘူးလေ ဆိုပြီး မျက်လုံးချင်း ဆိုင်လိုက်တော့ အိန္ဒယလူမျိုးဗျာ . အစစ်ကြီး မြန်မာ စကားကို အပီပြောနေတာ။ မြန်မာ လိုသာ မပြောရင်သူ့ကို မြန်မာလို့ဘယ်သူမှထင်မှာ မဟုတ်ဘူး။

ပါတိတ်ဆိုင် ရောက်သွားသေးတယ်။ နဲနဲဝယ်ခဲ့တယ်။ ဈေးလား သိတ်မများပါဘူး။ စလုံးကသူ တွေတော့သိကြပါလိမ့်မယ်။ ဘယ်လောက်လ.ဲ ..သိချင်ဝယ်ဖတ် နျစ်ကျပ်လို့ တော့..ပန်ဒိုရာ ကပြောလေ့ရှိတယ်။ လိုချင်တာရှိယူသွား။ မကြိုက်လဲထားခဲ့။ အိ. အဖွားကြီး ဆင်ကြီးလို့ ပြောဦးမလား။ အဖွားကြီး ဘဲဟာ။ အဖွားကြီး ဆင်ဘဲပေါ့။ ဒါဘဲ။

Wednesday, February 18, 2009

Fever

အချစ် ဖျားနေသည်။ စလုံး ဖလူ ဆိုတာ အဖျား မကြီးပါ.။ ငွေ့ငွေ့ နှင့် ယိုင် တိုင်တိုင် ဖြစ်ရုံသာ။ သူ ယိုင် နေစဉ် ကိုယ် အိမ်မှာ မရှိသော ကြောင့် အတော် စိတ်ဆိုးနေသည်။ သို့ဖြစ်လေရာ ရံဖန်ရံခါ ယောကျာ်းကြောက် ချင်ယောင် ဆောင် ရသောကြောင့်…

Wednesday, February 4, 2009

screw

ငယ်နာမည် မောင်ရစ်ဟုခေါ်ပါသည်။
ပုံ
kom

Friday, January 9, 2009

YOU MIGHT NOT UNDERSTNADING ME

ဒီနေ့ အိမ်ပြန်လာတော့ကိုယ် က စောနေတယ်။ kmsl ရဲ့ chat က မီးစီမ်းပြနေတာနဲ့ ကြည့်လိုက်တော့ ကလေးမလေး တစ်ယောက် on line ဖြစ်နေတာ မြင်တာနဲ့ ကမန်းကတန်း Log out လုပ်လိုက်တယ် ။ တော်ကြာနေ လာခေါ်နေမှာ စိုးတာနဲ့ဘဲ၊ ဒါပေမဲ့ သိတ်စိတ်ပူစရာ မရှိပါဘူး။ သူ့မှာ မိန်းကလေး တွေကို ခင်မင်အောင်ပြော နိုင်တဲ့ အရည်အချင်း မရှိပါဘူး။

သူ့အတွက်တော့ မိန်းကလေး သဘောကျအောင် ပြောဘို့ဆိုတာ အခက်အခဲကြီးတစ်ခုဘဲ။ ရုပ်ကလေးကလဲ ရှိတော့ဘဝင် ကမြင့်ချင်သေးတယ။် သူ့ကိုသာလျှင် လာစကားပြောရမယ် ဆိုတဲ့ပုံနဲ့ ထိုင်စောင့်နေတယ။် ဒီလိုနဲ့များ ကောင်မလေးတွေ နဲ့ ကြည်ချင်သေးတယ။် ဝေးသေး.။

လှတပတ ပုံ့ကလေးကတော့ ကိုယ်သေချာရိုက်ပြီး တင်ပေးထားတယ။် ဓါတ်ပုံကလေး ကြည့်ပြီးတော့ စိတ်ဝင်စားတဲ့ အချို့ကတော့ ခေါ်ကြည့်ကြပါသေးတယ။် ပြောပြီးရင် ကောင်မလေးတွေ ကို မထိန်းထားတတ်တော့ဘဲ ထပ်မခေါ်ကြတော့ဘူး။ ကိုယ်က ပြောတယ်။ မိန်းကလေးသဘာဝ ဘယ်သူကမှ ကိုယ့်ဆီလာမှာ မဟုတ်ဘူး။ ကိုယ်ကသာလျှင် စရမယ် ဆိုတဲ့သဘာဝ။ ဒါပေမဲ့သူက ဒါမျိုးကို ရှက်ပြန်တယ်။ မလုပ်ချင်ဘူး။ မလုပ်ချင်ရင်တော့ မရဘူးဟေ့လို့ ပြောလိုက်တယ်။

မိန်းကလေး သဘာဝက ယောက်ျာ်းလေး က စစေချင်ပါတယ်။ ကိုယ်စိတ်ဝင်စားနေတဲ့ပုံ ကို အရိပ် အယောင်ပြပြီးရင် သူ့ဆီက တုံ့ပြန်မျူကို စောင့်နေတာပါ။ တုံ့ပြန်မှူ နဲနဲ ပေးလိုက်ရုံ့ပါဘဲ. ကျန်တာ တော်တော်လေး အဆင်ြေ့ပသွားပါလိမ့်မယ်။ တုံ့ပြန်မှူမရှိရင် တော့လဲ မိန်းကလေး မာန နဲ့ တော်ရုံ့ မေတ္တာ ရှိ ယုံ နဲ့တော့ မလာတော့ပါဘူး. ။

နောက်တစ်ချက် မိန်းကလေး သဘာဝ ..သူ့ကို အချိန်ပေးရပါတယ်။ ဘယ်လောက် အလုပ်များများ attendance တော့ပေးရပါတယ။် ဒါမှ သူတို့ကို ဂရုစိုက်တယ် လို့ထင်ပါတယ်။ သူတို့ခေါ်တဲ့ အချိန် မှာ လာနိုင်အောင် ကိုယ့်ဘက်က ကြိုးစားရပါမယ်။ ဒါကို အချို့သော မိန်းကလေးများက ဂုဏ်ယူတတ်ပါတယ်။

တစ်ပုံသေ ကားချပ်ထဲ မှတ်ထားလို့တော့မရပါဘူး။ case by case မိန်းကလေး သဘာဝ ရှုပ်ထွေးပါတယ။် kmsl က ညည်းရှူာတယ။် သူများ မိန်းကလေးတွေ ကို လေ့လာဘို့မပြောနဲ့ ။ ကိုယ့်ကိုတောင် သူနားမလည်နိုင်ဘူး လို့ ပြောတယ်။ အဲဒီတော့ နားလည်စေချင်ရင် အချိန်ပေးရပါတယ။် မိန်းကလေး အများနဲ့ ခင်မင် မှူကို တည်ဆောက် နိုင်ရပါမယ်။ အဲဒီလိုနဲ့ exposure များလာပြီး အနည်းငယ် နားလည်လာပါလ်မ့်မယ်။

မိန်းကလေး များနဲ့ပက်သက်မှူ မရှိဘဲ နဲ့ ရှူပ်ချင်တယ် ဆိုဘို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒီ ဘာသာရပ်ကလဲ subject တစ်ခုပါဘဲ။ ကိုယ်က ကျွမ်းကျင်တယ် ဆို တစ်သက်လုံး လေ့လာလာတာကိုး။ ။ ….

ကိုယ့်အတွက်တော့ human သဘာဝ ကိုအတော်လေး နားလည်တယ်လို့ ထင်တာဘဲ။ မိန်းကလေး ကျအောင် ပြောတတ်ပါတယ် ဆိုရင် kmsl က မင်းက ယောကျာ်းလေး ကျအောင် လဲ ပြောတတ်ပါတယ် လို့ မနာလို တှိုရှည် ပြောတတ်သေးတယ။်