Showing posts with label food. Show all posts
Showing posts with label food. Show all posts

Sunday, November 18, 2012

ညနေ
































သူမသည် သူမထက်သာသူများစွာကိုမြင်ရပေါင်းများလှသည် စိတ်မကောင်းသလိုဖြစ်သော် လညိးစိတ်မထိခိုက်လှချေ .ပျော်သလိုသာနေကိုယ့်လူရေ. ဆိုသော မူသည်သူမအတွက်ဖြစ်သည်။ ကိုယ်လုပ်တာ ကိုယ်ရသည်မဟုတ်လား.  အမိုက်တွင်းထဲသို့ မသက်ဆင်းရန်ကိုသာ ဆင်ခြင်ရာသည်။


ညနေက ပျင်းရိစွာလမ်းထွက်သည် ပန်နီစူလာသို့ဖြစ်သည်. ဖူနန်ဘက်လမ်းလျောက်သည် ရှော့ပင်မော်ကြီးမှ အကြီးကြီးဖြစ်သည် စကာပူလောက်ရှော့ပင်မောများသည်ကို သူမအတွေ့အကြုံအရမမြင်ဘူးသေးချေ. . ရှေ့ပြန်နောက်ပြန်လျောက်သည်။ ဘာဂါဝယ်သည် ယခု စားရမည်လော ထမင်းစားရမည်လောကို ည တစ်နာရီ အထိမဆုံးဖြတ်နိုင်သေးချေ။




challenger ပေါ့်သို့တက်ရွေ့ ဟိုဘက် ဒီဘက် မနည်းရှောက်ပြီးသော် ဝယ်လာသည် ထုံးစံအတိုင်း.




ခေါင်းစားသည်မှာ ကွန်ပြူတာတွင် နားကြပ်နင့် ၈ျီတော့ပြောလျင် သုံးရန်ဖြစ်သည် ဝယ်နေမကျေသော်ကြောင့်မှားမည်ကိုစိုးရီမ်သည်. with mic ဟုဆိုသည်။ 


ပုံကိုသေချာကြည့်ပါ. microphone ပုံကြီးပြထားသည် သူမ ဇဝေဇဝါဖြစ်ချေသည် မိုက်ခွက်ကြီးရှေ့ချပြိးပြောရမှားလားမဖြစ်သေး. မဝယ်တော့ဘူးဆုံးဖြတ်သည် ပြီးကာမှ open my mouth လုပ်ဦးမှပါဆိုကာ မေးကြည့်ရာ မိုက်ခွက်ကြီးချပြောစရာမလိုပါ အသံ သူ့ဘာသာ သူ မျှား အပြာပြထားသောနေရာမှ ဝင်သွားပါလိမ့်မည်ဟု ဆိုကာ ရှင်းပြသောကြောင့်ဝယ်လားသည် မစမ်းသပ်ရသေး. သူမသည် ခေတ်နင့်မျက်ခြေပြတ်နေပြိထင်သည် တောတွင်သွားနေတော့မည် ခေါင်းသိတ်စားသည် နားမလည်တာတွေါ အများကြီးတွေ့ခဲ့သည် ဘယ်နားဘာသုံးရမလဲမသိချေ။




ပုဇွန်. ငါး. ပဲပြုတ်. နစ်ထုတ်.
ပုဇွနခြေက်မှုန့်
ဝက်အူချောင်း.
ကြက်သွန်ကြော်
ကင်ပွန်းချဉ်ရွက်ကြော်
ပဲနီလေး
m one 1818 နစ်ကဒ်ဝယ်သည်.
အကြမ်းဖျင်း စလုံးလေးဆယ်ခန့်ကျသည် မမငွေ. သုံးသောင်းအောက်

သပြေပန်းသည် အရွက်ဖြစ်သော်လည်း ပန်းဖြစ်သည် ဘုရားပန်းအိုးထိုးသည် မြန်မာ ပြည်မှ သပြေပန်းကို မြင်ရသည်မှာ မြန်မာပြည်ကဲ့သို့ခံစားရသည်. တစ်ခက် စလုံးနစ်ကျပ်. သုံချးက် စလုံးခြောက်ကျပ် (မမငွေ လေးထာင်ကျပ်ခန့်) ဖြစ်သည် သပြေသည် ရေကြိုက်သည် ရေလဲပေးလဲ စိန်းလန်းကြာရှည်ခံသည်။ စိတ်ကြည်သည် စိမ်းစိမ်းစိုစိုလေးမြင်ရသည်။ သို့သော် ဆိုင်သိမ်းချိန်သွားကြည့်လျင် သပြေများကို rest room တွင် ရေလဲသည်ကို မြင်ရသော်သိတ်စိတ်မချမ်းသာချေ. အခြေအနေရပင်ဘဲ။ ရသည်ကိုပင် ကျေးဇူးတင်ရလေသည်။



ယနေ့အသုံးစရိတ်မှာ
ဘာဂါ သုံးကျပ်ခွဲ
challenger စလုံးသုံးဆယ်ခန့်
မြန်မာဆိုင် စလုံး လေးဆယ်ခင်္န့
စုစိုပေါင်း စလုံး ခုနစ်ဆယ်ခန့်  (မမငွေ ငါးသောင်းအောက်) ဖြစ်သည်။

Saturday, November 17, 2012

17/11/2012




























ခဥမသည် အသုပ်သုပ်နည်းကို စန်ဒါလင်း နင့်ဖိုးစိန်. ထံမှပညာယူသည် ဆရာကောင်းသော်လည်းတစ်ပည့်မကောင်းချေ. မတတ်နိုင် ဘလော့တွင် တင်သော အားနာစရာဖြစ်သည်။ ဒီလိုဆို ဖဘတော့အားမနာဘူးပေါ့ ဆိုလျင်လည်းခက်ချေသည်ရှိသည့်မိတ်ပျက်မှာကိုပ်ငစိုးရမ်းမိသည်.အချိုမှုန့်များသွားသည်။























 





ပုဇွန်ဆိတ်ကလေးများမှာ တစ်ထုတ်ကို စလုံးခြောက်ကပျ. မမငွေ လေးထောင်ကျပ်ခန့်ဖြစ်သည်. ဆီအနည်းငယ်များသည် မတတ်နိုင် ဆီတစ်ပုံး သုံးကျပ်ခွဲခတ်ကို သတိရစရာဖြစ်သည်. ဆီကို ပုလင်းနင့်ဝယ်ရသော အချိန်ကို မေ့ထားလိုပါသည်။ စိတ်ဆင်းရဲစရာများသည် ရှိသော်လည်းမေ့ထားလျင်မကောင်းပေဘူးလား မေ့ချင်လျငဖျက်လိုက်ရမလား သော်တာဆွေကတော့ ရှိသမျှ အကုန်ချရေးလေသည်။ ဘလောု့ကိုပိုတန်ဘိုးထားသည် လာဖတ်ရသောသူကို အားနာသည်.ေ ရချင်ရာရေးသော်လည်း လာဖတ်သူသည် ကောင်းတာလေးများဖတ်ရမလား လာတာ စိတ်ညစ်စရာနင့်တွေ့သော် အားနာသည်။ ဖဘကတော့ နာစရာမရှိလား ဆိုသော်ဘာဖြေရမည်မသိ.

































အရွက်ကဘာရွက်နည်းဆိုသော မဖြေတ်တတ်ပါ အရွက်ဆိုပြီးပြီပေါ့ ကြော်စားလိုရတာရယ် ချဉ်ရည်ချက်လို့ရတာ ရယ်နစ်မျိုးရှိသည် ဒါကော ကြော်စားရသည် ခရိုဆိသွားဝယ်ရာ ပုလင်းကြီးကိုစလုံးခြောက်ကျပ်ခွဲ မမငွေ လေးထောင်ကျပ်ခန့် ခဥမ ချက်ပုံဖြစ်ဆိုသော် နစ်ပေါက် ချက်ရမည်. ပုလင်းအသေးရှာဦးမည်စိတ်ကူးကာ တတ်သလိုမှတ်သလိုကြော်လိုက်သည်. အကောင်းစားများကြားထဲတါင် ခဥမလက်ရာလေးသည်လေးတစ်မူထူးက ပေါက်သွားနိုင်လေသည်။





























 





ဟိုနေ့ကပြဲ့ပုတ်နဲ့မျှစ်ကြော် ရေခဲ သေတတ်ထဲမှာ ထုတ်လားသည် အကုန်ရှင်းလုကိပြီ ကောင်းကောင်းမကောင်းကောင်း ချက်ထားမှတော့စားရမည်ပေါ့ နမျှောစရာ.


































 








ငါးဖယ်ကြော်သည်ထောင်းရသည်. ဘာဘဲပြောပြောယနေ့တာဝန်ကျေလေပြီ.မနက်ဖြန်မအားပါ. ။ ရှိတာလေးစာတာပေါ့. မစားချင် ခေါက်ဆွဲပြုတ်ရှိသည်ဘဲ မနေ့က လေးကျပ်ဘိုးဝယ်လာသေသာ ခေါက်ဆွဲ များ မစားချင်သောကြောင့်မစားဖြစ်ရာစလုံးလေးကျပ်.မမငွေ နစ်ထောင်ကျပ်ကျော်ခန့် လွတ်ပစ်လိုက်သလိုဖြစ်သွားသည်မတတ်နိုင် ကိုယ်မှမစားချင်သည်ကိုး။

Thursday, November 15, 2012

အမေ့အိမ်ကို ချစ်သမီးလွမ်းပါတယ်။ (credit:သီချင်း)

သူမသည် လုံချည်ခါးပုံစကို မကာ မျက်နာသုတ်လိုက်လေသည်။ တစ်ကယ်ဖြစ်သည် စိတ်ပျက်လက်ပျက်ဖြစ်သည်. သူများမိန်းမတွေ နေ့စဉ်ဘယ်လိုထမင်းချက်ကြသလဲ သူမမသိပါ. သူမသိသည်မှာ ဟင်းချက်ရသည်မှာစိတ်ပျက်စရာဖြစ်သည် ဟင်းချက်ရသောနေ့များကိုသူ မုန်းသည်. ဝယ်စားတော့လည်းစားမကောင်း စားမကောင်းဆို ဈေးကြီးတာကို မှ မစားနိုင်ချေ။ သာမန်ဟင်း ချက်ကောင်းသော ဆိုင်နင့်လဲ မနီးချေ။ နီးသောဆိုင်သည်လည်း renovate အတွက်ပိတ်ထားသည်။ အကောင်းကြီးတွေ ကို ဘာတွေ renovate ကြသည်မသိ. သူမတောမျက်စေ့နင့်ကြည့်လျင်တော့အကောင်းကြီးပင်ရှိသေးသည်။ သက်ပြင်းကုချကာ ဟင်းချက်သည်နေ့ဝက့်ုကုန်ပါပေါ့ လက်သည်လည်း ငရုတ်သီးနယ်မိသောကြောင့်ပူစပ်နေသည်။

ထမင်းကြမ်းများသည် များဆို စားမှ မစားချေ. သို့ဖြစ်ရာ ထမင်းကြော်သည် အိုဗင် အဲလေ အာဗင် ပျက်သွားသည် ထင်သည် ထည့်လိုက်ပြီး မီးခလုပ်နိပ်လျင် အထဲတွင် မီးပွင့်သည် ဆိုတော့ပျက်ပြီထင်သည် သွားမဝယ်ဖြစ်သေးသောကြောင့်ခဲနေသော ပဲံပြုတ်ကို အထုတ်လိုက်ရေစိမ်လိုက်သည် နဲနဲပျော့သွားသည်ထမင်းနင့်နယ်လိုက်လျင် ပိုပျော့သွားမည်ထင်သောကြောင့် ထမင်းသာ ကြော်သည် ပုဇွန်ခြောက်မှာ နဲနဲကြာလာသောကြောင့်အနံကလေးနဲနဲရှိရာ ရေဆေးပြီး ကပ်ကြေးနင့် စိပ်စိပ်ကိုက်ခါ ဖြူးလိုက်သည် အနံ့ပျောက်သွားသည် ပိုပျောက်ရန် ငရုတ်ကောင်းမုန့်ကလေးပါ နဲနဲ ထပ်ဖြုးလိုက်သည် စားသူမရိပ်မိတော့ချေ. သိတ်ကောင်းတယ်ဟု ထင်သွားရှာသည်။

























ဖိုးစိန်အသုပ်ကိုမျက်စေ့ထဲကမထွက်သောကြောင့်အားကျမခံသုပ်သည် ဘာသုပ်လဲဆိုလျင် ခရမ်းချဉ်သီးသုပ် ဟု ခေါ်မည်.ကောင်းသည်ဟု မောင်က ပြောသည်။


























မျှစ်ကြော်ရင် ရေကိုင်တာ များလာသောကြောင့်ဟပ်ချိုးလာသည် သူမတွင် allergic rhinitis ရှိသည် အအေးမခံနိုင်ဆရာဝန်က ဆေးပေးသော်လည်းမှန်မှန်မသောက်. ရှူစရာဆေးရှိသောလည်းမရှူ.။ ဟက်ချိုးလွန်းသောကြောင့်မောင် မျှစ်လာကြော်ပေးသည် ရပလားမေးရာ သိဘူးလေ ကိုက်စားကြည့် နှူးရင် ရပြီပေါ့ ဟူ သူမက instruction ပေးသည်။ နဲနဲချဉ်သလို ဟု မောင်က ဆိုသော် သက်ပြင်းကိုချမိသည် နိုင်ငံခြားတွင် နေသော သူမတို့သည် မြန်မာစာ များကို မည်သို့စာေးနသည် မသိ မျှစ်ချိုသည် ဘာကြောင့်ချဉ်ရသနည်း ဆက်မစဉ်းစားတော့.ပဲပြုတ်ထည့်လိုက်သည် ချိုသွားလေပြီ.။ ချိုချက်မှတော့ချိုပြီပေါ့.။


























ပုဇွန်ဆိတ်ကလေးများကိုငရုတ်သီးစပ်စပ်လေးဖြင့်အခြောက်အစပ်ကြော်ချင်သော်လည်း လက်ကိုမယုံသောကြောင့် ချက်တတ်သော အချိုချက်သာ ချက်လိုက်သည်. ဟင်းဖြစ်သွားလေပြီ.



















အခြောက်ကြိုက်သော သူမအတွက်ဝက်အူချောင်းကြော်ထားသည် ဝက်အူချောင်းကြော်လျင် အခွံချွတ်ရသည် ကိုမောင်ပြောမှသိသည် တစ်သက်လုံးအခွံမချွှတ်ခဲ့စားတဲ့အခါစားမစားတဲ့အခါ ခွာပြစ် ဘယ်လိုစားခဲ့မှန်းတာင်မမှတိမိတော့. မောင်စားပြီးသော်မစားလည်းစားသည် ပန်းကန်ဆေးသိမ်းချင်သောကြောင့်ဖြစ်သည် ရန်ကုန်တွင် သန်းကောင်သန်းလွဲမှ ပြန်လာသော သူမကို အိမ်တွင်ကူသောညီမလေးက ထမင်းခူးကျွေးသည် အမြန်သိမ်းသည်ကို ကိုယ်ချင်းစာမိသည် ယနေ့အတွက်တာဝန်ကြေပေပြီ. မောင်သည်လည်းအချစ်တွေ  တိုးလတ္တံ့။




Tuesday, November 13, 2012

ယနေ့စားစရာများ.

သူမတို့အမေသည် ကလေးလေးယောက် ယောကျာ်းတစ်ယောက်ကို မည်သို့မည်ပုံချက်ပြုတ်ကျွေးမွေးသွားသည်ကို စဉ်းစားမတတ်ပါ. ဟင်းချက်ရသည်မှာလွယ်သည်မဟုတ်. ဘိုမ က ချဉ်ပေါင် ခဥမက ကန်ဇွန်ရွက်  ဖြူလေးက ဘာမှ မစား. အဖေက ငါး. ကိုတိုးက လဘက်သုတ်. စိတ်ကူးပေါက်ရာ ပြောကြသည်များကို အစဉ်မပြတ်ချက်ကြွေးနိုင်သော အမေ့အား ဦးညွတ်လိုက်ရပါသည်။ ဘဝတစ်ခုလုံးကိုသားသမီးများအားပေးသောအမေ့အား ကျေးဇူးတင်မဆုံးပါ. မနက်မိုးလင်းလျင် အဖေက ကော်ဖီ. ခဥမက ခေါက်ဆွဲသုတ် တစ်ယောက်တစ်မျိုး ဘာစားမလဲမေးသောအမေ့အား မည်သို့သော ချစ်မေတာ ခွန်အားများနင့်လုပ်သွားသည်ကို မစဉ်းစားတတ်ပါ.

အိမ်တွင်မချမ်းသာသော်လည်းအမေသည် သူမကို ဘာမှ မခိုင်းချေ. ထမင်းစားလျင် ခူးစားရုံဖြစ်သည် ကောင်မလေးများရှိလျင် ရေပါခပ်ပေးသေးသည် ။ လက်ဆေးစားရုံဖြစ်သည် ဟင်းကောင်းသည် မကောင်းသည်မဆိုင်. ။ အိမ်မရှင်းတတ်ပါ။ သာယာသောအိမ်ကလေးများကို နစ်သက်သော်လည်း မလုပ်တတ်ပါ. လုပ်သောလည်း မတူချေ.။ ယခု အိမ်ရှင်းနေသည် အတော်သာယာလာပြီဖြစ်သည်. လမ်းလျောက်ေ၇ွ့ရပြီဖြစ်သည် ယခင်က ကျော်ချသော်လည်ေးကာင်းကွေ့ပတ်ရွေ့သော်လည်းေ်ကောင်းသွားရသည် ခဥမသည် ခပ်ဂေါက်ဂေါက်ဖြစ်သည် .။ ရိုးသားကြိုးစားသည်စိတ်ပုတ်မရှိရှာပါ။ 


 ............................................

 ငပိကြော်။ ကျေးဇူး. စု.




ဂျုးမြစ်ကြော်. ကျေးဇူး စု နဲ့သက်.... ရေကျော်အိမ်.











































ပုဇွန်ကြော် တစ်ခါစား တစ်ဝက်. တစ်ကောင်းမမငွေ တစ်ထောင့်ငါးရာကျပ်ကြော်. အရင်း.



































ငါးပတ်မွေ. ကောင်းပါ့မလားသိ. ဟင်းမြည်းလေ့မရှိပါ။




မုန့်ဟင်းခါ.း သူလဲသိတ်ကောင်းပုံမရဘူး မုန့်က ကောင်းပါတယ်လက်ရာမကောင်းတာ နဲနဲကြဲသွားတယ်။


























မုန်ု့ဖတ်. ခင်ထွေးရီ.


Wednesday, October 31, 2012

ဘာဂါယောကျာ်း.

ခဥမသည် အသက်ကြီးကြီးမိန်းမကြီးဖြစ်သည်. ။  ရုပ်ကလေးအတန်အသင့်နုသည်. compare with ရွယ်တူများ.။။ ရွယ်တူ အချို့ဆံထုံးထုံး. လုံချည်အဆင်များဝတ်.ချိန်တွင် ဆံပင်လေး rebonding လုပ်ခါ ခွေကာ လိပ်ကာ. ခါကာခါကာ နှုတ်ခမ်းနီပါးနီဖြင့် လိုက်တင်ပေးကာ ဓါတ်ပုံ၇ိုက်လိုက်လျင် နုသလိုဖြစ်သွားလေသည်။ ထိုပုံအချို့ကို သူမသဘောကျသူအချို့နင့်သူမကို လာပြီး ခင်ရယ် သိတ်သတိရတာဘဲ အိပ်မက်ထဲထည့်မက်တယ်တို့ ဘာတို့သိတ်သတိရတာဘဲ ဒီနေ့တို့ဘာတို့ လာပြောက စိတ်ပျော့ကာ ဓါတ်ပုံပို့တတ်သည် မိန်းကလေးများမပါ. ။. ပြီးလျင် မည်သူ့ကိုမျှမပြနဲ့နော်. ငါအားလုံးကို ပြပြီးဟု ဆိုကာ နှူတ်ပိတ်တတ်သည်။ သို့သော်လည်း တစ်ယောက်ထံမှ သတင်းပေါက်ကြားလေသော်ခဥမ ဂွမ်းလေသည်.။ လောကကြီးသည် ဆိတ်ကွယ်ရာမရှိချေ.။ ကံအားလျော်စွာ ချက်တင် သိတ်မလုပ်တ်တသောကြောင့်တော်သေးသည် ခဥမချက်တင်လုပ်ရသည်ကိစိတ်မရှည် ပြောချင်လျှင် ဖုံးဆက်ကာ ပြောသည်။ ကိုယ်ရည်သွေးသောခဥမစာဖြစ်လေသည် စိတ်ကုန်ဘွယ်ကောင်းလေစွ..























































သို့သော်ငြားလည်း သူငယ်ချင်း များစွာရှိသောခဥမအဖို့မှာ less than 10  လောက်တော့ချစ်ခင်ခွင့်ရှိချင်ပါသည.်ငါတို့မပါပါလားမေးရင်တော့နီတို့ကမှမတောင်းတာအေ ဟု ဖြေရုံသာဖြစ်သည်. မိန်းကလေးတစ်ယောက်ကို ချဉ်းကပ်မည်ဆိုလျင် ခင်အောင်အရင်ပေါင်းရပသည် ခင်သွားလျင် အိုကေပြီဖြစ်သ်ည ခင်ဘို့ဆိုသည်မှာ မိန်းမများပြောသော အရေမရအဖတ်မရများကို ဘယ်ဘက်မှဝင်ကာ ညာဘက်မှ ထုတ်နိုင်သောအရည်ချင်းရှိလျင် ရသည် မိန်းမများသည် စကားများသည် ပြောချင်ဆိုချင်ကြလေသည် သူရို့ပြောတာကို သေချာနားထောင်ပေးလျင်ခင်ပြီသာမှတ်ဖြစ်သည်။ ဒါမှမဟုတ်လဲ တစ်ခါတလေ အလကားနေရင်းကျိတ်ခင်သည် . သူရို့ကုသိုလ်ပင်ပ။































ဝယ်မလောက်ထဲတွင် စတပ်ဘလာပါသည် ဝယ်လိုက်ပျောက်လိုက် ဟိုနားချထားလိုက် ဒီနားချထားလိုက် ရပ်ကွက်တစ်ကာသွားနေရသူအတွက် ဘယ်နားထားခဲ့မှန်းမသိ.ဘီးမှာလဲအလကားနေစိတ်ကူးပေါက်တိုင်းဝယ်လေသည် ဟိုနားတစ်ချောင်းဒီနားတစ်ချောင်း လက်ညိုးညွန်ရာဘီးဖြစ်စေသည်။





























ထိုအိတ်ကလေးကိုဖွင့်လိုက်လျင် လက်ဆွဲ အိတ်ကလေးဖြစ်သွားသည် မဖွင်္င့ပြဖြစ်သေးပါ။ နားကြပ်လဲဝယ်သည်.။ ကွန်ပြူတာတွင် ထိုးကြည့်ရန်ဖြစ်သည် သီချင်းနားထောင်လျင် နားထဲရောက်ရန်ဖြစ်သည် မဟုတ်က တိတ်ဆိတ်နေသောည အသံထွက်သွားမည် အရင်နားကြပ်တစ်ခုပျက်သွားသည် အတိုင်းမပါသောကြောင့်တော်ပါ့မလားစိတ်ပူနေမသည်။





























ဇွန်းခရင်း ဝယ်သည် အည့်သည်မလာပါ။ လာလည်းပန်းကန်နစ်ချပ်ဘဲရှိသည်။ စားပွဲတောင်မရှိသောကြောင့် ဘာဂါဆိုင်တွင် မရှက်မကြောက်ပစည်းများကို ဒါတ်ပုံရိုက်လာခြင်းဖြစ်သည်။

 


























ငယ်ငယ်တုံးက ဘွဲ့ယူတုံးက ရီဟာဇယ်တုံးက ပုံများထွက်လသည် အလယ်ဘန်ထဲ ထည့်မည်။ ကျောင်းသားဘဝက ပုံများပျောက်သွားသည်မှာ နမျောစာကောင်းလျသည် နိုင်ငံခြာားလာစဉ်က ကိုယ်ပိုင်ပစည်းဘီဒိုတစ်လုံးမှာ. ခဥမ မရှိခိုက်. ရပ်ကွက်ပြောင်းရာ ပစည်များများသောကြောင့်ဘယ်နားရောက်သြွးသည်မသိ ရှာမရတော့ချေ.။ အခွေ အလွတ်များထည့်ရန် ဝယ်သည်။ 



 























ဒါဘာဘဲဖြစ်သည် . စိတ်အနည်းငယ်တိုနေသည်။ ယောကျာ်များ အချို့ကိုဖြစ်သည်.။  သင်သည် မိန်းမများချစ်ခင်သည် ကိုလိုလားပါက မပြောပါနင့်ဆိုလျင်မပြောပေးဘို့လိုသည်. မပြပါနြဲ့နော်ဆိုလျင်မပြါပေးဘို့လိုသည.် မိန်မးများသည်သိတ်စိတ်ကောက်တ်တကြသည်။ အချို့ယောကျာ်းများကြတော့လဲလုံလိုက်သည်မှာ. စမ်းလို့ပင်မရ...... ဘယ်အပေါက်ကဝင်ရမည်မသိ ။ အော်ဒုတ်ခ ဆရာမကြီခဥမသည် ယခုတစ်လောစိတ်ညစ်လေသည်. သူမနိုင်သောယောကျာ်းများ ကိုတွေ့နေသောကြော်င့ဖြစ်သည်........... အမည်မသိ. လိပ်စာမသိ... လူမသိဘဲနင့်ခင် ........ဟိုလူနဲ့လဲခင် ..................ဒီလူနဲ့လဲခင်..................... ဒါကြောင့်မို့လဲ ခင်တွင်လေ၏။


 




ဘာဂါစားမည် စိတ်ကူးသည် ဒီတစ်ပါတ်မစားရသေး.... ဘာဂါဘဲဆိုလျင်စလုံးခြောက်ကျပ်နီးပါ. (လေးထောင်ကျပ်ခန့်) ဝမ်းဆက်ဆိုလျင် (ဘာဂါ +အာလူးကြော်+အအေး) ရှစ်ကျပ်  နီးပါ. (ငါးထောင်ကျော်ကျပ်) ညပိုင်းကိုကာကိုလာမသောက်ချင်တော့နဂိုကမအိပ်သည့်အထည်းပိုမအိပ်ဖြစ်သမည်။ အာလူးကြော်ယခုတစ်လောမကြိုက်. ကြက်သွန်သွန်ကြော်စားသခည် စားသည်မှာ ထိုင်စားမှ အရသည်ရှိသည် အိမ်သည်သွားလျင်ပျော့မည်ဖြစ်ရာမစားလိုတော့သောကြောင့်ဘာဂါ only ဟုသာပြောဝယ်လာသည် ယခုစားမည်။





































ရေခဲမုန့်ကလေးမှာစားချင်စရာကောင်းလှသည်. စားချင်သည်စားချင်သည် မျက်စေ့လွဲမရ........ စိတ်ဖြတ်ရသည်.

Sunday, October 28, 2012

ငါးခူမွှေ

ဝယ်သည်. ဝယ်ထားသည် ငါးခူ. ငါပုဏား.။ ငါးဘတ်. ငါးဖယ်။ ပုဇွန် အသေးလေးပုဇွန်ဆိတ် ပုဇွန် အကြီးကြီး
ဘာချက်ရပါ့။

ငါးခူထုတ်လိုက်သည်.
ငါးကြီးကို  ကြည့်ရသည်မှာ စိတ်ညစ်စရာကောင်းလှသည.် အကောင်ကြီးများကို မကြည့်လိုတော့. အသေးလေးများသာ မြင်လိုသည်. ခဥမသည် စာရေးဆရာများကို အားကျရာ မင်းသိခ်င်္ကြောင့်မပြုံးတတ်တော့. ကိုယ့်ရင်ထဲက ခံစားချက်တွေ ကို သူများမသိအောင်နေရမယ်ဆိုသော ညွန်ကြားချက်ကြောင့် ပျော်လည်း ဒီမျက်နာ ဝမ်းနညးလည်း ဒီမျာက်နာ ဖြစ်သည်. ဂျုးထင်သည် အသားကို သေးသေးလေးတုံးမှသာစားနိုင်ကြောင်းဖတ်ခဲ့ဘူးသည်. ခဥမသည် အသားကြီးများကို စားမရတော့ချေ.။

ခဥမ မောင်လေးသည်ထူးမခြားနား မြွေမကိုက်စေချင်လျင်   မြွေ ပါသော အရာများကိုေ၇ှာင်ရမည် ဆိုရွေ့ ရှောင်လေရာ ပဲလင်းမြွေ. ငါးမွှေထိုး.ငါးဘတ်မြွေ.. မြွေပါသမျှ မစား........

ငါးခူကြီးများသည် သိတ်မကြီးသော်လည်း မစားချင်.ပထမတော့ငါးခူကို ကြော်မည်စိတ်ကူးသည် ငါးခူကြော်တော့ကြိုက်သည် အခြောက်ကြိုက်သည်မဟုတ်လား မောင်က အခြောက်မကြိုက်. . အရည်လေး ဆီပြန်လေးမှ ကြိုက်သည်. ဒါဆိုလျှင် ငါးခူကြော်ပြီးရင် ငရုတ်သီး အကြမ်းမှူန့်များများနင့်. ကြက်သွန်နီနင့်. ပြန်ကြော်လျှင် ကောင်းမည်ဖြစ်သည်. အပြောတော့ကောင်း. လက်ဝင်သည် ငါးကို ကြော် ကြက်သွန်နီဖြူကြော် ပြန်ကြော်. ပျင်းစရာကော်းလှသည်.

ထိုသို့ဆိုလျှင်......................

ငါး ဘတ်မြွေ ကဲ့သို မွေလိုက်လျှင် မြန်မည်။ ဆီပြန်လေးလည်းရမည်. အင်း မွေမည်ပေါ့.။။။။။။။။

ကြက်သွန်နီနည်းနေသည် အောက်ဆင်းဝယ်ရမည်မှာ ပျင်းစရာကောင်းလှသည်။  လောကကြီးသည် ပျင်းစရာကောင်းလှချည်တကား . ။


ရှိတာနဲ့ဘဲချက်တာပေါ့. ရှိသော ကြက်သွန်နီဖြူ ၈ျင်း ထောင်းထုက ဆီသတ်ကာငါးများကို ထည့်သည် မွေသည် မွေလို့်မရသေး. ရေထည့်သည် နူးလျင် မွေလို့ရမည်ထင်သညည်။ နူးသော မွေသည်. ကြေသွားသည်. အရိုးများစွထွက်သည် ညှီနံ အနည်းငယ်ရသလို ထင်သည် ဂျင်း နနဲနဲ လှီးထည့်လိုက်သည် မထူးခြားသေး ကလာလေးမ ဆာလာ တစ်ထုတ်ဖောက်ထည့်လိုက်သည် ရွဲ ရိုရွက်ကလေးများရှိရင်ကောင်းသား........... စပါးလင်လေးများရှိလျှင်ကောင်းသာ.းစဉ်းစားသည်. အမေ ချက်တာ ကောင်းသလောက်. ခဥမ သည် ကိုယ့်ဟင်းအိုးကိုယ်ကြည့်ကာ စိတ်ညစ်လေသည် မသွန်ပြစ်မိရန် စိတ်ထိန်းထားရသည်. ။ 

အမေ့ကျေးဇူး သတိရလေသည်..................................။။။ 

Saturday, March 17, 2012

unboxing pizza
























နေညိုလျင် လေချိုသကဲ့သို့စိတ်ညစ်လျင် မုန့်စားချင်သောသူသည် (မုန့်.)....စားတတ်သောမုန့်ကိုရှာလေရာ ပီဇာကိုတွေ့လေသည်။
























ဆိုင်အဝင်တွင် မီးနူးကိုကြည့်သည်။ နစ်ခုကို အကြမ်းဖျင်း သုံးဆယ်။ ထိုနစ်ခုကို ယူလျှင် နစ်ဆယ်တန်ကို တစ်ဆယ်နင့်ထပ်ရမည်. မဆိုး တွက်ချေကိုက်သည်. စုစုပေါင်း သုံးခုကို လေးဆယ်ကုန်မည်။နစ်ခုကိုနစ်ရက်စားလျင်သေချာပေါက်ကုန်သည် တစ်ခုကို သများကို ပေးလိုက်မည်. မှာပြီးကာမှ ထိုအရာသည် take away အတွက်. ဖြစ်မှန်းသိလေရာ အလုပ်မဖြစ်ချေ။

























တစ်ခါတစ်လေတော့လည်းဟန်ကျပန်ကျထိုင်စားချင်သည်.လ မ်းဘေးတွေငထိုင်စားပေါင်းများပြီ။

























တစ်ယောက်ထည်းလာစားရာနစ်ယောက်ထိုင်ခုံတွင်နေရာရသည်။ နစ်ပန်းကန်ချထားရာ နေရာချထားသူက တစ်ပန်းကန်ယူသွားသည်ဆိုလိုရင်းမှာ တစ်ယောက်သာ စားမည်ဆိုသည


နားမလည်သာခဥမသည် ပန်းကန်ဖယ်သွားသောနေရာတွင်ဝင်ထိုင်လိုက်သည် . သူထင်သည်မှာ ဘာဂါဆိုင်ကဲ့သို့သူ့အတွက်နေရာရှင်းပေးသည်ထင်သည် ဖြစ်နိုင်သည်မှာ နစ်ယာက်ပန်းကန်ထဲမှ တစ်ပန်းကန်ကို ဖယ်ထုတ်လိုက်ခြင်းဖြစ်နိုင်သည် ခဥမ မအူမလည်သည် ဖယ်ထုတ်လိုက်သော ပန်းကန်နေရာတွင်ဝဝင်ထိုင်လိုက်လေသည်. (နစ်ကျော့ပြန်သုံးသပ်သည်.)



























ထိုအခါ ခဥမရှေ့တွင် ဘာပန်းကန် မျှ မရှိတော့ချေ. ဟိုဘက်ခြမ်းထိုင်ခုံတွင်တော့ ပန်းကန်ပြားတစ်ချပ်ရှိနေသည်။


အအေးနင့်ဟင်းချို soup လာချသည်. ဘယ်အရာအရင်သောက်ရမည်နည်း.။ သောက်ချင်သလိုသောက်ရွေ့တော့ရပါမည်။ မည်သူမျှ တစ်ရားမစွဲပါ. စွပ်ကို အရင်ယူသောက်လိုက်သည် ကုန်အောင်မသောက်. ဘိုက်ပြည့်သွားမှာစိုးသောကြောင့်ဖြစ်သည်. အေးအးခွက်ကလေးမှာ hilton hotel မှ ရေနွေးကြမ်းအအေးလေးနင့်တူလှသည်. Rernce Ukd ကို သတိရပြင်္နရသည်။


























မေးခွန်း. ၁။
မည်သည့်နေရာတွင် ထိုင်ရပါမည်လဲ။
အဖြေ. ပန်းကန်ပြားရှိသောနေရာတွင် ထိုင်ရပါမည်.
သို့ဖြစ်ရာ ခဥမထိုင်သည်မှာနေရာမှားသည်ထင်သည်. အနည်းငယ်ရှက်သွားသည်။ ကိစ္စမရှီ. အမှားသိမှ အမှန်ပြင်ေ၇ွ့ရမည်မဟုတ်ပါလား မလုပ်ကြည့်က တစ်သက်လုံ့းသိမည်မဟုတ်။


























မေးခွန်း ၂။
အအေးနင့်soup တွင် မည်သည့်အရာကို အရင်သောက်ရပမည်နည်း soup ထင်သည် ကုန်အောင်သောက်ရမည်လော.
ဥရောပသွားစဉ်ကတော့ စားမည် မှာကြာုးထားသည်မျှားမလာခင် appetizer ဆိုပြီး ပေါင်မုန့်ဘန်းကေးလ အစရှိသရွေ့ သံလွင်သီးကလေး စသဖြင့် လာချထားသည်ကို နှိုက်စားရင်းစောင့်ရမည်ကိုသိသည်။

























၃။ ပီဇာလာချသည် အိုးကလေးနင့်ဖုတ်သည်ထင်သည်ပူပူနွေးနွေး ဓါးပြားပါသည်.

မေးခွန်း
ဓါးပြားမှာ ဘာလုပ်ရမည်နည်း လေးစိတ်ပိုင်ရန်လော
ခဥမကတောဇွန်းခရင်းနင့်သာ ထိုးခွဲလိုက်လေသည်။


အိုးကို အနားဆွဲယူလိုက်သည် အိုးထဲမှ ပီဇာကို ဇွန်းနင့် ဒါးပြားနင့်ခွဲ့ကာစတင်စားသည်။
























မျက်နာချင်းဆိုင်မှ ပန်းကန်ကလေးသည် ခဥမကို မျက်နာငယ်နင့်မော့ကြည့်နေလေသည်။
























ပန်းကန်ပြားသုံးရမယ်ထင်ပါရဲ့ဟု အတွေးပေါက်သွာသောခဥမသည် ပန်းကန်ပြားကိုဆွဲယူက ပီဇာအိုးကို ဘေးသို့တွန်းပို့သည်. ပီဇာအိုးထဲမှ အချို့ကို ခပ်ယူကာ ပန်းကန်ပြားထဲသို့ထည့်ကာဆက်စားသည်။

မေးခွန်း၎။
ဇွန်းနင့် ဒါးပြားကို မည်သို့ကိုင်ရမည်နည်. ဇွန်းသည် ညာဘက်ကော ဒါးပြားသည် ညာဘက်ကော သိချင်လေမိလေသည်. မတော်လို့ ဘိုကြီးတစ်ယောက်က မြင်လျင် ဟင် ကနဲဖြစ်မှာတော့စိုးရိမ်မိသည်။

cheese များလေရာ ဘာမှန်းမသိတေသာ် အမျင်များသည် ဖြတ်လို့မရေချေ. ခကရင်းကလေးဖြင့်လိမ်ကာ ပိတ်ကာ ဆက်ပတ်လောက်ပတ်ယူပြီးဖြတ်ယူရသည်။


























နောက်ဆုံးတွင်ကုန်သွား၏။ mr bean ရုပ်ရှင်ကားထဲကလို ဘေးထိုင်ခုံက မိန်းမကြီးပိုက်အိတ်ထဲသို့ထည့်စရာမလိုပါ. ခဥမသည် good eater အဖြစ်နာမည်ကြီးလေရာ ထိုမျှသည် အသေးအဖွဲဖြစ်လေသည်။


























how to eat pizza များ demonstration များ . (I pad 3 unboxing ကဲ့သို့ )....ယူကျုမှာရှိလေမလားရှာကြည့်ရပေဦးတော့မည်.

























အို..................ရှာကြည့်ရပေဦးတော့မည်။























Saturday, March 10, 2012

များတဲ့အချစ်.
























တစ်နေ့တစ်နေ့သောက်သောကော်ဖီခွက်မှာ ဘယ်နစ်ခွက်မှန်းမရေနိုင်..။ ရေလျှင်ရသော်လည်း မရေတော့။ လိုအပ်လျင်သောက်သည် သို့သော်ငြား အနည်းဆုံးလေးနာရီခြားတော့ဖြစ်အောင်တော့သတိထားသည် ရင်တုန်ရွေ့တော့ဆေးရုံမရောက်ချင်.။


























မြီးဆိုတိုးဟု အမည်ရသည် အုန်းနို့ခေါက်ဆွဲသကန်ဖြစ်သော်လည်းအရသည်မတူချေ. အရည်ပျော့သည်. စပ်သည်။ ကြက်သားဖတ်များပါသည်. မြန်မာပြည်တွင် တွေ့ဘူးသေးချေ.။ ခွင်အသစ်တစ်ခုဖြစ်သည်.ရောင်းရမည်တော့မရောင်းရမည်တော့အာမမခံနိုင်.။ စီတီမက် မြန်မာပြည်တွှုင်စတည်စဉ်ကာခဥမသည် ရောင်းရမည်ဟု မမျော်လင့်ခဲ့ချေ. ဒီလောက်ဈေေးကြီးတာ ဘယ်သူဝယ်မှလြဲဟုတွေးသည်. ဝယ်လိုက်သမှဝက်ဝက်ကွဲ.ကိုယ်က တစ်သောင်းလောက်သာဝယ်နိုင်သောလည်း ရန်ကုန်သူရန်ကန်ုသား မို့းငွေ့တို့သည် အသာလေး သောင်းချှီရေဂ့ဝယ်ကြလေသည်။


























ဘယ်နားလဲမေးလျှင် ဒီလိုပါဘဲဟုဖြေမည်။

























သောက်လို့ကောင်းသောလည်အမြဲမသောက်ဝံ့ဝမှာစိုးသောကြောင့်ဖြစ်ည် ။ သူများကို ပေးလိုက်သည်။ သောက်ချင်သောငြားလည်းမြိုသိပ်လိုက်သည်.အောင်မြင်သွား၏။
























ဝယ်ချင်စိတ်များကုန်ခမ်းနေသည်. ပြည့်စုံနေသည်ဟုခံစားရသည်တစ်ကြောင်းအခုတစ်လောဈေးကြီးသည်ဟုခံစားသည်တစ်ကြောင်း.မောသောကြောင့်အာရုံမလာသောကြောငလ့ည်းဖြစ်သည်။




























မော်တော်ကားစီးရန်သိန်းနစ်ရာခန့်လိုအ်ပသည် သင့်တွင်ရှိပါသလောလ ကျွနန်ုက်တ်ွင်မရှီပါ. ပိုက်စုဆဲဖြစ်သည်။။ ကားပါမစ်လျောက်နိုင်သောလည်းသွင်းရ်ရန်ပိုက်မရှိချေ. ။ ရောင်းရန်လည်းနမျောသည်။ ပိတ်သွားသော အခွင့်ရေးဆုံးရှုံးလေမည်. ။ ကျွန်ပ်တွင်စာအုပ်ရှိသည်။ အချိန်သုံးပတ်ခန့်ကုန်ခဲ့သည်။ မူးမတတ်စာရွက်များရှာခဲ့ပြီးဟိုလူဒီလူနင့်ဝင်တွေ့ရ့သည်.တရုံးလုံးမသိသောသူမရှေိတော့ချေ. နေ့တိုင်းလာချေသည်ကိုး.။























ကားမျာိးကိုကြည့်ေ၇ွ့သာဖြေသိမ့်ရသည် ကိုတာမကုန်သွားပါစေရန်သာာဆုတောင်းနေရသည်.ကားသစ်သကလေးတော့စီးချင်ပါသည် ကားကဟောငေးလရာ ဘယ်ညာဘယ်ညာခရီးမသွားဝံ့ချေ. မြို့တွင်းတစ်ဝိုက်သာ သွားရဲသည်ပျက်သော ဝပ်လျော့ဆရာအချိန်မရွေါ်ခေါ်နိုင်သောအရပ်တွင်နေသည်ကိစတ်ချရသည်. ကားကေားလို့ကတော့မှော်ဘီ တိုက်ကြီး ပြည်ဈ. ပဲခူးသို့ လှစ်ကနဲသွားချေင်သေးသည်။
























ဆရာတစ်ယောက်၏မွေ့းနေ့ပွဲ lunch ကိုမလိုက်သွာေးချ. ခေါ်သောငြားနေခဲ့သည် ။တစ်ယောက်တည်းနေသည်ကိုပိုမိုပျော်ရွင်သည် လူအုပ်နင့်မနေလို။ ကိတ်မနု့်တော့ကပ်တုတ်လိုကသည် စားကောင်းသည် happy birthdday ဟုသွားပြောသည်. ကျေးဇူးဟု တစ်ကယ်ဝမ်းသာပုံရသည်။ မွေူနေူ့lucnh လုပ်ပါမည်ပြောထားရဲ့ကနိင်င့်လက်ဆောင်မယူသွားမိချေ. အားနာစရာ။ သူချင်းတစ်ယောက်သည်လည်ကိတ်မုန့်သာစားရွေ့ပေးသညိုကိုမတွေ့.။























မနက်ကစားမကောင်သောကြောင့်ညနေ ဘာဂါကို အားပြုေ၇ွ့အားထားစားရသည်. တစ်ခုဝယ်ရွေ့နေ့ဘို့ညစာသိမ်းထားသေးသည်. ဆာလျင်စားရန်ဖြစ်သည်။

























မှတ်ချက်

ကတုန်ကရင်ဖြစ်နေသေးသောကြောင့်သူ့ဘလော့ထံမသွားသေးချေ.။