ပြည်လမ်းမပေါ်ရှိဆိုင်တစ်ဆိုင်ဖြစ်ပါသည်. လှပအေးချမ်းသောနေရာ လည်းဖြစ်ပါသည်. ဈေးအသင့်အတင့် လားဈေးကြီးလားမသိပါ. ရှင်းသည်ကို သာသိပါသည်။ ထိုညက ဘောလုံးပွဲလည်းရှိပါသည် အမြဲတမ်းရှိမရှိလဲမသိပါ. ပရိုဂျက်တာကြီးဖြင့် ထိုးပြီး ဘောလုံးပွဲု့ကိုပြပါသည်။ လူအများေ ဘာလုံးပွဲကြည့်ကြ၏. ခင်ဦးမေမှာ ထိုအနားတွင်ထိုင်မိလေ ရာအတော်အနေခက်လေသည် အားလုံးက ကိုယ့် ဘက်လှည့် ကာ ဘောလုံးပွဲကြည့်ကြသောကြောင့်ဖြစ်၏. အော်တို ရေးပေးရသော်ကောင်းလေစွဟု တမ်းတမိသည်။
ခင်ဦးမေသည် ဝက်သားထုတ်ထိုးငယ်စဥင်္က ကြိုက်သော်လည်းး ယခု မကြို့က်တော့ချေ. ကျွေးသူက ကောင်းသည် ထင်၏. အများနစ်သက်ကြသည်ဆို၏. ထို့ကြောင့် ထည့်မှာသည် ခင်ဦးမေ မစားချင်ပါ။ အနည်းငယ် သာစား၏။
ကျွေးချင်သူကသာ ကြက်သွန်ဖြူကလေးကိုက်ခါ ကိုက်ခါစား၏။ ငရုတ်သီးလည်းစား၏။ ခင်ဦးမေမှာ ကားရေသောက် ၏. အအေးမသောက်ချေ. ဝမှာစိုးသည် ဆီးချိုဖြစ်မှာစိုးသည်။
ကျွေးသူက သူ့ပန်းကန်ကို ဓါတ်ပုံထဲပါမှာစိုးသောကြောင့် ဖယ်ပေး၏. ခင်ဦးမေက ပြန်ရွေ့သည် အကြောင်းကိုမေးသော် လူရှိန်စေချင်သော စိတ်ကြောင့်ဟုဖြေ၏. လိုက်ကျွေးသူရှိသည်မှာ ဝမ်းသာစရာမကောင်းပေလော။
ခင်ဦးမေ ဓါတ်ပုံထုတ်ရိုက်သည်ကို မတားမြစ်ချေ.အသက်ကြီးပေပြီ. ကြိုက်တာလုပ်နိုင်သည်ဆို၏. ခင်ဦးမေသည်လည်းဇဝေဇဝါဖြစ်ရချေသည်။ အရေလည်းမရ. အဖတ်လည်းမရ. အနံအရသ်ာလည်းမရှီ. နာမည်ကြီးချင်သည်သာ သိလေရာ.မြင်သမျှကို ရေးလိုရွေ့ ကြွားလို၏။
ညသည်သိတ်မနက်သေးသော်လည်း ထိုအချိန်က အနည်းငယ် လူပြတ်လေသည်. သာယာပေသည် ဟုခံစားရသည်။
ဟိုဘက်ဒီဘက်လှမ်းမျှော်ကြည့်ပြီးကာမှ အိမ်ပြန်၏.။ ဆီချက်ပါ.ပါဆယ်ဆွဲခဲ့သေး၏။