Thursday, November 15, 2012

အမေ့အိမ်ကို ချစ်သမီးလွမ်းပါတယ်။ (credit:သီချင်း)

သူမသည် လုံချည်ခါးပုံစကို မကာ မျက်နာသုတ်လိုက်လေသည်။ တစ်ကယ်ဖြစ်သည် စိတ်ပျက်လက်ပျက်ဖြစ်သည်. သူများမိန်းမတွေ နေ့စဉ်ဘယ်လိုထမင်းချက်ကြသလဲ သူမမသိပါ. သူမသိသည်မှာ ဟင်းချက်ရသည်မှာစိတ်ပျက်စရာဖြစ်သည် ဟင်းချက်ရသောနေ့များကိုသူ မုန်းသည်. ဝယ်စားတော့လည်းစားမကောင်း စားမကောင်းဆို ဈေးကြီးတာကို မှ မစားနိုင်ချေ။ သာမန်ဟင်း ချက်ကောင်းသော ဆိုင်နင့်လဲ မနီးချေ။ နီးသောဆိုင်သည်လည်း renovate အတွက်ပိတ်ထားသည်။ အကောင်းကြီးတွေ ကို ဘာတွေ renovate ကြသည်မသိ. သူမတောမျက်စေ့နင့်ကြည့်လျင်တော့အကောင်းကြီးပင်ရှိသေးသည်။ သက်ပြင်းကုချကာ ဟင်းချက်သည်နေ့ဝက့်ုကုန်ပါပေါ့ လက်သည်လည်း ငရုတ်သီးနယ်မိသောကြောင့်ပူစပ်နေသည်။

ထမင်းကြမ်းများသည် များဆို စားမှ မစားချေ. သို့ဖြစ်ရာ ထမင်းကြော်သည် အိုဗင် အဲလေ အာဗင် ပျက်သွားသည် ထင်သည် ထည့်လိုက်ပြီး မီးခလုပ်နိပ်လျင် အထဲတွင် မီးပွင့်သည် ဆိုတော့ပျက်ပြီထင်သည် သွားမဝယ်ဖြစ်သေးသောကြောင့်ခဲနေသော ပဲံပြုတ်ကို အထုတ်လိုက်ရေစိမ်လိုက်သည် နဲနဲပျော့သွားသည်ထမင်းနင့်နယ်လိုက်လျင် ပိုပျော့သွားမည်ထင်သောကြောင့် ထမင်းသာ ကြော်သည် ပုဇွန်ခြောက်မှာ နဲနဲကြာလာသောကြောင့်အနံကလေးနဲနဲရှိရာ ရေဆေးပြီး ကပ်ကြေးနင့် စိပ်စိပ်ကိုက်ခါ ဖြူးလိုက်သည် အနံ့ပျောက်သွားသည် ပိုပျောက်ရန် ငရုတ်ကောင်းမုန့်ကလေးပါ နဲနဲ ထပ်ဖြုးလိုက်သည် စားသူမရိပ်မိတော့ချေ. သိတ်ကောင်းတယ်ဟု ထင်သွားရှာသည်။

























ဖိုးစိန်အသုပ်ကိုမျက်စေ့ထဲကမထွက်သောကြောင့်အားကျမခံသုပ်သည် ဘာသုပ်လဲဆိုလျင် ခရမ်းချဉ်သီးသုပ် ဟု ခေါ်မည်.ကောင်းသည်ဟု မောင်က ပြောသည်။


























မျှစ်ကြော်ရင် ရေကိုင်တာ များလာသောကြောင့်ဟပ်ချိုးလာသည် သူမတွင် allergic rhinitis ရှိသည် အအေးမခံနိုင်ဆရာဝန်က ဆေးပေးသော်လည်းမှန်မှန်မသောက်. ရှူစရာဆေးရှိသောလည်းမရှူ.။ ဟက်ချိုးလွန်းသောကြောင့်မောင် မျှစ်လာကြော်ပေးသည် ရပလားမေးရာ သိဘူးလေ ကိုက်စားကြည့် နှူးရင် ရပြီပေါ့ ဟူ သူမက instruction ပေးသည်။ နဲနဲချဉ်သလို ဟု မောင်က ဆိုသော် သက်ပြင်းကိုချမိသည် နိုင်ငံခြားတွင် နေသော သူမတို့သည် မြန်မာစာ များကို မည်သို့စာေးနသည် မသိ မျှစ်ချိုသည် ဘာကြောင့်ချဉ်ရသနည်း ဆက်မစဉ်းစားတော့.ပဲပြုတ်ထည့်လိုက်သည် ချိုသွားလေပြီ.။ ချိုချက်မှတော့ချိုပြီပေါ့.။


























ပုဇွန်ဆိတ်ကလေးများကိုငရုတ်သီးစပ်စပ်လေးဖြင့်အခြောက်အစပ်ကြော်ချင်သော်လည်း လက်ကိုမယုံသောကြောင့် ချက်တတ်သော အချိုချက်သာ ချက်လိုက်သည်. ဟင်းဖြစ်သွားလေပြီ.



















အခြောက်ကြိုက်သော သူမအတွက်ဝက်အူချောင်းကြော်ထားသည် ဝက်အူချောင်းကြော်လျင် အခွံချွတ်ရသည် ကိုမောင်ပြောမှသိသည် တစ်သက်လုံးအခွံမချွှတ်ခဲ့စားတဲ့အခါစားမစားတဲ့အခါ ခွာပြစ် ဘယ်လိုစားခဲ့မှန်းတာင်မမှတိမိတော့. မောင်စားပြီးသော်မစားလည်းစားသည် ပန်းကန်ဆေးသိမ်းချင်သောကြောင့်ဖြစ်သည် ရန်ကုန်တွင် သန်းကောင်သန်းလွဲမှ ပြန်လာသော သူမကို အိမ်တွင်ကူသောညီမလေးက ထမင်းခူးကျွေးသည် အမြန်သိမ်းသည်ကို ကိုယ်ချင်းစာမိသည် ယနေ့အတွက်တာဝန်ကြေပေပြီ. မောင်သည်လည်းအချစ်တွေ  တိုးလတ္တံ့။




Tuesday, November 13, 2012

ယနေ့စားစရာများ.

သူမတို့အမေသည် ကလေးလေးယောက် ယောကျာ်းတစ်ယောက်ကို မည်သို့မည်ပုံချက်ပြုတ်ကျွေးမွေးသွားသည်ကို စဉ်းစားမတတ်ပါ. ဟင်းချက်ရသည်မှာလွယ်သည်မဟုတ်. ဘိုမ က ချဉ်ပေါင် ခဥမက ကန်ဇွန်ရွက်  ဖြူလေးက ဘာမှ မစား. အဖေက ငါး. ကိုတိုးက လဘက်သုတ်. စိတ်ကူးပေါက်ရာ ပြောကြသည်များကို အစဉ်မပြတ်ချက်ကြွေးနိုင်သော အမေ့အား ဦးညွတ်လိုက်ရပါသည်။ ဘဝတစ်ခုလုံးကိုသားသမီးများအားပေးသောအမေ့အား ကျေးဇူးတင်မဆုံးပါ. မနက်မိုးလင်းလျင် အဖေက ကော်ဖီ. ခဥမက ခေါက်ဆွဲသုတ် တစ်ယောက်တစ်မျိုး ဘာစားမလဲမေးသောအမေ့အား မည်သို့သော ချစ်မေတာ ခွန်အားများနင့်လုပ်သွားသည်ကို မစဉ်းစားတတ်ပါ.

အိမ်တွင်မချမ်းသာသော်လည်းအမေသည် သူမကို ဘာမှ မခိုင်းချေ. ထမင်းစားလျင် ခူးစားရုံဖြစ်သည် ကောင်မလေးများရှိလျင် ရေပါခပ်ပေးသေးသည် ။ လက်ဆေးစားရုံဖြစ်သည် ဟင်းကောင်းသည် မကောင်းသည်မဆိုင်. ။ အိမ်မရှင်းတတ်ပါ။ သာယာသောအိမ်ကလေးများကို နစ်သက်သော်လည်း မလုပ်တတ်ပါ. လုပ်သောလည်း မတူချေ.။ ယခု အိမ်ရှင်းနေသည် အတော်သာယာလာပြီဖြစ်သည်. လမ်းလျောက်ေ၇ွ့ရပြီဖြစ်သည် ယခင်က ကျော်ချသော်လည်ေးကာင်းကွေ့ပတ်ရွေ့သော်လည်းေ်ကောင်းသွားရသည် ခဥမသည် ခပ်ဂေါက်ဂေါက်ဖြစ်သည် .။ ရိုးသားကြိုးစားသည်စိတ်ပုတ်မရှိရှာပါ။ 


 ............................................

 ငပိကြော်။ ကျေးဇူး. စု.




ဂျုးမြစ်ကြော်. ကျေးဇူး စု နဲ့သက်.... ရေကျော်အိမ်.











































ပုဇွန်ကြော် တစ်ခါစား တစ်ဝက်. တစ်ကောင်းမမငွေ တစ်ထောင့်ငါးရာကျပ်ကြော်. အရင်း.



































ငါးပတ်မွေ. ကောင်းပါ့မလားသိ. ဟင်းမြည်းလေ့မရှိပါ။




မုန့်ဟင်းခါ.း သူလဲသိတ်ကောင်းပုံမရဘူး မုန့်က ကောင်းပါတယ်လက်ရာမကောင်းတာ နဲနဲကြဲသွားတယ်။


























မုန်ု့ဖတ်. ခင်ထွေးရီ.


Friday, November 2, 2012

SKYFALL










ရုံထဲရောက်သည်နင့် ထရေလာများကို ကြည့်ရင်း အာရုံမထားနိင်ဘဲ ဖဘ ဖွင့်ကာ check in ဝင်သူမှာ သူမဖြစ်သည်။ only me ဖြစ်သွားသည်ကို မသိလိုက်ရှာ. သူများတွေ တော့မနာလိုဖြစ်နေလောက်ဘီဟုဆိုကာ ပီတိဖြစ်နေသော်လည်း ငါးနာရီလောက်ကြာသည်အထိ Like ကလေးတစ်ခု ကိုမျှမရသည်မှာ မသကာင်္သောကြောင့် ပြန်စစ်ရာ status မှာ Only me ဖြစ်နေသည်. အော် ဒုတ်ခ ဒုတ်ခ..

သေချာကြည့်သည် ပြန်ပြောပြမည်မဟုတ်ပါလား ဘယ်သူနားထောင်ချင်ချင် မချင်ချင် ဘယ်သူကမှလည်း ပြန်မပြောခိုင်းဘဲနင့်ဇတ်လမ်းပြန်ပြောပြရမှာ သူမတာဝန်ဖြစ်လေသည် ကြိုးစာြး့ပီးမှတ်သည် တတ်နိုင်လျင် ဘုတ်အုတ်ကလေးနင့်တောင်မှတ်ချင်သေးသည် . နောက်ပိုင်းတော့မမှတ်နိုင်တော့. အကြမ်းဖျင်းသာ မှတ်နိုင်တော့သည်။

လက်မှတ်ဝယ်ရာ I Max ဆိုသည် ကိုဝယ်ဦးမလားမေးသေးသည်ဘာများကွာခြားသတုံး နီးစပ်ရာ စုံစမ်းရာ screen အကြီးကြီးပေါ့ 3D ဆိုလား. ဈေးလဲ ကြီးတယ် ဘယ်လောက်လဲ ဆိုရာ စလုံး  20 ( တစ်သောင်းသုံ့းထောင်ခန့်) ကျပ်လား ထင်သည် အမလေးဘယ်တတ်နိုင်မှာလဲတော် ဟု ဆိုကာ ပုံမှန် 10 တန် ( ခုန်ထောင်ကျပ်ခန့်) သို့တန်းသွားစီသည်။ ကံအားလျော်စွာ နောက်ဘက်ခပ်ကျကျရသည် couple seat တော့မဟုတ်. နောက်မှီခေါင်းတင်ရန်ပါသည်ထိုင်ခုံမှာ ထိုင်လိုက်သည်နင်ထိုင်သွားပြီး ထလိုက်သည်နင့်ဘတ်ကနဲ ကျောမှီသို့ပြေးကပ်ရာထလျင် အိတ်ကြီးနင့်ဖိထားရသည်။

စပြီ ဆိုသည် နင့် ပြေးကြသည်မှာ ဂျိမ်းစဘွန်းဖြစ်သည် ပြေးသည် လိုက်သည် ဘာမှန်းမသိ. ကားတစ်စီး အမျိုးသမီးတစ်ဦးနင့်ပါသွားပြန်သည် ပြေးကြပြန်သည်။ လိုက်ကြပြန်သည်. ကားက အကြောင်းတစ်မျိုးမျှိုးနင့်ရပ်သွားရာ ၈ျီန်းစဘွန်းသည် ကားပေါ်မှာဆင်းသည် ပစ်ကြခတ်ကြပြန်သည် လူဆိုးသည် အတော်တော်သည်.ပြစ်ပြီးပြေး၏။ 007 သည်လိုက်သည်. လူဆိုးသည် ဆိုင်ကယ်နင့်ပြေးရာ 007 သည် ထုံးစံအတိုင်း သူများဆိုင်ကယ်ကို ယူစီးကာ လိုက်ပြန်သည်. ထူးခြားချက်ယခုကားမှာ ယခုကားရယ်လို့မဟုတ် ခဥမ ရုပ်ရှင်မကြည့်သည်မှာကြာပြီဖြစ်သည် သတိပြုမိသည်မှာ နောက်ကွယ်မှ နေရွေ့ mom ( ဆရာမကြီး) သည် ညွန်ကြားချက်များပေးသည် စဉ်ဆက် မပြတ်ညွန်ကြားချက်မျာပေးလေသည်။ ယခုကား  အမျိုးးသမီး (မင်းသမီးဘဲ ဆိုပါစှို့) သိတ်မလှချေ. ခဥမ နောက်တစ်ကားတွင် ဝင်ပါခွင့်ရရန် ကြိုးစားကြည့်ဦးမည် . မျော်လင့်ချက်ရှိသည် ဘာကြောင့်များမင်းသမီးချောချောလေးများ မသုံးသည်မသိ. အိပ်ခန်းလည်းသိတ်မပါချေ.။ မချောရွေ့လားမသိ r

ဆက်ရဦးမည် မင်းသမီးကျန်ခဲ့လေရာဘာလုပ်ရမှန်းမသိရွေ့ညွန်ကြာချက်တောင်းရာ (ဖုံးဖြင့်တောင်းသည်မဟုတ် နားတွင် ဘာလေးမျာလဲမသိ အဲသည်ကနေနားထောင်ပြီး နားထဲက ကြားသည်ကို ပြန်ဖြေကြေးမကြလုပ်နေကြသည် စိတ်မရှည်ချေ. မင်းသားမင်းသမိးဆိုတာ ကိုယ့်ဘာသာကိုဆုံးဖြတ်ရမည်ပေါ့. အဲသလို နားကြပ်မျိုးဆိုလျင် ခဥမမသည် လွတ်ပစ်လိုက်ကာလုပ်ချင်ရာလုပ်ပြီးလူဆိုးမိလာမှ အထက်လူကြိးကို ပြန်တွေ့မည် ဖြစ်သည် တေးထားသည် နောက်တစ်ကားပေါ့.

မင်းသမီးသည်ညွန်ကြားချက်ရကာမှကမန်းကတန်းကားပေါ်တက်ကာမင်းသာ တို့ဆိုင်ကယ်နောက်သို့လိုက်သည်. အတော်နေယင်ငျနေကြီဖြဟ်စာ် ) ( t)အတေယ် ငကျွနစ် (စာလုံးပေါင်းများမှားသည်)  အတော်နောက်ကျနေဘီဖြစ်သည် 007 နင့် လူဆိုးသည် ပြေးရာမှလူဆိုးသည် ထိုအခန်းအတော်ကောင်းသည် အိမ်ခေါင်မိုးမျာပေါ်တွင် ဆိုင်ကယ်စီးသည်မှာ အတော်မိုက်သည်. ထို့နောက် လူဆိုးသည် ရထားပေါ်သို့ပပါသွားရာ ဘွန်းသည် ရထားပေးသို့ခုန်ချလိုက်ပါသွားသည် ထုံးစံအတိုင်းဖြစ်သည် ရထားပေးတွင် တိုက်ကြ ခိုက်ကြပြန်သည် အတေ ချနေကြခြင်းဖြစသည်. လှိုင်ခေးင်းထဲဝင်သွားလျင် အိပ်ရက်ချသည်.လှိုင်ခေါးင်းမှ ထွက်လျင် မတ်တပ်ချကြသည် မင်းသမီးသည် အပြေးသွားရွေ့ရထားရှေ့မှ စီးစောင့်ာ ပစ်မည်လုပ်သည်. နစ်ယောက်သားပူကပ်သတ်နေရွေ့ဘာလုပ်ရမည် သမသိ ညွန်ကြားချက်ပေးသည် ကို မေးသည် ပစ်  ဟုဆိုသည် ဘယ်လိုပစ်မှာလဲ ဒီလောက်ကပ်သတ်နေကြတာဆို.ပစ်မှာ ပစ်ဆိုရာ မင်းသမီးပစ်လိုက်ရာ ဘွန်းသည် ရထားပေါ်မှာ အမြင့်ကြီးကျပြီးရေထဲသို့ အဝေးကြီးကျခါ မျောသွားလေသည်. တေပြီဆရာ.......... ဆိုသောကြောင့်ဆရာမကြီးသည် တေပြီဟု ထင်လိုက်ရလေသည်..

ဘယ်သေမှာတုံး. ဘွန်းသည် ပြန် ရောက်လာသည် လမ်းတွင်တေ့အိပ်ခန်းတစ်ခန်းပါသေးသေည သိတ်တိုသည် အားမရချေ.။ ပြန်လာပြီးဆက်ဆေွးနွေးက ရှန်ဟိုင်း တရုတ်ပြည်သို့ရောကသ်ဥွားသည်မရောက်ခင် လက်နက်ဆန်ျးများပေးလေ့ရှိသော အဖိုးကြီးနေရာတွင် လူငယ်တစ်ယောက်ဖြစ်သွားသည် သေနတတ်တစ်လက်နင့် ဒတ်ခဲလိုမျိုးသေးသေးလေး radio trasmitter လားဘာလားသိတ်မသိ.

ရှန်ဟိုင်းကြီးသည် ကြီးကြယ်ခမ်းနားလှသည်။ မြင်ကွင်းတစ်ဆုံးမင်းီများလင်းထိန်နေသည် ခဥမသည် နေရပ်သို့လွမ်းသွားလေသည်။ ရှန်ဟိုင်းတွင်ထိုလူဆိုးနောက်လိုက်လာခြင်းစ်ြသည် ထိုလူဆိုးပါသောအခန်းများကောင်းသည.် ။ အသည်းထိတ်စရာဖြစသည် နောက်ဆုံးတွင် လူဆိုးသည် ဘွန်းကို မ နိုင်ချေ. အောက်ပြုတ်ကျသွားလေသည် လူဆိုးက ဖြုတ်ချသွားသည်ထင်သည် တိုက်နံရတွင် တွဲလောင်းဖြစ်နေစဉ် ဘွန်းက မေးသည် နိကို ဘယ်သူကစေခိုင်းတာလဲဆိုတာကို မဖြေဘဲ လကိကိုလွတ်ချသွားသည်ထင်သည် ကြိုက်သည်။ ဒီလိုမျိုး လူဆိုးလိုပ်မှတော့စိတ်မာရမည်ပေါ့ သိတ်တော့နားမလည်ချေ. နားမလည်ဘဲဘာဖြစ်လဲကြည့်နာလးလည်လို့ရသည်ဘဲ သိတ်တော့အားမရဘူးပေါ့.

အဲသည်မှာ စိတ်မမှန့်ပုံရသောလူတစ်ယောက်နင့်တွေ့သည် နဲနခြုံးလိုက်သည်။ ထိုလူကို ဖမ်းိမိသည် လွတ်သွားပြန်သည်. လက်စားလာချေမည်လား လာပြီ  Kill လုပ်မည်လားစိုးရိမ်ရသည် တစ်ကယ်လာချေသည် mom ကို လာ  Kill သည် Mom ဆိုသည်မှာ ဆရာမကြီးဖြစသ်ည လွတ်မြောက်သွားလေသည်. ဆရာမကြီ  mom (kom မဟုတ်) ကို ဘွန်းသည် တစ်နေရာသို့ခေါ်ကာ ဖွက်ထားလေသည် ထိုအပိုင်းသည် ဘဝင်မကျ ထိုမျှ တန်ဘိုးရှိသော mom ကို အစောင့်အေ၇ှာက်များစွာထည်းထည့်ထားလိုက်သော် မရလော ယခုသောတိုက်နယ် တောနယ် mansion ကြီးတခုတွင် လူတစ်ယာက်သာ နေသောနေရာတွင်mom ကို ဘွန်းအပါအဝင်နစ်ယောက်သာ စောင့်ရှောက်ကာနေသည် ကိုနယးမလည်နိုင်ချေ. ခဥမသာဆိုလျင် နေမည် မဟုတ်. ဟယ် ငါစိတ်မချဘူး မြို့ထဲပြန်မယ်ဆိုကာ ပြန်လာမည်ဖြစ်သည် ဒါပေမဲ့လဲ တစ်ကယ်တန်းခဥမသာ  mom နေရာတွင် ရောက်နေလျင်တော့ဘွန်းက စောင့်ရှောက်မည်ဆိုလျင် နေမိမည်ထင်သည်။ ကဲ နေတော့ဘာဖြစ်သလဲ ထင်သလိုဘဲဟိုလူကြိး အဖွဲ့နင့်လိုက်လာတာပေါ့ ဒီလောက်လူအုပ်ကြိးနင့်လာ kill မှတော့ပြေးရပြီပေါ့ Mom လဲဒဏ်ရာရသွားရှာသည်။  mom နင့်နောက်တစ်ယောက် မြေအောက် လှုငိဂုမှ ပြေးစဉ် ဘွန်းသည် အတော်လေးခံချသေးသည် စိတ်လဲတိုနေပြီဖြစ်သည် ဟိုဘက်ကလူအင်အားများတာကိုး ဒါတောင် အတော်ပြန်ချနိုင်သည်။

mom နှု့င့်ဟိုလူကြီေးမှာင်ထဲတွင် လက်နိပ်ဓတ်မိးတစ်လက်နင့်ပြေးရာ လူဆိုးသည် အဝေးမှပင်လှမ်းမြင်နိုင်လေသည်ပြေးပါသည် ဆိုမှ အသည်းယားလှသည် စစ်ရေးမကျွမ်းကျင်သောခဥမသာ ဆိုလျင် တစ်နေရာတွင်ဝပ်နေလိုက်မည်ဖြစသည် လှူပ်စိလှူပ်စိလုပ်ရုံမက မှောင်ထဲတွင် လက်နိပ်ကြီဖြင့်ပြေးလေရာ လူဆိုးသည် လွယ်ကူစွာ ခြေရာခံနိုင်လေသည်။ ဘွန်းလည်းလိုက်ကယ်ပါသည် သို့သော်အနည်းငယ်ောနက်ကျသွားသည် mom သည် သိတ်နောက်ကျတယ်ဟု ဘွန်းအား ဆူမြဲတိုင်းဆူကာ မျက်စိမှိတ်သွားလေသည် စိတ်ချသွားပြီထင်ရဲ့........ ကဲ.... ပြီးဘီ။