Saturday, January 4, 2014

back up charger




မနက် ခြောက်နာရီခွဲလောက်က အိမ်က ထွက်ပြီး ညမှ အိမ်ပြန်ရောက်တဲ့သူတစ်ယောက်အတွက် လမ်းလျောက်အလုပ်လုပ်ရတဲ့သူတစ်ယောက်အတွက် အိုင်ဖုံးမှာ ဘတ်ထရီက ကုန်ကုန်သွားတယ် . ကုန်သွားတယ်လို့ပြောတာ အရင်တုံးက ဘယ်လိုမှ မနေပေမဲ့အခုနေလာပြီ အခုခေတ်လိုကာလကြီးမှာ ဖုံးတွေ အတွက် Back up battery ဆိုတာ ရှိတယ် ဆိုပေမဲ့သုံနေပေမဲ့ကိုယ်သုံးနေတဲ့တစ်ခါထည်း အိုင်ဖုံးမှာ စွပ်လိုက်ရတဲ့ charger ကဘဲ အားနည်းလာသလား အင်တာနက်ကို တစ်ချိန်လုံးဖွင့်ထားလို့ဘဲ အားကုန်သလား ကလိလို့ဘဲ အားကုန်သလား အင်တာနက် broad band ကြီးရှိပေမဲ ဖုံးကို ပိတ်လိုက်ရတဲ့အချိန်တွေ ရှိလာတယ် 3G ကို off လိုက်ရတဲ့အချိန်တွေ ရှိလာတယ် ဘတ်ထရီကုန်မှာစိုးလို့ ဆိုပြီးအကြောင်းပြတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဘက်ထရီ back up charger တွေ ကိုလိုက်ကြည့်မိတယ် branded ဈေးတွေ က စလုံး ၅၀ ကနေ ၁၀၀ ကျော်အထိ ဖြစ်တယ် အခုမှ လေ့လာရတယ် လေ့လာစရာတွေ ဟာ မကုန်နိုင်ဘူး. သိတဲ့လူကိုမေးရင် တစ်ခွန်းထဲနဲ့ပြီးပေမဲ့အသိုင်းအဝိုင်းများပြီး မေးစရာ မရှိတဲ့သူတစ်ယောက်အတွက်တော့ကိုယ့်ဘာသာကိုလေ့လာရုံဘဲ.

လေ့လာရင်းနဲ့သိလာရတာ ဟိုတစ်နေ့က scan ဖတ်တာ adobe format နဲ့ jpeg format နစ်မျိုးဘဲ ထုတ်တယ် ဆိုတာ သိလာရတယ် word fomat နဲ့မထွက်ဘူးလို့ ဆိုင်က ပြောမှသိရတယ်. တို့ေ၇းတာ ကို သိတဲ့သူတွေက မဖတ်ကြဘူး. ဖတ်တဲ့သူတွေ လဲ မသိကြဘူးလေ. အဲသာ ကြောင့်ဘာ မှ မပြောကြဘူး တို့ပြောတာကိုဘဲ ခေါင်းတစ်ညိမ့်ငြိမ့်နဲ့ဖတ်ကြတယ်။

အခု လေ့လာပြန်တော့ back up charger တွေ အကြောင်း အတော်သိလိုက်ရတယ်။ တို့ အိုင်ဖုံးမှာ သုံးနေတဲ့တစ်ခါထည်း စွပ်ထားတဲ့ charger က 2350 mAh ဆိုတာ သိလိုက်ရတယ်။ အခု မှသိတာပါ အရင်က မသိဘူး။ Input output ဆိုတာတော့နားမလည်သေးဘူး medical term မှာတော့ input ဆိုတာ တစ်နေ့တာ လုံးရဲ့အဝင် . output ဆိုတာ တစ်နေ့တာလုံးရဲ့ အထွက် ရှူးရူး ဘာညာ အပါအဝင်ပေါ့ နင်တို့ကို ငါဆေးထိုးအပ်ဘဲ ပေးချင်ပြန်တယ်။

အဲသာနဲ့ လေ့လာပြန်တော့ ဝင်တဲ့အပေါက်လေးတွေ ထွက်တဲ့အပေါက်လေးတွေ သိရတယ် ဘာဝယ်ရမလဲ စဥင်္းစားရပြန်တယ်။ အသေးလေးလား အဝိုင်းလေးလား လေးထောင့်လား အကြီးလားအငယ်လား . ငယ်ပြန်တော့ mAh နည်းပြန်တယ် ဝယ်မဲ့ဝယ်တော့လဲ အားအကြီးကြီးဝယ်ချင်တယ် 50000 mAh တောင် နည်းတယ် ထင်မိတယ် 10000 mAh ဝယ်ချင်တယ်။ တစ်ခါထည်းအပြီးပေါ့. တစ်ခါတစ်လေ KL သွားရင်ဘဲ ဖြစ်ဖြစ် မြန်မာပြည်ထဲ လျောက်လည်ရင်ဘဲဖြစ်ဖြစ် ဘက်ထရီကုန်မှာစိုးလို့ခ ဏခဏ ပိတ်ပလိုက်ရတာမျိုး အင်းလေးကန်ထဲ လျောက်လည်ရင်း ကောင်လေးနဲ့ တို့နဲ့ အသည်းအသည် ဘက်ထရီအကုန်ခါနီးမှာ လက်မှူပစ္စည်းရောင်းတဲ့ဆိုင်က ပလက်ပေါက် နဲ့ electricity donate လုပ်ထားတာ မြင်တော့ အသည်းအသန် charge လုပ်ရင်းလည်မဲ့အချိန်ကို လျော့ပြီးဘက်ထရီ ကို အသည်းအသည် အသက်ဆက်ရတာတွေ မုန်းလာတယ် အရင်က ဒါတွေ မသိလို့အ ခုသိပြီ ကျွန်မဝယ်တော့မည်လေ။

ဝယ်တယ်ဆိုတယ်သာ ဆိုတာ ဘာဝယ်ရ့မှန်းကိုတစ်ကယ်မသိသေးတာ သိတဲ့ကိုဘ တို့ ဆိုတာ တို့ အီးမေလ်ပို့ရင် dust bin ထဲ တန်းပို့ထားတာ တို့ ကိုမျိုးအောင်တို့ တိုတာ မသိချင်ယောင်ဆောင်ပြီး အွန်လိုင်းမရှီပါဘူးတို့ ကိုရဲမြတ်သူတို့ဆိုတာ အင် meeting ရောက်နေတယ်တို့နဲ့ ဖြေကြမှာ မဟုတ်ဘူးဆိုတော့ကိုယ့်ဘာသာကိုယ် ဝယ်ဘို့ဘဲ့ကြံစည်နေရတာဘဲ.

....................................................
back up charger မှာ ထွက်ပေါက်က တစ်ပေါက် ပါတာ ရှိတယ် နစ်ပေါက်ပါတာ ရှိတယ် ဖုံး နစ်လုံး ရှိတဲ့သူတစ်ယောက်အတွက် နစ်ပေါက်လိုတယ် တစ်ပေါက်ထဲ လဲ ဖြစ်တာ ဘဲ တစ်ပေါက်ထဲကတော့ နဲနဲသေးမယ် နစ်ပေါက်နဲ့ ၁၀၀၀၀ mAh ကတော့နည်းနည်းကြီးတယ် ဝယ်ချင်တာ ကတော့ အကြီးဘဲ ကိုယ်က လမ်းလျှောက်ရတဲ့သူဆိုတော့ အိတ်ဆန့်ပါ့မလားတွေးပူရတယ် .။ သေးပြန်တာ့လဲ မလုံမလောက်ဖြစ်မှာ စိုးရိမ်မိတယ်။ အိုင်ဖုံး ၅ နဲ့ အိုင်ပက် မီနီ အတွက် သင့်တော်ပါသည် ဆိုတော့ အခု တစ်ချို့ဟာ ဝယ်ထားမိရင် အိုင်ဖုံး 5 ထပ်ဝယ်မိရင် အိုင်ပက် မီနီ ထပ်ဝယ်မိရင် အဲသည် သင့်တော်ပါသည်ဆိုဲ့တဲ့ back up charger ထပ်ဝယ်ရမှာလား စိတ်ပူမိတယ် အခုက အိုင်ဖုံး 4sဆိုတော့ မကြာခင် အိုင်ဖုံး ၅ ကျွန်တော် ရည်မှန်းသည်လေ. တွေးရတာပေါ့ တစ်တွေးထဲ တွေးနေရတယ် .

သုဝနသာမ သားရွေအိုးထမ်းသလို တစ်ခါထည်းလဲ အပြီးဖြစ်ရမယ် ဆိုလိုတာက 10000 mAh လဲ ဖြစ်ရမယ် နစ်ပေါက်လဲဖြစ်ရမှယ် အိုင်ဖုံး 4s , 5s , I pad mini နဲ့လဲ သင့်တော်တာ ဖြစ်ရမယ် ပုံစံလေးက လဲ လေးထောင့်ခပ်သေးသေးဖြစ်ရမယ်။ charging time ကလဲမြန်ရဦးမယ် ရွေးနေတယ် လေ ရွေးနေတယ် စလုံး ၁၀၀ ဆိုတာ နည်းတာ မဟုတ်ဘူး။

e bay သွားကြည့်တော့ပေါလိုက်တာ ၁၀ ဝန်းကျင်လောက်ဆို ပါဝါနည်းနည်းရပြီး ရန်ကုန်ကလည်း အွန်လိုင်း ရောင်းတာ သွားကြည့်တာ ၂၅၀၀ mAh ဆို မမငွေ ၃၀၀၀ ကျပ်တဲ့ ဘုရားဘုရား ဘာလို့ ဓီမှာ ဈေးကြီးနေပါလိမ့် အကော်းစားတွေ မို့လို့နေမယ်။ ဟိုဟာ တွေက ကောင်းဘူး။

မက်စေ့ကနေ note 3 ဝယ်ခိုင်းနေသေးတယ် ကြိုက်ပါဘူး အိုင်ဘဲ အိုင်လေးဘဲကြိုက်တယ် note 3 အလကား ရလို့ သုံးရရင်တော့တစ်မျိုး . အိုင်ဘဲသုံးဘူးတော့ အိုင်ဘဲကြိုက်တယ်။ conservative လေ. လှေထိုးကြီးရိုးရိုးဘဲ။

အိုင်ဝယ်ရင် အိုင် ကြိုက်မှာသေချာတယ် note 3 က ဒီလောက်ပိုက်ဆံဘဲ ပေးပြီး ကိုယ့်ဘာသာ ကိုမကြိုက်ဘူးဆိုရင် သူများကိုလည်းမ ပေးရက် ကိုယ်လဲ မကြိုက်ဘဲနဲ့ဆက်ကိုင်ရမှာ ရတဲ့ဈေးနဲ့ရောင်းပစ်ပါလား ဆိုတော့လဲ ကိုယ့်ပစ္စည်းအကောင်းစားကြီးကို အောက်ဈေးနဲ့ ချမရောင်းနိုင်ပါဘူး။

............................

နောက်ဆုံးနဲ့ ဘိုင်ကျင့်ဘိုင်ကြံကြံီ့ပီးလိုတာ မရသေးချိန်မှာ စလုံး ၃၀ နဲ့ တစ်ခု ဝယ်ခဲ့တယ် အပုံထည်းကပေါ့ ဆိုင်ကြီးဘဲ ငါ့အိုင်ဖုံးလေးတော့ဘာမှ မဖြစ်သွားနိုင်ပါဘူးဆိုတဲ့ ယုံကြည်ချက်နဲ့.

လာမယ်လေ လာမယ် တို့ဝယ်လာပါတယ် POWER BANK တဲ့ 5600 mAh တဲ့ အခု ပလပ်ထိုးတားတယ် တော်တော်ကြပြီ အဲသလို မီးလေးဘဲ လင်းနေတယ်။ ဘာမှ လဲ မဖြစ်ဘူး ပါဝါပြည့်သလား မပြည့်လားလဲ မသိဘူး မီးလုံးလေးလဲ မလင်းဘူး. ပါဝါပြည့်မှ လင်းမှာလား မသိ. အခုထက်ထိတော့အဲသလိုလေးဘဲ အိုင်ဖုံးနဲ့ charge လုပ်ကြည့်တော့လဲ battery charge ဖြစ်တယ် ။ မနေ့က သူများ ကိုတောင် charge လုပ်ပေးလိုက်သေးတယ် ပြသာနာက charge လုပ်ထားရင် အဲသလိုလေးဘဲ ဘယ်တော့ပြည့်မှာလဲ 5600 mAh မို့ကြာတာလား ။ indicator လေးတော့ပါသား. အခုထိ ဘာမှ မလင်းဘူးအဲသာ indicator လား. on off ခလုပ်လေးလဲ ပါတယ် နိပ်ကြည့်တော့လဲ ဘာမှ မဖြစ်ဘူး. အဲသာ ဘာဖြစ်တာရဲဟင်.

..................................
  

internet banking



internet banking က အတော်ကောင်းတယ် ရန်ကုန်မှာ မီတာ ခသွားဆောင်ရတယ် သွားမဲ့သူမရှိတော့ဆောင်မဲ့သူမရှိဘူး မီးဖြတ်မဲ့ရက်ပိုင်း လောက်မှ ကမန်းကတန်း အဆင်ပြေသလို သွားဆောင်ရတယ် အိမ်ကနေ ထွက်ရတယ်။ နေရာရှာရတယ်။ သွားနေမကျရင် အရာရာဟာ တန်းရှင်းဘဲ tension ဘဲ ဘဝတစ်ခု ကို ခဏခဏ တစ်က ပြန်စနေရတာလဲ မကောင်းဘဲ ဇီးသီးသည် မဗျိုင်းလုပ်ရတာလဲ မကောင်းဘူး. စောင့်ရတာ သိတ်မကြာပေမဲ့ အလုပ်တစ်ခုလိုခေါင်းထဲထည့်ထားရတယ် မီးမရှိလို့မဖြစ်ဘူး.

စကာပူမှာ ထိုင်ရာက မထ ဘဏ်ကို ဘီလ်တွေ ပေးနေလို့ရတယ် ပိုက်ဆံတော့ရှိဘို့လိုတာပေါ့လေ. မရှိဘဲနဲ့ဘယ်လိုလုပ်ပေးမလဲ ပေးစရာတွေ ကလည်းတန်းစီနေတာ .

ီဘဏ်တစ်ခုမှာ internet banking လုပ်ရင် အဲသာလေးတွေ ရတယ်။ အင်တာနက်ထဲသွားပြီးဘာဖြည့် ညာဖြည့်လေးတွေ တော့လုပ်ရတာပေါ့ ညဏ်ရည်မြင့်ဘို့မလိုပေမဲ့ လုပ်ချင်တဲ့ဆန်ဒလေးတော့ ရှိဘို့လိုမယ် လူတိုင်းကို မဆိုလိုပေမဲ့ အချို့သောသူတွေ ကို. ဖဘ ကိုဖွင့်ပေးရင် ပိုက်ဆံယူနေတာ ကိုမြင်နေရတော့ i Phone os update လုပ်တာ တစ်သောင်းခွဲ ယူနေတာ မြင်တော့ အင်တာနက်banking ရခဲ့ရင်တောင်

Friday, January 3, 2014

3th Jan 2013



 စကာပူလာလည်မယ်ဆိုလရင်
သုံးဘူးတာကတော့

M one.
၁၇ကျပ်တန် ဝယ်လို့ရှိရင် outgoing 120 မိနစ်နဲ့ incoming free ရတယ် သိတ်မပြောရင်တော့လောက်မယ်။

အရှည်ကြီး ပြောမယ် အားရပါးရပြောမယ် ရန်ကုန်လဲ ဆက်ချင်သေးတယ်ဆိုရင်တော့ ၂၈ ကျပ်တန်ကောင်းတယ် ကြိုက်လောက် ပြော မကုန်ဘူး အဲသည် ဒါနဲ့လောက်တယ် ကိုယ်ကဘဲ ဆက်ဆက် ကိုယ့်ဆီဘဲ ဆက်ဆက်ပေါ့ incoming ဘိုးယူပေမဲ့ အဲသည် ၂၈ ကျပ်နဲ့လောက်မယ်ထင်တာဘဲ နိုင်ငံခြား ကို ဆက်လို့လဲ ရတယ် ၃၀ ဘိုး အလကား ထပ်ပေးတယ် ရန်ကုန်ကို နဲနဲ ဆက်သွားလို့ရတာပေါ့ ဆက်ချင်မယ်ဆိုရင် ဘန်ကောက်တွေ ရှိသမျှ အမေရိကာ လန်ဒန်လဲ ဆက်လို့ရတယ်။ အဲသည်နစ်ခု ထဲကတစ်ခုေ၇ွးစေချင်တာဘဲ

အလည်အပတ်

မလေးရှားဗိဇာ လဲ ဈေးမကြီးရင် အချိန်ရရင်ယူခဲ့ရင်ကောင်းတယ် စကာပူနဲ့မလေး
ရှားက ကပ်နေတာ johor ကို သွားလို့ရတယ် နေ့ဝက်လောက်တော့ကုန်နိုင်တယ် အသွား တစ်နာရီခွဲ အပြန်တစ်နာရီခွဲ ဟိုမှာ သုံးနာရီလောက်နေ ရုပ်ရှင်တွေ ဘာတေါကြည့်မုန့်စား အေချိန်ပေးနိုင်မယ်ဆိုရင်တော့တစ်မျိုး

အချိန်ရရင်တော့ KL ကို တစ်ည အိပ်ကားစီးသွားလို့ရတယ် အသွားအပြန် မလေး တစ်ရာလောက်ထား. (မြန်မာငွေ သုံးသောင်း) ဟော်တည်ကို စလုံး ၁၀၀ (မမငွေ ခြောက်သောင်း) လောာက်ထား နစ်ယောက်အိပ်. ဒီထက်သက်သာတာတွေ လည်းရှိမယ်အချိန်ရရင်တော့ရသလို ခြေရှည်လို့ရတာဘဲ

ဘိုင်ကျန်ကြံချင်ရင်. ဒီကနေ ညကားစီးသွား မနက်လျှောက်လည် ညနေကားပြန်စီးလား ကားပေါ်မှာ အိပ်အဲသာကတော့ပင်ပန်းတယ် ပေါတဲ့ ဟော်တယ်မှာ တစ်ညိအိပ်တာတော့ကောင်းတယ်။ပီနန်တုံးက ဆိုရင် မလေးငါးဆယ် ဟော်တယ်တောင်တွေ့တယ် မလေးငါးဆယ်ဆိုရင်မမငွေ တစ်သောင်းခွဲ . တတ်နိုင်ပါတယ်။

ဝါသနာပါရင်အင်ဒိုနိးရှား batam ဘက်ကို ဘုတ်စီးလို့ရတယ်။ စလုံး ၇၀ အသွားအပြန်. ဟိုမှာမအိပ်ဘူး လျောက်လည် စားသောက်. တစ်နာရီစလုံး တစ်ဆယ် ကားငှားစီး. မမငွေ ရှစ်ထောင်အောက်. တစ်နေ့လုံးနေ တောင် စလုံး ၇၀ လောက်ဘဲ ကုန်မယ် ခုနစ်နာရီလည်.။ အနိပ်ခံ ဈေးသိတ်မကြီးဘူးထင်တာဘဲ အပြန် နောက်ဆုံး ဖယ်ရီနား ည ရှစ်နာရီလောက်နဲ့စကာပူဘက်ပြန်. လူများရင် နစ်ယောက်လောက်ဆိုရင် ရ၀ ကို နစ်ယောက်မျှ တစ်ယောက် စလုံး ၃၀ ကျော်လောက်ဘဲ ကုန်တာ သုံးယောက်ဆို ပိုသက်သာသေး။

အင်ဒီုနီရှားက ဗီဇာ မလိုဘူး ပိုက်ဆံလဲ မပေးရဘူး ဘုတ်စီးသွားပြီးဟိုရောက်မှ စာအုပ်ထဲ အဝင်အထွက် တုံးထုတပေးတယ် arrival visa ပေါ့

တစ်နာရီခွဲ စီးရတယ် ပျော်တော့ပျော်စရာကြီး စန်တိုစာနားက နေသွားစီးရတာ ဘာမှ မလုပ်တတ် တာနဲ့ ကားဘဲ တစ်နာရီတစ်ဆယ်နှဲု့ငှညြီ့း ခုနစ်နာရီ စိးလိုက်တယ်။ အနားက beach ကိုသွား ဟိုနားဒီနားသွား ဟိုမှာတော့ပျင်းစရာကြီး သံလျှင် ကြနေတာဘဲ ဘုတ်စီးတာလေး ကလဲ တစ်ကယ်တန်းတော့တညင်သွာတဲး့ ဘုတ်လိုပါဘဲ မထူးပါဘူ လုပ်ပြီးသွားရင် ဘာမှ မထူးတော့ဘူ မလုပ်ခင်ကတော့ထူးမယ်ထင်တာပေါ

ဒါပါဘဲ လောကကြီး ပျင်းသွားပြန်ရော.