Friday, March 7, 2014

စကာပူ ၁

စကာပူ ၁

 




ခင် ရန်ကန်ုမှစကာပူလာသောနေ့သည် အမှတ်တရနေ့ဖြစ်သည်. လွန်ခဲ့သော decades က ဖြစ်သည်. လေယဉ်ကွင်းသို့ ရောက်သည်။မနက်စောစောလေယဉ်လား နေ့လည် လေယဉ်လား မမှတ်မိတော့. မှတိမိသည်ကတော့ ဂျီအော်ဒါဒို ဂျင်းဘောင်းဘီနင့် ဂျီအော်ဒါနို တီရှပ်ကလေးဖြစ်သ်ည ခင်သည် ရိုးလှသည် ရိုးလှသည် ဆို မောင်ကလည်းခင့်ကကို မဆန်းစေချင်. ခင်ကိုယ်တိုင်ကလည်း ရိုးသည် ခင်လှလှလေးများ ဝတ်မိလျှင် မောင်က သူများကြိုက်မှာစိုးသည် ထင်၏. ထင်တာပါဘဲလေ. ခင်ဒရမ်မာ များကို မယုံစေချင်.

ဘာဘဲဖြစ်ဖြစ် ဂျင်းဘောင်းဘီနင့်တီရှပ်နင့်ခင်သည် ပိုက်ဆံအိတ်ပါးပါးလေးသာ ပါ၏. purse ပေါ့ အစိမ်းသုံးရာခန့်ပါသည် ဒါတောင် ဖွက်ပြီး ယူလာရသည် ထင်သည် ယခု ဟုတ်လား ပါလား ဒါဆို ဖမ်းမယ်ဆိုလျှင်တော့ အဲ ဟိုတုံးက ပြောတာ ညြာေ့ပာတာပါ ဟု ပြောရမည် အစိမ်းကို တရားဝင် ကိုင်ဆောင်ခွင့်မရှိဘူးမဟုတ်လား ဟိုခေတ်က။

လေယဉ်ပျံပေါ်တက်မှ သက်ပြင်းချနိုင်သည် လေယဉ်ပျံပေါ် တက်ရုံမကသေး လေယဉ်ကြီးထွက်မှာ အော် ငါသေချာပေါက် မြန်မာပြည်ကနေ စကာပူကို လေယဉ်ကြီးစီးရပြီ ဟဟု သက်ပြင်းချိနိုင်သည်. ဟိုဟိုဒီဒီသိတိတ်မစားနိုင် လေယဉ်ပြုတင်းပေါက်ကိုရအောင်ရွေးသည် တောသာ မဟုတ်လား. တောသားတိုင်း လေယဉ်ပြုတင်းပေါက်ကို ရွေးသည် ဟု မဆိုလို ယခုတော့ လျောက်လမ်းဘေးကိုသာ ရွေးတော့သည် ထိုတုံးက လေယဉ်ပေါ့်သို့ ကားများဖြင့် သုံးခေါက်ခန့်ဆွဲပေးသည် tube မရှိသေးချေ. နောက်ဆုံး ကားနဲင့်မှ လိုက်သည် ဖြည်းဖြည်းတက်သည် မြန်မာပြည်ကြီးကို ဝအောင်ကြည့်သည် တော်တော်နဲ့ပြန်ရောက်မှ မဟုတ်ဘူးဟု ဝမ်းနည်သလိုဖြစ်သည်။
လေယဥင်္ပျေါ်မှ ဆင်းသော အနည်းငယ်အားငယ်သလိုဖြစ်သလိုဖြစ်သောလည်း မောင်က အင်္ဂလိပ်လိုဖတ်တတ်တယ်မဟုတ်လား အဂ်လိပိုလို ဖတ်ပြီး ထွက်ပေါ်က်ရှာခဲ့ဆိုသော် လဝကသို့ရောက်လာသည် white card ဖြည့်ရသည် ပြည်တွင်းဖြစ် ဒေါက်ဖိနိပ်နင့် ဂျင်းပန်နင့် တောသားရုပ်ကလေးကို လဝကသည် show moeny တောင်း ၏. အစိမ်းသုံး၇ာပြလိုက်သည် စိတ်ညစ်သွားပုံပေါ်သည် နစ်ပါတ်နေခွင့်ပေးလေ၏ သူများတွေ ဆို တစ်လ တွေ ဘာတွေ ရသည်. မောင်သည်လာကြိုသည်။ လုပ်ငန်းခွင်မှ တက္ကစီနင့်ပြေးလာကာ ကြိုသည်. လက်ခလေးကို တယုတယ ဆွဲသည်. အို. stay အတွက် စိတ်မညစ်ပါနဲ့ ထပ်တိုးရတာဘဲ ဆို၏. ဘာပစည်းမှ မပါလေရာ ၁၀ နစ်ထပ်ကားကြီးနင့် လေယဉ်ကွင်းမှ ကလန်းမန်းတီသို့ အကြာကြီး စီးကာ sight seeing ပြသည် တရုတ်တန်းဘက် မှ ဟိုဘက်ဒီဘက်မှ ဖြတ်သည် လွန်ခဲ့သာ decades က ဆိုတော့လဲ နဲနဲတော့ အဟောင်းလေးတေါ ကျန်သေးသည်. မောင်တို့စကာပူတရုတ်တန်းကလည်းငါတို့တရုတ်တန်းကျနေတာဘဲ ဆိုသော အားမရ နောက်နေ့မှ အော်ချတ်လိုက်ပြမည် ဆိုသည်။

ကလန်းမန်းတီးမှ ယခု ဖြိုတော့မည် ဆိုကာ လူနေခွင့်ဖယ်လိုက်သော အရပ်သည် ခင်နေခဲ့သော အရပ်ဒေသညဖြစ်သည် နစ်အတော်ကြာပြီဖြစ်ရာအနည်းငယ် ဟောင်းသည် ခင်သည် အံသြသွားသည် ဟင် ရေလောင်း အိမ်သာနဲ့ပါလား fun လဲမပါဘူးတို့ ကွန်ပလိန့်လုပ်သည်. မောင်သည်မကျေနပ်ချေ. ထိုအရပ်ဒေသည် ယခု တစ်လလျှင် နစ်ထောင်သုံးထောင် ချီသော အရပ်ဖြစ်သည်. အိမ်များလည်းမဖျက်သေးသော လည် လူမနေတော့ချေ. AYE ဘေးတွေင် တကကစီဖြတ်က လှည့်ကြည့် မိသည်. လွမ်းစရာပါပေ

Thursday, March 6, 2014

yangon phone

ရန်ကုန် ဖုံး. ၁

ရန်ကုန်ရောက်သော် တယ်လီဖုံးလိုသည် တယ်လီဖုံးများ ဈေးပေါလှသည် တစ်သိန်းပေးလျှင် ရ၏။ အမျိုးများထံမှ ငှားချင်လျှင် ရသေးသည် အိမ်တိုင်း ကားလေးစီးမရှိသော်လည်း လူတစ်ကိုယ်ကားတစ်စီးမရှိသော်လည်း လူတစ်ကိုယ်ဖုံးနစ်လုံးခန့်ရှိကြသည်။ ခင့်တွင်မရှိသူငယ်ချင်းတစ်ယောက်ပြောသကဲ့သို့ အိမ်လည်းခဏခဏပြောင်း ဖုံးလည်းခဏခဏပြောင်း ယောကျာ်ပြောင်းဘို့ဘဲကျန်တော့သည် ဆိုရာ မပြောင်းပါရန်တောင်းပန်ရ၏. ခင်ကတော့မပြောင်းလိုချေ.

အစ်မလတ်ထံမှ ဖုံးတစ်လုံးရသည် ကဒ်မချိုးရသေး. ခင်အိုင်ဖုံးယူသွားရာ ကဒ်ချိုးမှသာ ထည့် ရွေ့ရမည်. သူများဖုံးကို ငှားလည်းသုံးသေး ကဒ်လည်းချိုးသေး ဆိုလျှင်မကောင်း. TZA ကတော့ သူဖုံးကို မပေးဘဲ သူ့အဖေထံမှ ဖုံးသွားယူပြီးကဒ်ချိုးသုံးရန် ခွင့်ပြုသည် ( ချစ်ကြည်အေး ကြားလား ) ဘယ်ကောင်းမလဲနော် ကိုယ့်အစ်မဖုံးမချိုးဘဲ သူများဖုံးသွားချိုး ဘယ်ကောင်းမလဲ.

ဖုံးအဝယ်ထွက်သည် ဖရေဇာ သို့သွားရာ တက္ကစီ ခနစ်ထောင့်ငါးရာပေးရသည် အသွားအပြန် ငါးထောင်ဖြစ်သည် ဘုရားတ၏. အော် ပိုက်ဆံမရှိလို့မဖြစ်ပါလား သံဝေဂရသည် မရှိလဖျှင် ဘာလုပ်ရမည်နည်း ရှိအောင်လုပ်ရမည်ပေါ့.

ဖရေဇာတွင် ဖုံးအဝယ်ထွက်ရာ ထိုနေ့ည ပိုင်းစုံစမ်းရေး ဖြစ်သည် ဖုံးဆိုင်များတါင် ဘုတ်အုတ်ကလေးနင့်နာမပါတ်များ ရေးထားသည် အမည်ပေါက် ၁၅၀၀ ကျပ်တန်ဆိုလျင် တစ်သိန်း သုံးသောင်းခန့် အမည်မပေါက်လျင် တစ်သိန်းနစ်သောင်းခန့်အကြမ်းဖင်းဖြစ်သည်. ၁၅၀၀ တန် အခုထိမဲသွားမနှိုက်ရသေး။ လပ်ထိုးက သွားနှိုက်ဦးမည် ကိုညီလို ဆယ်ခါလောက်ပေါက်ချင်လှသည်. မသက်ာချေ ဂလိထိုးကာ မေးရမည် ဘာကြောင့်ဆယ်ခေါက် ပေါက်သနည်း။

နစ်သိန်းတန်ဖုံးကို နာပါတ်မလျှျှင် တသိန်းခြောက်သောင်း နပါတ်လှလျှင် နစ်သိန်းသုံးသောင်း ဆိုသည် နုပါတ်လျှသည် ဆိုသည်မှာ အဘယ်နည်း ယခင်တစ်ခေါက်က ဖုံးဝယ်သည်မှာ ဘာမှ မကြည့်မိ နိုင်ငံခြာ်းးတွင် ဖုံးဝယ်သလိုကောက်ဝင်္ယပြီးကာမှ နာပတ်ကို သိတ်မကြေိုက်ကြောင်း အဖြေရသည် လွန်ခဲ့သော လပိုင်းက ခင်သည် နစ်သိန်းတန်ဖုံးကို အမည်ပေါက် ဝယ်နိုင်သူဖြစ်သည် အပလာမဟုတ်ချေ. ရန်ကုန်သည် ခလုပ်နှိပ်လျှင် ပြီးသည်ကို ကိုညင်္ဏက ပြောထားသည် သူ့ထမှ ခလုပ်များကို ခိုးရမည်။ အဲလေ ပညာယူရမည် ပေးမှာလား ကိုညင်္ဏ.

ဘာဘဲ ပြောပြော ယျောက်ားများထဲ တွင် ခင့်ယောကျာ်းသည် အတော်ဆုံးဖြစ်သည် (ဟင်. ) မယုံပေါင် မယုံသူကို ခဲ နင့်ထုမည်။

ထိုနေ့ညက ဖုံးမဝေဝယ်ဖြစ်စ် စဥ်းစားက နေရဦးမည သီချင်းဆိုကာ ပြန်လာသည်. နောက်တစ်နေ့မှ ထွက်ဝယ်ထာတပေါ့။




ရန်ကုန် ဖုံး ၂

နောက်တစ်ရက်တွင် တစ်ခါ ဖုံးဝယ်ထွက်ပြန်သည် ထိုနေ့တွင်တော့ လသာလမ်းဖြစ်သည် လူကြီးမင်းထံသွားရန် အစ်မမှ ညွန်ကြားသည် ကိုယ်ကလည်း သိတ်မရေလည်ရာ ဆိုင်ကြီးလျှင် အရှူပ်အရှင်းကင်းသည် ဟု ယူဆလေသည်။ လူကြီးမင်း ထံတွင် နစ်သိန်းတန်ဖုံးမရှိချေ. ( တိုးတိုးသာ ပြောသည် ကြားသွား အားနာစရာ ) ဘေးနားတွင် ဝင် စုံစမ်းသည်. နစ်သိန်းတန် ယခုတစ်လောအနည်းငယ်ရှားသွားသည်တ ၁၅၀၀ တန်များတန်းစီကာ ရောင်းကြသည်. နာပတ်များဏွာ ဖြစ်သည် တစ်သိန်းခန့်ဘဲ ဆိုကြပါစို့

ခင်ကတော့ ပြီးခဲ့သော အခေါက် က နစ်သိန်းတန် သံုးရာအဆင်ပြေသောကြောင့်နစ်သိန်းတန်သု့းလိုသည် ခင့်ထံတွင် ငါးသိန်းတန် CDMA တစ်လုံးရှိသေးသည် အင်တာနက်များဖွင့်ပေးစဥင်္းက မလျှောက်လိုက်မိရာ ငါလည်း ရန်ကုန်မှာ လောလောဆယ် ရှီသည် မဟုတ် ဆိုပြီး မလျှောက်ဖြစ်ရာ ယခု အရှောက် မခံတော့ချေ. တယ်ဖီုံးအမျိုးအစ်ား များစွား ထဲ မူးနေရာ တယ်လီနော်တို့ အဝေရာ တို့လာ လျင် ပိုမူးချေ မည် အရေအတွက် ထ်က်အရည်အချင်းကို ဦးစားပေးကြပါ လည်သည်ကို မဘကည့် ချင် 3G 4G ကို ကြည့်ချင်သည်။ ပိုက်ဆံအကုန်အကျ သက်သာလိုသည် အရေးကြီးတာကို အရေးကြီြး့ကပါါ ရန်ညွန်ကြာားလိုသည်. ခုံပေါ်တက်ခါ ပြော၏။

ခုံပေါါ်မှ ပြန်ဆင်းက နစ်သိန်းတန် ရှားရှားပါးပါး တစ်လုံးရ၏ ဈေးမဆိုး န့ါတပါတ်လဲ မဆိုး နစ်သိန်းစွန်းစွန်း ဖ်ြစသည် ဈေေးမပေပြာပါဘု. ဝှက်ဖဲဆိုတာ ချန်ရတယ်။

ဝယ်ပြီးသော်မောင့်ထံဖုံးဆက်ကာ နာပါတ်ပေးသည် မင်္သကာသော သူသည် ဝယ်တာလာှးုငှားသုံးတာလား စစ်ဆေးသည် မညာတတ်သော သူသည် လည်းဝယ်သည် ဟု ဆိုရာ မောင် ရင်ဖိရသည်. အတော် စိတ်ဆိုးသွားပုံရဥည် အလကားပေးတော့မှာ တော်ကြာ်နေရင် ဟု ဆိုသည်ံHR များနင့် ရင်းနီေးသာ ခင်သည် မယုံချေ. အဲလေ. ယုံသည် ယုံချင်ယုံ မယုံချင်နေအဲသာတွေ က နောက်မှလာတာ ခင်က အခု လိုတာမဟုတ်လား မောင်ရဲ့ ဟု ရင် ထဲမှ ခြေကန်ငြင်းကာ နေ၏။ ကဒ်ကို ချိုးက အိုင်ဖုံးဖိုက်အက်စ်ထဲ ထည့်လိုက်လေသည်




ရန်ကုန် ဖုံ့း ၃

ရက်အနည်းငယ်သာနေသော ကြောင့်မည်သူ့ထံမှလည်းဖုံးမဆက်ဖြစ်. ဖုံးန့ပါတ်ကလည်းခဏခဏပြောင်းလေရာ အားနာသည်။ ကိစများမြောင် လူတို့ဘောင်တွင် တရားမရသောလည်း သံဝေဂရနေသည်. အော် လော က. လော က ဟု သာ ရွတ်ဆိုမိသည်.

ရိပ်သာသို့ ခြေလှမ်းသုံ့းဆယ် လှမ်းနေသော ခင့်အား ကောင်လေးတစ်ယောက်သည် နှောက်ယှက်လေသည် ရန်ကုန်နင့်မယှဥင်္ပါးသေးသောခင်သည် လည်းအချဥိမိသွာသည် မသိင်္ဂီဆိုလား ဘာဆိုလား ကိုယ်ကလည်း ဖုံးသူရဲ လုပ်လာသောလည်း အသက်ကြီးပြီ ဖြစ်ရာ မဟုတ်ပါဘူး ဝယ်ထားတာပါ ဆိုရာဘယ်သူ့ဆီကလည် မေးပြန်၏. အခု ဘယ်ကလဲ ဖုံးမှားပြန်သည် အထာမနပ်သေးချေ. ရိုးသားစွာ ဖြေနေတုံးဖြစ်သည်.

ထိုဖုံးသည် သူ့ ရည်းစားဖုံးဖြစ်ကြောင်း သူကိုပြန်ရောင်းပါရန်တောင်းပန်သည် ကဒ်ချိုးပြီးပါဆိုလည်းလက်မခံ. ရည်းစာက ဖြတ်သွားရာ အမှတ်တရ သိမ်းထားချင်လု့ပါ ဆိုသည်. ခင်လည်း ယုံတုံးဖ်ြစသည် မရောင်းနိုငပါအေ. ငါမနက်ဖြန် ခရီးသွားဘို့ရှိတယ် အချှီအချိတွေ လုပ်ရသည်. သူလည် သဘော်သားဖြစ်ရာ မသွားခင် ဝယ်သွးချင်ကြောင်း နစ်သိမ်းလာပေးထားမည် ဖြစ်ကြောင်း ဖုံးတစ်လုံး ခဏပေးထားမြည် ဖြစ်ကြောင်း သူကို့သာ ကဒ်ပြားလေး ပြန်ပေးရန်တောင်းပန်သည်. ကဒ်ပြားမပေးချင်လည်းအ ရောင်းအဝယ်စာချုပ်ကလေးကသာ ပေးထားရန် ခင်ပြန်သည်အထိ ပေးသုးမြည် ညဖစ်ကြောင်း ခင်ပြန်မှ သူ့ကိုကဒ်ပြန်ပေးရန်သို့မဟုတ်သူက ကဒ်ပြောက်ပြန်လျှောက်မည် ဆိုကြောင်း ရှည်ရှည်ဝေးဝေုး ဆိုသည် သူ့နာမည် လေး ပေး၏ ဖုံးန့ါပါလေး ပေးသည်.. ခဏလောက် လာတွော့ နစ်သိန်းပေးချင်သည် ဆိုသည် ငါးမိနစ်တွေ့ခွင့်ရရန်တောင်းပန်သည် ရည်းစားကို မေ့သွားပြီလားမသိချေ. ဗိုင်ဗာ တွင် အက်ရန် တောင်းပန်၏ ခင်ကာတော့ခပ်မာမာပင် မရောင်းနိုင်ပေါင် နောက်တစ်ခေါက်ပြန်လာမှ ရောင်းမယ် အေးလေ. မနည်းကို လှည့်ပတ်ရှာဖွေဝဝ်ထားရတာ နောက်တစ်ခေါက်ပြန်လာမှ ငါးသိန်းခင်္န့ဖြစ်နေလျှင် ဘယ်နယ်လုပ်မဲ ရောင်းနိုင်ပေါင အခုတော့ရောင်းသေးဘူး ဟု ဆိုသည် ညနေ ဆက်ပြန်သည် မကိုင်သော်မက်စေ့ပို့သည် ရွင် လန်းချမ်းမြေ့ပါစေရန် မေတာပို့ပေးသည် အော် ကိုသူရ ကိုသူရ. အတော် အချစ်ကြီးသူပါပေ။

ခင်ကတော့ သစ်ကိုင်းပေါ်တွင် တက်မခုန်လိုတော့ချေ. ဝိတ် က ပေါင် တစ်ရာမှ ပေါင် တစ်ရာသုံးဆယ်ကျော်. စြဖ်နေလေရာ သစ်ကိုင်းတွေ့က ခုန်တက်လျင် မဖြစ်ချေ. ခင် ကြီတ်ရယ်လေသည်


  

Friday, February 7, 2014

friday

မနင်္ကဖြန် အားတယ် အားတယ် အားတယ် ဆိုသော ဂါတာ ကို တစ်ဖွဖွ ရွတ်. အလုပ်မသွားသေားနေ့ဆိုလျှင် ကိုယ့်ကိုယ်ကို မယုံနိင် .သေချာရဲ့လားအလုပ်မရှိပါဘူးနော် မနက်ဖြန် စနေနေ့ပါ ဘာ ဂှုတီမှလဲ မရှိဘူးနော် ဟုသော စာသားကို တဖွ ဖွရွတ်ကာ နေရသည်.

မနက်မိုးလင်းလျှင်လ ည်း အိပ်ရာက ထလာလျှင် တိတ်ဆိတ်နေသောအိမ်သည် သေချာရဲ့လား ငါအလုပ်မသွားရတာ သေချာပါတယ် နော် ဟု တဖွဖွရွတ်ရပြန်သည်

ကျောက်သင်ပုန်းဝယ်ကာ အိပ်ရာက နိုးသော နေးရာဘေးတွင်ချပြီး ယနေ့ အလုပ်သွားရန် မလိုပါ ဆိုသောစာသာိးကို ရေးထားရန် ခဏခဏ စိတ်ကူးမိသည်. လန့်လန့်နိုးလသာသောကြောင့်ဖြစ်သည်

အလုပ်နင့်အိမ်သည်လည်းဝေးလေရာ. ဖြတ်ကနဲအိပ်ရာက နိုး ဖြတ်ကနဲ့ ဆယ်မိနစ်အ တွင်း မရောက်နိုင်သော နေရာလည်း ဖြစ်သည်မှာ အရူးတစ်ပိုင်းဖြစ်သည် မဆိုသာပေ.

ဆယ်မိနစ်နောက်ကျလျှင် အပြစ်ကြီးတစ်ခုလိုလကိုယ့်ကိုယ်ကို ခံစားရသည် လူတိုင်း အလုပ်လုပ်နေကြပြီဖြစ်သည် ဒီနေ့နောက်ကျတယ်နော် ဟု တစ်စုံတစ်ယောက်က နှူတ်ဆက်လျင် မခံချိမခံသားဖြစ်ရသည်. ဘာမှ မပြောပြန်လျင်လည်း ဆောရီးပြောကာ ဝင် join ရသည်ကိုမုန်းသည်

ပြန်ကာနီး ဆိုလျင် ဘာမှန်းမသိရှူ့ပ်ကြပြန်သည် မေးလို့မြန်းလို့လည်းမ ပြီးနိုင်ကြတော့ ရှင်းပြရွေ့လည်းမဆုံးနိုင် တစ်ယောက်က လာမေးလိုက် နောက်တစ်ယောက်က ထပ်သိချင်လိုက် မိသားစု စုံလင်စွာသာရှင်ပြလို့လည်းမရ တစ်ယောက်ပြီးတစ်ယောက်လာတွေ့ကြလေရာတစ်ယောက်ပြီးတစ်ယောကကို ရှင်းပြရသော ဒုတ်ခသည်လည်းမလွယ်

စကားလည်း သိတ်မလည်ရာ အသာနောက်ဆုတ်နေရသည်မှာလည်းမ ခံချိမခံသားဖြစ်သည် မြန်မာလိုသာရှင်းပြလိုက်ချင်တော့သည် ပြန်ရှင်းပါလားအေ့ ဆိုသော်လည်း ဟင် ဆိုကာ မတောက်တစ်ခေါက်နင့်သာ ဆက်လက်ချီတက်နေ၏.

ဒီလောက်ရှင်းပြကြသော်လည်း ခံစားရသူ သက်ဆိုင်သူတို့မှာ သူတို့နားမလည်နိုင်သော ဘာသာရပ်ဖြစ်လေရာ သိချင်သည်များမဆုံးနိုင် သိပြီးရင် သိချင်ရင်း. ရှင်းပြပြီးသားလည်း သိလား ဟု မေးလျှင် မသိသလိုနေ၏. ထပ်ရှင်းပြသည်ကို ကြားချင်ရွေ့ဖြစ်နိုင်သည် . ကိုယ့်တာဝန်မှာ ရှင်းပြရမည် ဖြစ်ရာ သူနားမလည်ဘူးဆိုလျင် ကိုယ်ရှင်းပြသည်မှာ မကောင်းသောကြောင့် မလည်ရွေ့ဖြစ်သည်. နားလည်အောင် မရှင်းပြ လျှင် ကိုယ်မှာ တာဝန်ရှိ၏ ရှင်းပြ ပြီးပါပြီ ဖြစ်ကြောင်း သကသေရေးရသည်မှာ မကောင်းမ ကောင်းသော်လည်း ရေးရလေသည်. တစ်စုံတစ်ယောက်များ လဲသွားပြီ ဆိုလျင် တော့နာရီမကြည်နင့်တော့.......