သိတ်ဆာလှသည်တော့မဟုတ်. ပျင်းရိသောကြောင့် မြန်မာဆိုင်တစ်ဆိုင်ကိုဝင်လိုက်တယ်။ အတော်စည်ကားပါတယ် တော်တော်ကြီးလဲဆုညံတယ်။ အရက်ကို ဘီယာတင်မက ကိုယ့်ပုလင်းပါ ကိုယ်ယူလာပြီး သောက်သူတွေ ရှိတယ်။ ဘီယာပုလင်းတွေကလည်းအေးစက်လို့နေတယ။် ပွဲလဲစည်သလိုလူလဲ စည်တယ်။ လူတွေ လဲစကားသံတွေ ဆူညံလို့တယ် .ဆယ်ကိုးလမ်းက အရက်ဆိုင်များရောက်သွားသလား ဘီယာဆိုင် အကင်ဆိုင်များလားလို့ အောက်မေ့မတယ်။ ပုံမှန်အားဖြင့်တော့ထိုဆိုင်တွင် သိတ်ထိုင်လေ့မရှိ.. ခေါက်ဆွဲကြော်...... ထမင်းပေါင်းကောင်းကြောင်းတစ်ယောက်က ညွန်းဆိုထားသောကြောင့်...
မီနူးလာချသည်. ဘာမှ ဖွင့်ဖတ်စရာမလို. ခေါက်ဆွဲကြော်တစ်ပွဲ မှာလိုက်သည်. အအေးတော့သောက်ချင်စိတ်မရှိ.. သောက်ရသည်မှာလည်း ဈေးကြီးသလို ခံစားရသည်.။ ရေသာသာ အအေးများကို. ဈေးကြီးပေးသောက်နေ ရသည်. ။ထောပါတ်သီးဖျော်ရည်ဖာလူဒါများမှာ ဈေးကြီးလှသည်.
တော်တော်နင့်မလာ...ကိုယ့်ဘေးကစားသူမှာ ထမင်းပေါင်းတစ်ပွဲကိုစပြီး. စားပြီးရုံမက. ဖျော်ရည်ပင် သောက်သွားပြီးဖြစ်သည်. နဲနဲတင်းလာသည်. ဇွန်းခရင်းချသွားပြီးသည်မှာလည်းအတော်ကြာပြီ. မရသေးလားဟုမေးမိသည်. ဟုတ်ကဲ့ဟိုဘက်ဝိုင်းတွေ ကများနေလို့ပါဟုဖြေသည်.
နဂိုကတည်းက ဘေးဝိုင်းများ၏ မှာကြားချက်များကို သုံးသပ်ကြည့်ရာ ရာဂဏန်းကျော်မည်ဟု သုံးသပ်မိ၏။ ကိုယ်လို လေးကျပ်တန်ခေါက်ဆွဲတစ့်ပွဲ ထည်းမှာသောကြောင့် အရေးမစိုက်လိုဟုခံစားလိုက်ရ၏. သိမ်ငယ်စိတ် ဝမ်းနည်းစိတ် ဒါဆိုရင်လဲ မချပါနဲ့တော့တစ်ခါထည်းဘဲ ထုတ်လိုက်ပါဟု မှာကြားမိ၏.
ခဏနေမှ စားပွဲသို့လာချသည်. စားလိုစိတ် မရှိတော့. ထုတ်ပေးရန်သာ ပြောမိ၏. ဖြစ်နိုင်လျှင်ထထွက်သွားလိုသည်. လူယဉ်ကျေးဖြစ်ရွေ့ယူလာခဲ့သည်. သူငယ်ချင်းဆိုင်တွင် ခဏထိုင်စားသည်. စားလို့မရတော့.......... အမျှိုက်ပုံးထဲသို့ထည့်လိုက်မိသည်. နောင် ထိုဆိုင်သို့မည်သည့်အခါတွင်မှဝင်တော့မည်မဟုတ်. ကျွန်ပ်သည် လေးကျပ်တန်စားသော်လည်း လေးကျပ်တန်တော့မဟုတ်ပါချေ.။