Wednesday, October 31, 2012

ဘာဂါယောကျာ်း.

ခဥမသည် အသက်ကြီးကြီးမိန်းမကြီးဖြစ်သည်. ။  ရုပ်ကလေးအတန်အသင့်နုသည်. compare with ရွယ်တူများ.။။ ရွယ်တူ အချို့ဆံထုံးထုံး. လုံချည်အဆင်များဝတ်.ချိန်တွင် ဆံပင်လေး rebonding လုပ်ခါ ခွေကာ လိပ်ကာ. ခါကာခါကာ နှုတ်ခမ်းနီပါးနီဖြင့် လိုက်တင်ပေးကာ ဓါတ်ပုံ၇ိုက်လိုက်လျင် နုသလိုဖြစ်သွားလေသည်။ ထိုပုံအချို့ကို သူမသဘောကျသူအချို့နင့်သူမကို လာပြီး ခင်ရယ် သိတ်သတိရတာဘဲ အိပ်မက်ထဲထည့်မက်တယ်တို့ ဘာတို့သိတ်သတိရတာဘဲ ဒီနေ့တို့ဘာတို့ လာပြောက စိတ်ပျော့ကာ ဓါတ်ပုံပို့တတ်သည် မိန်းကလေးများမပါ. ။. ပြီးလျင် မည်သူ့ကိုမျှမပြနဲ့နော်. ငါအားလုံးကို ပြပြီးဟု ဆိုကာ နှူတ်ပိတ်တတ်သည်။ သို့သော်လည်း တစ်ယောက်ထံမှ သတင်းပေါက်ကြားလေသော်ခဥမ ဂွမ်းလေသည်.။ လောကကြီးသည် ဆိတ်ကွယ်ရာမရှိချေ.။ ကံအားလျော်စွာ ချက်တင် သိတ်မလုပ်တ်တသောကြောင့်တော်သေးသည် ခဥမချက်တင်လုပ်ရသည်ကိစိတ်မရှည် ပြောချင်လျှင် ဖုံးဆက်ကာ ပြောသည်။ ကိုယ်ရည်သွေးသောခဥမစာဖြစ်လေသည် စိတ်ကုန်ဘွယ်ကောင်းလေစွ..























































သို့သော်ငြားလည်း သူငယ်ချင်း များစွာရှိသောခဥမအဖို့မှာ less than 10  လောက်တော့ချစ်ခင်ခွင့်ရှိချင်ပါသည.်ငါတို့မပါပါလားမေးရင်တော့နီတို့ကမှမတောင်းတာအေ ဟု ဖြေရုံသာဖြစ်သည်. မိန်းကလေးတစ်ယောက်ကို ချဉ်းကပ်မည်ဆိုလျင် ခင်အောင်အရင်ပေါင်းရပသည် ခင်သွားလျင် အိုကေပြီဖြစ်သ်ည ခင်ဘို့ဆိုသည်မှာ မိန်းမများပြောသော အရေမရအဖတ်မရများကို ဘယ်ဘက်မှဝင်ကာ ညာဘက်မှ ထုတ်နိုင်သောအရည်ချင်းရှိလျင် ရသည် မိန်းမများသည် စကားများသည် ပြောချင်ဆိုချင်ကြလေသည် သူရို့ပြောတာကို သေချာနားထောင်ပေးလျင်ခင်ပြီသာမှတ်ဖြစ်သည်။ ဒါမှမဟုတ်လဲ တစ်ခါတလေ အလကားနေရင်းကျိတ်ခင်သည် . သူရို့ကုသိုလ်ပင်ပ။































ဝယ်မလောက်ထဲတွင် စတပ်ဘလာပါသည် ဝယ်လိုက်ပျောက်လိုက် ဟိုနားချထားလိုက် ဒီနားချထားလိုက် ရပ်ကွက်တစ်ကာသွားနေရသူအတွက် ဘယ်နားထားခဲ့မှန်းမသိ.ဘီးမှာလဲအလကားနေစိတ်ကူးပေါက်တိုင်းဝယ်လေသည် ဟိုနားတစ်ချောင်းဒီနားတစ်ချောင်း လက်ညိုးညွန်ရာဘီးဖြစ်စေသည်။





























ထိုအိတ်ကလေးကိုဖွင့်လိုက်လျင် လက်ဆွဲ အိတ်ကလေးဖြစ်သွားသည် မဖွင်္င့ပြဖြစ်သေးပါ။ နားကြပ်လဲဝယ်သည်.။ ကွန်ပြူတာတွင် ထိုးကြည့်ရန်ဖြစ်သည် သီချင်းနားထောင်လျင် နားထဲရောက်ရန်ဖြစ်သည် မဟုတ်က တိတ်ဆိတ်နေသောည အသံထွက်သွားမည် အရင်နားကြပ်တစ်ခုပျက်သွားသည် အတိုင်းမပါသောကြောင့်တော်ပါ့မလားစိတ်ပူနေမသည်။





























ဇွန်းခရင်း ဝယ်သည် အည့်သည်မလာပါ။ လာလည်းပန်းကန်နစ်ချပ်ဘဲရှိသည်။ စားပွဲတောင်မရှိသောကြောင့် ဘာဂါဆိုင်တွင် မရှက်မကြောက်ပစည်းများကို ဒါတ်ပုံရိုက်လာခြင်းဖြစ်သည်။

 


























ငယ်ငယ်တုံးက ဘွဲ့ယူတုံးက ရီဟာဇယ်တုံးက ပုံများထွက်လသည် အလယ်ဘန်ထဲ ထည့်မည်။ ကျောင်းသားဘဝက ပုံများပျောက်သွားသည်မှာ နမျောစာကောင်းလျသည် နိုင်ငံခြာားလာစဉ်က ကိုယ်ပိုင်ပစည်းဘီဒိုတစ်လုံးမှာ. ခဥမ မရှိခိုက်. ရပ်ကွက်ပြောင်းရာ ပစည်များများသောကြောင့်ဘယ်နားရောက်သြွးသည်မသိ ရှာမရတော့ချေ.။ အခွေ အလွတ်များထည့်ရန် ဝယ်သည်။ 



 























ဒါဘာဘဲဖြစ်သည် . စိတ်အနည်းငယ်တိုနေသည်။ ယောကျာ်များ အချို့ကိုဖြစ်သည်.။  သင်သည် မိန်းမများချစ်ခင်သည် ကိုလိုလားပါက မပြောပါနင့်ဆိုလျင်မပြောပေးဘို့လိုသည်. မပြပါနြဲ့နော်ဆိုလျင်မပြါပေးဘို့လိုသည.် မိန်မးများသည်သိတ်စိတ်ကောက်တ်တကြသည်။ အချို့ယောကျာ်းများကြတော့လဲလုံလိုက်သည်မှာ. စမ်းလို့ပင်မရ...... ဘယ်အပေါက်ကဝင်ရမည်မသိ ။ အော်ဒုတ်ခ ဆရာမကြီခဥမသည် ယခုတစ်လောစိတ်ညစ်လေသည်. သူမနိုင်သောယောကျာ်းများ ကိုတွေ့နေသောကြော်င့ဖြစ်သည်........... အမည်မသိ. လိပ်စာမသိ... လူမသိဘဲနင့်ခင် ........ဟိုလူနဲ့လဲခင် ..................ဒီလူနဲ့လဲခင်..................... ဒါကြောင့်မို့လဲ ခင်တွင်လေ၏။


 




ဘာဂါစားမည် စိတ်ကူးသည် ဒီတစ်ပါတ်မစားရသေး.... ဘာဂါဘဲဆိုလျင်စလုံးခြောက်ကျပ်နီးပါ. (လေးထောင်ကျပ်ခန့်) ဝမ်းဆက်ဆိုလျင် (ဘာဂါ +အာလူးကြော်+အအေး) ရှစ်ကျပ်  နီးပါ. (ငါးထောင်ကျော်ကျပ်) ညပိုင်းကိုကာကိုလာမသောက်ချင်တော့နဂိုကမအိပ်သည့်အထည်းပိုမအိပ်ဖြစ်သမည်။ အာလူးကြော်ယခုတစ်လောမကြိုက်. ကြက်သွန်သွန်ကြော်စားသခည် စားသည်မှာ ထိုင်စားမှ အရသည်ရှိသည် အိမ်သည်သွားလျင်ပျော့မည်ဖြစ်ရာမစားလိုတော့သောကြောင့်ဘာဂါ only ဟုသာပြောဝယ်လာသည် ယခုစားမည်။





































ရေခဲမုန့်ကလေးမှာစားချင်စရာကောင်းလှသည်. စားချင်သည်စားချင်သည် မျက်စေ့လွဲမရ........ စိတ်ဖြတ်ရသည်.

Monday, October 29, 2012

သီတင်းကျွတ်. ရေကျော်။

မနက်ဖြန် ဆိုလျင် သီတင်းကျွတ် လပြည့်နေ့ဖြစ်မည်. မနစ်က ရန်ကန်ုမှာ ရှိသည် ဒီနစ်စကာပူမှာရှိသည်ပျော်စရာကြီးပေါ့တစ်နစ်တစ်နေရာနေခွင့်ရတာကံကောင်းသူလေးဖြစ်သသည်. လွမ်းသည် လွမ်းလျင် လ်ွမ်းမည်ပေါ့ ဘာဖြစ်လဲ လွမ်းပါသည် အများကြီးလွမ်းပါသည် မနစ်က ဓါတ်ပုံများကို ပြန်ကြည့်သည်ဒီနစ်လဲ ဒီအတိုင်းဘဲ နေမှာပါလေ. ရှိတဲ့သက်ပြင်း ဆွဲချက ဖြေတွေး ဟော စောစောက မိုးရွာတာတောင်ကြားမိသေး ရန်ကန်ုမိုးများပွဲဖျက်တော့မလား ဖျက်ချင်ဖျက် မဖျက်ချင်နေ. လွမ်းချင်သူကတော့လွမ်းပါမည်. 










































ခဥမသည် လူက စလုံးအိမ်တွင် ထိုင်နေသော်လည်း. ခဥမစိတ်သည် ရေကျော်သို့ရောက်သွားလေ သည်. ပျော်တတ်သူမို့လူကြားထဲတွေင်ပျော်ပါသည်။  ခြားကြီးကြည့်ကာ ပျော်သည်. မစီးရဲသော်လည်းပျော်သည် စီးရဲသူများကို အံသြဘနန်းပျော်သည်။



မောင်အေးဘေးတွင် တစ်ခု ဗိုလ်ချုပ်လမ်းပေါ်တွင်တစ်ခုဖြစ်သည်။ စည်ကားလေသည် မိုးချုပ် ညကိုးနာရီမှ လာသောခဥမသည် လူမတိုးရတော့ချေ. တိုးချင်သော်ငြားလည်းအတော်နောက်ကျနေဘီဖြစ်သည်။





မုန့်ဆိုင်မျာိးကု ကြည့်ရသည်မှာ ပျော်သည် ဘာပျော်စရာရှိလို့ဒုံးဟု မခံစားတတ်သူများက မေးလျှင်တော့အသာနေပါအေ ဟု ဆိုကာ ဆွဲဆိတ်လိုက်မည်ဖြစ်သည်။






ပန်းချီကား ဆွဲ နေသောလူကြီးကု သဘောကျသည် ကမှာတလွားစင်တင်ပြီး ယူကျုတင်လိုက်ရလျင် ငါတို့မြန်မာကွဆိုက ဂုဏ်ယူနိုင်သေးသည်. စကူဖြူတစ်ချပ်သည် ချက်ချင်း ပန်းချီကားတစ်ချပ်ဖြစ်သွားလေသည်။ နန်းခင်ဇေယျာကို ဗုတ်နိုင်ကျသော်လည်း နောက်လူများကို သိတ်ဗုတ်နိုင်ကျတော့ပုံမရချေ. ကောင်မလေးကံကောင်းသည်. မြန်မာတို့သည် အသစ်အဆန်းအချောအလှကလေးတစ်ခုကိုအားရပါးရ ဝိုင်းနိပ်လိုက်ကြသည်မှာပျော်သွားကြပြီး လက်အံကုန်သွားကြပြီထင်သည် မည်သုမည်သို့တို့တို့သိတ်လှူပ်နိုင်ကြပုံမရချေ.။





ကောက်ညှင်းကျည်တောက်ကြီးများကြည့်ရသည်မှာ အားရစရာကောင်းလှသည် စားမည် စားမည် အားလုံးစားမည် ဈေးလည်းသက်သာသည် နစ်ရာကျပ်သုံးရာကျပ်ထင်သည်. အဖြူလည်းစားမည် အမဲလည်းစာမည် သိကြာလဲးထည့်မည် အုန်းသီးခြစ်ကလေးများလည်းထည့်မည်..




မနု့်မျှိုးစုံ အစုံဝယ်မည် စားချင်းသောသူများစားချင်စားမစားချင်နေ တစ်ခုစီတစ်မျိုးစီလျောက်ဝယ်မည်။  အမျိုးများကို ပေးမည် အမျိုးများကလည်းဝမ်းသာကြပေမည်။






သူများတွေ မြင်ကုန်ရင် ရှက်စရာကြီုးဆိုမလား မရှက်ပါဘူးအေ. ငါတို့မဆင်းရဲပါဘု. ဒီလိုမုန့်မျိုးလေးက ဒီလိုစားရတာ အရသာရှိတာ နီတို့မစားဘူးပါဘူးဟု ပြန်ပြောလိုက်မည်. ပုဇွန်ကြော်ကြီးများကို ဆလပ်၇ွက်အများကြီးထည့်ခိုင်းပြီးစားမည် ရေနွေးပူပူသောက်မည်.



လမ်း ၅၀ လား ၄၉ လမ်းလား. ဗိုလ်ချုပ်လမ်း ရေကျော်ဈေးအနီးတွင်  လမ်း ဒေါင့်နားလေးတွ င် အရင်က လေးဆယ့်ခြောက်လမ်း က အမျိုးများေ ရာင်းသော မုန့်ဟင်းခါးဆိုင်ရှိသည် သိမ်းနေသော ဆိုင်ကို မျက်နာပြကာ မှတ်မိတယ်ဟုတ်. စားချင်လို့ ရှိတာလေး ကြံဖန်ပေးပါ ဟုဆိုကာ စားရသော မုန့်ဟင်းခါးတစ်ခွက်သည် လွမ်းသူ့ကို လွမ်းစိတ်ပိုလေသည်.  ခဥမ သည်  Verbery hill သို့မသွားလိုပါ. . မြန်မာပွဲတော်လေးများကို လွမ်းဆွတ်နေသူသာဖြစ်သည်. ပြန်ပါလား ဆိုရင်တော့  .. အဟ. အဟ. တစ်နေ့တော့ခင်ပြန်လာပါမည်။





Sunday, October 28, 2012

ငါးခူမွှေ

ဝယ်သည်. ဝယ်ထားသည် ငါးခူ. ငါပုဏား.။ ငါးဘတ်. ငါးဖယ်။ ပုဇွန် အသေးလေးပုဇွန်ဆိတ် ပုဇွန် အကြီးကြီး
ဘာချက်ရပါ့။

ငါးခူထုတ်လိုက်သည်.
ငါးကြီးကို  ကြည့်ရသည်မှာ စိတ်ညစ်စရာကောင်းလှသည.် အကောင်ကြီးများကို မကြည့်လိုတော့. အသေးလေးများသာ မြင်လိုသည်. ခဥမသည် စာရေးဆရာများကို အားကျရာ မင်းသိခ်င်္ကြောင့်မပြုံးတတ်တော့. ကိုယ့်ရင်ထဲက ခံစားချက်တွေ ကို သူများမသိအောင်နေရမယ်ဆိုသော ညွန်ကြားချက်ကြောင့် ပျော်လည်း ဒီမျက်နာ ဝမ်းနညးလည်း ဒီမျာက်နာ ဖြစ်သည်. ဂျုးထင်သည် အသားကို သေးသေးလေးတုံးမှသာစားနိုင်ကြောင်းဖတ်ခဲ့ဘူးသည်. ခဥမသည် အသားကြီးများကို စားမရတော့ချေ.။

ခဥမ မောင်လေးသည်ထူးမခြားနား မြွေမကိုက်စေချင်လျင်   မြွေ ပါသော အရာများကိုေ၇ှာင်ရမည် ဆိုရွေ့ ရှောင်လေရာ ပဲလင်းမြွေ. ငါးမွှေထိုး.ငါးဘတ်မြွေ.. မြွေပါသမျှ မစား........

ငါးခူကြီးများသည် သိတ်မကြီးသော်လည်း မစားချင်.ပထမတော့ငါးခူကို ကြော်မည်စိတ်ကူးသည် ငါးခူကြော်တော့ကြိုက်သည် အခြောက်ကြိုက်သည်မဟုတ်လား မောင်က အခြောက်မကြိုက်. . အရည်လေး ဆီပြန်လေးမှ ကြိုက်သည်. ဒါဆိုလျှင် ငါးခူကြော်ပြီးရင် ငရုတ်သီး အကြမ်းမှူန့်များများနင့်. ကြက်သွန်နီနင့်. ပြန်ကြော်လျှင် ကောင်းမည်ဖြစ်သည်. အပြောတော့ကောင်း. လက်ဝင်သည် ငါးကို ကြော် ကြက်သွန်နီဖြူကြော် ပြန်ကြော်. ပျင်းစရာကော်းလှသည်.

ထိုသို့ဆိုလျှင်......................

ငါး ဘတ်မြွေ ကဲ့သို မွေလိုက်လျှင် မြန်မည်။ ဆီပြန်လေးလည်းရမည်. အင်း မွေမည်ပေါ့.။။။။။။။။

ကြက်သွန်နီနည်းနေသည် အောက်ဆင်းဝယ်ရမည်မှာ ပျင်းစရာကောင်းလှသည်။  လောကကြီးသည် ပျင်းစရာကောင်းလှချည်တကား . ။


ရှိတာနဲ့ဘဲချက်တာပေါ့. ရှိသော ကြက်သွန်နီဖြူ ၈ျင်း ထောင်းထုက ဆီသတ်ကာငါးများကို ထည့်သည် မွေသည် မွေလို့်မရသေး. ရေထည့်သည် နူးလျင် မွေလို့ရမည်ထင်သညည်။ နူးသော မွေသည်. ကြေသွားသည်. အရိုးများစွထွက်သည် ညှီနံ အနည်းငယ်ရသလို ထင်သည် ဂျင်း နနဲနဲ လှီးထည့်လိုက်သည် မထူးခြားသေး ကလာလေးမ ဆာလာ တစ်ထုတ်ဖောက်ထည့်လိုက်သည် ရွဲ ရိုရွက်ကလေးများရှိရင်ကောင်းသား........... စပါးလင်လေးများရှိလျှင်ကောင်းသာ.းစဉ်းစားသည်. အမေ ချက်တာ ကောင်းသလောက်. ခဥမ သည် ကိုယ့်ဟင်းအိုးကိုယ်ကြည့်ကာ စိတ်ညစ်လေသည် မသွန်ပြစ်မိရန် စိတ်ထိန်းထားရသည်. ။ 

အမေ့ကျေးဇူး သတိရလေသည်..................................။။။