Saturday, March 29, 2008

taxi

ဟုတ်ကဲ. မလေးရှားမှာ အလုပ် လုပ်ပါတယ်။ ဘာလုပ်ပါသလဲမေးရင် ပန်းကန်ဆေးတယ် လို.ဖြေရင်ဖြေမှာပါ..နိုင်ငံခြားရောက်ပြီးမှ အရမ်းကို ပြောင်းလဲလာပါတယ်။ မြန်မာပြည် မှာတုံးက ဆိုရင်နဲ.ဘာ မှမဆိုင်ပါဘူး။ ဟိုတုံးကဆိုရင် မေးသမျှ ကို အမှန်တွေ ကြီးဘဲ ဖြေပါတယ်. ရိုက်စစ်စရာ မလိုပါဘူး။ အခုကတော. ကိုယ်ပြောတာကို ဘာမှ မယုံပါနဲ. အမှန်နဲ နဲ ဘဲပါ.ပါတယ်။
သတိပြူမိ သလောက်ဆိုရင် မလေးရှား ကားဆရာ တွေဆယ်ယောက် မှာ ရှစ်ယောက်က ခရီးသည်ကို စကားပြောပါတယ်။ ဖော်ရွေတယ် လို. ပြောနိုင်ပေမဲ. ကိုယ် ကတော.မကြိုက်ပါ. ကိုယ်မှ မပြောချင် တာ သူ က တစ်ခွန်းပြီး တစ်ခွန်းမေးတာ တွေကို စိတ်မရှည်နိုင်ပါ. မေးတဲ. မေးခွန်းတွေကလဲ ထပ် နေပါပြီ.။ ဘယ်နိုင်ငံ ကလာတာလဲ. Philippine လား Thailand လား India ကလား။ စိတ်ကူး ပေါက်တာတွေ ဖြေ လိုက်တာပါဘဲ. Philippine ကပါ. ဘယ်မြို.ကလဲ. Manila မြို.တော်ကပေါ.. အရင်ကတော. အမှန်တွေ ကြီးဘဲ ဖြေပါ.တယ်။ ကြာတော.လဲ စိတ်မရှည်တော. ဘူ။း ပေါက်တတ်ကရ အကုန် ပြောတော. တာပါဘဲ. ဒါနဲဘဲ။ အမျိုးသားလဲ မြန်မာ ဖြစ်လိုက်. စင်္ကာပူဖြစ်လိုက်နဲ.ပါဘဲ. ။ ကလေးလဲရှိတဲ. အခါရှိ. မရှိတဲ. အခါလဲ မရှိ. .။ ရှိတယ်ဆိုလဲ မပြီးသေး ဘယ်နှစ်ယောက်လဲ မေးပြန်တော.နှစ်ယောက်ရှိတဲ. အခါရှိ. သုံးယောက်ရှိတဲ. အခါရှိ။။
စင်္ကာပူ ကားဆရာများကတော. ဆယ်ယောက်မှာ နှစ်ယောက်ကဘဲ စကားပြောပါတယ်. စကားမများတဲ. ကားဆရာ ကို ကြိုက်တယ်. ကားစီးတာ ဇိမ်ခံစီး လို.ရတယ်. ဟုတ်တယ်လေ. အခုစင်္ကာပူမှာ အငှားကား ကို အလကားနေ ရင်း မစီး နိုင် တေားဘူး ဈေးကြီးလို. အရင်တုံးကဆိုရင် အချစ် လစ်ရင် လစ် သလို အငှားကား ကို ခိုးစီးတယ်။ (အချစ်က ကပ်စီးနည်းတယ်)။ အခုက ကိုယ်ကို တိုင် က ကို မစီးရက် ဘူး ဖြစ်နေတယ်။ အရင် စီးတဲ. စလုံး တစ်ဆယ် ပေးရတဲ. လမ်း ကို အခု စလုံး တစ်ဆယ်ငါးကျပ် လောက် ကျ နေတယ်။ အခုဆိုရင် မစီးတာ တောင် အတော်ကြာပေါ..ရထားနဲ. ဘတ်စ်ကားနဲ.ဘဲ ခရီးသွားနေတယ်။




3 comments:

Unknown said...

ဒီနေရာမှာ ကျွန်တော်နဲ့ ခံယူချက်ချင်းတူသွားပြီ။ ကျွန်တော်လည်း ရန်ကုန်မှာ တက္ကစီ စီးရင် စကားပြောတဲ့ ကားဆရာတွေကို စိတ်ညစ်တယ်။ (များသောအားဖြင့် အဆင်မပြေတာကို ညည်းတယ်။ ရန်ကုန်မြို့စုတ်ပြတ်သတ်နေတာကို ဝေဖန်တယ်။ အစိုးရ မကောင်းကြောင်းပြောမယ်။)
ကားစီး၊ ရထားစီး ခရီးသွားတဲ့အခါ ပြတင်းပေါက် အပြင်ကိုငေးပြီးတွေးနေရတာ ကြိုက်တယ်။ လူစိမ်းတွေနဲ့ စကားမပြောချင်ဘူး။
(ဒါနဲ့များတောင် ဂျာနယ်လစ်ဖြစ်လာသေးတယ်။ အံ့သြစရာပဲ)

Andy Myint said...

စင်္ကာပူက တက္ကစီသမားတွေလည်း စပ်စုတာပဲ။ ပြီးတော့ ဘာလုပ်လည်း IT လုပ်တယ်ဆို တချို့က သိပ်မကျေနပ်ချင်ဘူး။ သူတို့ နိုင်ငံမှာ ဗမာကလာပြီး IT လုပ်တယ်။ သူ့တို့ကတော့ ကားမောင်းနေတယ်ဆိုပြီး။ ဒါတောင် IT ပဲ ရှိသေးတယ်။ ဆရာဝန်တို့လိုမျိုးဆို ဘယ်လိုနေမလဲ မသိ။ အဲဒါကြောင့် နောက်တော့ ဘာလုပ်လဲဆို ပေါက်ကရ လျှောက်ပြောတယ်။

ThuHninSee said...

ပို့စ်တွေ အစအဆုံးပြန်ဖတ်ကြည့်နေတယ်။
ရီရတယ်။ ဟုတ်ပ Taxiစီးရင် အင်တာဗျူးဝင်ရတာ ကျနေတာပဲ။ စပ်စုကြတယ်။