အမ်းတောင်ကြား
အမ်းတောင်ကြား ကို တာဝန်နဲ့ပြောင်းရမယ် ဆိုတော့ ဘယ်လို သွားရမလဲ လို့ ရုံးချူပ် ကို သွားမေးပါတယ်။ သူတို့လဲ မသိဘူး။ ကိုယ့်ဘာ သာ ကိုယ် သာ မေးမြန်းပြီး သွားလို့ ဆိုပါတယ်။ အဲဒါ နဲ့ ဟိုလှည့်ဒီလှည့် ရက် အတန်ကြာ ဖြုံ့န်းပြီးတဲ့ သကာ လ နည်း လမ်း အနည်း ငယ် တော့ သိလာပါပြီ။
နောက်ဆုံး ၁၀ မိုင် က ကားဂိတ် ကို အစ်မနဲ့ သူ့ အမျိုးသား က လိုက်ပို့ ကြပါတယ်။ မကွေးကား ကို စီးရပါတယ်။ ညနေ စောင်းဘဲ။ ကိုယ် ကတော့ ရောက် လေ ရာ အရပ် မှာ ပျော်တာ ဆိုတော့ အေးအေး ဆေး ဆေး ပါဘဲ။ တစ်ယောက် ထဲဘဲ။ Kmsl က စလုံး မှာ အလုပ် လုပ် နေပါပြီ။ ညဘက် ကားကြီး ကထွက် လာ အေးအေးဆေးဆေး လမ်းမှာ စားလိုက် သောက် လိုက် နဲ့ဘဲ မနက်ဘဲ မကွေး ကို ရောက်ပါတယ်။ နနက် ၄ နာရီလောက် မကွေး ရောက် တာ မှာ တော့ နဲနဲ ပြာ သွားပါတယ်။ အဲဒါလည်း ရပါသေးတယ်။
မကွေး ကားဂိတ် ကနေ မင်းဘူး ကို ကူးဘို့ မော်တော်ဘုတ် စက် လှေ ဆိပ် ကို ဆိုက်ကားနဲ့ သွားပါတယ်။ မကွေးမြို့ ကလည်း အသင့် အတင့်စီပါတယ်။ ကိုယ်တို့ ရန်ကုန်သူ မျက် စိနဲ့ပေါ့လေ။ ကဲ မော်တော်ဘုတ် စီးပါပြီ။ မြစ် ကြီး ကို ဖြတ်လို့ နဲနဲ တော့ အသည်းယား လာပါပြီ။ ကိုယ် ရေမကူးတတ်ဘူး။ ငယ်စဉ် ကာ လ က ချောင်းထဲမှာ ခွေး ကူး ကူးခဲ့ တာ လည်း ကြာလှပြီ။ ကူးတတ် တော့မယ် မထင်ဘူး။
မင်းဘူးရောက်တော့ ဘာလုပ် ရမလဲ မသိ။ ဟိုယောင် ယောင်ဒီယောင် နဲ့ ။။ အဲဒီ မှာ ကိုယ်တို့ရဲ့ မြန်မာ လူမျိုး များ က ထုံးစံ အတိုင်း ကူညီချင်ပါပြီ။ ကဲ သူတို့ အိမ် ကို ခဏ လိုက်ခဲ့ပါ။ ရေမိုးချိုးပါ။ အနားယူ ပါ ဆိုပြီး ခေါ် ပါတယ်။ ရိုးသားပုံ ရတာ မို့လို့ နဲနဲ ကြောက်ပေမဲ့ လိုက် သွားပါတယ်။ တကယ် ရိုးသားပါတယ်။ သူတို့အိမ် ခြေတံ ရှည် မှာ အနားယူခိုင်းပါတယ်။ အမ်းတောင်ကြား ကို သွားမဲ့ ကား က ညနေ မှ ထွက် မှာ မို့လို့ သူတို့အိမ် မှာဘဲ ရေချိုးခိုင်းပြီး ထမင်း ကျွေးပါတယ်။ ရေ ကလည်း ရှားပါ့။ တကယ့် ကို ပုံးကလေးနဲ့ နဲနဲ ဘဲ ရှိတာပါ။ အဲဒါလေး ကို မနည်း ချွှေတာ ပြီး သုံ့းထမင်းလဲ အားနာ စွာ နဲ့ စား။
ကိုယ်လဲ သတ်တိ က နဲနဲ တော့ပျယ် လာပါပြီ။ တယောက်ထဲ ထမင်း ထွက် စားဘှို ထမင်းဆိုင်တို့ တည်း ခိုခန်းတှို ကို ရှာ ဘှို့ နဲနဲ တွန့်နေပါပြီ။ မင်းဘူး က ကိုယ်တို့ရုံးခွဲ ကို သွားကြည့်တော့လည်း ကိုယ့်မိတ်ဆွေ က ရန်ကုန် ပြန် လို့ မရှိ တဲ့ အချိန်ဖြစ်နေပါတယ်။
ညနေစောင်းတော့ တခါ အမ်းကားဂိတ် ကို သွားကြည့်တောကလည်း ကား ကထွက် မဲ့ အရိပ် အယောင် မရှိပါဘူး။ မိုးချူပ်မယ် လို့ဆိုပါတယ။် ဘာဖြစ်လို့ မိုးချူပ် မှ ထွက် တာလဲ ဆိုတော့ တနေ့လုံး ပစည်း လိုက်ကောက် ရတာ တစ်ကြောင်း တောင်တက် လမ်းမို့လို့ ကားက ဖြည်းဖြည်းဘဲ တက်နိုင်လို့ အင်ဂျင်တွေ သိတ်ပူ လို့ အေးတဲ့ ညဘက် ကို တက် ရတာ လို့ဆိုပါတယ်။
ကဲ ကား ဆိုလို့ ကြည့်ကြစှို့။ ဘာ ကားလဲ ဆိုတော့ ဆယ်တန် ကုန်တင်ကားပါး ခရီးသည် တင် ကားမတွေ့မိဘူး။ အဲဒီမှာ နောက် ခန်း မှာ ကုန်တွေ နဲ့ ခရီးသည် များလိုက်ပါ။ ဒရိုင်ဘာ ဘေး က နေရာ လေး များ မရနိုင်ဘူးလား။ ဆိုတော့ လူကြီး အတွက်ဖယ်ထားပါတယ်။ လူကြီးမလာရင် ရမယ် လို့ ဆိုပါတယ်။ လူကြီးရယ် မလာပါစေနဲ့ ဆိုပြီး ဆုတောင်းရပါတယ်။
နောက်ဆုံးတော့ လူကြီး လဲ မလာ ကိုယ်လည်း ဆယ်တန် ကားကြီးရဲ့ ဒရိုင်ဘာ ဘေးမှာ ဗွီအိုင်ပီ seat ရပါပြီ။ ကားကြီး လည်း ညနေ ၆ နာရီ လောက် မှာ စထွက်ပါပြီ. နေညို တာ တော့ မှောင်ရိပ် သန်းတော့တာပါဘဲ။ အစ ပိုင်း ကတော့ မဆိုးပါဘူး။ လမ်း ကလေးလည်း သာသာယာယာ ။ တော်တော်လေးကြာတော့ ကားဆရာကြီး က နေရာ တခု ပြပြီး ဒီလမ်းခွဲ က မင်းဘူး ကနေ ရွှေစက် တော် ကို သွားတဲ့ လမ်းခွဲ လို့ ပြ ပါတယ်။ ပြီး မှောင် လာတာနဲ့ အမျှ ည ကလည်း နက် လာ။ လမ်းက လည်း မိုက်လာ။ နောက် ဆုံး ကား ကြီး ကို မောင်းတဲ့ ဒိုင် ခွက် ကို ကြည့်တာ တနာရီ ကို ၅ ကီလို မီတာ နှုံး ပြနေတယ်။ အန် မတန် မ ကို နှေးတဲ့  နှူံ့ပါဘဲ။ လမ်း ဆင်းလျှောက်ရင် တောင် မြန် မလားလို့ အောင် မေ့မီတယ်။ လမ်း ကလည်း ကွေ့ အကောက်များက လည်း များပါဘိ။ ဇောက်ထိုး ဆင်း မလားလို့လဲ တခါ တခါ အောကအမေ့ မိတယ်။ ကားကြီး ကလည်း အကြီး ကြီး ဆိုတော့ သူ့ ဘော်င်္ဒီကို သူ ပြန် ထိန်းနေ ရတာ နဲ့ ကို မလွယ်ပါဘူး။
ဒီလောက်နဲကလည်းမပြီးသေး ကားကြီး က ရပ် သွားပါလေရော။ ဘာဖြစ် သလဲ ဘာဖြစ် သလဲ ဆိုတော့ ကားပျက်တယ်။ အင်ဂျင် လောင်သွားပြီ လို့ ဆိုပါတယ်။ နောက် ကားက နောက် သုံးနာရီ လောက် မှ တက်လာ မယ် လို့ ဆိုပါတယ်။ ကဲ စောင့်ကြပါဦး တစ်ခေါက်။ အိပ်ရာ လိပ် ကလေးကို ဖြည်. ဘေး က တဲစုတ် ကလေး တခုထဲဝင် . အခု မှ တွေ့တှဲု သူ ကို မိတ်ဖွဲ့။ ခွေ ခွေလေး စောင့်ကြပါတယ်။ အိမ်သာ သွားချင် ရင် ချုံ ထဲ ဝင် လိုက် ရုံပါဘဲ။
နောက် ကားကြီး အိပဲ့ အိပဲ့ နဲ့ တက် လာပါပြီ။ ကိုယ့်ရဲ့ ဗျွီအိုင် ပီ seat ကို လက် လွတ် လိုက် ရပြီး။ ဆယ်တန် ကားကြီး တွေ ရဲ့ ဒရိုင် ဘာ နောက် မှာ အခန်း သေးသေးလေး မှာ ကျုံ့ ကှုံ့ ကလေး ထိုင် ပြီး လိုက်ရပါတယ်။ ခြေထောက်တွေ ညောင်းလိုက် တာ မပြောပါနဲ့။ ကားဆရာကြီး ငိုက် မှာ စိုးလှိုလဲ စကားတွေ များပေးရပါသေးတယ်။ အဲဒီခေတ် က ရှိတဲ့ ကျွုဲ၇ိုင် အချိုရည် ကို လဲ မပြတ်အောင်supply ပေးရပါတယ်။ သူ လဲ ကြိုးစားရှာပါတယ်။ သန်းကောင် လောက် မှာ ကိုယ့် ကို ခေါ်ပြီး ဒီနေရာ မှာ ဆင်းကြည့်ပါဆို ပြီး ကားရပ် ပေးပြီး အမ်းတောင် ကြား ဆိုတဲ့ ဆိုင်းဘုတ် ဘေး မှာ ရပ်ပေးပြီး။ ဒါ နယ် စပ် ဘဲ ဆိုပြီး ပြပါတယ်။ အေး ကလည်း အေးပါဘိ နဲ့ ချက် ချင်ဘဲ ကားပေါ် ပြန်ပြေးတက် ရပါတယ်။ မင်းဘူး နဲ့ အမ်း ကို မိုင် ၅၀ ဝေးပါတယ်။ ညနေ ၆ နာရီ က ကားစီးတာ မနက် ၆ နာရီမှ ရောက်ပါတယ။် လမ်းခရီး အခြေ အနေ ကို အဲဒီ ခေတ် က အဲလို ရှိခဲ့ပါတယ်။

21 comments:
အမရေ အဲဒီတုန်းက ခါးတွေရော မနာဘူးလား။ ခုခေတ်ထိလည်း အဲလိုကားတွေ ရှိသေးတယ်။ မဇနိတို့မြို့ကနေ ယောနယ်ဖက်တက်တဲ့ကားတွေ ထိုနည်းလည်းကောင်းပဲဗျ။
အမရေ အမ်းတောင်ကြားခရီး long time ago ပိုစ့်ကလေးကို ဖတ်မိတဲ့အခါ အရေးအသားနဲ့ အဖွဲ့အနွဲ့က မြင်သာထင်သာပြီး ခေါ်ဆောင်သွားတာမိုလို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါခရီးထွက်ရသလို ခံစားရပါတယ်။
ချစ်စရာမြန်မာလူမျိုးတွေရဲ့ ချစ်စဖွယ်ထုံးစံကို ပြန်သတိရမိလို့ ကိုယ့်ပြည်ကို ပြန်တောင်လွမ်းမိပါတယ်။
“လူကြီး အတွက်ဖယ်ထားပါတယ်။ လူကြီးမလာရင် ရမယ် လို့ ဆိုပါတယ်။ လူကြီးရယ် မလာပါစေနဲ့” ဆိုတဲ့နေရာလေး သိပ်သဘောကျမိလို့ ပြုံးမိပါတယ်။
ခက်ခက်ခဲခဲ ကြမ်းကြမ်းတမ်းတမ်း သွားခဲ့ရတဲ့ တစ်ချိန်က ခရီးကို မျှဝေခံစားလိုက်ရလို့ ကျေးဇူးတင်ပါတယ် အမခင်ဦးမေခင်ဗျား ။
ခင်မင်လေးစားစွာဖြင့်
အလဲ့...။ တောငပေါ်ခရီး သွားဖူးတဲ့ သူပါလား...။ ကိုယ်ချင်းစာပါတယ်ဗျာ...။
ကျွန်တော် စစ်တွေကအပြန် ရန်ကုန်ကိုလိုက်လာတော့
ခရီးသည်တင်ကားမှာ နေရမရလို့  ဘတ်စ်ကားကြီး ရဲ့ ဒရိုင်ဘာဘေးက နေရန်ကုန်အရောက်စီးခဲ့ ဖူးပါတယ်။
အမ်းတောင်ကြားလမ်းပါပဲ။
လမ်းက လဲလေဆိုးမှဆိုးပဲ။ အမ်းတောင်ထိပ်
ကိုရောက်ခါနီးလေ အေးလာလေပဲ။ တိမ်တွေက တောင်
အောက်မှာဗျာ။
တံတားတွေ ဆောက်လစမပြီးသေးယင်
လမ်းဆင်းလျှောက်ရတယ်။ ကားကို အလွတ်ဖြတ်ရတယ်။
KOM ကြီးသွားသလို ၁၀ တန်ကားနဲ့ တော့
မသွားဖူးသေးဘူးရယ်။
မျှဝေပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
မမ ချုံတိုးလိုက်ရတယ်ပေါ့လေ။း)
အမ်းတောင်ကြား ခရီးမှာ တယောက်တည်း စွန့်စား သွားရဲတာ သတ္တိကောင်းလိုက်တာ။
မိုင် ၅၀ ခရီးကို ၁၂နာရီကြာတယ်ဆိုတော့..။ :)
ကျေးဇူး..မမ..ခုလာဖတ်နေပြီ...၈ တန်းတုံးက ပထ၀ီမှာ ကျက်ရတဲ့ အမ်းတောင်ကြားလမ်းကို ရောက်ဖူးတယ်ပေါ့..
စာဖတ်ပြီး အဲလိုခရီးမျိုးသွားဖူးလား စဉ်းစားနေမိသေး...
စက်စဖွင့်ရင် ၁။ဆရာမမိုးချိုသင်း၂။ မမကေအိုအမ် ၊ ပြီးရင် ကျန်တဲ့ အိမ်တွေလျှောက်သွားတာ.. လည်ပင်းညှစ်ပြီး အတင်းရေးခိုင်းသလိုဖြစ်နေလို့ တောင်းပန်ပါတယ်..မမ :))) ။
နောက်လုပ်တော့ဝူးနော်..
ဘယ်နားမှန်း မသိတဲ့ အမ်းတောင်ကြားထိ လိုက်လာတယ်.. ကားစီးရတာ မူးလိုက်တာ.. =)
တစ်ယောက်တည်း သွားရတယ်လား။ မကြောက်ဘူးလားဟင်။
ရုံးချုပ်ကလဲ အားမကိုးရဘူးနော်။
အမ်းတောင်ကြားဆိုတာ..ဘယ်နယ်မှာရှိတာလဲဟင်..
မင်းဘူးက မကွေးတိုင်းမှာမှတ်လား..
ဆိုးရွားလိုက်တဲ့ခရီးနော်...
အဲဒီ ခေတ်က လမ်းခရီး အခြေအနေ ကြောင့်ထင်တယ်နော် မမဂွိ၊၊
ခုခေတ်ဆိုရင် ပြောင်းလဲသွား ပြီလားမသိ ၊၊အေးဗျာ ..နှစ်တွေလည်း ကြာခဲ့ပြီရော ၊၊
(သိသလိုနဲ့ ၀င်ဖောခြင်း၊ ကိုယ်တိုင် မရောက်ဘူးပါ)
ကိုကြီးဝီ
အမက သတ္တိခဲပဲ
အိမ်ကလွှတ်လားးး
ကြောက်စရာကြီးရယ်..
အမရေးလိုက်တာ.. မျောပါသွားတယ်...
တို.မမကတော့ သတ္တိခဲပဲ... တစ်ယောက်ထဲ ဒီလို ခရီးတွေသွားတာ..။ မင်းဘူးနဲ. သိပ်မဝေးဘူးလား.. အဲဒီဘက်တော့ မရောက်ဖူးလိုက်ဘူး။
မမရေ… သဲထိတ်ရင်ဖိုအမ်းခရီးပါလား… ကျွန်မဆိုတယောက်ထဲသွားရဲမှာမဟုတ်ဘူး…လမ်းခရီးကားပျက်ရင်လဲ ကြောက်တယ်…လူဆိုးသူခိုးဓားမြရော မြွေပါးကင်းပါးရော အကုန်ကြောက်တာ… မမက တကယ့်အာဂပဲနော်…
testing ....
အဖေတာဝန်ကျတဲ့အရပ်ကို ပထမဆုံးလိုက်သွားတဲ့ အဖြစ်ကို ပြန်အောက်မေ့မိပါသည်။ သားကလည်း အားထားစရာ လောက်လောက်လားလား သုံးနှစ်သား။ ကားဆိုတာ မရှိ။ မှောင်ကလည်းမှောင် အတိဒုက္ခရောက်ခဲ့တဲ့ ညတစ်ညပါ။
လမ်းပန်းဆက်သွယ်ရေး ကလည်းမကောင်း။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ကနေ အခုချိန်ထိ နေ, နေသေးတဲ့ မိဘတွေကိုလည်းအောက်မေ့ပါသည်။ ခက်ခဲကြမ်းတမ်းသောလမ်းပေါ်မှာ ကုန်တင်ကားကြီးစီးရဲသော မခင်ဦးမေသည် အာဂပင်ဖြစ်ပါတော့သည်ခင်ဗျာ....
မိုက်တယ်ကွာ...
သတ္တိရှိတယ်...
အလေးပြုသွားပါတယ်....
အော်.... ငါ့အမလဲ ဒီလိုကားမျိုး စီးဘူးသကိုး
ချုံတိုးဘူးတယ်ပေါ့......
ကျွန်တော်တော့ ချင်းပြည်သွားတုန်းက
တောက်လျှောက် တိုးခဲ့ စီးခဲ့ဘူးသဗျ။
တလလောက် နေခဲ့ ပေခဲ့ဘူးတယ်ဗျ။
ရန်စွယ်ကြားက လှဥမ္မာရေ
"ချုံကြားမှ လှဥမ္မာ" နှင့်အတူကုန်ကားလိုက်စီးခဲ့ပါကြောင်း။
မမ..
မမရေးထားတာကို မျက်လုံးအပြူးသားနဲ့  တအံ့တသြဖတ်... ဘာကြောင့်မို မမ ဒီခရီးကို တစ်ယောက်ထဲ သွားပါလိမ့်နော် လို့  မမှီ့ တမှီ တွေး...
ပြီးတော့ မမကို ချီးကျူးထားကြတဲ့ Comment တွေကို တစ်ခုချင်းစီ အပြည့်အ၀ ထောက်ခံရင်း ဖတ်...
အောက်ဆုံး က Strike ရဲ့  Comment ကို လဲ ဖတ်ပြီးရော... မျက်စေ့ပေါက် ပိတ်သွားအောင် အသံထွက် ရယ်မောမိပါကြောင်း...။
Post a Comment