ကိုယ်တို့ဘလော့ကမ္ဘာ ကလေးကလဲ။ ခက်သား ။ ဖတ်ပြီးရင် ကောင်းတယ်လို့ြေ့ပာရမှာဘဲ။ မကောင်းဘူးလို့ရင်ထဲရျှိတဲ့အတိုင်းပြောခဲ့ရင် ရေးသူခမျှာ လဲ သူကြိုးစားပန်းစားရေးထားတာ ကိုယ်ပြောရင် သူရင်ကွဲရှာမပေါ့။ အ နေ အ ထိုင်ဆင်ခြင် ရပါတယ်။ ဝေဖန်မယ် ဆိုရင် ဒီလူ က အဝေဖန်ခံနိုင်ရဲ့လားဆိုတာ အရင် တီးခေါက် ကြည်ဲရပါတယ်။ မခံနိုင်ဘူးထင်ရင် ရေးသမျှ ကောင်းတယ်လို့သာပြောပေးပါတော့။ မဟုတ်ရင် ခေါင်းကွဲနိုင်ပါတယ်။ ခံနိုင်တဲ့သူ ဆိုရင် တော့လည်း ရင်ထဲ ရှိတာ ပြောခဲ့လို့ရပါတယ်။
သူ့ကိုလည်းခင်ပါတယ်။ ပထမ 1001 က ရေးတုံးက တော့ မိန်းကလေးချင်းစာနာပြီး အတော် စိတ်မကောင်းဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့လဲ အားပေးခဲ့ပါတယ်။ သူရေးသမျလဲ သွားဖတ်ပါတယ်.။ သူရေးသမျ တင်မကပါဘူး.။ အားလုံးသော ဘလော့ မောင်နှစ်မများ များရေးတာလဲ နိုင်သလောက် ဖတ်ပါတယ်။ ကိုယ့်ကိုယ် ကိုကြော်ငြာတာ မဟုတ်ပါ။ တမင်ကို လိပ်စာထားခဲ့တာပါ။ ကိုယ့်ဆီလာလည်ရင် အဆင်ပြေ လိပ်စာ မရှာရအောင်ပါ. အခုခေတ် ကာလကြီးက အချိန်ရှားတယ်မဟုတ်လား။ ကိုယ်ကိုတိုင်လည်း ရေးပြီးရင် ဘယ်သူက ဘာလေးများ ပြောခဲ့မလည်းဆိုတာ အရမ်းသိချင်ပါတယ် လို့ အစကတည်းက ဝန်ခံထားပါတယ်။
၁၀၀၁ ကပြောတဲ့အခါ အရမ်းအံသြသွားခဲ့ပါတယ်။ မယုံနိုင်အောင်ပါဘဲ။ ရင်ထဲမှာတော့ စကားတွေ အများကြီးပြောဖြစ်ပါတယ်။ ကိုယ့်လိုဘဲ လူတိုင်းဖြစ်မယ်ထင်ပါတယ်။ ကမ္ဘာကြီး မတုန်ုလှူပ်သွားပေမဲ့ ကိုယ်တို့ ကမ္ဘာကြီး တုန်လှူပ်သွားတာကတော့ အမှန်ပါ။ လောကဒါတ်ပညာတွေ ကိုလည်း ချီးကှူးမိပါတယ်။
အမှန်အတိုင်းပြောမိမယ်ဆိုရင် လဲ ကိုယ်လဲ ခေါင်းကွဲမဲ့အထဲ ပါပါလီမ့်မယ်။ ကိုယ်လေ သူ့ကို စိတ် မဆိုးပါဘူး။ ခွင့်လွတ်တယ်။ သူခံစားချင်တာလေးတွေ သူဖြစ်ချင်တာလေးတွေ ကို ဇာတ်လမ်းဆင်ရေးပြီး။ စိတ်ချမ်းသာ သလို နေတာကို …အံသြသွားသလို ချီးလဲကူးမိပါတယ်။ flicker ထဲက့ ပုံလေးတွေယူ။ စိတ်ကူး ပေါက်သလို ဇာတ်လမ်းလေးတွေဆင်. ။ ကိုယ်တို့ကို ပြောပြ. ။ ကိုယ်တို့ ကလည်း အဟုတ်ကြီးတွေ မှတ်လို့ သွားပြီး ချီမွမ်းကြ။ ဟယ်သိတ်လှတာဘဲ။ သိတ်ဈေးကြီးမှာဘဲနော်ဲတို့... သိတ်စားကောင်းပါတယ်လို့ ပြောခဲ့ကြတယ်။ ငပေါကြီးတွေ ကိုဖြစ်လို့ ။ခလေးမ ကတော့ ရယ်ချင်နေမလား. သဘောကျနေမလားတော့ မပြောတတ်ဘူး။
ကိုယ်တို့ ကိုယ့်ကိုကိုယ် ဘလော့ဂါကြီးတွေ. စာရေးဆရာကြီးတွေ လို့ မထင် မှတ်ခဲ့ကြပေမဲ့ အားလုံးသော သူတွေ ဟာ စာရေးစာဖတ် ဝါသနာပါလို့ ရေးနေကြ ဖတ်နေကြတာပါ။ ဘာရေးရေးဖတ် မှာဘဲ ဆိုတဲ့ သူတွေကြီးပါဘဲ။ အဲဓီအထည်းကမှ ကိုယ်နှစ်သက်တဲ့ သူကိုတော့ ပိုဖတ်ဖြစ်ကြပါလိမ့်မယ်။
ကိုယ်တို့ရေးကြသမျ မှာလဲု အမှန်တွေချည်းဘဲ ရေးကြသလို ဇာတ် အိမ်ကလေးတွေ ဆင်ပြီးရေးကြတာ ပါပါလိမ့်မယ်။ အမှန်တဝက် အမှားတဝက် ဖတ် လို့ကောင်းအောင် ရေးကြတာပါပါလိမ့်မယ်။
ဒါပေမဲ့ ဘာပြောရမှန်းမသိပါဘူး။ ကိုယ်တွေ မသိခဲ့ရင်လည်းကောင်းသား. ဆက်ဖတ်ပြီး ဆက်ကောင်းနေတယ် လို့ပြောနေမိဦးမှာ.။ သိခဲ့တော့လည်း စိတ်မကောင်းပါဘူး။ ကလေးမ မှားသွားတဲ့ တချက်က သူဘယ်က နေ ယူပြီး ဇာတ်လမ်းဆင်ရေးပါတယ်။ လို့။ ကဲ ဒီလိုဆိုလဲ ဘယ် ဖတ်လို့ကောင်းပါတော့မလဲ။ အဲဒီတော့လည်း အစကတည်းက ဇတ်လမ်းမဆင်သင့်ဘူးလို့ အဖြေရပါတယ်။ အဲဒီတော့ ကိုယ်တဲို့မှာ သူတသက်လုံးပြောခဲ့တာတွေ ကို ဘယ်ဟာ က မှန်ပြီး ဘယ်ဟာ က မှားတယ် ဆိုတာ မသိနိုင်တော့ပါဘူး။
အခုလိုရေးရတာ စိတ်မကောင်းပါဘူး။ ကိုယ်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ..ဝက်ဝက်ကွဲ အောင်မြင်နေတဲ့ သူ့ကိုပေးလိုက်ရတဲ့ အတွက်… ကိုယ့်ကို ပလ္လင်ပေါ်ကနေ လက်ပိုက် ဒူးနန့်ပြီးကြည့်နေမယ် ဆို တဲ့ သူတစ် ယောက်အတွက်.....
I think spelling is "Amsterdam" in english. I dont know Amsterderm, maybe in their language.
http://picasaweb.google.com/Steve.Evergreen/NetherlandTrip#
I took those photos when I visited Amsterdam.
Amsterdam is much more freedom than London. People can enjoy cannabis, hashish, marijuana at coffee shops legally.:)
http://www.coffeeshop.freeuk.com/
Red light district is also popular. Google it.:)
You may know above all. sorry. not patronising.
best wishes.