Sunday, November 30, 2008

SMNTL

အစကတော့ SMNTL အကြောင်း ရေးဘို့စိတ်ကူးမရှိပါဘူး.။ ကိုယ်ကို့ကိုယ်လဲ ဘာကောင်မှ လို့ မထင်ခဲ့ပါဘူး.။ lonely ဖြစ်တဲ့ ဘဝမှာ ဘလော့မောင်နှစ်မတွေကို ဘဲ ကိုယ့် အမျိုးသဖွယ် သဘောထားခဲ့တာဖြစ်ပါတယ်။ ပညာရှိသဘော အရလဲ ဘာကိုမှ မပြောလို့ရွေ့ဖြစ်ပါတယ်။ ရေးလိုက်ရင်လဲ သူသာစေ. သူနာစေ လို့ဖြစ်မှာစိုးပါတယ်။ အခုကို ကိုယ့်မှာ ကိုယ့်လက်နဲ့ကိုယ် တော်တော်များများ အမုန်းခံနေရလိဲု့လဲ ဆင်ခြင်လိုပါတယ်.။

ကိုယ်တို့ဘလော့ကမ္ဘာ ကလေးကလဲ။ ခက်သား ။ ဖတ်ပြီးရင် ကောင်းတယ်လို့ြေ့ပာရမှာဘဲ။ မကောင်းဘူးလို့ရင်ထဲရျှိတဲ့အတိုင်းပြောခဲ့ရင် ရေးသူခမျှာ လဲ သူကြိုးစားပန်းစားရေးထားတာ ကိုယ်ပြောရင် သူရင်ကွဲရှာမပေါ့။ အ နေ အ ထိုင်ဆင်ခြင် ရပါတယ်။ ဝေဖန်မယ် ဆိုရင် ဒီလူ က အဝေဖန်ခံနိုင်ရဲ့လားဆိုတာ အရင် တီးခေါက် ကြည်ဲရပါတယ်။ မခံနိုင်ဘူးထင်ရင် ရေးသမျှ ကောင်းတယ်လို့သာပြောပေးပါတော့။ မဟုတ်ရင် ခေါင်းကွဲနိုင်ပါတယ်။ ခံနိုင်တဲ့သူ ဆိုရင် တော့လည်း ရင်ထဲ ရှိတာ ပြောခဲ့လို့ရပါတယ်။

သူ့ကိုလည်းခင်ပါတယ်။ ပထမ 1001 က ရေးတုံးက တော့ မိန်းကလေးချင်းစာနာပြီး အတော် စိတ်မကောင်းဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့လဲ အားပေးခဲ့ပါတယ်။ သူရေးသမျလဲ သွားဖတ်ပါတယ်.။ သူရေးသမျ တင်မကပါဘူး.။ အားလုံးသော ဘလော့ မောင်နှစ်မများ များရေးတာလဲ နိုင်သလောက် ဖတ်ပါတယ်။ ကိုယ့်ကိုယ် ကိုကြော်ငြာတာ မဟုတ်ပါ။ တမင်ကို လိပ်စာထားခဲ့တာပါ။ ကိုယ့်ဆီလာလည်ရင် အဆင်ပြေ လိပ်စာ မရှာရအောင်ပါ. အခုခေတ် ကာလကြီးက အချိန်ရှားတယ်မဟုတ်လား။ ကိုယ်ကိုတိုင်လည်း ရေးပြီးရင် ဘယ်သူက ဘာလေးများ ပြောခဲ့မလည်းဆိုတာ အရမ်းသိချင်ပါတယ် လို့ အစကတည်းက ဝန်ခံထားပါတယ်။

၁၀၀၁ ကပြောတဲ့အခါ အရမ်းအံသြသွားခဲ့ပါတယ်။ မယုံနိုင်အောင်ပါဘဲ။ ရင်ထဲမှာတော့ စကားတွေ အများကြီးပြောဖြစ်ပါတယ်။ ကိုယ့်လိုဘဲ လူတိုင်းဖြစ်မယ်ထင်ပါတယ်။ ကမ္ဘာကြီး မတုန်ုလှူပ်သွားပေမဲ့ ကိုယ်တို့ ကမ္ဘာကြီး တုန်လှူပ်သွားတာကတော့ အမှန်ပါ။ လောကဒါတ်ပညာတွေ ကိုလည်း ချီးကှူးမိပါတယ်။

အမှန်အတိုင်းပြောမိမယ်ဆိုရင် လဲ ကိုယ်လဲ ခေါင်းကွဲမဲ့အထဲ ပါပါလီမ့်မယ်။ ကိုယ်လေ သူ့ကို စိတ် မဆိုးပါဘူး။ ခွင့်လွတ်တယ်။ သူခံစားချင်တာလေးတွေ သူဖြစ်ချင်တာလေးတွေ ကို ဇာတ်လမ်းဆင်ရေးပြီး။ စိတ်ချမ်းသာ သလို နေတာကို …အံသြသွားသလို ချီးလဲကူးမိပါတယ်။ flicker ထဲက့ ပုံလေးတွေယူ။ စိတ်ကူး ပေါက်သလို ဇာတ်လမ်းလေးတွေဆင်. ။ ကိုယ်တို့ကို ပြောပြ. ။ ကိုယ်တို့ ကလည်း အဟုတ်ကြီးတွေ မှတ်လို့ သွားပြီး ချီမွမ်းကြ။ ဟယ်သိတ်လှတာဘဲ။ သိတ်ဈေးကြီးမှာဘဲနော်ဲတို့... သိတ်စားကောင်းပါတယ်လို့ ပြောခဲ့ကြတယ်။ ငပေါကြီးတွေ ကိုဖြစ်လို့ ။ခလေးမ ကတော့ ရယ်ချင်နေမလား. သဘောကျနေမလားတော့ မပြောတတ်ဘူး။

ကိုယ်တို့ ကိုယ့်ကိုကိုယ် ဘလော့ဂါကြီးတွေ. စာရေးဆရာကြီးတွေ လို့ မထင် မှတ်ခဲ့ကြပေမဲ့ အားလုံးသော သူတွေ ဟာ စာရေးစာဖတ် ဝါသနာပါလို့ ရေးနေကြ ဖတ်နေကြတာပါ။ ဘာရေးရေးဖတ် မှာဘဲ ဆိုတဲ့ သူတွေကြီးပါဘဲ။ အဲဓီအထည်းကမှ ကိုယ်နှစ်သက်တဲ့ သူကိုတော့ ပိုဖတ်ဖြစ်ကြပါလိမ့်မယ်။

ကိုယ်တို့ရေးကြသမျ မှာလဲု အမှန်တွေချည်းဘဲ ရေးကြသလို ဇာတ် အိမ်ကလေးတွေ ဆင်ပြီးရေးကြတာ ပါပါလိမ့်မယ်။ အမှန်တဝက် အမှားတဝက် ဖတ် လို့ကောင်းအောင် ရေးကြတာပါပါလိမ့်မယ်။

ဒါပေမဲ့ ဘာပြောရမှန်းမသိပါဘူး။ ကိုယ်တွေ မသိခဲ့ရင်လည်းကောင်းသား. ဆက်ဖတ်ပြီး ဆက်ကောင်းနေတယ် လို့ပြောနေမိဦးမှာ.။ သိခဲ့တော့လည်း စိတ်မကောင်းပါဘူး။ ကလေးမ မှားသွားတဲ့ တချက်က သူဘယ်က နေ ယူပြီး ဇာတ်လမ်းဆင်ရေးပါတယ်။ လို့။ ကဲ ဒီလိုဆိုလဲ ဘယ် ဖတ်လို့ကောင်းပါတော့မလဲ။ အဲဒီတော့လည်း အစကတည်းက ဇတ်လမ်းမဆင်သင့်ဘူးလို့ အဖြေရပါတယ်။ အဲဒီတော့ ကိုယ်တဲို့မှာ သူတသက်လုံးပြောခဲ့တာတွေ ကို ဘယ်ဟာ က မှန်ပြီး ဘယ်ဟာ က မှားတယ် ဆိုတာ မသိနိုင်တော့ပါဘူး။

အခုလိုရေးရတာ စိတ်မကောင်းပါဘူး။ ကိုယ်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ..ဝက်ဝက်ကွဲ အောင်မြင်နေတဲ့ သူ့ကိုပေးလိုက်ရတဲ့ အတွက်… ကိုယ့်ကို ပလ္လင်ပေါ်ကနေ လက်ပိုက် ဒူးနန့်ပြီးကြည့်နေမယ် ဆို တဲ့ သူတစ် ယောက်အတွက်.....

Saturday, November 29, 2008

Lu...........Lu.........Lu

လူ....လူ......လူ...

တို့ မှာ သူငယ်ချင်း ယောက်ကျာ်းလေး. တစ်ယောက် ရှိတယ် MK တဲ့။ အရပ် ကလေး သိတ် မရှည်ပေမဲ့ ချောတယ် လို့ ခေါ်ရမယ်။ မျက်ခုံး ကောင်းကောင်း ဆံပင် ဖြောင့်ဖြောင့်လေး။ နဲ့ မျက်လုံးလေးလဲ လှတယ်။ သဘောလည်းကောင်းတယ်။ ဆရာဝန်လည်း လုပ်ပါတယ်။ အထူးကုလည်း ဖြစ်ပြန်သေးတယ်။


ခွဲစိတ်ခန်းမှာ ဆိုရင် ဝတ်စုံနဲ့ ဆိုပေမဲ့ မျက်လုံးကလေး များက လှတော့ မိန်းကလေး များရဲ့ အိမ်မက် ထဲ ရောက်နိုင်တဲ့ သဘော ရှိတယ်။ မိန်းမတော့ မရှူပ်ပါ။။ မရှုပ်ဘူးဆိုပေမဲ့ သူ့ကိုတွေ့ချင်ရင် တော်တော်နဲ့ တွှေု့ခွင့်မရပါ။

မိန်းကလေးများ က သူ့နားမှာ ယောင်ယောင် ယောင် ယောင် နဲ့ တော်တော်နဲ့ လူမပြတ်ပါ။ မိန်း က လေး များ ကိုယ်တိုင် ကသူ့အနားမှာ နေချင်တာကို သတိပြူမိတယ်။ KMSL ကပြောတာက တော့ MK က ရှုပ်ချင် ရွေ့မဟုတ်ပါ။ မိန်းကလေး များကိုယ်တိုင် ကိုက အရှုပ်ခံချင်နေ ကြတာလို့ ဆိုပါတယ်။

Friday, November 28, 2008

Yangon--Thailand--Malaysia--Singapore

နားခိုရာက TK က လမ်းသလားမယ်ဆိုလို့.....



KL မှာ thinzar နဲ့လင်း ကို ဆရာတင်ပါ။ စလုံးမှာတော့ ဆရာ DBA ကြီး က ညွန် ပြ ပါ လိမ့်မယ်။ ဒါကတော့ ဘီယာဆိုင်. ၊ဟိုဟာကတော့ .ဟိုဆိုင်၊ ဒီဆိုင် ဆိုပြီး ပြောပါလိမ့်မယ်။ kom ကတော့ လေနဲ့ စောင့်ရှောက်ပါ့မယ်။

မလေး ကေအယ် ရောက်ရင် မလေးပိုက်ဆံလဲပါ။ အကြမ်းဖျင်း မလေးတကျပ်ကို ၃၅၀ ကျပ် လောက်ရှိပါလိမ့်မယ်။

ရန်ကုန် က hand phone အခွံ ယူခဲ့ပါ။ ဒီမှာ Prepaid ကဒ်တွေ အရမ်းပေါပါတယ်။ မလေး ၁၀ ဖိုးဝယ်ရင် အတော်ပြောရပါတယ်။ အဝင်ပြောတာလဲ free ရတော့ ကိုယ့်ကို ခေါ်မယ် ဆိုရင် ကြိုက်သလောက် လက်ခံပြောလို့ ရပါတယ်။ စလုံးရောက်ရင်လဲ စလုံး ၈ ကျပ်ဘိုး ဆို ရင် အတော်ဟုတ်သွားပါပြီ။

အဝတ်အစား
နိုင့ှ်ုံငံခြား ခဏ ခဏ သွားဘူးတယ် ဆိုတော့ သိတ်သင်စရာ မလိုပါဘူး။ ပေါ့ပေါ့ပါးပါး ဆိုရင် ရပါပြီ။ မလေး က အတော် အိုက်ပါတယ်။ conference ကတော့ အဲကွန်းနဲ့မို့လို့ အေးပါလိမ့်မယ်။

သွားစရာ. မလေးရှား
Twin tower ကို မဖြစ်မနေ သွားပါ။ မနက် အစောသွာြး့ပီး တန်းစီတာမျှိုး လုပ်ရအါတယ်။ အပေါါ်မတက်ဖြစ်ခဲ့တောင် အောက်ခြေ ရောက်ခဲ့သပေါ့။

Shopping
သိတ်တော့မရှိပါဘူး။ နာမည်ကြီး brand တွေက သူ့ဈေးနဲ့သူပါဘဲ. မသက်သာပါဘူး။

သွားစေချင်တာက
မလေးရှား ကေအယ် မြို့ အဝေးပြေးစခန်း ပူဒုး ( Puduraya bus station )ဆိုတာ ရှိပါတယ်။ အဲဒီကနေ genting တောင်ပေါါ်ကို ဘတစ်ကားတွေ မနက် စောစော ၁၀ နာရှီလောက် အထိ ရှိပါတယ်။မလေး ၁၀ ကျပ်လောက်ဘဲပေးရပါတယ်။ တောင်ပေါ်ကို တက်ဖြစ်အောင် တက်ခဲ့စေချင်ပါတယ်။ အင်တာနက် ရန်ကုန်မှာ ကြည့်လို့ရရင် Link ပေးလိုက်ပါမယ်။ ကျီူက်ထီးရိုးလိုဘဲ တောင်ပေါင်းများစွာကို ကေဘယ်ကား နဲ့ စီြး့ပီးရောက်သွားပါတယ်။ အချိန်မရရင် ညအိပ်စရာမလိုပါ။ မနက် စောစော အပြေးသွားပြီး ရောက်ပြန် လုပ်ခဲ့လို့ရပါတယ်။ တောင်ပေါ့် မှ တအားအေးပါတယ်။ အရမ်းမိုက်ပါတယ်။ ဘတ်စ်ကား တစ်နာရီကျော်ကျောဘဲ စီးရပါတယ်။ ဘတ်စ်ကားတွေလည်း အရမ်းပေါပါတယ်။ နာရီဝက် တစီးထွက်ပါတယ။် သွားဖြစ်အောင်သွားစေချင်ပါတယ်။ carcino ကတော့ ကစားဘို့ အချိန်ရမယ် မထင်ပါ။



စလုံးကိုလာမယ်ဆိုရင်
ကေအယ်။ အဝေးပြေးကားဂီတ် ပူဒုးကိုသွားရင် စင်္ကပူ စက်ာပူ လို့ရွေကြို လေးတွေ အော်ခေါ်နေတဲို့တဲ့ကားကို တက်စီးယုံပါဘဲ။ နာရီဝက် တစ်စီးထွက်ပါတယ်။ တိုက်၇ိုက်ကား non stop ဆိုတာကို စီးပါ။ မလေး ၂၅ ကျပ် သို့မဟုတ် ၃၀ ဘဲ ပေးရပါတယ။် one way အတွက်ပါ။ မလေးလဝကို တိုက်ရိုက်ရောက် ပြီး လဝကကိုဖြတ် စလုံး လဝက ကိုဖြတ်ပြီး စလုံး ဂီတ်ဆုံးကို ရောက်ပါတယ်။

စလူံးကပြန်မယ်ဆိုရင်
ဒါကတော့နဲနဲ ပိုက်ဆံကုန်ပါမယ်။ လူရည် မလည်သေးတော့ စလုံးဂိတ်ကဘဲစီးမယ် ဆိုတော့ စလုံး ၄၅ ကျပ်လောက် ကုနနိုင်ပါတယ်။ အပြန် တကြောင်းထဲ အတွက်ပါ။

လူရည်လည်မယ်ဆိုရင်တော့လည်း မလေး johor ကို အရင်သွားပြီး အဲဒီ အ ဝေး ပြေး ကား ဂီတ်ကနေစီးရင် မလေး ၂၅ ကျပ်နဲ့ ကေအယ်ကိုရောက်သွားပါလိမ့်မယ်။ အ ဝေး ပြေး ကား တွေက အကုန်လုံးကောင်းပါတယ်။ အစုတ် မပါပါ။။

စလူံမှာလုပ်စေချင်တာက
ပင်နင်ဆူလာမြန်မာဆိုင်များ
Sentosa
မွတ်စတာဖာ
Orchard road
လျှပ်စစပ်ပစည်းများအတွက်ဆိုင်
အရက်ဆိုင် များဘဲဖြစ်ပါတယ်။

ရန်ကုန်က ဝယ်လာခဲ့ဘို့လက်ဆောင်ပေးဘို့
စကော့ဈေးထဲမှာရောင်းတဲ့ကျောက်စိမ်း ၅၀၀ တန် ၁၀၀၀ တန်လေးတွေ ကိုပေါ့ ပေါ့့ ပါး ပါး လက်ဆောင်ပေးနိုင်ပါတယ်။ (ကျောက်စိမ်းလက်ကောက်ကလေးများ။ လက်စွပ်ကလေးများ။) ကလိုးကလက်လေး ဖန်စီ သံသေ ကျောက်နဲ့(၁၀၀၀ ကျပ်ခန့်) လုပ်ထားတာလေးတွေလဲ မလေးကချာတိတ်မ လေးတွေ အတော် နစ်သက်ကြတယ်။

အသေးစိတ်သိလိုပါက khinoomay77@gmail.com ပို့နိုင်ပါတယ်။ မေးကို ဖွင့်လေုမရှိတဲ့ အတွက်စီဘောက်မှာ မေးပို့တဲ့ အကြောင်းရေးစေလိုပါတယ်။
ကူညီချင်လွန်းလို့ပါဗျာ။
(photos for mk)

Ps
စလုံးကနေ သန်းကောင်းသွားရင် ဟိုကို မိုးလင်းမှ ရောက် မနက် ၆ နာရီနဲ့ ကိုးနာရီ အတွင်း လေဆိပ် ကို အပြေးသွားရမယ်။ ကိုယ်တော့စိတ်မအေးပါ။

စလုံးနဲ့ ကေအယ် ကို အကြမ်းဖျင်း ၅ ==၆ နာရီလောက် ကြာပါမယ်။ လဝကလဲဖြတ်ရသးတာကိုး. ကေအယ်နဲ့ johor ကတော့ လေးန်ာရီဘဲ မောင်းပါတယ်။ လဝက ဖြစ်စရာမလိုဘူး။။

စလုံးကနေ ညကားစီရင် ဟိုကိုမနက်ရောက်မယ်ဆိုမယ် လေဆိပ်ကို တန်းဆင်း. ရပေမဲ့ လမ်းခရီး မှာ အခက်အခဲ ကြုံခဲ့ရင် လေဆိပ် ကို အချိန်မှီရောက်ဖို့ခက်မှာစိုးတယ်။ ကေအယ် က အက်ျယ်ကြီး လေဆိပ် ကလည်း အဝေးကြီးသိသူအတွက် နီးပေမဲ့ မသိသူအတွက်ရွာလည်သွားမှာစိုးရတယ်။ လေဆိပ်ထဲ ကို မနက် ၉ နာရီ ရောက်မှ ကိုယ့် အတွက်တော့စိတ်အေးမယ်။

ဟိုတယ် အချို့ စေးသက်သာတာ ရှိပါတယ်။ မြို့ထဲမှာဘဲ ည သန်းကောင် ခဏ ဝင်ခိုလိုက် မိုးလင်းမှ လေဆိပ်သွား။

Thursday, November 27, 2008

Zaw win Htut / Ei toe…wedding






သတင်းက ကြာပြီဆိုပေမဲ့ မသိသေးရင် အသစ်ဘဲပေါ့။ zaw win htut ရဲ့သား ei toe နဲ့Myanmar Jade Dragon company ရဲ့ သမီးလေးဆိုတဲ့ Myit Myat Thu တို့ အောက်တိုဘာ လကကုန် က လက်ထပ် တဲ့ သတင်းနဲ့ ဓါတ်ပုံတွေပါ..

အချပ်ပို
http://beautiful-myanmar.blogspot.com/2008/10/singer-ei-toe-honey-moon-trip-photos.html
http://www.myanmarcelebrity.com/2008/10/myanmar-popular-singer-ei-toe-gets.html
http://myanmar-chitchat.blogspot.com/2008/10/ei-toe-or-win-htut-thaw-tars-wedding.html

Monday, November 24, 2008

မိုင်ဒုက္ခ

မိုင်ဒုက္ခ/ MY TROUBLE

ဘလော့စွဲနေလို့ဘယ်လိုဖြတ်ရင် ကောင်းမလဲလို့ အင်တာနက်ထဲ ရှာကြည့်တယ်။ ကိုယ်လို လူစားအများကြီး ။ စွဲနေတဲ့သူတွေ ရှိတယ်။ အလွယ်ဆုံးက အစိမ်းဖြတ်ပေါု့၊ ဘလော့ ပိတ် လိုက်ရု့ဘ။ဲ ဒီလိုလဲ မလုပ်နိုင်ဘူးလေ.။ ဘလော့လုပ်နေရတာ အတော် စိတ်ချမ်းသာစရာ ကောင်းတော့ မျင်းဖြတ်ကလေးများ ရှိမလားလို့ရှာ။ ထုံးစံအတိုင်း အင်တာနက် ရဲ့ ဆွဲဆောင် မှူအောက် ပါသွားတော့ ကလေးမတစ်ယောက်ရေးထားတာ သဘောကျမိတယ။် ဘာ သာ ပြန်မဟုတ်ပါဘူး။ ကိုယ်ကြိုက်သလို ခံစားထားတာပါ။ ဘာသာမပြန် တတ်တာလဲ ပါ ပါတယ်။

ဘာရေးရမလဲဘဲစဉ်းစားနေမိတယ်ဆိုဘဲ။ မှန်လိုက်တာ။ KMSL ပြော တဲ့ စ ကား တွေ နား ထောင်နေရင်းနဲ့ ဒီနေ့ဘာရေးရရင် ကောင်းမလဲလို့ စဥင်္းစားနေမိတယ်။ မင်းကဘာတွေ တွေးနေတာလဲ လို့သူကဟောက်ရင် ပေါက်တတ်ကရတွေ လျောက်ဖြေမယ်။ အမှန်က တော့ကိုယ်ဘလော့အကြောင်း တွေးနေတာပါ။

တွေးမိတာ. စဥ်းစားမိတာလေးတွေ တွေ့ကြုံတာလေးတွေ မြင်ရင် ရေးချင်လို့ ချက်ချင်း ကွန်ပြူတာရှေ့ရောက်သွားတယ်ဆိုဘဲ။ ဒါလဲ ဖြစ်တယ်။ ဘလော့ရေးဘို့အတွက် WORD ကို STAND BY ဖွင့်ထားတယ်။ မီးပူတိုက်ရင်းနဲ့ အတွေးလေးတွေ ရခဲ့ရင် ကွန် ပြူ တာ ရှေ့ ချက် ချင်းရောက်သွားတယ်။ ကွန်ပြူတာရှေ့မရောက် နိုင်တဲ့ အနေအထားရှိခဲ့ရင် အကြမ်းစာရွက်နဲ့ ဘောပန် ကအဆင်သင့်ရှိတယ်။ ဒါကိုတောင်မှ အဆင်မပြေ နိုင် ဘူးဆိုရင် TELEPHONE ကိုထုတ်ပြီး VOICE RECORDING လုပ်ထားလိုက်တယ။် ကိုယ့်ဘာသာကိုယ် စကားပြောပြီး RECORD လုပ်ထားတာနော်။ ကဲဖတ်ပြီး ရယ်နေပြီမဟုတ်လား. မတတ်နိုင်ပါ။ အမှန်အတိုင်းကတော့ ပြောရမှာဘဲ။

ကွန်ပြူတာရှေ့မှာဘဲ ထိုင်နေမိပြီူး ကိုယ့်ဘာလော့ကိုဘဲ ကြည့်နေမိပါတယ်တဲ့.။ တခြား ဘလော့တွေလဲ လျှေက်ဖတ်နေမိပါတယ်။ ON LINE ရှိနေခဲ့ရင် ဘလော့ရဲ့ STAT့ ကိုလည်း ပြောင်းလဲမှူမရှိမယ်မှန်းသိရက်နဲ့ ငါးမိနစ်တခါ ကြည့်နေမိပါတယ်။ WIDGET ကို လည်း ဟိုရွေ့ ဒီရွေ့ပြောင်းနေမိပါတယ်။ ကွန်ပြူတာဖွင့်တာနဲ့ ဘ လော့ ကိုကြည့် တာ က တော့ မ ထူး ဆန်းပါဘူး။ လူတိုင်းလုပ်နေကြတာပါဘဲ။ အိမ်အလုပ်လဲမလုပ်ဘဲ ဘလော့ဘဲ လုပ်နေမိတယ်။ တသက်လုံး မလေ့လာဘူးခဲ့တဲ ဘာမှ မဆိုင်ခဲ့တဲ့ HTML CODE တွေကို လေ့လာနေမိတယ်။ အင်း.. မှန်တာပါဘဲလေ.။

အတော်လေးကြိုက်မိတဲ့ စကားစုကတော့ ကမ္ဘာပေါ်မှာ အကြိုက်ဆုံးနေရာကတော့ ကွန်ပြူတာရှေ့ဘဲဖြစ်ပါတယ်တဲ့။ ခွှုင့်ကိုးရက် ယူပြီး ရန်ကုန် မသွားဘဲ ဘလော့နေရတာကို ရန်ကုန်သွားရတာထက် ပျော်ပါတယ်လို့ ဝန်ခံပြီးသားပါ။။ အိမ်မှာလဲ ကွန် ပြူ တာ ရှေ့ ဘဲ နေ ချင်တယ။် KMSL ကွန်ပြူတာရှေ့ခဏ ထိုင်ရင်တောင် စိတ်ဆိုးချင်တယ်။ g talk ကို ပိတ်ထားတယ်။ ဘလော့ဖတ်တာ..တွေးတာ.. အနှောင့်အယှက်ဖြစ်မှာစိုးလို့ တကယ် ပြောတာပါ။ ကိုးရီးးယားကား /.TV. /သတင်းစာ./.ကျောင်းစာ…/ ဘာမှ လာမပြောကြပါနဲ့ ဘလော့ကလွဲရင် ဘာမှ မလုပ်ချင်ပါ။ မနေ့က အိမ်မှာ တစ်ယောက်ထဲ ဘလော့နေတာ ဖုံး နစ်ခါသုံးခါလာတာ မကိုင်ပါ။

ကွန်မက်ထဲမှာတစုံ တခု အဆင်မပြေခဲ့ရင် သက်ဆိုင်ရာစီကိုလည်း E MAIL ပို့ တတ် ပါ သေး သတဲ့ ။. အင်း ဒါမျှိုး လုပ်ဘူးပါတယ်။ အိပ်ရေးများလည်း ပျက်သလား မမေးပါနဲ့။ မျက် လုံ့း တွေ ညိုနေတာသာ ကိုသာ ကြည့်ပါတော့. ။ တနေ့ကို လေးနာရှီလောက်ဘဲ အိပ်ပါတယ။် ပင်ပန်းလွန်း လို့ အိပ်ရေးမဝလို့ တစ်ချီမ်းချိမ်းချေပါတယ်။ အခု ဆေး ၂ လုံး သောက် ပြီး ဘ လောရေးပါတယ်။ အဲဒီဆေးတွေက အိပ်ငိုက်တတ်ပေမဲ့ ကိုယ့်ဘလော့ ကပိုပြီး ကိုယ့် ကို မျက်စိ ကျယ်စေပါတယ်။ဘယ်သူများ ဘာလေးများ လာရေးသွားပါလိမ့် လို့ စဉ်းစားလိုက်ရင် အိပ်ရာကနေ ချက်ချင်းထလို့ ရသွားပါတယ်။

မိသားစုက စကားပြောရင်တောင် လှည့်မကြည့်ဖြစ်ဘဲ ကွန်ပြူတာရှေ့က မျက်စိ မ ခွာ နိုင် ပါ ဘူးတဲ့။ ဒါမျှိုးလဲဖြစ်ပါတယ်။ KMSL ပြောချင်ရာပြော. အလိုက်သင့်ကလေး အဖြေပေးပြီး မျက်စိကတော့ ဘလော့ဖတ် မပျက်ပါဘူး။

ကိုယ်ဘလော့ရေးနေတုံး မှာ မိသားစု ဟာ ကိုယ့်ဆီက စကားလေး တခွန်း မပြောနဲ့ အသံကလေး. မသဲ မကွဲ ကြားလိုက်ရမယ် ဆိုရင် တောင် သူတို့ ဟာ အန်မတန် ကံကောင်းပါသတဲ့.။

ကဲ ..အဲဒါ မိုင်ဒုက္ခ ပါဘဲ.. ..


သူဘာတွေများပြောဘို့မေ့ခဲ့သေးလဲဆိုတာ မေးထားပါသေးတယ်။ ….
HTTP://CHELLTAN.WORDPRESS.COM/2008/04/02/SURE-SIGNS-OF-BLOG-ADDICTION/ ကိုမှီးပါသည်.

Sunday, November 23, 2008

shop


Kmsl လစ်တာနဲ့ လမ်းထွက်သွားခဲ့တယ်။ ဘယ်သွားရမလဲ .. စလုံးမှာ လဲ သွား တာ များ တော့ အလွတ်ကို ရနေပါတယ်။ Robinson , city hall, orchard….. ဆိုင်တွေ က ကိုယ့်ကို မှတ်မိလား မမှတ်မိလား မသိ./ ကိုယ်ကတော့ သူတို့ ကို မှတ် မိနေပါပြီ။

အဲဒါနဲ့ဘဲ စဉ်းစား..နောက်ဆုံးတော့ မလေးရှား Johor, city square ကိုဘဲ ရောက်ခဲ့ပြန်တယ်။ လဝက နားလေးမှာတင် ရှိပါတယ်။ လူအတော်စည် ပါတယ်။ ရုပ်ရှင် ကြည့်မလား ဆိုတော့ ကာ သွား လေ့ လာ ကြည့်တော့ ကလေးကားရယ်၊ ကာ တွန်း ကား ရယ်၊ မလေးရှား ကားရယ်၊ တရုတ် ကားရယ်ဘဲ လောလောဆယ် ကြည့်စရာရှိတာနဲ့ စိတ်ပျက်ပြီး လမ်းဘဲ လျောက်မိတော့တယ်။

ယောင်ပြီး တော့လို့  မဆိုသာဘဲ teenager အကျိင်္တွေ ရောင်းတဲ့ ဆီဝင် ပြီး လေ့လာမိသေးတယ်။ ဝယ်တော့ မဝယ်. ..try လဲ မလုပ်ပါ။ အရင်တုံးကတော့ ဝင် ပြီး try သေးတယ်။ အကျီ့င်္တွေ ကသေး ၊ စကဒ် က ဝတ် ဘို့ မဆိုထားနဲ့ စွပ် လို့ တောင် မရပါ။ အခုတော့ ကိုယ့် အခြေ အနေမှန် ကို ကိုယ့်ဘာသာ သိပြီမို့လို့ ဒီလို အမှားတွေ ကို ထပ် မကျူးလွန်တော့ပါ။

reject shop ထဲဝင်သွားပြန်တော့ ဘယ်ဟာကမှ ဈေးမသက်သာပါ။ ဖိနပ်များကတော့ စလုံးနဲ့ ပုံစံနဲနဲ လွဲ ပါ တယ်။ ပိုက်ဆံ အိတ် များကို ကြည့်ပြန်တော့ အပေါဆုံး က စလုံး ၁၈ ကျပ်လောက် ဆိုတော့ မဝယ်ဖြစ်ပြန်ပါ။ နောက်ဆုံး factory outlet store (FOC) ကနေ ဈေး အပေါဆုံး ဂျင်း ရျပ် အကျီင်္ တထည် ကို ကိုယ့် အတွက် ဝယ် ပါတယ်။ conclusion ဆွဲတော့ မလေး ၂၀ ကုန်ခဲ့ပါတယ်။

အပြန် ည ၁၀နာရီ လောက်မှာ ကုန်းကျော် တံတားပေါ် ကကြည့်တော့ စလုံးသွားရန် မလေး လဝက ကိုဝင် ဘို့ ကားတန်း ကြီးကို မျက် စိ တစ်ဆုံးတွေ့ရတယ်. ။ လမ်းတစ်လျှောက်မှာ ဖုံးကို တော့ မျက်ချေ မပြတ် နားစွင့်ထားရပါတယ်။ လျှောက်လည် တာ အဆူမခံရပေမဲ့ ဖုံး မကိုင်မိရင်တော့ ပြသာနာ ဖြစ်တတ်လို့ပါ။

Friday, November 21, 2008

Access card


Access card ကို စလုံး နိုင်ငံ ကနေ အဝင် အထွက် လုပ်တဲ့ အခါ သုံးလေ့ရှိပါတယ်။ လဝက အရာရှိနဲ့ တွေ့စရာ မလိုဘဲ စက်ထဲကိုကဒ်ပြားထည့်လိုက်, ပြီးရင် လက်မနှိပ်တဲ့ scrren ပေါ်ကို လက်နိပ်လို့ရင် စက်ကနေ data ဖတ်ပြီး ဝင်လို့ရသွားပါတယ။် စလုံးမှ status တစ်ခု ရျှိရင် လျှောက်လို့ရပါတယ်။ သုံးနစ်အတွက် စလုံး ၃၀ ပေးရပါတယ်။

ကိုယ့်အတွက်လဲ အကျိုးရှိတယ်။ ဘာလဲ ဆိုတော့ လဝက အရာရှိနဲ့ မတွေ့ရတဲ့ အတွက် ကိုယ့် မှာ အသက်ရှူ ချောင်ရတယ်။ မဟုတ်ရင် ကိုယ့်အလှည့်ကျရင် အမြဲ ကြာပါတယ။် ကိုယ့်စာအုပ် ကဓါတ်ပုံ က ငယ်စဉ် ကပုံ ဆိုတော့ကာ ကိုယ့်မိတ်ဆွေ မလေးရှားတစ်ယောက်ပြောသလို ( dulu cantik ) ငယ်ငယ်တုံးက လှတဲ့ ပုံဆိုတော့ လဝကအရာရှိခဗျာ ကိုယ့်ကိုကြည့်လိုက်..စာအုပ် ကို ကြည့်လိုက်..ကိုယ့်ကို ကြည့်လိုက်နဲ့ မယုံနိုင်အောင် သုံးခါ လောက်လုပ်ပြီးမှ စာအုပ်ကို ပြန်ရပ်ါတယ်။ ကြာတော့လည်းစိတ်ငြစ်လာရော.။

အထူးသဖြင့်ဘယ်မှာသုံးဖြစ် သလဲ ဆိုတော့ စလုံးလေဆိပ် က အထွက်ရယ်.. မလေးကိုသွားတဲ့ woodland checkpoint မှာရယ် သုံးဖြစ်ပါတယ်။ စလုံးလေဆိပ် ကတော့ လူများလို့ မဟုတ်ပါဘူး။ သက်သက်မဲ့ သွားသုံးတာပါ။ မလေးဘက် ထွက်ရင်တော့ အတော် အသုံးဝင်တယ်။ စလုံ့းလဝကမှာ ကာ လူတန်းရှည် ပြီ ဆိုရင် အတော် စောင့်ရပါတယ်။ access card နဲ့ဖြတ်သွားးရင် အချိန် ကုန် လူပင်ပန်းတာ သက်သာပါတယ။်

Wednesday, November 19, 2008

ADDICT

ရူံး ၉ ရက် မသွားဘဲ ဘာတွေ လုပ်သလဲမေးရင် ဘလော့လုပ်တယ်လို့ဖြေမိမယ်။ မကောင်းမှန်းသိပေမဲ့လဲ လုပ်မိတာဘဲ။ စိတ်အလိုကိုလိုက်တယ် လို့ဆိုရမယ်။ ရန် ကုန် သွား တာ ထက် ပျော်မိသေး တယ် ဆိုရငfကိုယ့်ကိုရူးတယ်လို့ များထင်နေမိမယ်။

ဘာတွေစွဲလမ်းမှန်းမသိ စွဲံလမ်းမိတယ်။ အပြင်ကမိတ်ဆွေ ထက် ဘလော့ထဲက မိတ်ဆွေ ကိုပိုခင်နေမိတယ်။ တနေလုံ့း နေ လို့ အိမ်ကို ဘယ်သူ မှ မလာ။ ဘယ်သူ မှ ဖုံးမဆက်လဲ ပျင်းရိ ညည်းငွေ့တယ် ဆိုတာ မရှိ။

ဘဝတိုးတက်ဘို့ စာဖတ် ပါ ဆိုတာ လျှစ်လျူရှူထားမိတာ အတော်ကြာပြီ။ နောင်တ တွေ ရ မိ တာ အခါခါ။ hits တွေတက်လာတာ။ ကိုယ့်ရဲ့ကလစ်မှူကြောင့်ဘဲလာ။ လာ ဖတ်သူတွေ များ လာသလား ဆို တာ တော့ ကိုယ်လဲ မဝေခွဲတတ်။

ရှေ့ဆက်တော့လဲ လျှော့မယ်လို့ဆုံးဖြတ်တာကလဲခဏခဏ။ရေးချင်မိတဲ့အခါလဲ အ တော မ သတ်. ရေး လို့ မ ရ တဲ့အခါခါလည်း. ကြံလို့မှ ဘာမှ မထွက်..

Sunday, November 16, 2008

NATURE OF MAN
















မိုးမလင်းခင် KMSL က အိပ်ရာကနှိုးပြီး သူ ပျင်းလို့ဆိုပြီး မလေးရှား JOHOR ကိုသွားပါတယ်။ အိမ်ကနေ TAXI နဲ့ KRAN.JI MRT သွားပြီးအဲဒီ ကနေတခါ ဘတ်စကား အဝါရောင် ကားကို စလုံး တကျပ်ကျော်ပေးရင် မလေးလဝက ကိုဖြတ်လို့ JOHOR BAHRU ရဲ့ အဝေးပြေးကားဂိတ် ကိုရောက်ပါတယ်။ လဝက မှာ အခု WHITE CARD ဖြည့်ရပါတယ်။ဒီနေ့ကတနင်္ဂနွေနေ့ ဖြစ်ရုံမက ကလေးများကျောင်းပိတ်ရက်လည်း ဖြစ်ပြန် /ခရီးသွားရာသီလဲ ဖြစ်ပြန် တော့ လူ သွား လူလာ များပါတယ်။


အပြေးကားဂိတ် မှာ ဘာသွားလုပ်လဲ မေးတော့ ဘာမှ မလုပ်ပါဘူး ။ လဘက်ရည်ဆိုင်ထိုင်ပြီး ဘတ်စကားနဲ့မြို့ထဲကို ပြန်လာပါတယ်။ လဘက်ရည်ဆိုင်မှာ ပလာတာရိုက်တာ က ရန် ကုန် မြို့ကန်တော်ကလေးက ကိုမောင်ညွန့်ဖြစ်ပါတယ်။ ဘယ်လိုသိလဲဆိုတော့ ကိုယ်တို့ မြန်မာ စကား ပြောလို့သူကမိတ်ဖွဲ့တာပါ။ အဲဒီတော့ပလာတာ ကြီးကြီး စားရတယ် ထင်ပါတယ်။ စလုံးထက် တော့ပလာတာ ကပိုကြီးတာ အမှန်ပါဘဲ။ ပလာတာလေးချပ်နဲ့ ကော်ဖီ ၂ ခွက်ကို မလေး ၆ ကျပ်ခွဲ ခန့် ကျသင့်ပါတယ်။

မြို့ထဲပြန်လာပြီး KMSL ဆံပင်ညျပ်ခေါင်းလျော် ပါတယ်။ တောက်တိုမယ်ရလုပ် မလေး ၃၀ ပါ။ ပြီးတော့ အချိန်ကိုက်ဘဲ ရုပ်ရှင်ဝင်ကြည့်လိုက်ပါတယ်။ မောင်ရေ. ကားပတ်ဆိ (COUPLE SEAT) ယူမလားဆိုတော့ မယူပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူလက်တင် စရာမရှိမှာ စိုးလို့ ဆိုပါတယ်။ လက်တန်းရှိမှ လက်တင် လို့ရမှာပေါ့ ။ မဟုတ်ရင် သူ့လက် ကြီးက ဒီ အ တိုင်း ချထားရမှာ လား…..လို့ဆိုပါတယ်.......။
ခင့် ပါး လေး က လည်း အရင်လိုမ ဖောင်း တော့ ဘူးက.ို.....(မောင်)..

Saturday, November 15, 2008

lazy morning




ထမင်းကြော်

Friday, November 14, 2008

E pipe

e.ပိုက် ပိတ်သွားပြန်ပြီ လို့အင်ဂျင်နီယာ က တင်ပြ လာတာနဲ့ခေါင်း ခြောက် သွားတယ်။ e တုံး ကဘဲ ကြီးလေ သလား။ တစ်ရှူးစက္ကူတွေ ကဘဲ ပိတ်လေ သလား။ အကြံ မရတာနဲ့ ရွှန်းမီပြောတဲ့ Heart museum ကလဲ ထောက်ခံထားတဲ့ MR MUSCLE DRAIN DECLOGGER ကို NTUC မှာ မိုးထဲ လေထဲ သွားဝယ်။ တစ်နာရီလောက် ထာြး့ပီး စုပ်ခွက်နဲ့တွနးချ တော့ ရေ ဆင်းသွားတယ်။ ဒါပေမဲ့ နှေးသေးတယ်။

စိတ် မချသေးတာနဲ့ byakga အကြံပေးထားတဲ့အတိုင်း ကိုကာကိုလာ တပုလင်းကို ထည့်လိုက်တယ်။ ခဏနေတော့ sprite တဗူးကို ထည့်ပြန် တယ်။ ကိုပေါ ညွန်ကြားတဲ့ အတိုင်း mentos သုံ့းပြား (သူကတော့ တပြားနှစ်ပြားလို့ဘဲ ပြောပါတယ်။ အမှန် က သူက Boyz (ကို အကြံပြူတာကို ကိုယ်က လိုသလို အသုံြး့ပူ ) ကို ထည့်လိုက်တယ်။ sprite တွေ ဆူသွားတယ်။ sprite သူံ့းဗူး ထည့်လိုက်တယ်။ ရေနွေးတွေလည်း ကြိုပြီး ငါးဗူးလောက် လောင်းလိုက်တယ် ။ စပရိုက် ၇ ဗူးနဲ့ ကိုကာကို လာ တဗူးပို နေ တာကိုတော့ ကိုယ်ဘဲ သောက်တော့ မယ်။ အခု အိုကေ သွားပါပြီ။ အားလုံး ကို ကျေးဇူးတင် ရှိပါကြောင်း။
(အမှန်က camy ဆပ်ပြာတုံး အသစ် ပိတ်သွားတာပါ။)

Thursday, November 13, 2008

what!



Isetan Orchard ဘေးမှာ တွေ့ခဲ့တယ်။

Tuesday, November 11, 2008

amsterderm

ကားမျှပင် မကြားဘူး။ ဘာကိုပြောတာလဲ။ မြို့ နာ မည် လား။ နိုင်ငံလား ။ လူနာမည်လား။ သွားကြစို့ ဆိုတော့ ဘာမှန်းမသိ။ ဘာတုံး။ ဘယ်လိုတုံး။ ဘယ်ကို သွားမှာတုံး။

ခဏလာနေကြတာ ပြင်သစ်ပြည်ရဲ့ မြှို့  ကလေး တမြို့။ တော မြို့ လို့ ခေါ်ရင်တော့လည်း ကြိုက်မည် မထင်။ နေရာတိုင်း က အိမ်လေးများခြံ ကလေးများ လှ ပလို့ နေသည်။ ကိုယ်တို့ က တိုက်ခန်းဖြင့် ခဏ နေသူ များ ဖြစ်ကြသည်။ လာသူများက kmsl နှင့် မလေး ၁။ စလုံး ၁။ ကိုယ်က ဧည့် မြှောင်။ ကား ကို ခရက်ဒစ် ကဒ် ဖြင့် ငှား ကာ စီးကြသည်။ စလုံးမှာ မစီး နိုင်သမျှ။ ကား လေး ကလည်း လှမှ လှ။ မောင်းလို့ ကောင်း မှကောင်း ကီလို ၁၃၀ ထိ တင်ကြည့် ကာ စီးကြသည်။

စလုံးမှာ အိနြေ ဖြင့် မောင်း ကြ ရ သမျှ။ ပျော်ကြ သည်။ ကိုယ်တှို့ အတော် ပျော်ခဲ့ ကြပါသည်။ အလုပ် ချိန် နေ့လည် မှာ အိမ်ပြန်ထမင်းစား လို့ ရသည်။ ညနေ မစောင်း ခင် အိမ်ပြန် ရောက်သည်။ အော် ကောင်းလေစွ ကောင်းလေစွ။

သောကြာညနေ စောင်း ၆ နာရီလောက် ကိုယ်တို့ ကား စထွက သည် ပြင်သစပြည် မှ Lorient မြို့ မှ် Netherlands (Holland) သိဲု့။ ဟို င်္နစ် ယောက် ရှေ့ ခန်း က ကိုယ်တို့ က နောက် က။အ ဝေး ပြေး ကား လမ်း ပေါ် တက်။ မြေပုံ ကြည့်ပြီး အလှည့် ကျ မောင်းကြပါတယ်။ ဥရော ပကားမောင်းစနစ် က မြန် မာပြည်နဲ့ တူပါတယ်။ စလုံ့း နဲ့ မလေးရှား က တမှူီးမောင်း ပါတယ်။ လမ်း မှာ မြို့ကြီး အချို့( Rennes, Nantes, ပဲရစ် အနားမှ ဖြတ်။ လမ်းမှာ လည်း ကားကြီး ကားငယ် အသွယ်သွယ်။

Belgium ကို သန်းကောင် ကျော် မှာ ရောက်ပါတယ်။ စိန်နဲ့ နာမည်ကြီးတဲ့ နိုင်ငံ ဆိုတာ ကို တော့သတိရစွာ မှတ်မိပါတယ်။ Belgium နယ်ခြား ဆိုင်းဘုတ် လဲတွေ့ခဲ့တယ်။ နယ်စပ် ကို ဒီအတိုင်ဘဲ ဖြတ် မောင်းခဲ့ကြပါတယ်။ဲ။ တနိုငှ်ုငံရဲ့ ဗီဇာ ရပြီ ဆိုရင် နိုင်ငံ တော်တော်များ များကို တခါထည်း ဝင်ထွက် လို့ ရ သွားပါပြီ။ အဓိက ယူရို ပိုက်ဆံ သုံးပါတယ်။ လမ်းဓါတ်မီးတိုင် လေးတွေ လည်း သိတ် အများကြီး မလင်းပေမဲ့ အသုံးပြူလို့တော့ ရပါတယ်။ Belgium က မြို့ကြီးတွေ ဖြစ်တဲ့Bruxelles, Antwerpan ကိုဖြတ်။ ၁၂ နာရီ မောင်းပြီး စနေ မနက် ခင်းမှာ ဟော်လန်ပြည်ရဲ့ နာမည် ကြီး မြို့ amsterderm ကိုရောက်ပါတယ်။
(ဟိုတုံးကသွားခဲ့တာကိုပြန်စဉ်းစားကြည့်တာပါ)

Steve Evergreen said...

I think spelling is "Amsterdam" in english. I dont know Amsterderm, maybe in their language.

http://picasaweb.google.com/Steve.Evergreen/NetherlandTrip#

I took those photos when I visited Amsterdam.

Amsterdam is much more freedom than London. People can enjoy cannabis, hashish, marijuana at coffee shops legally.:)

http://www.coffeeshop.freeuk.com/

Red light district is also popular. Google it.:)

You may know above all. sorry. not patronising.

best wishes.

Monday, November 10, 2008

Dinner













အခုနေများ kmsl ပြန်လာရင် ဖနောင့်နဲ့ ပေါက်ချင်မှာဘဲ။ အလုပ် မသွားလို့ အ နား နေ မ လား အောက် မေ့တယ်။ ကွန်ပြူတာ နဲ့ မျက်နှာ အပ် လို့ အရပှ်ရှစ်မျက် နှာ လည်။ အိမ်လည်း မရှင်း။ ထပ်ဖွ ဘို့ဘဲ စိတ်ကူး။ သူ ဖုံး ဆက် ရင်တော့ (အသံသေ က လေး နဲ့ ( မျက်နှာ သေရွေ့ မရ သောကြာင့်) အဆင်ပြေ ပါတယ်မောင်ရယ် ဆိုပြီး ။ ဟိုလိုလို ဒီလိုလို လုပ်။


ပြီးတာနဲ့ ထမင်းကြမ်းကလေးကို ချုး ။ လဘက်အသား အစိမ်း ၁ ကျပ်ဘိုးဝယ်ထားတဲ့ အထဲ က နဲနဲ ကို ရေ ဆေး ဆားလေးအချိုမှူန့်ကလေးနဲ့နယ်ဆီထည့်။ဂေါ်ဖီလှီးထည့်။ ငရုတ်သီးစိမ်း ကလေးကိုထည့်.။

ချဥင်္ပေါင်ကြော်ရယ်။ (မြန်မာဆိုင်မှဝယ်ထားခြင်း။) ဆူးပုတ်ရယ် မျှစ်အ ချို လေး ရယ် က တို့စရာ။ သူငယ်ချင်းများလည်း စားသွားပါရန်။ သိတ်ကောင်းသည်။ ယောကျာ်းကလေး များက တော့ကြိုက်မည် မထင်။ .မိန်းကလေးး များကတော့ သေချာပေါက်ကြိုက်မည် မှာ မြေကြီူးလက်ခပ် မလွဲပေတည်.။။

Sunday, November 9, 2008

experience

Peninsular သွားရင်းနဲ့ လူကြပ်တဲ့ ရထားပေါ် မှာ မတ်တတ်ရပ် လက်ရမ်းကို မှီပြီးထုံးစံ အတိုင်း မျက်စိ ကို မှိတ်ထားခိုက် မြန်မာလိုြေ့ပာသံကြားလိုက်တယ်။ အတွေ့ အကြုံ အရ မြန်မာ တစ်ယောက် ဘေးနားရောက် နေပြီ ဆိုတာ ကို သိလိုက်ပြီး ဆက် လက် နားထောင် နေမိတယ်။

ဟေး အစ်ကိုပါ ညီမလား။
….
ဘာလုပ်နေလဲ. လာခဲ့မလားလို့
…………………
ပစ်စည်းလေး တစ်ခုဝယ် ချင်တာ လိုက်ခဲ့ပါလာ။။ ဝိုင်းကြည့် ပေးလို့ ရတာပှေါု။
……………….
ထမင်းကျွှေးမယ်လေ
….
အိုကေ..ရောက်ခါနီးရင် ဖုံးဆက်လိုက်
….
ဒီလိုကြားပြီးရင် ကိုယ့်ရင်ထဲက နေ အဲဒီ သူကို ဝေဖန်နေမိတယ်။ အတော် ကို မိန်းကလေး များနှင့် ဆက်ဆံရေးပြေလည် အောင် နေတတ့်ပုံဘဲ ။ ဆရာကြီးထင်တယ။်ကြည့်လိုက် တော့ အ ဆင်ပြေတဲ့ အနေအထားကို တွေ့ရပါတယ်။

အမျိုးသား တစ်ယောက် ကို မြင်လိုက်တာနဲ့ ဒီလူဟာ မိန်းကလေးများ နဲ့ပက်သက်ရင် ရိုးသားသလား။ မရိုးသားသလား ဆိုတာကို အကဲဖြတ် နိုင်တယ်ဆိုရင် လက်ခံပါ။ ငယ်စဉ်ကာလက ရည်းစားများခဲ့တယ် လို့ ဘယ်တော့ မှ ဝန်မခံပါ။ ဒါပေမဲ့ တစ် စုံ တစ် ယောက် ကို မြင်ရင် ဒီတစ်ယောက် ဟာကိုယ်နဲ့ တစုံ တရာ ပက်သက်လာနိုင် ဘွယ် ရာ ရှိတယ် လို့ sense ရတယ် လို့ ပြောရင် မြွေမြွေချင်း ခြေမြင် တတ် သူများက လက်ခံ မှာပါ.။

Saturday, November 8, 2008

gossip


မိန်းကလေး အိမ်ပြန်ရောက်ချိန် က သက်ကြီး ခေါင်းချချိန် တောင် လွန် နေပြီထင်ပါတယ်။ မိုးချူပ်တယ်။ ဘာဘဲ ပြောပြော အလုပ် ကို ကိုးရက်.. ( ကိုးရက် တိတိ) ..(ကျော်ဟိန်း ပြော သကဲ့သို့ဖတ်ပါ။ ) မသွားပါဘူး။ ခွင့်တင် ခဲ့တယ်။ ထွေထွေ ထူးထူး မရှိပါဘူး။ ခွင့်တွေ များနေလို့ clear လုပ်တဲ့ သဘော ပါဘဲ။ နေ့တိုင်း အလုပ်သွား နေရတာ နဲနဲ ပျင်း လာ တာ လဲ ပါတယ်။ စိတ်နဲနဲ ညစ်နေတာလဲပါတယ်။ ခွင့်တွေ က လဲ အတော် များနေတယ်။ အလုပ်လက်မဲ့ ဖြစ် ဘူး တယ် ဆိုတော့ ခွင့်ယူပြီး အိမ်မှာ နေရင် ကိုယ့် မှာ အလုပ်ဘဲ မရှိ သယောင် ဖြစ် ပြီး စိတ်ပူ သလို ဖြစ် မိတယ်။ အဲဒါနဲ့ ဘဲ ခွင့် က မယူဖြစ် တာနဲ့ ရက်တွေ က တော်တော်ကျန်နေတယ်။

ခွင့်ယူပြီးးဘာ လုပ် မလဲ မေးရင် လဲ ဘာ မှ မရှိပါဘူး။ အစ်မရယ် ရန်ကုန် သွားပါလား မေးရင် လဲ မဖြစ် သေးဘုး။ kmsl က သွားမယ် ဆိုပြီး အရင် book လုပ်တယ်။ ဘာ ဖြစ် လို့ အတူ မသွားလဲ မေးရင် လဲ….kmsl က မလိုက်ပါနဲ့ ခင် ရယ် လို့ ပြောထားတယ် ဆိုရင် လဲ ယုံ ကြ ပါ့ မလား မသိ။ ဘာဖြစ် လို့ အတူ တူ မသွားလည်း ဆိုတဲ့ မေးခွန်း ကို အတော် မေးကြ သလို ကိုယ့် မှာ လည်း အဖြေ မရှိ။

ရိုးသားစွာ ပြောရရင် ရန်ကုန် မှာ ကားလေး တစ်စီး နဲံ့ hand phone လေး တစ်လုံးရှိပါတယ်။ နှစ်ယောက် အတူ သွားရင် ကားလု နေရမယ်။ .ဖုံးကတော့ အစ် မတွေ ဆီ က ငှားသုံး။ ကိုယ့် ကို ကိုယ့် အစ်မ က တာဝန်ယူ မယ် ဆိုရင်တောင် သူ့ အနေနဲ့ စိတ် ကျှုဉ်းကြပ် စရာတွေ များ ဖြစ် နေ မလား လို့ တွေးပူ ပေးမိတာလဲ ပါပါတယ်။

သူ ဘာတွေ လုပ်မလဲ ကိုယ် စဉ်းစားကြည့်လို့ ရသလောက်. လျှောက်လည်မယ်။ သှူုငယ် ချင်းအိမ် တွေ ကို တအိမ်ဝင် တအိမ်ထွက်သွားမယ်။ အမျီူးတွေ အိမ် ကို တအိမ်ပြီး တအိမ် လည်မယ်။ massage သွားမယ်။ ခေါင်းသွားလျှော်မယ်။ ကာရာ အိုကေ ဆိုင်တွေ သွား နိုင် တယ်။ ညကလပ် သွားမယ်။ model show ကြည့်မယ်။ တချို့ အဆင် ပြေ တဲ့ ကလေးမ တ ချို့ နဲ့ အပြင် ခေတ္တ ထွက်မယ်။ ဟိုဆိုင် ဒီဆိုင်ထိုင်မယ်။ အတွေးတွေ ကို ဒီမှာဘဲ ရပ်ပါ။ stop!

ဘယ်သူ မှန်း မသိတဲ့ ကလေး မလေး တွေ အတွက် ကိုယ် က လက် ဆောင် ဝယ် ပေးတယ် ဆိုရင်လည်း ယုံ ကြပါ့ မလားမသိ။ ကြိုးတစ်ချောင်း အကျီင်္င်္င်္လေးတွေ။ နားကပ် ။ မိတ်ကပ်.။ နှူတ်ခမ်းနီ။ ပါးနီ။ ထီး။ နေကာ မျက် မှန်။ ပိုက်ဆံအိတ်။ ကီးချိန်းတွေ။ လက်ပတ် နာရီလေးတွေ။ ဘာတွေ မှန်းတောင် မသိတော့ ပါဘူး။ စိတ်ကူးလဲ ပေါက်တယ်။ ဈေးလဲ သင့်တယ် ဆိုရင် ဝယ် မိသွားတာဘဲ။ တစ် ခါတစ်လေ မှာလိုက်ရသေးတယ်။ ဟေ့ကောင် ..ဒါ ငါ့ တူမဘို့ မင်းရောကုန် မယ် နော် လို့ မှာရသေး…တယ်။

Thursday, November 6, 2008

James Bond

ျိန်းစဘွန်းကား (Quantum Of Solace) သွားကြည့်တယ်။ သူငယ်ချင်းမလေး တစ်ယောက် နဲ့။ လူများပေမဲ့ ကံအားလျော်စာ နောက်ဆုံးနားက နှစ်ခုံ က လွတ် နေတယ်။ ကိုယ်တို့ ကို လက်မှတ်ရောင်းတဲ့ ချာတိတ်မ က ‘ကားပတ်ဆ’ီ ယူ မလား။ ရလားလို့ မေးတယ်။ သူငယ် ချင်း က ယောင်တောင်တောင် လုပ်နေတယ်။ ကိုယ်က နိုးပရော့်ဘလမ် လို့ ပြောလိုက်တယ်။ အစ်မ ‘ကားပတ်ဆိ‘ ဆိုတာ ဘာလဲ ( carpet seat.= ကော်ဇော်ခင်းထားတာလား လို့မေးတယ်။ အို့ကွာ… ‘ကားပတ်ဆိ‘ ဆိုတာ (couple seat = သမီးရည်းစားများထိုင်ရန် လက် တန်းဖြုတ် ထားသော ထိုင် ခုံ လို့ ခေါ်တယ် ) လို့ ရှင်းပြလိုက်ရတယ်။


ဂျိန်းစဘွန်း ကားက တော့ဂျိန်းစဘွန်း ကားဘဲပေါ့ ။ ကြည့် လို့ ကောင်းနေတာဘဲ။ အဲဒီ ကား မရရင် နီကိုလပ်ကေ့ဂ်ျ. ကား ကို ကြည့် မယ် လို့ စိတ် ကူးထားတယ်။ ဒါပေမဲ့ ကိုယ် ကြည့်မယ် ရည်ရွယ် ထားတဲ့ ကားကို ကြည့်လိုက် ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကာ နာရီဝက် တစ် ခါ လေးဆယ့်ငါးမိနစ် တခါ ပြနေတာကိုး။ ရုံတွေ က လည်း သိတဲ့ အတိုင်း တော်တော် များများရှိနေတော့ကာ ငယ် စဉ် ကာ လ က ဂျိန်းစဘွန်း ကားရုံတင် တယ် ဆိုရင် first day first show ကို ကြည့်ချင် လို့ မှောင် ခို လက် မှတ် နဲ့ သမတရုံ မှာ ဝယ်ကြည့်ခဲ့ ရတာ ကို သတိရ မိသေးတော့ တယ်။

Wednesday, November 5, 2008

choke

အိမ်သာထဲ ကို ဆပ်ပြာ ကျသွားတယ်။ အမှတ်တမဲ့နဲ့။ ရေကို ဖလက်ရှ် လုပ်မိတာ ဆပ်ပြာ ကလေး က လျှော ကနဲ ဝင်သွားပါလေ ရော။ ရက်နည်းနည်း ကြာတော့ဘယ်လိုဖြစ်လဲ မသိ ရေ မဆင်းတော့ဘူး။ choke ဖြစ်သွားတယ်။ အိမ် က အင်ဂျင်နီယာ က ငါ မအားဘူး။ မင်းဘဲ ကြည့်လုပ်လိုက် ဆိုတော့ စုပ်ခွက် နဲ့ ရေကို တွန်း ချ။ ဒါလဲ မရသေး။

clementi shop ဆိုင်က နေ စုပ်ခွက် အကြီး ကို စလုံး ၁၀ နဲ့ဝယ်။ ဒါလဲ မထူးခြား။ အောက်ထပ် ဆင်းပြီး ကုန်စုံ ဆိုင် ကို ရေပိုက်ပြင် လိပ်စာ သွားမေး . ရန်ကုန်လိုပေါ့။ ကိုယ် မသိပေမဲ့ အိမ်နီးချင်းတွေ များသိမလားလို့ ။ သူတို့လဲ မသိ။ အမှိုက်ပုံ ထဲ ရေပိုက်လိပ်စာ သွားရှာ။ ကြော် ငြာ စာရွက် များရှိ မလားလို့။ မတွေ့။

နောက်ဆုံး မှ အာရာ..သတင်းစာ ရှိသားဘဲ ဆိုပြီး။ classified ထဲ ရှာတော့လိပ်စာတွေ့။ ဖုံးဆက်ခေါ်။ စလုံး ၃၀ နဲ့ ဈေးတဲ့။ စုပ်ခွက် လေး ကိုင်ပြီး သူ ရောက်လာ။ တွန်းချ။ မရ။ စလုံး ၁၅၀ တောင်း စက်နဲ့ တွန်းချ မှ ရမယ်တဲ့။ အံသြသွား မဖြစ်နိုင်တာ . နောက်ဆုံး ၁၃၀ နဲ့ ဈေးတဲ့။ မော်တာ လို စက် ကလေးယူလာ။ မော်တော်ဆိုင်ကယ် လို စက်ကလေးကို ခြေထောက်နဲ့ ဖိဖြိ့ပီး။လေ နဲ့ တွန်းထုတ်။ မရပါ။

အိမ်သာ အထိုင်ကို ဖွင့်ရမယ်တဲ့။ စလုံး ၂၈၀ ။ မလိုတာ တွေ မလုပ်ပါနဲ့ အစ်ကို ရယ်။ မရလဲ ပြန်ပါတော့။ ခြေကြွခ ပေးပါ့မယ်။ ဟာ ဒီလိုဆို ခင်ဗျား ဒုက္ခ ရောက် သွားမှာပေါ့။ အချီ အချ တွေ ထုံးစံ အတိုင်းပြောကြ။ နောက်ဆုံး ဆပ်ပြာ ကလေး က ဝေါ ကနဲ ဆင်းသွား။ ဝမ်းသာ လိုက်တာ။ အမျိုးတွေ ကို ပြောပြရင် အံသြကြ မလားမသိ။ ဆပ်ပြာ ကလေး က စလုံး ၁၃၀ တန်ပါတယ် ဆိုရင်….

Tuesday, November 4, 2008

Not in town

မြန်မာဆိုင်သွားပြီး ဂျာနယ် တွေ ဆယ် အုပ်လောက် ဝယ်လာခဲ့တယ်။ မြန်မာ သတင်းတွေ ကို နစ်သက် တတ် တဲ့ အချစ်ခရီးသွားရင်း ဖတ် ဘို့။ .အချစ် အိမ်မှာ မရှိပါ။ တပတ်ခန့်၊ လွမ်းပင် လွမ်းသော်လည်း နောက်ကြောင်းအေးအေး ဘလော့ နိုင်တဲ့ အတွက် ကြောင့် ကြိတ် ပြီးဝမ်းသာ နေ မိသေးတယ်ဆိုတာ ကို တော့ ပြော ပြ ဖြစ် မှာ မဟုတ်ပါဘူး။

အချစ်အတွက် အပျိုစင် မဂ္ဂဇင်းလဲ ဝယ် ပေးလိုက်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ မကြာခင် သူ ရန် ကုန် သွားဘို့ ရှိပါတယ်။ သွားတဲ့ အခါ မိန်းကလေး များနဲ့ တွေ့ရင် shock မရအောင် လို့ ကြိုတင် ပြီး ပြထားတဲ့ သဘောပါ။ အခု မိန်းကလေး တွေ ဒီလို ဒီ လို ရှိပါတယ/် ဒီ လို ဝတ်စားပြီး ဒီလို ချစ် စရာ ကောင်းတယ် ဆိုတာ ကို သူ သိစေချင်လို့ပါ။ မဟုတ်ရင်ဟိုရောက် မှ မိန်းကလေး တစ်ယောက်ယောက် နဲ့ ပက် သက်မိရင် စွဲ လမ်းသွားမှာ စိုးလို့/ သိတ်ချောတယ် လို့/ ထင်မိသွားမှာစိုးလို့ ကြိုပြီး ဒီလို မျှူိုးလေး တွေ အများကြီး ရှိတယ် ဆိုတဲ့ အကြောင်း/ ကို ကြိုတင် information ပေးထားတာပါ။

Sunday, November 2, 2008

I want to go to rest room

I want to go to rest room လှို ဖိလစ်ပင်းကောင်မလေး က ပြောတော့ဘာပြောပါလိမ့်. What လို့မေးလိုက်တယ်။ ကောင်မလေးက ပြန်ဖြေတယ်။ I want to go to rest room လို့ထပ်ဖြေတယ်. ကိုယ်ကလဲ ထပ်မေးတယ်။ what ?,,နောက်ဆုံး miss Indian က rest room= toilet လို.ဆိုမှဘဲ အားလုံး အိုကေ သွားကြတော့တယ်။ အိမ်သာ ကို များ အနားယူခန်းတဲ့ မကြားဘူးပေါင်..။

Saturday, November 1, 2008

Driving licence Singapore

ကိုယ်က မိန်းကလေးဖြစ်ပြီး မော်တော် ကားကို crazy ဖြစ်ပါတယ်။ စလုံးမှာ မော်တော်ကား မရှိပေမဲ့ လိုင်စင် ရှိချင်လို့ အရင်ဆုံး ကိုယ်ရဲ့ရန် ကုန်လိုင် စင် ကို ပြန်စစ်ပါတယ်။ ကိုယ့် လိုင်စင် က အချဉ် မဟုတ် (ဃ) လိုင်စင် ပါ။ တက္ကစီ မောင်းလို့ ရပါတယ်။

ကိုယ်တို့ အနေနဲ့ဆိုရင် Conversion of Foreign Driving Licence ထဲ မှာ အကျူံးဝင်ပါတယ်။ Basic Theory Test (BTT) ကို ဖြေဘို့လိုအပ်ပါတယ်။ အဲဒီ စာအုပ်ကု အရည်ကြို သောက်ဘို့ လိုအပ်ပါတယ်။ ငါးခု ဘဲ မှားခွင့ှ်ရှိပါတယ်။ အမှားအမှန် ခြစ်ရတဲ့ မေးခွန်းတွေ ပါ။ လမ်ကြော က ဘယ်မောင်းညာမောင်း ။ မြန်မာနဲ့ စလုံးက ပြောင်းပြန် ဖြစ်တဲ့ အတွက် တခါ တခါ ကြောင်ပါတယ်။ အထူးသဖြင့် အဝိုင်းပတ် တွေ မှာပါ။

အဲဒီ ကျောင်းမှာဘဲ ကှူရှင် ပြန်ယူမယ် ဆိုရင် စလုံး တရာ (၁၀၀ ) ပေးရပါတယ်။ ကွန်ပြူ တာနှဲု့သော်လည်းကောင်း စာ အုပ် နဲ့သော် လည်းကောင်း လေ့ကျင့်လို့ရပါတယ်။ နှစ်ပါတ်လောက်စောင့် ပြီးရင် စာရွက် ကလေး တရွက် အောင်လက်မှတ် ရပါတယ။်

နောက်တနေရာကို ဘာတွေ ယူ သွားရမလဲဆိုတော့ မြန်မာပြည် က ယဉ်မောင်းလိုင်စင် ပါ။ ဘာသာပြန် နိုထရီ ပြရင် အဆင်ပြေ တယ် လို့ြေ့ပာတဲ့ သူ က ပြော ကြသလို တချီု့ ကလည်း မြန်မာ သံရုံးရဲ့ တဆင့်ထောက်ခံချက်လိုတယ် လိုလဲ့ြေ့ပာကြပါတယ်။

စလုံးလိုင်စင် က ဘာအားသာလဲ ဆိုတော့ မလေးရှား သွားသွား ဥရောပ သွားသွား တွေ့တဲ့ ကားပေါ်တက် မောင်းလို့ရ့ပါတယ်။ အင်တာနေရှင်နယ် ပြောင်းစရာ မလိုပါဘူး။။ ဘာမှန်းမသ် စလုံးလိုင်စင် ထုတ်ပြ လိုက်ရင် လူ အထင်ကြီးခံရ နိုင်တဲ့ အနေအထားလည်း ရှိပါတယ်။

ရည်ညွန်းချက်းHTTP://WWW.SSDCL.COM.SG/CONVERSION_OF_FOREIGN_DRIVING_LICENCE.HTM


(အမှားပြင်ဆင်ချက်) (၂.၁၁.၂၀၀၈)

strike said...

ကျွန်တော်တွေ့ဘူးသလောက်တော့ Europe မှာ အဲ့လို License ပြလိုက်တာနဲ့ချက်ချင်း Detention Centre မှာ ၄၈နာရီအရင် စစ်စေးခြင်း ခံရတာတွေပဲ တွေ့ဘူးတယ်ဗျာ၊ ကျွန်တော်မှားလဲ sorry ဗျာ။

ကိုအောင်(ပျူနိုင်ငံ) said...

အမရေ ဥရောပ ယာဉ်မောင်းလိုင်စင်က အီးယူဥပဒေအရ အီးယူပြင်ပက အင်တာနေရှင်နယ်လိုင်စင်တွေ ပြန်ဖြေရ တယ် အမကြီး။

က်ဝေ said... မေတ္တာဖြင့် သတင်း မျှဝေချင်ပါသည်။

စင်္ကာပူက ကားမောင်းလိုင်စင် လိုချင်သူများ အချိန်မဆွဲပါနှင့်၊ ရည်ညွှန်းစာအုပ်ကို ၃ ဒေါ်လာနှင့်ဝယ်၊ နှစ်ခေါက်လောက်ဖတ်... စာမေးပွဲကြေး ၆ ဒေါ်လာသွင်း၍ Basic Theory Test ကို မြန်မြန် သွားဖြေကြပါ။ ကား တကယ်မောင်းတတ်သူများ မျက်စေ့မှိတ်ဖြေတောင် အောင်နိုင်ပါသည်။ (လွယ်မှလွယ်...)

စလုံးမှာ အနေကြာပြီးမှဖြေလျှင် စာမေးပွဲ အောင်သော်ငြားလည်း မော်တော်ကားနှင့် တော်တော် အလှမ်းဝေးနေသူဟု ယူဆကာ အထင်သေးတတ်၊ ရစ်တတ်သည်။ ကားဝယ်လျှင်လည်း အာမခံကြေး အများကြီး ပေးရတတ်သည်...။

ရှေ့ မှ မယ်တော်ကြီးများ၊ နောင်တော်ကြီးများ၏ အစိုးရိမ်လွန်မှု၊ ၀ီရိယ ပိုကဲမှုတို့ ကြောင့် ပုံစံတွေ ပြောင်းကုန်ပြီ...။ ကိုယ့်မြန်မာလိုင်စင်ကို Notry, Translation လုပ်ရုံဖြင့် မရတော့ပါ။ နေပြည်တော်မှ MOFA တံဆိပ်တုံး ပါကို ပါမှ ရပါမယ်...။ (သံရုံးက ဘာမှ တာဝန်မယူပါ...) အဲဒီ ကောင်တာက မလေး မကြီးတွေက လည်လိုက်တာမှ မွှတ်လို့ ပါ၊ မြန်မာစာတွေကို သင်ပုန်းကြီး အတန်းကုန် တတ်နေကြသလားတောင် အောက်မေ့ရပါတယ်။

ထိုအရာကို ရှောင်လွှဲလိုပါက ကိုယ့်မြန်မာလိုင်စင်ကို ရန်ကုန်ကို ပြန်ပို့ ၊ ကညနမှာ FEC ၂၀ ပေး၍ Asian လိုင်စင် (၀ါ) English Version လိုင်စင်ကို ယူပါ။ ဒါဆို ဘာ Notry, ဘာ Translation, ဘာ MOFA တုံးမှ မလိုတော့ပဲ စာမေးပွဲ အောင်တာနဲ့ ဒေါ်လာ ၅၀ သွင်း၊ ချက်ချင်း Convert လုပ်၍ ရပါသည်...