စိတ်မကောင်းဖြစ်စရာတွေ ဘဲ ဆက်တွေးမိပြန်တယ်။ စောစော ကပြောခဲ့သလိုဘဲ ဆက်မဖတ်ပါနဲ့.။
အဖေ
အဖေ့မှာ သွေးတိုးရှိပါတယ်။ ဆေးမှန်မှန်သောက်ဘို့ ဆရာဝန် က မှာတာ ကြားဘူးတယ်။ ဆေးခန်းလဲ အန်မတန်သွားခဲတယ်။ ဆေးသောက်တာ လဲ မတွေ့ဘူး။ ဘာဖြစ်လို့ ဆေးခန်းမသွား ဆေးမသောက်တာလဲ ကိုယ် အခု အချိန်မှာပြန် စဉ်းစားကြည့်တာ စဉ်းစား လို့ မရဘူး။ ဆေးခန်းသွားရင် ပိုက်ဆံကုန်လို့လား။ ဒါကတော့အမှန်ဘဲ ကုန်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ်လဲမသိဘူး။ ဘာဖြစ်လို့ မသွားလဲ ဆိုတာ လဲ တစ်သက်လုံး မမေးခဲ့မိပါဘူး။
တစ်ရက် ခေါင်းမူးတယ် လို့တော့ ပြောတယ်။ ပြီးတော့ အဖေနဲ့ ကိုယ် နဲ့ ပဲခူး က အဖေ့ညီ ဆီ ကို သွားလည်ကြတယ်။ အဲဒီ ည က ထုံးစံ အတိုင်းအဖေ အရက်နဲနဲ သောက်တယ် ထင်တယ်။ မနက် အစောကြီးလဲ ရေထချိုးသေးတယ်။ ပြီးတော့ တော က အိမ် ကလေး မှာ ခေါင်းရင်းတံခါး ဖွင့်ပြီး အိပ်ပါတယ်။ ခဏနေတော့ဘယ်လိုဖြစ်လဲ မသိ..တက်တာ လား ခေါ်လို့ မရတာလား မသိ.. အဲလိုဖြစ်..ကိုယ် မှာ ယောက်ယက်တွေ ခတ်..စဉ်းစား လို့မရ..ပဲခူးဆေးရုံတက် မလား. ရန်ကုန်ပြန် သွားမလား။။နောက်ဆုံး ကိုယ်ရန်ကုန် ကို ပြန်ခေါ်လာတယ်။ လမ်းမှာ တစ်ခါ တက်ပြန်ရော.. ဆောက်တည် ရာမရ ကိုယ် လမ်းမှာ အင်းတိုင် စစ်ဆေးရုံထဲဝင်သွားပြီးအကူအညီတောင်းပြန်တယ။် ကူညီလိုက်ပါတယ်။ စစ်သား လေး တစ်ယောက်ပါ အဖော်ထည့် ပေးလိုက်တယ်။ ဆရာဝန် နာမည် မှတ်လာခြဲ့ပီး မေ့ သွားပါတယ်။
နောက်ဆုံး ရန်ကုန် ဆေးရုံကို တန်းတင်လိုက်ရတယ်။ အဲဒီ ကတည်း ကဘဲ ဆိုပါဆို့ အဖေ လေဖြတ်ချိနဲ့သွားတယ်။ ပထမ ရုံ့းပြန်တက်နိုင်သေးတယ်။ နောက်ပိုင်း တစ်ခါ အဲလို ဖြစ်ပြန်တော့ ဆရာဝန်မကြီးဒေါ်စန်းမြ က အဖေ့အသက်ရှည်စေရင် ပင်စင်တင် ပါလို့ ပြောတော့နားထောင်ခဲ့ပါတယ်။
တစ်ခါ တစ်သက်လုံးသောက်ခဲ့တဲ့ ဆေးလိပ်နဲ့ဓါတ်မှန် ကို ဆရာဝန်ကြီး က ကြည့်ပြီး အဆုတ်ကင်ဆာ..ဆေးရုံအခုတက်ပါဆိုတာကို ကိုယ်တို့ညီအစ်မများ က မကျေနပ်ပါဘး.ူ မဖြစ်နိုင်တာ. ဆရာဝန်ကြီး ကဓါတ်မှန်ကို တစ်မိနစ်ထဲကြည့်တာ ဆိုပြီး ပွစိပွစိ လုပ်ပြီး လက်မခံကြပါဘူး။ စိတ်ထဲကနေ လက်ခံပေမဲ့လဲ ဆေးကု ဘို့ကို စိတ် မကူးကြဘူး.. ကိုယ့်အဖေ ကလည်း သိတ်စိတ်နုပါတယ်။ သူ့ကို သာ ရှင်းပြလိုက်ရင်တော့ ချက်ချင်း လဲသွားမှာပါ။ ကိုယ်တီု့ဘာသာ ဆုံးဖြတ်ပြိး အဖေ့ကို အသိတောင် မပေးခဲ့ကြတော့ဘူး။ နိုင်ငံခြား မှာ ကတော့ လူနာ ကို တိုက်ရိုက်ဖွင့်ပြောပြီး သူ့သဘောဆန္ဒ ကိုမေးတာပါ။ ကိုယ်တို့ကတော့ကိုယ့်ဘာသာ ဆုံးဖြတ်လိုက်ကြတယ်။
အမေ
အဖေကဒီလိုလေးနဲ့နေလာလိုက်တာ နှစ်ပေါင်း အတော်လေးနေပါတယ်။ ကိုယ်တို့ကလည်း အန်မတန်ပြူစုပါတယ်။ ကိုယ်က အဖေ့ခုတင် ဘေးမှာဖျာခင်းပြီး အိပ်တာပါ။ အဖေခေါ်ရင် အလွယ် တကူ လုပ်ပေးနိုင်အောင်။ ကိုယ်က အဖေချစ်..အလတ်မ က အမေချစ်..အဖေနဲ့အမေ နဲ့ က အစ်မ အကြီးဆု့းနဲ့ မောင်လေးကို ချစ်..အမေ ကလည်းအဖေ့ကို ဆို အန် မတန်ချစ်..အစ်ကို..အစ်ကို နဲ့လိုအပ်တာ ကို အမြဲ စီမံ့ပေးပါတယ။် ငြူစူတာ ဆိုလို့တစ်ခါမှ မတွေ့ဘူးဘူး။
နောက်ဆုံးအဖေ တော်တော်လေး ယိုင်လာတော့ ဆေးရုံကလည်း တက်လိုက် ဆင်းလိုက်..နောက်ဆုံး တစ်ခေါက်မှာတော့ ကိုယ် က ဆေးရုံ့တင်ဘို့ စဉ်းစား ပါတယ။် ဒါပေမဲ့ အစ်မအကြီးဆုံး ကလည်း ခရီးသွားနေတော့ သူခရီးက ပြန်လာမှဘဲ ဆေးရုံတက် တာပေါ့။ နှစ်ရက်လောက်တော့ အိမ်မှာဘဲ ပြူစု လိုက်ဦးမယ် ဆိုပြီး အဖေ့ကို ကိုယ် က အိမ်မှာဘဲ နှာခေါင်းပိုက်ထည့်ဘူို့ စီမံပါတယ။် နှာခေါင်းပိုက် ဆိုတာ အစာ မဝင်တဲ့ အချိန်မှာ နှာခေါင်းကနေ ပိုက်သေးသေး ကို အစာအိမ်ထဲကို တိုက်ရိုက်ထည့်ပြီး အစာရေစာ ထည့်ပေးတာ ကို ဆိုလိုပါတယ်။ ပြုစုဘို့ကတော့ အိမ်မှာ ချာတိတ်မ လေးတွေ ရှိပါတယ။် အဲဒါနဲ့ ဆုံးဖြတ်ပြီး နှာခေါင်းပိုက်ထည့်လိုက်ပါတယ်။ ဘယ်သူထည့်လဲ လို့တော့ မမေးပါနဲ့ တော့။ တစ်စုံတစ်ယောက်ဘဲဆိုပါစို့။
ပြီးတော့ ကိုယ်လဲ စိတ်က မချမ်းသာတာနဲ့ အမေ့ကို အပြင်ခဏသွားဦးမယ် လို့ပြောပြီးယောက်ခမ အိမ်သွားပါတယ်။ သိတ်မကြာပါဘူး။ အဲဒီ အချိန် က hand phone တွေ သိတ် မသုံးနိုင်သေးပါဘူး။ ကိုယ်ပြန်လာတော့ အမေ ကို ဆေးရုံတင်လိုက်ရတယ် ။အိမ်နား က ဆရာဝန် မနဲ့ အလတ်မ ဆေးရုံကို လိုက်သွားတယ် လို့ ချာတိတ်မတွေ ကပြောတယ်။ ကိုယ် ဆေးရုံလိုက်သွားတယ်။ အစ်မေ့ကို အရေးပေါါ်မှာ တွေ့ပါတယ်။ နှလုံး ရင်ဘတ် အောင့်တယ် လို့ဆိုပါတယ် ။အလတ်မ က အမေ့လက်ကလေးကို ကိုင်လို့ မျက်နှာ ငယ်လေးနဲ့ ။သူ ကအမေ ကို သိတ်ချစ်ပါတယ်။ ဆေးရုံတက်ရမယ် ၁၉-၂၀ အဆောင်ကို လို့ ပြောပါတယ်။
အဲဒီမှာ ကိုယ်စဉ်းစားတယ်။ ကိုယ့်စိတ်ထဲ တယ်ပြီးမပူမိဘူး။ ဆေးရုံတက်တာ ဘာ ထူး ဆန်းလဲ။ လူတိုင်းဆေးရုံတက်နေတာဘဲ။ နလုံးမကောင်းတာ ဆိုတော့ လေးငါးရက်ပေါ့။ အဲဒါ ဆိုရင် ကိုယ်က ဘယ်လိုပြူစုမလဲ။။ အဲဒီတော့ အိမ် ကအဖေ အတွက်..ဆေးရုံက အမေ အတွက် ကိုယ်စဉ်းစားတယ်။
အဖေ့အတွက် သူနာပြူ အိမ်မှာ။ အမေ့အတွက် သူနာပြူဆေးရုံ့မှာ အရေးတကြီး လိုအပ်မယ်. ကိုယ် အစ်မလတ်ကို အမေ နဲ့ထားခဲ့ပြီး. သူနာပြူဆရာမများ အဆောင် ရန်ကုန်ပြည့်သူ့ဆေးရဲုကြီးကို သွားပါတယ်။ ဆရာမ သွားရှာ ပုံတော်ဖွင့်ပြီး ဆေးရုံ ကို ပြန်လာတယ်။ အမေကို ၁၉-၂၀ နှလုံးဆောင် ပို့လိုက်ပြီဆိုလို့ လိုက်သွားတယ်။ အလတ်မ မျက်စိမျက်နှာပျက် နေပြါီ့ပီ။ တင်္နင်္ဂနွေ ကလည်း ဖြစ်ပြန် ဆိုတော့ ဆရာဝန် မ အငယ် ကလေးဘဲရှိပါတယ်။ အစ်မ အမေ အခြေအနေမကောင်းဘူး ဆရာကြီး ကို သွားခေါ်ပါဆိုပြီး လူနာ မှတ်တမ်းပေးလိုက်ပါတယ်။
ဆရာကြီး အိမ်လဲ ဆေးရုံဝင်းထဲမှာပါဘဲ အမြန်ဆုံးလိုက်သွားပြီး ဆရာကြီးကို မှတ် တမ်း ပြပါတယ်။ ဆရာကြီးက သမီး အမေ မရတော့ဘူး ။ဆရာလိုက်လာလဲ မထူးဘူး လို့ပြောပါတယ်။ ကိုယ် အရမ်းစိတ်ဆိုးတယ် အဲဒီ အချိန်က နောက်ပိုင်း သွေးအေးသွားတော့လဲ ဆရာကြီးပြောတာ မှန်ပါတယ်။ အဲဒါနဲ့ ကိုယ် ဆေးရုံ့ကို ပြန်လာတယ်။ အမေက အတော် ဆိုးနေပါပြီ. ကိုယ်ပြန် ရောက်ပြီး ဆယ်မိနစ် အတွင်း အသက်ရှူရပ် သွားပါတယ။် ကိုယ် အရူးတစ်ပိုင်းဖြစ်သွားတယ်။ ခုတင်ပေါါ်ကို ခုန်တက်လိုက်မိတယ်။ အမေ အမေ ဆိုပြီး လှူပ်မိတယ်။
ဆရာဝန် မကလေးနဲ့ဆရာမ များက အစ်မ ခဏဆင်းပါ. သူတို့ shock ရိုက်ချင်လို့ ဆို. ကိုယ်က မထူးတော့ပါဘူးဒီ အချိန်ရောက်မှ မထူးတော့ပါဘူး ဆိုပြီး မျက်နျာကို လက်ဝါးနဲ့အုပ် ငုတ်တုတ် ထိုင် နေမိပါတယ်။ သိလိုက်ပါပြီ. မရှိတော့ဘူးဆိုပြီး. မယုံနိုင်ဘူး. ညနေ ၄ နာရီလောက် က စရင်ဘတ်အောင့်တာ ည ၈ နာရီ မှာ မရှိတော့ဘူး။ အိမ်ကနေယူလာတဲ့ အိပ်ရာခင်းတောင် မခင်းရသေးဘူး.။ တကယ်ကို ဘရူတ်ဘရက်နဲ့။ အမေဟာ အရမ်းကို သနားစရာ ကောင်း ပါတယ။် သနားစရာထပ် ကောင်းပါသေးတယ်။ အမေ့စိန်နားကပ်တို့ ရွေဆွဲကြိုးတို့ လက်ကောက် တို့ ကို ကိုယ် တို့ဖြူတ်ယူ ထား လိုက်ကြတယ်။ အော်. လူ့ဘဝ. လူ့ဘဝ.။
ကိုယ့်အစ်မ အလတ်မ ကို သူ က သူဘယ်နားမှာ အတွင်းပစ္စည်း အချို့ဖွက်ထားတယ် လို့ ပြောခဲ့သေးသတဲ့.။ ကိုယ်လဲ ကိုယ့်ကိုကိုယ် ခွင့်မလွတ်နိုင်ဘူး. ဒီလိုမှန်းသိရင် ကိုယ် ဆရာမဘယ်သွားရှာပါ့မလဲ။ အနားမှာဘဲနေမှာပေါ့။ အရေးပေါ်ကနေ ၁၉-၂၀ ကို ဆေးရုံကားနဲ့ပို့တာလဲ ကိုယ်ဘယ်လက်ခံပါ့မလဲ ကိုယ့်ကားနဲ့ကိုယ်ပို့မှာပေါ့။ တစ်ခါ တစ်ခါ ကျရင် လူတွေ ဟာ ကိုယ်ရင်းနှိးတဲ့သူတွေ အသည်းအသန်ဖြစ်တာ ကို မဖြစ်ပါဘူး လို့ကိုယ့်ကိုယ်ကို လှည့်စားပြီး နေတာကို ကိုယ် လက်တွေ့သိလိုက်ရတယ်။
အလတ် မကလဲကိုယ့်ကို အရမ်းစိတ်ဆိုးတယ်။ ကိုယ့်ဆုံးဖြတ်ချက် နှာခေါင်းပိုက် အဖေ့ကိုထည့်မယ် ဆိုတဲ့ မြင်ကွင်းကို အမေ မခံစားနိုင်လို့ အခုလို နှလုံး အတက်ခ် ရတာလို့ ဆိုတယ်။ ဒါလဲဖြစ်နိုင်ပါတယ်။ ငါသိတ်စိတ်ငြစ်တယ် .ငါသေချင်တယ် လို့ ကိုယ် အြ့ပင်မထွက်ခင်ကလေးမှာတင် အမေ ကိုယ့်ကို ပြောသွားခဲ့တယ်။ ဆေးရုံမှာ လုပ်တဲ့မြင်ကွင်းကို အိမ်မှာ သူမြင်ဘို့ဘယ်ခံနိုင်ရည် ရှိပါ့မလဲ။
အားလုံးရှုပ်ကုန်တယ်။ လူကြီးဆိုလို့ ဘယ်သူမှ မရှိ။ အမျိုးလူကြီး တွေ ကို ပြေးခေါ်။ အစ်မနဲ့သူ့အမျိုးသားက ခရီး ထွက်.နေလို့မရှိ .။ ကိုယ့် အမျိုးသား နဲ့ အလတ်မ အမျိုးသား ကလည်းပြည် တွင်းမှာ မရှိ။ မောင်လေး သဘော်သားကလည်း သဘောင်္လိုက်နေ.။ အဖေ့ကို အစ်မ အကြီးအိမ် ခဏပို့ဘို့စီမ။ အိမ် ကလည်းချက်ချင်းဘဲ ရှူပ်ရှက်ခတ်သွား။။ အလတ်မ ကလည်းခပ်အေးအေးသမား. ။ အားလုံးဘဲရှူတ်ကုန်တယ်။ နောက်တစ်ရက်ဘဲ အကြီးဆုံးအစ်မ ခရီးကပြန်လာတယ်။ လမ်းထဲဝင် လိုက်ကတည်းက အိမ်ရှေ့မှာ ရှူတ်ရှူက် ခတ်နေတာ သူမြင်တယ်။ သူထင်တာက အဖေ လို့ထင်တယ်။ အဖေက မမာတဲ့သူကိုး.။ အမေ လို့ပြောလိုက်တော့သူလဲ ရူးသွားတယ်။ ပေါက်ကွဲသွားတယ်။ သူ က အဖေနဲ့အမေ ရဲ့အသည်းစွဲ.သူကလည်း မိဘ ကိုချစ်တာ နှစ်ယောက် မရှိပါဘူး။
အခြေအနေတွေ အရမ်းရှူတ်ထွေးသွားတယ်။ အဖေ လည်း ဆေးရုမှာ တောက် လျောက် ဘဲနေပြီး.နောက်ဆုံး ICU ရောက်ပြီး တစ်လ မပြည့်လိုက်ဘူး. ။ အမေ့ နောက် လိုက်သွားတယ်။ အမေမရှိတော့တာကို ကိုယ်တီု့အားလုံးသူ့ကို မပြော ပြလိုက်ကြဘူး။ ဘယ်သူမှ မပြောထွက်ကြဘူး။ ဆေးရု့ကမြင့်လို့အပေါ်ကို လိုက်မ လာဘူးလို့ အခြေအမြစ် မရှိတဲ့ ဆင်ခြင်ကို ပေးလိုက်ကြတယ်။ ဒါပေမဲ့သူသိမယ်ထင်တယ်။ အမြင့်ကို မင်းသမီး အဝတ်အစားလေးနဲ့ ခုတင်ခြေရင်းမှာ ထိုင် နေတယ် လို့သူကိုယ့်ကိုပြောတယ်။
အဖေရက်လည်ဆွမ်းကျွေးတဲ့နေ့က လိပ်ပြာလေးနှစ်ကောင် အိမ်ထဲက ဘုန်းကြီး တရားဟောတဲ့အနားမှာ နေတယ်။ အားလုံးငြိမ်ြ့ပီး ဘဲကြည့်နေရတယ်။ စိတ် မကောင်းလိုက်တာ။ တရားဟောပြီးမှ ပြန်သွားကြတယ်။ အခြေအနေတွေ ဘယ်လို ပြီးဆုံးသွား တယ်ဆိုတာ မသိတော့ပါဘူး ဘယ်သူလာလို့ ဘယ်သူပြန်လဲမသိ..မိတ်ဆွေ များ လာတဲ့အချိန်လည်း အိမ်မှာ မရှိ.။ အန်မတန် မှ ကို စိတ်ထိခိုက်ရတဲ့ အချိန်တွေပါဘဲ။ မိဘတွေ ကို အိမ်မက်တွေ မက်လိုက်တာ ဆိုတာလဲ နှစ်နျစ်လောက် ကြာတယ်။ ကိုယ့်ကို ကိုယ်လဲခွင့်မလွတ် နိုင်ခဲ့ဘူး။

43 comments:
ပထမ
မိဘတွေနဲ့ စိတ်အနှောက်အယှက်ဖြစ်လို့ ဖုန်းမခေါ်ပဲနေတာ ဒီပိုစ့်ဖတ်ပြီး ပြန်အဆက်အသွယ် လုပ်လိုက်အုံးမယ်။
သတိပေးသလို ဖြစ်တဲ့အတွက် ကျေးဇူး။
ဖတ်ရတာ ကာယကံရှင်နဲ့အတူတူရင်မောမိပါတယ်။သေသေချာချာ
မဖတ်သေးပဲနဲ့ကျီစယ်ထားတယ့်ကွန်မန့်၂နဲ့၃ကိုပြန်ဖြုတ်
ပါတယ်။
စိတ်မကောင်းစရာပါပဲ အစ်မရယ်။ ကျွန်တော်တို့ မိသားစုထဲမှာ အမေ အပါအဝင် ဆရာဝန် ၃ ယောက် ရှိတာတောင် မိသားစုထဲက တစ်ယောက်ယောက် အကြီးအကျယ် နေမကောင်းဖြစ်ရင် သူတို့အချင်းချင်း ဆေးရုံတင်မယ် မတင်ဘူး ငြင်းကြသေးတယ်။ သူတို့ကိုယ်တိုင် ဖြစ်ရင်တော့ အခြား တစ်ယောက်ယောက်က အတင်းတွန်းလွှတ်မှပဲ ဆေးရုံသွားတော့တယ်။
မမရေ.........
ကိုယ်က မိဘအတွက်ဆို အကောင်းဆုံးချည်း၊ ကောင်းမယ်ထင်တာချည်း လုပ်ပေးချင်တာ မိဘကိုသိပ်ချစ်တဲ့ သားသမီးတိုင်း ဒီလိုမျိုးပါပဲ။ အပူတောကြီးမှာ ကိုယ့်ဥာဏ်လေးနဲ့ မီသမျှ အကောင်းဆုံး လုပ်ခဲ့တယ်လို့ စိတ်ထဲမှာ ထားပါမမရယ်။ မမအပြစ်မဟုတ်ပါဘူး။ ဘယ်သူ့အပြစ်မှလဲ မဟုတ်ပါဘူး။ ခွဲရကံကြုံလို့ ခွဲကြရတာပါပဲ။ ကျန်တဲ့လူအဖို့မှာတော့ ဒဏ်ရာ အနာ မရှိစေချင်တော့ပါဘူး။ သူတို့နှစ်ယောက်အတူတူ ရှိနေကြပါပြီ။ ကောင်းမှုလုပ်ပြီး အမြဲ အမျှဝေ ပေးနော်။
ချစ်သော
ချိုသင်း
အဘိုးရက်လည်တုန်းကလဲ လိပ်ပြာဖြူလေးလာနားတယ်။
စိတ်မကောင်းမဖြစ်ပါနဲ့အစ်မရယ်။
ဂျီးဒေါ်ရယ်.. ဖြစ်ရလေ..
ငိုသွားတယ်.. တကယ်ကိုယ့်နေရာက ခံစားပြီးကိုငိုသွားတယ်.. နောက်ဆို ဆက်မဖတ်ပါနဲ့ဆို မဖတ်တော့ပါဘူးဗျာ..း(
ကျေးဇူးပါပဲခင်ဗျာ..မိဘတွေအပေါ်ထားရမယ့်အကြင်နာ..ကို..ပေးဖို့လိုနေသေးတယ်ဆိုတာအခုမှအသိရလိုက်ပါတယ်..
စိတ်မကောင်းစရာတွေမို့ ဆက်မဖတ်ခဲ့ပါ။ ပျော်ရွှင်စရာတွေကို မျှော်လင့်နေပါတယ်။
Sorry to hear your losses. I understand how you feel upset. It must be devastating for you. As a medical doctor, I can imagine how much serious your parents' conditions were. I believe even though you were stand-by 24/7 next to them, you can't help too much. I experienced several situations at work. Finally, we need to make them comfortable while waiting to die. Basically, there is a little or no role of family members in caring of terminally ill patients. Basically they are not expert.
But I think you and your siblings had done every things you could do for your parents during their last days. I hope that will help you to be consolable. Even god can't stop to die when time come.
For me, I want to die in Britain. Here funeral service is much better than in Burma. I can die in dignity and I can enjoy a decent funeral service. :)
ဒီပိုစ့်လေးကို ဖတ်ရလို့ မိဘတွေအပေါ်ထားတဲ့ အမရဲ့ စိတ်နေသဘောထားကို လေးစားမိပါတယ်ဗျာ။ ကိုယ်တိုင်လဲ လိုအပ်နေတဲ့ ကွက်လပ်တွေကို မြင်မိပါတယ်..။
အရမ်း ရင်မောသွားတယ် ဗျာ ...။
ဘာမှ မခံစားလိုက်ရဘဲ အဖေ့ထက် အလျင် သွားလိုက်တဲ့ အမေက တကယ် ကုသိုလ်ထူးပါတယ် မမ။ ကျန်ရစ်သူက လွမ်းရတာမဟုတ်လား။ အဲ့ဒီလိုတွေးရင် အမေ့အတွက် မမ စိတ် သက်သာရာ ရမှာပါ။ မိဘအတွက် အကောင်းဆုံး လုပ်ပေးခဲ့တာပဲ မမရယ်... အသက်ရှင်စဉ်တုန်းက ပြုစု စောင့်ရှောက် ပေးခဲ့တာတွေ.. စိတ်ရော ကိုယ်ပါ ပင်ပန်းခံခဲ့တာတွေ... ပြန်အောက်မေ့ပြီး သူတို့အတွက် ရည်စူးပြီး ကောင်းမှုကုသိုလ် လုပ်ပေးပါ။ မီယာ လည်း အမေ ဆုံးမယ်မှန်းသိရင် ဘယ်ထွက်လာပါ့မလဲ လို့ အမြဲ တွေးပြီး စိတ်မကောင်းဘူး။
ကျွန်တော်အဲဒါတွေဘဲ ကြောက်တာ။ တစ်နေ့တော့ ရင်ဆိုင်ရတော့မှာပါဘဲ။
စိတ် မကောင်းပါဘူးဗျာ... ကိုယ်တိုင်လည်း မိခင်ကို ဆုံးရှုံးခဲ့ဖူးတော့ ဘယ်လို ခံစားရမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်... သို့သော်လည်း ကိုယ်တိုင် အနားမှာ ရှိနေနိုင်တာ ဖြေသာပါသေးတယ်ဗျာ...
ကျနော်ဆို အမေဆုံးတော့ ရေခြားမြေခြားမှာ ပြန်လို့လည်း မရတဲ့ ဘ၀မျိုးနဲ့ပါ...
မမရေ ဖတ်ရင်းနဲ့ စိတ်မော လူမောဖြစ်ကျန်ခဲ့ပါတယ်။
အစ်မရယ် တရားတော်တွေကိုပဲ နှလုံးသွင်းတော်မူပါ..
လောကကြီးရဲ. ဖြစ်ပျက်တရားတွေကို ဘယ်သူမှ မရှောင်နိုင်ကြပါဘူးးး
မိသားစုတစ်ခုမှာ တစ်ယောက်ယောက်က ရည်ရှည် နာမကျန်းဖြစ်ရင် အတော့်ကိုမကောင်းဘူး၊၊ ဆွေမျိုး အပေါင်းအဖော် ဆိုတာ ကာလည်းတစ်ခါက နှစ်ခါ ပဲ အရေးလှုပ်ကြတာ ၊၊ဒါကလဲ သဘာဝပါပဲ၊ အမြဲတမ်းကျတော့ မအားကြဘူးလေ၊၊ ငွေကြေးကုန်တာထက် မိသားစု စိတ်ပင်ပန်းရတာ မျက်နှာဘယ်လိုမှမရွှင်ပျနိုင်ဘူး၊၊ အမြဲစိတ်သောကရောက်ပူပန်နေရတတ်တာ ၊၊ ကိုယ်ချင်းလည်းစာတယ်ဗျာ၊၊ ကိုယ်တိုင် လည်းအမေ့တုန်းက ကြုံခဲ့ရဘူးပါတယ် ၊၊အကောင်းဆုံး အဆိုးဆုံးတွေကို အဲဒီအချိန်မှာ ခွဲခြားသိမြင်နိုင်ဆုံးပါပဲ ၊ ကိုယ်သိတဲ့ ခံစားမှုလေးရေးပေးတာ ၊၊ မမဂွိစ်
မမဂွိရယ် ဖတ်ရတာတောင် စိတ်မကောင်းဖြစ်လိုက်ရတာ။ ဒါပေမယ့် အမတို့က ပြုစုလိုက်ရတယ်ဆိုတော့ တော်ပါသေးတယ်နော်။ အမအမေဆုံးတာက ရုတ်တရက်ကြီးဆို ပိုခံစားရမှာ။ အမက လုပ်သင့်တာတွေ စီစဉ်လုပ်တတ်လို့ အခုချိန်မှာ ဖြေသာပါတယ်လေ။
အမရေးတာ ဖတ်ပြီး စိတ်မကောင်းဘူး အမရယ်။ ဂျမ်းလည်း အမေနဲ့ အဒေါ် ဆုံးရှုံးဖူးလို့ အဲဒီခံစားချက်တွေကို ကောင်းကောင်း ကိုယ်ချင်းစာ ကြည့်လို့ရတယ်။ အထူးသဖြင့် အမေ့နောက်ဆုံးအချိန်မှာ အနားမှာ မရှိနေနိုင်ခဲ့တာကို ခုထိ ခံစားရတုန်းပါ။း(
ချိတ်မကောင်းလွန်းလို့
ကယောက်ကယက် ဖြစ်သွားပါတယ်။
အမကွန် ထပ်တူထပ်မျှ ခံစားမိပါတယ် ...
တကယ်တော့ လွန်ဆန်လို့မရတဲ့ သဘောတွေဆိုတာ မှန်ပေမယ့်
နဖူးတွေ့ ဒူးတွေ့ ကြုံလာတဲ့အခါ ...
ပုထုဇဉ်တွေမို့ သွေးပျက်တုန်လှုပ်ခြောက်ခြားမိမှာ အမှန်ပါပဲ ...
ဒီဘ၀တွေမှာ ... ကြုံလာ၊ ဆုံလာ၊ ဖန်လာ သမျှတွေဟာ
တစ်ချိန်မှာ သေကွဲ ရှင်ကွဲ ... ပုံသဏ္ဍာန်အမျိုးမျိုးနဲ့
ဝေးကွာ၊ ကွေကွင်း၊ ပျောက်ဆုံးရမှာ ...
ကျွန်တော် မကျေနပ်ဘူးဗျာ ...
ဒါပေမယ့်လည်း ... မချစ်သော်လည်း အောင့်ကာနမ်း
ရင်ဆိုင်လက်ခံရတော့မှာ ...
အဲအခါ ကျရင် .... ။
မိဘတွေကို မပြုစုဖူးသေးဘူး...
မမကို သနားလိုက်တာ....။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့ မမရယ်.. အကောင်းဆုံးလို့ ထင်တာတွေကို လုပ်ပေးခဲ့ပြီးပြီပဲ....။
ကျွန်မ အစ အဆုံး သေချာဖတ်မိတယ်
ဘယ်လိုမှ မခံစားနိုင်တော့လို့...
ငိုမိတယ်....
ကျွန်မ ဖေဖေ့ ရက်လည်တုန်းကလည်း...
လိပ်ပြာလေး.. တစ်ကောင်က...!!
ဖေဖေဆုံးပြီး မကြာခင်မှာ ကျွန်မ ပန်းချီဆရာ တစ်ယောက်ကို ပုံတစ်ပုံ ဆွဲဖို့ အပ်ဖူးတယ်.. ကျမ သူ့ကို ဆွဲခိုင်းမိတဲ့ ပုံက လိပ်ပြာလေး လေးကောင်ဝဲပျံနေတဲ့ ပုံလေးပါ..။ ခပ်မှိုင်းအရောင်နဲ့ လိပ်ပြာလေးကိုဆွဲပြီး ဖေဖေ့ကို ကိုယ်စားပြုစေခဲ့တယ်.. ပြုံးနေတတ်တဲ့ ရင့်ကျက်တဲ့ လိပ်ပြာလေး အဖြစ် မေမေပေါ့.. ခပ်ဆိုးဆိုး လိပ်ပြာလေးက ကျွန်မပါ.. ပန်းရောင်နုနုလေးတွေ သုံးခိုင်းထားတဲ့ လိပ်ပြာလေးကတော့ ညီမလေးပါဘဲ...
ဒါပေမဲ့... မေမေ့ဆန္ဒအရ ကျွန်မ ပန်းချီဆရာကို ပိုက်ဆံသွားကန်တော့ပြီး မယူဖြစ်ခဲ့တော့ပါဘူး.... ဆွဲဖို့ရပ်ခိုင်းခဲ့ပါတယ်..။
လွတ်လပ်ပျော်ရွှင်စွာ မြူးပျော်နေတဲ့ လိပ်ပြာလေး လေးကောင် ပန်းချီကားလေးကိုတော့... ကျမရင်ဘတ်ထဲမှာဘဲ ကိုယ်တိုင်ဆွဲပြီး သိမ်းထားလိုက်တော့တယ်..။
ခင်တဲ့..
ခင်လေးငယ်
Steve Evergreen နဲ့..ဦးအောင်သာငယ် ပြောသလိုပါ ပဲ..အနည်းဆုံး တော့..အတတ်နိုင်ဆုံး...အကောင်းဆုံး..
လုပ်ပေးခဲ့ နိုင်သေးတယ်..ဆိုတော့..ဘာပြောပြော..
.....
ကျမ ဆို...အဖေ့နောက်ဆုံး ချိန် ရော..အမေ့ နောက်ဆုံး
ချိန်ရော..အနား မှာ..မရှိခဲ့ တာ....
အိပ်မက်ဆိုး တွေ...က ခု ချိန် ထိ မက်တုန်း
ဆိုပါတော့.....တစ်သက်လုံး လဲ..ပျောက် မှာ မဟုတ်တော့ ပါဘူး...
......
အဖိုးဝမ်းကွဲ...တစ်ယောက် အဆုတ်ကင်ဆာ ဖြစ်ပြီး..
သေလုမျောပါး ခံစား နေရတုန်းက...သူအော်နေတာ ကြည့်ပြီး....မကြည့်ရက်လွန်း လို့...
စိတ်ငြိမ်ဆေး..နဲ့..အိပ်ဆေး..လေး..လူကောင်းတွေရဲ့ တစ်ဝက်..စာ တိုင် လိုက်မိတာ..အဖိုး လေး...ပြန်နိုး မလာ ခဲ့ တော့ ပါဘူး...
အမျိုးတွေ က ဘယ်လို နှစ်သိမ့်ပေမဲ့......အဲဒါ..ငါ့ကြောင့် ငါ့ကြောင့် .... ..ဆိုပြီး...တစ်နှစ် နှစ်လောက်
စိတ် မကောင်း ဖြစ်ခဲ့ ရသေးတယ်....
အမ ဖတ်ရတာ စိတ်မကောင်းဘူး။
လူတိုင်းလျှောက်ရမဲ့လမ်းကို ကိုယ့်ထက်အရင် သွားနှင့်ကြတာ ဆိုပေမဲ့
ကိုယ်ချစ်တဲ့ သူတွေ အတွက်ကတော့ ဘယ်တော့မှ ဖြေလို့ မရတဲ့ ဆုံးရှုံးမူနော်။
ဖေဖေ မေမေကိုသတိရနေတာလား ဟင်။..........
ကျွန်မလည်း ဖိုးဖိုး ဖွားဖွားကိုသတိရသွားတယ်။ ဖိုးဖိုးကိုတော့ သိပ်အိပ်မက်မမက်ခဲ့ဘူး။ ဖွားဖွားကိုတော့ မကြာမကြာသတိရမိတယ်။ တွေ့ ကြုံ ဆုံကွဲ...ဘ၀သံသရာပေါ့ မကြီးရာ။ ဒါနဲ့ ဒီနေ့ ရုံးမသွားဘူးပေါ့လေ။ကောင်းပါ့ဗျာ။
မမရေ...တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်..ဒီစာကို မမ ဘယ်လိုစိတ်နဲ့ ရေးလဲတော့ မသိဘူး..။ ဖတ်ရတဲ့သူက မမတို့နဲ့ လိုက်ပြီး ခံစားနေမိတယ်။ မိဘကိုး။ လူတိုင်းမှာ ရှိတဲ့ မိဘနှစ်ပါး။ လူတိုင်းကိုယ်ချင်းစာလို့ ရနိုင်ပါတယ်လေ..။ ဟုတ်တယ်နော်..။ ကိုယ်တိုင်မပြောနဲ့..ကိုယ်နဲ့ နီးစပ် ချစ်ခင်တဲ့သူတွေကို အဲလိုဖြစ်လိမ့်မယ်လို့ တွက်ကို မတွက်မိတာ..။
အဖွားဆုံးတုန်းကဆို ဦးလေးတစ်ယောက် မနက်အစောကြီး သူ့အိမ်ကနေ ထ လာတာ။ အဖွားက အကောင်းကြီး..သူများတွေနဲ့ စကားပြောနေတုန်း...။ ဦးလေးကလည်း အမေ့ အရင်နှုတ်မဆက်ပဲ ဗိုက်ဆာတာနဲ့ နောက်ဖေးဝင် မနက်စာလေးဝင်စားနေတုန်း.. အဖွားက ချက်ချင်း ခေါင်းမူးတယ်ပြောရင်း သတိလစ်သွားတာ..ပြန်ကို မလည်လာတော့ဘူး။ အဲဒီဦးလေးခမျာ ဖြေလို့ကို မရတော့ဘူး။
နှောင်းနောင်တတွေ မရဖို့ သတိပေးတဲ့တွက် ကျေးဇူးတင်ပါတယ် မမရယ်။
very sorry to read this post
စိတ်မကောင်းဖြစ်မိပါတယ်။
စာနာမိပါတယ်...အစ်မ
အမကြီးရေ မချိုသင်းဆီမှာ တစ်ဦးတာ သဘောကျလို့ လာနောက်မလို့လာတာ..ဒီပို့စ်တွေ့လို့ လေးလေးနက်နက်ဖတ်သွားတယ်..မနောက်တော့ဘူး။
မမရေ..
စောစောစီးစီးလာဖတ်မိပြီး စိတ်ထဲမှာ တနင့်တပိုး ခံစားလိုက်ရတယ်... မိဘတွေနဲ့  အဝေးမှာနေရလို့  သောကတွေနဲ့  စိတ်က အလိုလိုနေရင်း နောက်နေတာ... မမစာ ဖတ်လိုက်တော့ ဘာဆက်လုပ်ရမှန်းတောင် မသိတော့ဘူး...
အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာပေါ့လေ...
မမ စိတ်ချမ်းသာပါစေ... လို့ ဆုတောင်းနေပါတယ်..
မခင်ဦးမေ ဖတ်ပြီး စိတ်မကောင်းပါ။ တစ်နေ့ကျရင် လူတိုင်း ကြုံကြရမှာပဲ။
ဆက်မဖတ်ပါနဲ့ဆိုပေမယ့်
ဆက်ဖတ်ဖြစ်သွားတယ်။
စိတ်ထဲမှာထပ်တူခံစားလိုက်ရပါတယ်။
အစ်မရေ စိတ်မကောင်းလွန်းလို့ မျက်ရည်တောင် ကျတယ်။ တစ်ခါတလေမှာလောကဓံတရားက သိပ်ကြောက်စရာကောင်းတယ်။
တစ်ခါ တစ်ခါ ကျရင် လူတွေ ဟာ ကိုယ်ရင်းနှိးတဲ့သူတွေ အသည်းအသန်ဖြစ်တာ ကို မဖြစ်ပါဘူး လို့ကိုယ့်ကိုယ်ကို လှည့်စားပြီး နေတာကို ကိုယ် လက်တွေ့သိလိုက်ရတယ်။
...မှန်တယ်မမရေ။ဆောင်ရန် ရှောင်ရန်
သတိထားရမဲ့ အချက်ကောင်းလေးတွေ။
မှတ်သားသွားပါတယ်။
Ma kom,
I also really sad about u..... Lifie is like that. But do not be press too hard for u... all are depend on what we did last life....
ကိုယ်ချင်းစာ မိပါတယ်။
မျက်ရည်လည်သွားတယ်
Post a Comment