Saturday, February 21, 2009

Torture
















အစ်မ အရေးပေါ်ခွင့်ယူပြီး ဘာချက်စားနေသလဲဆိုတော့ အဲဒါဘဲ၊မြင်တဲ အတိုင်းဘဲ။ အောက်ဆင်းသွားတယ်။ ထုံးစံအတိုင်း ပုဇွန် နဲ့ မုန်လာဥ ဝယ်တယ်။ သရက်သီးတွေ့တော့ သူငယ်ချင်းတွေ ကို သတိရ တာနဲ့ သူတို့ အတွက် ဝယ်သွားဦးမှ ဆိုပြီး။ ဝယ်တယ်။ နှိပ်စက်ဦးမှ ဆိုတဲ့ အကြံလည်း ပါပါတယ။်


အစိမ်းကြော်ကြော် စားမယ်ဆိုပြီးပေါက်တတ်ကရတွေ ဝယ်တယ်။ ကြော်တယ်။ ထမင်းပေါ် အုပ်လိုက်ရင် ထမင်းပေါင်း ဖ်ြစ်သွားတာပေါ့။ လွယ်လွယ်လေး။ မဇနိ လောက်တော့ ရယ်တာပေါ့။ အာလောက်လောက် ..အာလောက်..လောက်။

အာလောက်လောက် အကျယ်ကို ရှူချင်ရင်တော့ ဒီ ကိုသွားပါ။ ဖြန့်ဝေရင် တရား စွဲမယ် ဆိုလို့ အာပတ် လွတ်ကလေး ညွန်ပြတာ။ သင်္ကြန်လည်း နီးပြီလေ။

http://www.youtube.com/watch?v=4sMUo1wG8vo

ပုဇွန်ကြော်လေးပါ ပန်းကန်ပေါ်ပုံပြီး တင်စားလိုက် ဟော..အမြင်လဲ လှသွားတယ်။ ဒါနဲ့ စကားမစပ် ပန်းကန်လေး တော့ဝယ်ဦးမှ ..အခုလို နှစ်ကျပ်တန် ပန်းကန် နစ်ချပ် လေး နဲ့ လုပ်စားနေတာ ကြာနေပြီ။ အလွတ်တောင် ရကြတော့မယ်။

သရက်သီးကတော့ သူငယ်ချင်းတွေ အတွက်ဝယ်လာတာပါဘဲ။ ငြံ့ပာရည်ထည့် ငရုတ်သီးမှူန့်ထည့်။ သရက်သီးကလည်းချဉ်လိုက်တာ မပြောပါနဲ့။ ချဉ်စုပ်နေတာဘဲ။ တစ်ကိုက်ကိုက်ပြီးတိုင်း မျက်နှာကို ရှုံ့သွားတာဘဲ။ ကုန်တော့သွားတယ။် အီပုံ ကို ရှူပါ။

28 comments:

Anonymous said...

V tasty..,

:))

strike said...

ဘာပဲပြောပြောပိုစ်တစ်ခုကတော့ဖြစ်တာပဲဗျာ၊ကောင်း
လိုက်တယ့် ကံ။

Anonymous said...

အော် ပြိုင်ပွဲဝင်ဖို့ လေ့ကျင့်နေတာ ထင်တယ်

Anonymous said...

ဟယ်.ဘာသီချင်းကြီးလဲ..မိုးမင်းရယ် ပေါရဲလိုက်တာ...
အားလုံးပြီးပြီရပ်.. အာလောက်လောက်
mm

Anonymous said...

မမဂွိ ပညာပြိုင်တာပေါ့လေ။ ပန်းကန် ၂ ချပ်ထဲရှိတယ်ဆိုတာ အင်း မဇနိကို ပြောတာပေါ့။ နေနှင့်ဦး ပန်းကန်သွားဝယ်လိုက်အုံးမယ်။ သရက်သီးတွေ သရက်သီးတွေ မစားရရင် သေချာမမြင်အောင် အပေါ်ယံလေး ကြည့်သွားမယ်။

Phyo Evergreen said...

အာလောက်လောက် အာလောက်လောက် သရက်သီးမြင်ပြီး အကြောတစ်ထောင် ထသွားတယ်..။

Anonymous said...

သရက်သီး မြင်ပြီး သွားရည် တွေကျသွား တယ်။ ဟီး။

Anonymous said...

:)

Anonymous said...

အီး..သွားကျိန်းတယ်..

မာ့ခ် said...

:-)

Anonymous said...

အာလောက်လောက် ..အာလောက်..လောက်။

:)

ကိုသားငယ် said...

တော်သေးတာပေါ့ သရက်သီးက ကုန်သွားလို့ ( မောင်မျိုးက သရက်သီးစားပြီး အာလောက်လောက် ဖြစ်သွားတာလား :P )

Anonymous said...

သရက်သီးအရမ်းကြိုက် စားနေကျ

JuneOne said...

ဒီကသရက်သီးကတော်တော်ချဉ်တယ်။

:P said...

ကံကောင်းချင်တော့ ပုံတွေ မမြင်ရဘူး... အဲလေ...
ပုံတွေ မမြင်ရသေးဘူး မမရယ်....
စိတ်မကောင်းလိုက်တာ....။ :)))

:P said...

မမ က ပန်းကန်ပဲ အသစ်ဝယ်ရမှာနော်.. စားပွဲခင်းကတော့ တစ်ခါစား တစ်ခါလဲ..။ အမြဲ အသစ်ပဲသုံးတာ ..။
ဟုတ်တယ်နော် မမ...ဟီးးးးး။

Anonymous said...

သွားကျိန်းလိုက်တာ...
နောက်ကို ဒီစီဘုံးမှာ မဟုတ်မဟတ်သီချင်းတွေ
လာမဆိုတော့ပါဘူး...
စိတ်ချ...
Xထုံ

GreenGirl said...

မမနှိပ်စက်ပြီး(

Anonymous said...

အီးပုံကို ရှူပါ ဟုတ်လား။
ဒုက္ခပဲ အစားအသောက်အကြောင်းပြောရင်းတန်းလန်း ဘယ်လိုဖြစ်တာလဲဟင်။ တော်ပြီ အဲဒီသရက်သီးလည်းမစားချင်တော့ဘူး။ များ က အစားအသောက်စားကာနီး အီး အကြောင်းပြောရင် ရွံတတ်တယ်။ ( :p )

ကြည်

subuueain said...

သရက်သီးတော့စားချင်သား။ ငပိလေးနဲ့ နယ်ပြီး။

tg.nwai said...

သရက်သီးတွေ အကုန် မမ တစ်ယောက်ထဲ စားလိုက်တာ.. ကြည့်လုပ်ပါဦး မမရယ်.. နောက်ထပ် အီးပို့စ်အသစ် ထပ်တင်နေရပါဦးမယ်..:(

RePublic said...

စားမယ် ၊၊ ၀ါးမယ်၊၊ ရှိတာအားလုံးကို ၊၊
ဘယ်ဒူလဲဗျ မမနိ ကိုရယ်တာ ၊၊ ထုမယ် ၊၊ တိန် ၊၊

Rita said...

ကြည့်ရုံနှင့် ချဉ်ပါသည်
:)

Anonymous said...

သရက်သီးဝယ်စားနိုင်ကြောင်း ပြတာပေါ့လေ
နှိပ်စက်တာ ထိရောက်ပါပေတယ် မမရယ်

nu-san said...

အမက သရက်သီးနဲ့ နှိပ်စက်တာပေါ့လေ.. ရက်စက်ပါပေ့.. :D

ရွှေဂျမ်း said...

ရက်စက်ပါ့....း(

Anonymous said...

သရက်သီးမြင်တော့ သွားရည်ယိုလာတယ် ဟိဟိ

Moe Cho Thinn said...

မမရေ ပုံတွေကြည့်ပြီး ချိုသင်း အိမ်ကို ထမင်းစား ဖိတ်ချင်စိတ် အင်မတန် ပေါက်သွားတယ်။
အတူတူချင်း တမူးပိုရှူသွားပါပကော..ဟာဟ..