အားလုံးကို ကျေးဇူးတင်ပါတယ်။
poem of the day
မိုးတွေ ကလည်းစွေ..
ကိုယ့်အသည်းတွေ ကလည်းကြွေ..
မင်းအနားမှာလေ....
ဒီကဗျာ လား ဘာလား ခေါ်ရမလား မသိတဲ့စာစု ကို နေနေနိုင်ဘလော့ ကို သွားလည်ရင်းနဲ့ စိတ်ကူးပေါက်လာလို့ ရေးခဲ့တာ ကို ကိုယ့်ဘာသာ ကိုယ်ကြိုက်လို့ ပြန်ကူးလာပြီး ပိုစ်တင်လိုက်တာပါ။
ကိုပေါ ကနေ စလိုက်တဲ့ဇတ်လမ်း ကနေ အားလုံးဘဲ အရှိန် ရကုန်ပြီး ဝိုင်းပြီး စပ်လိုက်တဲ (သီဟသစ်: ခေါင်းစဉ်ပေးထားတဲ့ မမ ကွမ်း ၏ "အလွမ်းများနဲ့မိုး" ကဗျာပေါင်းချုပ်စာအုပ်ကြီး ကို (လင်း ) ရဲ့ တောင်းဆိုမှူ နဲ့ ထုတ်ဝေလိုက်ပါပြီ။ အဲဒီနေ့ မနေ့ က မိုးတွေ ကလည်း ရွာလိုက်တာ သဲကြီးမဲကြီး ဆို တဲ့ အခါ အားလဲုံးရဲ့စိတ်ထဲ မှာလဲ ဒီ မိုးကို စဉ်းစားနေကြတော့ပိုပြီး အသက်ဝင်သွားတယ်ထင်ပါတယ်။ ရယ်လိုက်ရတာ လဲ တကယ့်ပါဘဲ။ တစ်ချို့စီပုံးထဲက စာတွေ ကပျောက်သွားပါတယ် ။. ကာကာ လာလြာ့ပီး ဆော့နေတာ အဓိက ပါပါတယ။် အဲဒီအတွက် စိတ်မကောင်းပါဘူး။ ရှိသလောက်ဘဲ တင်လိုက်ရပါတယ်။ k ကတော့ အဆုံးသတ်အထိ ဘီးမလှိမ့်နိင်တော့ဘူးလို့ဆိုပါတယ။် အဲဒီလိုတော့မလုပ်ပါနဲ့လေ။
poem of the day
မိုးတွေ ကလည်းစွေ..
ကိုယ့်အသည်းတွေ ကလည်းကြွေ..
မင်းအနားမှာလေ....
ဒီကဗျာ လား ဘာလား ခေါ်ရမလား မသိတဲ့စာစု ကို နေနေနိုင်ဘလော့ ကို သွားလည်ရင်းနဲ့ စိတ်ကူးပေါက်လာလို့ ရေးခဲ့တာ ကို ကိုယ့်ဘာသာ ကိုယ်ကြိုက်လို့ ပြန်ကူးလာပြီး ပိုစ်တင်လိုက်တာပါ။
ကိုပေါ ကနေ စလိုက်တဲ့ဇတ်လမ်း ကနေ အားလုံးဘဲ အရှိန် ရကုန်ပြီး ဝိုင်းပြီး စပ်လိုက်တဲ (သီဟသစ်: ခေါင်းစဉ်ပေးထားတဲ့ မမ ကွမ်း ၏ "အလွမ်းများနဲ့မိုး" ကဗျာပေါင်းချုပ်စာအုပ်ကြီး ကို (လင်း ) ရဲ့ တောင်းဆိုမှူ နဲ့ ထုတ်ဝေလိုက်ပါပြီ။ အဲဒီနေ့ မနေ့ က မိုးတွေ ကလည်း ရွာလိုက်တာ သဲကြီးမဲကြီး ဆို တဲ့ အခါ အားလဲုံးရဲ့စိတ်ထဲ မှာလဲ ဒီ မိုးကို စဉ်းစားနေကြတော့ပိုပြီး အသက်ဝင်သွားတယ်ထင်ပါတယ်။ ရယ်လိုက်ရတာ လဲ တကယ့်ပါဘဲ။ တစ်ချို့စီပုံးထဲက စာတွေ ကပျောက်သွားပါတယ် ။. ကာကာ လာလြာ့ပီး ဆော့နေတာ အဓိက ပါပါတယ။် အဲဒီအတွက် စိတ်မကောင်းပါဘူး။ ရှိသလောက်ဘဲ တင်လိုက်ရပါတယ်။ k ကတော့ အဆုံးသတ်အထိ ဘီးမလှိမ့်နိင်တော့ဘူးလို့ဆိုပါတယ။် အဲဒီလိုတော့မလုပ်ပါနဲ့လေ။
70 comments:
- uranusaquarian said...
- ဒီတစ်ခါ အနော် ပထမ
- ဒါပေမယ့် ဘယ်နေရာမှာလဲ အမ။
- ရာသီဥတုကြီးကိုတော့ ရုံးထဲမှာ မုန်းမုန်းနဲ့ ကြည့်နေတယ်
-
- မေဒီဇာ said...
- အဟဲ... ဒို့ချစ်မကြီးက ကဗျာတွေ ကာရံတွေနဲ့ပါလား... တော်တော်ကြာ ချစ်ရသူကြီး ပေါက်ချလာနေဦးမယ်ဗျို့... ဟီးးးး :P
-
- Nay Nay Naing said...
- တော်တာအေ..
-
- KLNG said...
- ကဗျာလဲစပ်တတ်တာပဲလားငှင်ငှင်ငှင်
-
- မမသီရိ said...
- :)
-
-
- မမသီရိ said...
- ကြွေတဲ့ အသဲလေး မိုးရေထဲ မျောမသွားစေနဲ့
-
- Phyo Maw said...
- ခံစားချက်တွေ တစ်ယောက်နဲ့ တစ်ယောက်ကူးသွားပြီ။
-
- Anonymous said...
- မိုးတွေ ကလည်းစွေ..
- ကိုယ့်အသည်းတွေ ကလည်းကြွေ..
- မင်းအနားမှာလေ....
- ငုတ်တုတ်နေ။
- mm
-
- မောင်မျိုး said...
- ပုံနဲ့ စာတော်တော်လိုက်ဖက်တယ်း) အသည်တွေမြေခ ပုလဲတွေကြွေကျတော့ အမဲတွေပြချသွားတယ် သွားတိုက်ဖို့ :P
- KYAW said...
- :)
-
- MrDBA said...
- တော်ပါဗျာ တော်ပါဗျာ မိုးသူ့ဘာသာရွာနေတာအကောင်း မိုးကြိုးပါပစ်ချလိုက်မှဖြင့် .. ဒွတ်ခ။
- တော်ကြာ စိုင်းစိုင်းမြင်သွားမှ သီချင်းလုပ်ပစ်လိုက်ပါဦးမယ်။
-
- ဖိုးစိန် said...
- ကျနော်အတွက်တော့မိုးနဲ့ အတူမျောသွားသလားရယ်..
-
- MrDBA said...
- စကားမစပ် KMSL စပ်တဲ့ကဗျာလားဟင် .. အရီးကွန်ကတော့ ဒီလောက်ခံစားရမှာမဟုတ် .. သူသာ....
-
- အန်တီချမ်း said...
- ဟိုက္ကူ လိုလိုဘာလိုလို ဆိုပါတော့
- ဖြူဖြူကျော်သိန်းလိုတော့လုပ်နဲ့နော်
- ရင်မှာမီးတောက်
- ထင်မှာချီးခြောက်
- အဲဒါမင်းကြောင့်
- ဆိုတာလေ
- အဟီး
-
- strike said...
- ရိုက်ချင်ရာရိုက်("tza"သတ်သေလိုက်တော့ ကင်မရာနဲ့အတူတူ)၊ရေးချင်ရာရေး("ကောင်းကင်ကို" အဘားအဘားအော်သွားနိုင်တယ်)ပေါက်ကရတွေတင်လည်း၊ကြည့်ရ ဖတ်ရတာစမ်းတယ်ဆိုပြီးဖြစ်ကြတာပါပဲ။
-
- ခရောင်းလမ်း said...
- အလ်ဆိုင်းဇီ လုပ်နေတယ်..........
- (မိုးရေတွေစိုနေတဲ့ မင်းလေးကို..........)
ဝေး မိုက်တယ်ဟ :
-
- ဖိုးသင်္ကြန် said...
- စာက စိတ်မပါပေမယ့် ရေးရင်းနဲ့ ဈာန်သွင်းလို့ရတယ်။
- ကဗျာဆိုတာမျိုးက စိတ်ထဲက မပါရင် တစ်လုံးတောင်ရေးလို့ ရတာမဟုတ်ဘူး။
- ဟုတ်တော့ ဟုတ်နေပါပြီ၊ အမ တစ်ယောက်ယောက်ကို သတိရနေတာ။
-
- မာ့ခ် said...
- အဲလက်စ်? :P
- နန်းညီ said...
- နေကလည်း ပူ
- အသည်းကလည်း အူ
- မင်းကလည်း အနားမှာ ဆူ
- (တောက် မသာမ)
- နန်းညီ said...
- မမကွမ်ကိုဆဲတာမဟုတ်ဘူးနော်..ကဗျာထဲက ဘဲက သူ့ဘေးမှာ လာဆူနေတဲ့ ကောင်မလေးကို စိတ်ပေါက်ပေါက်နဲ့ အဲလိုအော်လိုက်တာ..
-
- Ko Paw said...
- မိုးတွေကလည်း ရွာ…
- ကိုယ့်အသည်းတွေကလည်း မာ…. (ကင်ဆာကြောင့်မဟုတ်)
- မင်းကလည်း မလာ။
- မိုးတွေကလည်း စဲ
- ကိုယ့်အသည်းတွေလည်း ကွဲ…
- မင်းကလည်း တလွဲ။…………….
- မိုးတွေကလည်း ကြမ်း
- ကိုယ့်အသည်းတွေကလည်း လွမ်း
- မင်းကလည်း ဗြန်း……… (ဘာမှန်းတော့ မသိ…ကာရန်တူတာ ယူလိုက်တာ)
- မိုးတွေကလည်း ပက်
- ကိုယ့်အသည်းတွေကလည်း အက်
- မင်းကလည်း ခွက်………။ (ခွက် ကျ ခြင်း)
- မိုးတွေကလည်း မှောင်
- ကိုယ့်အသည်းတွေကလည်း ယောင်
- မင်းကလည်း ပြောင်…….. (ပါးပြောင်တာကိုပြောတာ၊ တလွဲမတွေးနဲ့)
- အောက်ပါ အိမ်စာများကို ပြီးအောင် ဆက်လုပ်ပါ။ တပုဒ် သုံးမှတ်။ (ပေါက်ကရ မစဉ်းစားရ)
- မိုးတွေကလည်း ညို…..
- မိုးတွေကလည်း ချုပ်…..
- မိုးတွေကလည်း ခေါင်…..
- မိုးတွေကလည်း ဖွဲ…..
- မိုးတွေကလည်း စွေ…..
- မိုးတွေကလည်း ချုံး…..
- မိုးတွေကလည်း ခြိမ်း…..
- မိုးတွေကလည်း မဲ…..။
- မိုးတွေကလည်း ကြီး…..။
- မိုးတွေကလည်း ညံ….။
-
- khin oo may said...
- မိုးတွေ ကလည်းညို
- ကိုယ့်အလွမ်းများလည်းပို။
- မင်းက လည်း လို။
- မိုးတွေ ကလည်း ဖွဲ
- ကိုယ့်အသည်းများလည့်း ကွဲ။
- မင်းကလည်း ဇကွဲ။
-
- Ko Paw said...
- ညံ့တယ်။ သုံးဆယ်ဖိုးမေးတာ ခြောက်မှတ်ဖိုးပဲ ဖြေနိုင်သေးတယ်။
-
- cyan said...
- မိုးကလည်းမှောင်
- မှောင်ကလည်းမှောင်မဲ
- မရဲတရဲနဲ့ အဟဲ
- ရုတ်တရက်ထကြည့် အဟိ
- လျှပ်စီးလက်တာ မြင်၏
- ကျွှန်တော်ကြောက်၏
- ထို့ကြောင့်.....
- ကုတင်ပေါ်မှာ အပေါ့သွား၏
- ( ဘာမှန်းတော့မသိ အများသူငါ ၀ိုင်းကာ ကာရံစပ်ကြသဖြင့် ၀င်၍စပ်လိုက်သည်။ )
- အမှားရှိက ကြေပါစေ
-
-
- strike said...
- နန်းညီရီရတယ်....:P
-
- လင်း said...
- အလဲ့ တယ်ကဗျာဆန်နေပါလား ချစ်မကြီး
- မိုးတွေကပြိုမယောင်
- ကိုယ့်အတွေးတွေက ကြောင်တောင်တောင်
- မင်းနဲ့ တော့ လွဲလို့ မဖြစ်ပေါင်
- (သူများတွေရေးတာမြင်လို့  လိုက်ရေးသည်)
-
-
- Anonymous said...
- read.
- ^_^
- ကြည်
-
- tg.nwai said...
- မမရယ်.. ကိုမဆလာက တော်တော်နှိပ်စက်နေတယ်ထင်ပါရဲ့. .အသည်းကြွေ ကဗျာလေးတပုဒ်တောင် ထွက်လာရတာ..။ ဟဲဟဲ
-
- Rita said...
- အို ဘာတဲ့တုန်း
- :)
-
- sin dan lar said...
- မိုးတွေကလည်း ခေါင်…..
- အလွမ်းတွေနဲ့လည်း လောင်...မင်းကလည်း ကြောင်..(အဲဒါဆို မောင်မျိုး)မင်းကလည်း ဒေါင်..(အဲဒါ ချစ်သူက ငြိမ်ငြိမ်မနေလို့ ထိပ်ခေါက်ပစ်တာ)
-
- Phyo Evergreen said...
- အဟမ်း...
- ခံစားချက်တွေနော် .. ခံစားချက်တွေ
-
- လင်း said...
- မိုးတွေကမဲ
- အသဲကလဲကွဲ
- မင်းကတော့ကြူနေဆဲ
-
- လင်း said...
- မိုးတွေကလဲချုံး
- ဖဲကလဲရှုံး
- ပိုက်ဆံမချေးချင်တဲ့မင်းက
- ပတ်ပြေးနေတုန်း
- မိုးတွေကကြီး
- အသဲမှာလဲ ပတ်တီး
- မင်းကတော့ ပြုံးဖြီးဖြီး
-
- လင်း said...
- မိုးတွေကလံညံ
- အရက်ကလဲမှန်
- မင်းကလဲစာမပြန်
-
- ရွာသားလေးဝိုင်တီယူ said...
- အသည်းတွေကြွေနေတာတောင်
- စိတ်မနာနိုင်ဘူးဗျာ။ အနားမှာနေနိုင်သေးတယ်
- တကယ်မာတဲ့အသည်းပါလား
- သီဟသစ် said...
- မိုးကလဲရွာ
- ပုဆိုးကလည်းမပါ
- (ဘောင်းဘီရှည် ၀တ်ထားသည်)
-
- JuneOne said...
- ကွန့်မန့်တွေကရှယ်ပဲ။
-
- khin oo may said...
- မိုးကလေည်းမှောင်
- ခွေးကလည်းဟောင်
- သူကလည်းကြောင်
-
- khin oo may said...
- မိုးတွေ ကလည်းခြိမ်း
- အသည်းတွေ ကလည်းဒိန်း
- သူကတော့ဂိမ်း
- mgnge said...
- တိုတယ်..ဒါပေမယ့်ထိတယ်..တွေး သလောက် ပြန့် တယ်နော် ..
-
- khin oo may said...
- မိုးတွေ ကလည်းချူပ်
- လမ်းတွေကလဲ ရှုပ်
- မင်းစိတ်ကလဲပုပ်
-
- လင်းဒီပ said...
- မိုးတွေက မဲ
- အသဲတွေက ကွဲ
- ပုလင်းတွေက လဲ ...
- ခေါင်းတွေက ခဲ
- နောက်နေ့
- ရုံးမတက်နိုင်ရင် ဒုက္ခပဲ..
- (ယမကာလုလင်တစ်ယောက်၏ ဖွင့်ဟဝန်ခံချက်)
-
- မေအောင် said...
- မိုးတွေကလည်း ညို…။
- ပန်းတွေငို
- စမ်းရေ ပြိုခဲ့..
- မိုးတွေကလည်း ချုပ်…။
- အလွမ်းဇာတ်ထုပ်
- ဖုံးမအုပ်နိုင်..
- မိုးတွေကလည်း ခေါင်…။
- မျက်လုံးကြောင်နဲ့
- မောင်..လား။..
- မိုးတွေကလည်း ဖွဲ ။
- အသည်းက ကွဲပြီးသား
- နည်းနည်းမှ အကောင်းမကျန်။…..
- မိုးတွေကလည်း စွေ…
- လွမ်းလို့ သေသွားတဲ့သစ်ပင်
- ပြန်ရှင်.....။..
- မိုးတွေကလည်း ချုံး…။
- အသဲ နုန်နုန်းမှာ
- အရှုံး ထောင့်ငါးရာ။..
- မိုးတွေကလည်း ခြိမ်း…
- မငြိမ်းရက်ဖြာ
- စိမ်းတစ်သက်တာ.
- မိုးတွေကလည်း မဲ…..။
- ခွဲတော့ မခွဲချင်ဘူး
- ချစ်ဦးရယ်။
- မိုးတွေကလည်း ကြီး…..။
- ပြီးခဲ့တာတွေကိုငြီးချင်းချ မနေလို။
- မိုးတွေကလည်း ညံ….။
- အလို မမကေအိုအမ်ရေ.......
- ဟမ်...ဟမ် ဟမ် ဟမ်
-
- nyima said...
- မိုးတွေကလဲ ခြိမ်း
- ဂျိမ်း....ဗလိမ်း...ဒိန်းဒိန်းဒိုင်း
-
- ကလူသစ် said...
- ကဗျာလာဖတ်တာ... ဘယ်နားမှာလဲဟင် :P
- sonata-cantata said...
- (အ)
- မိုးတွေ ကလည်းများ..
- ကိုယ့်အသည်းတွေ ကလည်းခါး..
- မင်းအနားမှာလား....
- အ.ဟား..အ.ဟား
- (အိ)
- မိုးတွေ ကလည်းအိ..
- ကိုယ့်အသည်းတွေ ကလည်းရိ..
- မင်းအနားမှာမချိ....
- အ.ဟိ..အ.ဟိ
- (အု)
- မိုးတွေ ကလည်းဆူ..
- ကိုယ့်အသည်းတွေ ကလည်းပူ..
- မင်းအနားမှာမူ....
- အ.ဟူ..အ.ဟူ
- (အေ)
- မိုးတွေ ကလည်းစွေ..
- ကိုယ့်အသည်းတွေ ကလည်းကြွေ..
- မင်းအနားမှာလေ....
- အ.ဟေ..အ.ဟေ
- (အဲ)
- မိုးတွေ ကလည်းမစဲ.
- ကိုယ့်အသည်းတွေ ကလည်းကွဲ..
- မင်းအနားမှာပဲ....
- အ.ဟဲ..အ.ဟဲ
- (အော)
- မိုးတွေ ကလည်းအော်..
- ကိုယ့်အသည်းတွေ ကလည်းခေါ်..
- မင်းအနားမှာနော်....
- အ.ဟော်..အ.ဟော်
- (အမ်)
- မိုးတွေ ကလည်းချမ်း..
- ကိုယ့်အသည်းတွေ ကလည်းကျွမ်း..
- မင်းအနားမှာမလန်း....
- အ.ဟမ်း..အ.ဟမ်း
- (အို)
- မိုးတွေ ကလည်းညို..
- ကိုယ့်အသည်းတွေ ကလည်းငို..
- မင်းအနားမှာဆို....
- အ.ဟို..အ.ဟို
-
- တကြော့ပြန်တီချမ်း said...
- ကဲ
- ၀ုန်း
- ဒုန်း
- ဂလုန်း
- အုန်း
- ဗုန်း
- ဂျိမ်း
- ဒလိန်း
- ဂွိမ်း
- အိန်း
- မိုးကြိုးတွေပစ်ကုန်ပြီ
-
- Moe Cho Thinn said...
- မရေးတော့ဘူး ဘာမှကို မရေးတော့ဘူး
- ကွန်မန့်တွေဖတ်ပြီး ရီရတာ မျက်ရည်တောင်ကျတယ်။ သူတို့အားလုံး ဆိုးတယ်..:D
- အန်တီချမ်း said...
- ဟုတ်တယ် အားလုံးဆိုးလို့ မိုးကြိုးပစ်ချလိုက်တယ် မှတ်ကရော
-
- Anonymous said...
- စိတ်ညစ်တာပျောက်၍ ပြုံး၍ပြန်ပါသည်
- မိုးတွေကစွေ
- အိပ်မရတော့ ရတက်ပွေ
- သူ့ကြောင့်တော့ ခက်တယ်အေ...
- မိုးတွေကထစ်ချုန်
- ကြောက်လွန်းတော့ပုန်း
- သူ့ရင်ခွင်သာ အလုံဆုံး
- မိုးတွေကအေး
- ကိုယ့်ရင်မှာနွေး
- သူပေးတဲ့ဆေး
- မိုးတွေကယို
- အိမ်ထရံကစို
- အားငယ်စွာနဲ့ငို
- မိုးတွေကမဲ
- ချစ်သူနဲ့ကွဲ
- အသဲမှာဗြန်းကနဲ
- မြတ်နိုး
-
- အောင်သာငယ် said...
- Poem of All Comments
- မိုးကလည်း
- ရွာနေတာ... တပေါက်... နှစ်ပေါက် ...
- ကိုယ့်အသည်းကလည်း
- မာနေတာ... မခြောက်... တခြောက် ... ကိုယ့် ငနဲကလည်း
- ပြာနေတာ... မဂေါက်... တဂေါက်...
- အမဲပြားဝိုင်းကလေးကိုလည်း
- အိပ်ရင်းက... ကောက်ကောက်... ခေါက်... ...
- ATN
-
- maung said...
- မိုးကလည်း ညို…..
- ပုဆိုးကလဲ တို
- အဖိုးကဆဲဆို
- မိုးတွေကချုပ်…..
- အတိုးတွေက ရှုပ် (ငွေချေးထားတာများလို့)
- ဂျပိုးတွေက ကုတ်
- မိုးတွေက ခေါင်…..
- ဖိုးရွှေလရောင်
- မညှိုးစေရပေါင်
- မိုးတွေက ဖွဲ…..
- အိုးတွေကကွဲ
- သူခိုးတွေက ဆဲ
- မိုးတွေက စွေ…..
- ရိုးမြေကျပစေ
- အိုး ... မေ-မှ မေ (မခင်ဦးမေ ကို ksml ကပြောတာ)
- မိုးတွေက ချုံး…..
- ဖိုးငွေက ဂတုံး
- စိုးရွှေက ဆုံး
- မိုးတွေက ခြိမ်း…..
- ပျိုးတွေကယိမ်း
- မျိုးမေက စိမ်း
- မိုးတွေကလည်း မဲ…..
- ဖွဲကာရန်နှင့် တူတူမို့ မရေးတော့ပါ။
- မိုးတွေက ကြီး…..။
- ဆိုးပေက သူကြီး
- အတိုးတွေ ခွတီး
- မိုးတွေက ညံ….
- နသိုးတွေက ထန်
- အမျိုးတွေက မာန် ...
- ဒန်ဒန့်ဒန် ....
- ကဲ ဘယ်နှမှတ်ပေးမတုန်း ကိုပေါး)
-
- May Moe said...
- ကဗျောင် တွေကအရမ်း ရယ်ရတယ် ခွိခွိ :P
-
- ကိုရင်နော်ခင်လေးငယ် said...
- အောက်ပါ အိမ်စာများကို ပြီးအောင် ဆက်လုပ်ပါ။ တပုဒ် သုံးမှတ်။ (ပေါက်ကရ မစဉ်းစားရ)
- မိုးတွေကလည်း ညို…..
- မိုးတွေကလည်း ချုပ်…..
- မိုးတွေကလည်း ခေါင်…..
- မိုးတွေကလည်း ဖွဲ…..
- မိုးတွေကလည်း စွေ…..
- မိုးတွေကလည်း ချုံး…..
- မိုးတွေကလည်း ခြိမ်း…..
- မိုးတွေကလည်း မဲ…..
- ။မိုးတွေကလည်း ကြီး…..။
- မိုးတွေကလည်း ညံ….။
- (Ko Paw)
- ပျော်လို့ အပျော်လေး ဝင်ရေးသွားတယ်...
- မိုးကလည်းညို
- အမျိုးတွေလည်းငို
- ပျို့မှာခက်သကို။
- မိုးကလည်းချုပ
- အရင်းကပြုတ်
- ပျို့မှာငုတ်တုတ်။
- မိုးကလည်းခေါင်
- ဆံပင်လည်းပြောင်
- ပျိုရူးကြောင်ကြောင်။
- မိုးကလည်းဖွဲ
- အသဲကလည်းကွဲ
- ပျို့မှာငိုမဆဲ။
- မိုးကလည်းစွေ
- အခက်တွေလည်းပွေ
- ပျို့ကိုကိုရေ။
- မိုးကလည်းချုံး
- အတိုးကဆုံး
- ပျို့မှာအမုန်း။
- မိုးကလည်းခြိမ်း
- အဖိုးကလည်းကျိန်း
- ပျို့ခေါင်းတဗိန်းဗိန်း။
- မိုးတွေလည်းမဲ
- ငိုမိတာ တဗျဲဗျဲ
- ပျို့ရင်တွေကွဲ။
- မိုးတွေလည်းကြီး
- စိတ်တွေညစ်ပြီး
- ပျိုလစ်မယ်အပြီး။
- မိုးကလည်းညံ
- တောကိုလည်းပြန်
- ပျို့ကိုသနားအမြန်။
- အပျော်လေးပါနော်...။
- (ခင်လေးငယ်)
- မီယာ said... မမရေ.. မမကြောင့် မန့်တဲ့ သူတွေ အားလုံး ကဗျာစပ်ဖြစ်ကုန်ကြပြီ... တွန်းအားပေးတာ ကောင်းတဲ့ တို့မမကွ
-
- Steve Evergreen said...
- This post has been removed by the author.
-
- Steve Evergreen said...
- It was rainin်g
- Girls are giggling
- I was smiling :)
- Rain got heavy
- They became naughty
- I was honey
- Rain turned to storm
- Girls became to porns
- I was on thorns
- Rain began to disperse
- They got disappeared
- I was in the bars :(
- Ko Paw said...
- အားလုံး မြန်မာစာ ဂုဏ်ထူးထွက်ကြပါသတည်း။ ကျနော်တော့ အားလုံးကို လက်ဖျားခါသွားပြီ။
- “မိုးကလဲရွာ
- ပုဆိုးကလည်းမပါ
- (ဘောင်းဘီရှည် ၀တ်ထားသည်)”……….. ဆိုတဲ့ သီဟသစ်ကိုတော့ အမှတ် ၁၀၀ အပြည့်ပေးလိုက်သည်။း-)
- ထင်လင်းအောင် said...
- ဘယ်လိုလေးပါလိမ့်.....သေချာတွေးကြည့်မှ...
- အလို....မိုးတွေကလည်းစွေ..ကိုယ့်အသည်းကလည်းကြွေ..
- မင်းအနားမှာလေ....တဲ့...
- တော်တော်လေးကောင်းပါလား....
-
- SoeMoe said...
- nice poem :D
-
- nadine said...
- မိုးတွေက သည်း
- အသည်းကမအေး
- ပုလင်းတစ်လုံးနဲ့မှေး။
- အော်မှားလို့
- စောင်ခြုံပြီးကွေး....။
-
- JulyDream said...
- ကဗျာက ကျွန်တော်နဲ့ ကွတ်တိပဲနော်။ ကျွန်တော့် အတွက်များ စပ်ဆို ပေးသလား မှတ်ရတယ်။ အဟား...
-
- strike said...
- အသီးကွဲ July ကတမျိုး....ဇွတ်...ကိုကိုလူဆိုးပဲ
- တောင်ပေါ်သား said...
- မိုးတွေကရွာ ထီးကမပါ
- မိုးရေတွေရွှဲ ရှူးတွေေ၇ာပဲ
- ဘယ်သူမှမသိ ဟီးးးးး
- အမ ကျနော်ကို ကြိုအကြောင်းကြားဘူးနော့် ဟင့် ဟင့် ငိုခြင်းပါး)
- လေးစားလျက်
- တောင်ပေါ်သား
- လင်း said...
- မမကွမ်
- ကွန်မင့်တွေကို ပို့ စ်တခုအနေနဲ့ ပြန်တင်ရန်
- အကြံပြုပါသည်။ အရမ်းရီရလို့ 
-
- Anonymous said...
- nice post...
- same 2 u July Dream!!
- strike lol^^
-
- Anonymous said...
- မိုးတွေက “ကြီး“
- လိုနေတာ “ထီး“
- အိတ်ထဲပါတာ “ဘီး“
- .............
- .............
- .............
- စိတ်ကြီးကြီးနဲ့ ရေရွတ်မိတာက
- “ချီး“ .........တဲ့
- (စိတ်ဆိုးလွန်းလို့ ကိုယ့်ကိုကိုယ် ရွတ်မိတာပါအမားရယ်)
-ီDeeDar
-
- yimuyar said...
- ဒီကနေ့ တော့ မနေ့ ကနဲ့ မတူ နေကိုခြစ်ခြစ်တောက် ပူနေပါရောလား
- khin oo may said...
- မနောသား: စာတွေ လာဖတ်သွားပါတယ် ..ပျော်ရွင်ပါစေ
- ShwunMi: :-)
- ကိုတိုးလေး: ဘလော့တစ်နှစ်ပြည့်လေးဖိတ်ပါတယ်။ ပျော်ရွှင်ပါစေ။
- ပေါက်: အဟီး..ပြောစရာမရှိလို့
- အောင်သာငယ်: မမ ကွမ်း ၏ "အလွမ်းများနဲ့မိုး" ကဗျာပေါင်းချုပ်စာအုပ်ကြီး ထုတ်ဝေတော့မည်ဖြစ်သည့်အတွက်
- thetpaingthu: ဟွန်း.... ၁ မရရင် ဘယ်တော့မှ မမန့်ဘူး။ စိတ်ကြီးတယCraton: စာသားတွေနုနေတဲ့ ဂျီးဒေါ်.. ဂုဏ်ပြုပါကြောင်း.. (ဝမ်းသာခြင်းမဟုတ်ရပါ)
- strike: run ကိုယ့်အနားကိုတိုးလို့ထား ခင်ဦးမေရယ့်အချစ်များ
- strike: အိုးဘာတယ့်....kmsl အချစ်လေးကိုယ့်အနားကိုတိုးကပ်ပေး...အာရေး အားရေးရေး
- strike: KOM နဲ့ပေါင်းပြီးရုးကုန်ကြပြီနဲ့တူတယ် black
- strike: ကိုယ်ဖျော်ပေးမယ့်ကော်ဖီလေး တကယ်သောက်ချင်သလားမေး
- လင်း: သွားပြီ pkw ရပ်လို့ မရတော့ဘူးးးးးးးးးးးးးးး
- လင်း: eitatke,e မိုးကလဲအေး အိပ်ရာထဲမှာ ပုဇွန်လိုကွေး မင်းဖျော်တိုက်မဲ့ကော်ဖီလေး တခါလောက်တော့ သောက်ချင်သေးး
- လင်း: ဟီးးဒီနေ့ မိုးတွေရွာမှာပေါ့၊ မမကွမ်က လင်းကို ချီးကျူးနေတာကို ထူးထူးဆန်းဆန်း (ရှက်တောင်လာပြီ)
- mgnge: ယတြာ သွားချေ မလို့ အဖော်လာခေါ်တာ လိုက်ဦးမလားအမ
- သီဟသစ်: မမ ကွမ်း ၏ "အလွမ်းများနဲ့မိုး" ကဗျာပေါင်းချုပ်စာအုပ်ကြီး ထုတ်ဝေတော့မည်
- Sint Sint: ကြွေနေတာတောင် သူ့အနားမှာ နေချင်သေးတယ် .. ကြုံရင်ပြောပေးပါနော် အစ်မ ..
- Sint Sint: အစ်မ .. ကဗျာရေးတာ ပိုတော်တယ် .. ကြိုက်တယ် .. တိုတိုလေးနဲ့ စိုစိုပြည်ပြည်လေး .. ကျွန်မလဲ အသဲတွေ ..
- လင်းကြယ်ဖြူ: အားပေးသ္ဂားပါတယ်။Blog လေးကကောင်းလိုက်တာခင်ဗျာ။
18 comments:
မမကွမ်း ကဗျာ အတွက် ဂုဏ်ပြုပါတယ်း)
မီးမီး ပထမ
အားလုံး လက်တန်း ကဗျာဆရာတွေ ဖြစ်ကုန်ကြတဲ့ အဲဒီနေ့ကတော့ မှတ်မှတ်ရရပါပဲ။
ရီလိုက်ရတာ Stress တွေ ဝေးသွားလို့ အားလုံးကို ကျေးဇူးတင်လိုက်တာ..
ကိုပေါက ကျွန်တော့်ကို အမှတ်ပြည့် ပေးသွားတာ ခုမှသိတော့တယ်။
မမ kom ကဗျာလေးတွေ များများစပ်နိုင်ပါစေ။
ဆော့တာနည့်ဘာမှလဲဆိုင်ပဲနည့်ကဗျာမစပ်တတ်တော့
ဆော့ပဲဆော့ရရှာတာပါ.....................
ကဗျာဆရာမကြီးမမဂွိ(စကားမစပ်မလင်းနည့်ဖုန်းပြောတာ
အသံလေးကချိုနေတာပဲသိလားတီဗွီကသတင်းကြေငြာ
တဲ့အမျိုးသမီးအသံနည့်တူတယ်။ငယ်ငယ်က သုံးတန်း
ဆရာမအသံနည့်လဲတူတယ်။သိလား။ ပြီးတော့ငယ်ငယ်
လေးပဲ၇ှိသေးတယ် အသံက ဟိ
:-)
နံပါတ်(၇) ဒါဆိုရပြီလား ငှင်.....
ကော်မန့်ကိုရေးလိုက်ဖျက်လိုက် (၇)ခါလောက်လုပ်ပြီး မတင်ဖြစ်တာပါ..
ချိတ်မချိုးပါနဲ့...
ဂုဏ်ပြုပါတယ်..အမ ရေ
ရန်ကုန်မှာ နေအတော်ပူသတဲ့။ နန်းညီတို့တောင် ပေါက်ကွဲကုန်ကြပြီ။
ကဗျာပေါင်းချုပ်မှာလက်မှတ်လာထိုးသွားတယ်။ (ဟမ်)
ကွန်မန့် ၇၀ ကျော်သွားမှာလားဆိုတာကို ဘုရားတပြီးစောင့်ကြည့်လိုက်ဦးမယ်။
မမ၊ အနော့် ကဗျာမပီ၊ စာမပီလေး အခုလို ကဗျာ ပေါင်းချုပ်ထဲမှာ ပါသွားတာ ၀မ်းသာလိုက်တာ။ ပျော်စရာကြီး၊ ဖျားနေတာတောင် ရီရတာနဲ့ ပျောက်သွားတယ်။ ကျေးဂျူး၊ ကျေးဂျူး။ :D
ကဗျာ မစပ်တတ်ပေမယ့်
ကဗျာတွေတော့ လာဖတ်သွားပါတယ်...
မမဘလော့ဂ်ကို တရက်လောက် လွတ်သွားရင် ခေတ်တွေက အသားကုန် (အသားကုန်)နောက်ကျသွားတော့တာလား...။
မမကွမ်တို့ က ချစ်ဖို့ ကောင်းလိုက်တာ။
ကဗျာပေါင်းချုပ်ကြီးထုတ်ဖြစ်သွားပြီ။
သူတစ်ပုဒ်
ကိုယ်တစ်ကြောင်းနဲ့ 
ဘလောဂါတွေ အသကုန်ပေါထားတဲ့
ဟောဒီက ကဗျာပေါင်းးးးးးးး ချုပ်
အိုး…အိုး… တကယ့်ကဗျာ့ပန်းခင်းကြီး အကြီးကြီးပဲ…
ဟ ဟ ဟ
ဦးကေ.. နန်းညီ ဘာတွေပေါက်ကွဲမိလို့တုံးဗျာ
the record has been broken among Burmese people. really appreciated
မမက တကယ်တမ်းကျတော့ အုံ့ပုန်းပညာရှင်တွေကို ဖော်ထုတ်ပေးလိုက်တာကိုး..လက်ဖျားခါသွားပါရဲ့...
တအားရီရတာပဲ..ပျော်စရာကြီး..
မကေအိုအမ်။ အ၇မ်းချစ်စရာကောင်းပါ၏။ :D
strike နဲ့ julydream အသီးဇာတ်လမ်းကလဲ ပြောမဆုံးပေါင်တောသုံးတောင်ပါလားကွယ်။
ခွိခွိ
အသားကုန်ရီရတယ်။ မကေအိုအမ် ဘာဆေးများရှိသလဲဟင်?
ဒီလောက်လူချစ်လူခင်များတာ။
အားကျ၏
^_^Star
Post a Comment