Friday, March 27, 2009

salad


ဘယာကြော်သုပ်

ဒီနေ့အိန္ဒိယဆိုင် ကထမင်းကြော် ဝယ်ပြီးကာမှ. မစားချင်တာနဲံ့ မနေ့က ဝယ်ထားတဲ့ ဘယာကြော်တစ်ခု ငါးမျူး ဘိုးကိုသုပ်စားပါတယ။် သုပ်တယ်ဆိုလို့ အထင် မကြီးပါနဲ့။ အချိုမှူန့်.ဆား။ ပဲမှု့် နဲ့ဆီကျက် မရှိလို့ ဆီိစိမ်းဘဲထည့်။ မန်ကျည်းမှည့်နဲ့သုပ်ရသလား ။ သံ့ပုရာနဲ့သုပ်ရသလား ။ သိတ်တော့ မသဲကွဲတာနဲ့ ချဉ်ရည်ဟင်း ချက်တဲူံ့းက ပိုတဲ့ မန်ကျည်းချည်ရည်ကော. သံပရာ တစ်လုံ့း အစိမ်းအနေတော် အလတ်တစ်လုံး ညှစ်ထည့်လိုက်တာ အတော်ချဉ်သွားပါတယ။် အဲဒါနဲ့ ကြက်သွန်နီ အနီ ထပ်လှီးပြီး ပြန်တို့စားရပါတယ်။ အစိမ်းအရွက်က ဇီးသီးသည် မဗျိုင်း ဖြစ် သွားလို့ဘာအရွက်လည်း စဉ်းစား လို့မရတော့ဘူး။ (သိပြီ ဆလတ်ရွက်)

မှတ်မိတာကတော့ဘူးသီးကြော်တို့ လိုမျိုး ဝယ်စားရင် ရန်ကုန်မှာ တိုရည် ရှားရည် တစ်ရွက်လောက် ကို မနည်းတောင်းယူရတာကို မှတ်မိတာ နဲ့ အများကြီးထည့်ပြီး တဂျွမ်းဂျွမိးဝါးပစ် လိုက်တယ်။ ပြီးရော။ နံနံမြိတ် ကလည်း တို့စားချင်လို့ဝယ်ထားတာ ကိုပါ ထည့်လိုက်တယ။် ငရုတ်သီးမှူ့န်ကလေးကတော့များများပေါ့။ စားလို့ကောင်းပါတယ။် နယ်တာ နဲနဲများလို့တော့ ဘယာကြော်လေးတွေ ကြေသွားပြီး အမူန့်ဖြစ်သွားတာ တစ်ခုဘဲ။

37 comments:

Anonymous said...

အော် နာ ပထမ ဖြစ်သွားပါပေါ့လား....
စားလို့မြိန်ရင်ပြီးတာပါပဲ ဂျီးဒေါ်ရယ်..
ပိုစ့်သေချာမဖတ်ရသေးပဲ..ကွန်မန့်အရင်ဝင်၍ပြောပါသည်

ခပ်မြင့်မြင့်

Anonymous said...

မမ.. အီးမေးလ်ထဲကို ပို့ထားတဲ့နည်းအတိုင်း ပုံကို မချုံဘူးလား။
တော်ကြာဆံပင်ချည်မြင်ရတယ်ပြောနေအုံးမယ်။
သံပုရာသိးနဲ့ မန်ကျည်းသီးနှစ်မျိုးတည်းပဲလား။ ရှလကာရည်လောင်း
လိုက်ပါအုံးလား။ ဟိဟိ
mm

Anonymous said...

ohhhhhhhhhh..,

That the way i likes.. YUMMY!!!

:))

yehtutnaung said...

စာဖတ်နေရင် ကြာမှာစိုးလို့ ...အရင်တီးပြီးမှ ဖတ်သွားတယ်..။ အရမ်းကောင်းပါတယ်။ (ဒီလိုပဲ ပြောရမှာပေါ့) :P

ဘာတွေတုန်း said...

ဘယာကြော်အမှုန့်သုပ် လာဝါးသွားသည်။ :D

Anonymous said...

ပန်းကန်ခွက်ယောက်နဲ့အပြင်အဆင်တွေ တွေ့တွေ့နေရတာ အိမ်ခြေယာခြေအတည်တကျနဲ့နေတာမှဟုတ်ရဲ့လား ဟင်

Anonymous said...

အာ မမကလုပ်ပြီ။ ဒီမှာစားစရာမရှိလို့ စိတ်ညစ်နေပါတယ်ဆို။ အစားအသောက်တွေ စားပြတယ်။ (ဗယာကြော်ကဘယ်က၀ယ်တာလဲ။ ငါးမူးဖိုးကိုဘယ်နှစ်ခုလဲ။ သမီးလည်း ဗယာကြော်သုပ်ကြိုက်တယ်။)

Anonymous said...

" ဘယာကြော်တစ်ခု ငါးမျူး ဘိုးကိုသုပ်စားပါတယ။်" kom တို့များအစားအသောက်အတွက်ဆို ပက်ပက်စက်စက်ကိုသုံးပလိုက်တာပဲ။
စထရ

mgnge said...

အမ ရေ Strike မေးထားတာ ဟုတ်လား ဟင် ?

Anonymous said...

junk post and junk comments! Insane forum ha har harrrrrrrr

Moe Cho Thinn said...

စားကောင်းနေသမျှ နတ်သုဒ္ဓါ..

ဒါပေမဲ့ အတော်တော့ ချဉ်တယ်.. :)

Sein Lyan Tun said...

ကောင်းတယ်..ချဉ်လေ ကြိုက်လေ...
ဆလတ်ရွက်လဲကြိုက်တယ်..
စားချင်တယ်..
ရှိသေးရင်နည်းနည်းကျွေးပါ..

Anonymous said...

ဘယာကြော် အသုပ်ကို ပိုကြိုက်တယ်။ ကောင်းလိုက်တဲ့စလုံး လိုချင်တာအကုန်ရ။

PAUK said...

ဘာယာကြော်သုတ်မစားဖူးဘူး..
မမက အချက်အပြုပ်လဲ ရတာပဲ...
Xထုံ

Anonymous said...

အဲ...
သေပါတော့....
ထုံလိုက်ပုံက အဲ့လို..
Xထုံ

Anonymous said...

အားပါးပါး... ချဉ်လိုက်တာ.. ရေ... ရေ... ရေ လေး.. ပေး.. ကြ.. ပါ

:P said...

တူ.. တိတ်ကြွားတာပဲ....

Anonymous said...

ဒီတခေါက်တော့ တော်ပြီနော်။ မစားတော့ဘူး။
(ကောင်းမယ် မထင်လို့ ။ ပုံလေးပဲ ကြည့်ရရင် တော်ဦးမယ်။ သုပ်နည်းဖတ်ပြီး စိတ်ကုန်သွားလို့ ။)

Anonymous said...

:) :D :P

ZT said...

ဘလော့ဂါ အစ်မကြီး သုပ်တဲ့ ဘယာကြော်
ငရုပ်သီးစပ်လို့အော်။ :D

Anonymous said...

အချဉ်ကြိုက်လို့ ချဉ်ချဉ်လေး သုတ်တာပါနော် :P

မိုးခါး said...

အချဉ်က လူနဲ့တည့်တယ် .. သွားကြိမ်းတာတခုပဲ :D

pandora said...

စားချင်သွားတယ်

Anonymous said...

ပိုက်ဆံတွေ ဘယ်နားသွားထားလဲဟင်...ဒီလောက်လည်းချွေတာစရာမလိုတာကို။

ကြည်

Anonymous said...

လာဘီဗျိုးးး
(ဆမူဆာသုပ်. ဘယာကြော်သုပ်)..

တီချမ်း said...

ZT said...
ဘလော့ဂါ အစ်မကြီး သုပ်တဲ့ ဘယာကြော်
ငရုပ်သီးစပ်လို့အော်။ :D

စပ်လို့အော် ငရုပ်သီ
ကွမ် က ကြိုက်လို့ များများတီး

ရွှန်းမီ said...

stress, loneliness တွေကို ဘယာကြော် အမှတ်နဲ့ ချေပစ်တာပေါ့လေ..း-)

မိုးကောင်းသူ said...

ဗယာကြော် ချဉ်ချဉ်လေး လာစားသွားတယ်ရှင်။ :)

ကောင်းကင်ပြာ said...

ဒါပါ စားသွားတယ်၊ ကောင်း၏၊ ကိုယ့်ထက်တော်တယ်

လင်းဒီပ said...

ပဲရည်လေးရယ် ပဲစေ့လေးတွေရယ် စမူဆာရယ် ဘယာကြော်ရယ် ပူစီနံ နောက် မကျီးမှည့်ရည်လေးနဲ့ သုပ်ရောင်းတဲ့ ဆူးလေးတစ်ဝိုက် က လမ်းဘေးဘယာကြော်သုပ်လေးတွေ လွမ်းတယ်ဗျာ..

ညစ်ပတ်တယ် ပြောကြပေမယ့် အရမ်းစားလို့ ကောင်းတာပဲ..။

Myo Ohnmar said...

by checking your post, i can guess your situation. i dont know why you are in singapore. to use a disgusting pot? Why dont you try to get a better job? I never think before Myanmars in Singapore in such a poor life style. anyway all the best.

Anonymous said...

wanna eat MaMa :(

Anonymous said...

It doesn't look good at all. Can't imagine how you can eat such terrible things. Your husband is such a poor thing!

Anonymous said...

ကိုမဆလာ ကြီး တစ်ယောက်တော့
ဒီရက်ပိုင်း “ဗိုက်ခွေးနမ်း” ဦးမယ်
ဟိုတစ်ရက် က ကြက်ဥ ကိုယ်တုံးလုံးပြုတ်.
ဒီတစ်ခါ သံပုရာသီး သုပ်.အဲ.ပဲမှုန့်သုပ်. ကောင်းရော.

ဒီကြားထဲ ကိုရီးယား ကားထဲကလို အတင်းဇာတ်နာအောင် အခင်းအကျင်းလှလှလေးနဲ့ ပြထားသေး..

ကဲ.ကြာပါတယ်ဗျာ.
သီလရှင်.အဲ.ယောင်လို့. တောသာထွက်လိုက်ပါတော့..

ကိုသားငယ် said...

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ မြန္ဒာမှာ ဘယာကြော်စားခဲ့သေးတယ် တစ်ခု ငါးမူးဆိုတော့ အဲဒီက ပဲဝယ်လာတယ်ထင်ပါရဲ့....

JuneOne said...

ဘယာကြော်မစားရတာကြာပါပေါ့။ရှလွတ်းးးး

တောင်ပေါ်သား said...

အနော်လဲ စားချင်တယ် ကျနော်ကို ကျွေးဘူးဗျာ အဟွန့် ဘရာကြော်ကလဲ တခုပဲ ဟီးးးး ကြက်သွန်က အများသား