Sunday, June 21, 2009

depressed

မနေ့က လမ်းထွက်တယ်။ ထုံးစံအတိုင်းဘဲ။ ဒီနေ့တော့ တစ်မျိုး အသွင်ပြောင်းလို့ ရှော့ပင်စန်တာ ကြီးဆီရောက်ခဲ့တယ်။ ပိုက်ပိုက်အိတ်တွေ ကစ ကြည့်လိုက်တာ ကိုယ်ကြိုက်တာက ရာဂဏန်း. အပေါဆုံးက ၁၉ ကျပ်. ၁၉ ကျပ်လောက်ကတော့ အိမ်မှာ အများကြီး .ရန်ကုန်က အစ်မတွေ ကတောင် မဝယ်ပါနဲ့ဦး. နစ်အိတ် ကျန်သေးတယ် ..မသုံးရသေးဘူးဆိုပြီးတောင်းပန်ထားတာ သတိရတာနဲ့။ မဝယ်တော့ဘူး.

ဖိနပ်
ရ၀ လောက်ပေးမှ ဖြစ်မယ်။ ၂၀ တန်ဖိနပ်ဆိုရင် sole ကိုလှန်ကြည့်လိုက်..ဘာမှ မပါဘူး ဒစ်ကလေးလောက်ဘဲ ပါမယ်။ အလှဘဲရမယ် သဘာဝတော့မဖြစ်နိုင်ဘူး ချော်လဲဘို့အတွက် အဆင်သင့်က ကိုယ်ပါဘဲဖြစ်သွားမယ်။ ချော်လဲလို့ မဖြစ်ဘူး. အသက့်ကကြီးပြီး အရိုးက ကောင်းတော့တာမဟုတ်ဘူးး လဲသွားရင်ခက်မယ်။ ပေါပေါလေးတွေ ဒါတောင် ဝယ်ထားတတွေ အိမ်မှာကိုယ့်အရပ်လောက်ဖြစ်နိုင်ပြီ. ပုံးနဲ့ပါ ထည့်တိုင်းတယ်

အလှကုန်
ပြင်လဲမထူး. သေမထူးနေမထူးဘဝမှာ နဲနဲပါးပါးရှိရင်မကုန်နိုင်လွန်းလို့ ဝယ်ထားတာတွေ တောင် သူများကို ထိုင်ပေးနေရတယ။် ရှိသေးတယ်။ အများကြီး. ပြီးရင်ပြပါဦးမယ။်

အပေါ်ထပ်တက်သွားတယ်။ မိန်းကလေး အလှကုန်များ. တကယ်လျော့နေပါတယ်။ နစ်ထည်ကို စလုံး ၃၀အောက်နဲ့ရနိုင်ပါတယ်။ ဝတ်ကြည့်လုက်တယ်. တကယ်အဆင်ပြေရင် တကယ်ဝယ်မလို့ပါ။ ဘယ်လိုမှအဆင်မပြေဘူး. အကျီလေးက သူ့ဘာသာ သူ အဆင်ပြေပါတယ။် ကိုယ်ဝတ်လိုက်တော့မှ အဆင်မပြေဖြစ်သွားတ။် အဲဒါဆို ဂရိတ်တက်လိုက်မယ်ကွာ ဆိုပြီး ၂၉ ကျပ်တန်ကိုသွားဝတ်တယ်။ ကံက မကောင်းချင်တော့ ဖစ်တင်ရွမ်းက လေးဘက်လေးတန်မှန်နဲ့ ကိုယ်ဘယ်လောက် ရုံပ်ဆိုးတယ်ဆိုတာ သိသွားရတယ်။ အကျီတောင် ဝတ်ချင်စိတ်ကုန်သွားတယ။် ဒါတောင်စိတ်လျော့ပါသေးတယ။် ဘယ်လိုမှ မလှပြန်ဘူး။ ကိုယ်တစ်ခုခုတော့မှားနေပြီ။

မျက်နှာငယ်လေးနဲ့ လိုက်ကြည့် အတွင်းခံအကျီ တထည် ကို အကြမ်းဖျင်း ၁၅ ကျပ်. မကြိုက်ဘူး ၃၀ လောက်မှ အဆင်ပြေမယ်။ သူအဆင်ပြေပေမဲ့ ကိုယ်အဆင်မပြေဘူး။ အတွင်းခံတစ်ခုကို ၃၀ပေးဝတ်ဘို့ အတွက် တွန့်နေတယ်။ မတွန့်တဲ့ တစ်ကိုယ်တော်တွေလည်းရှိကြပါတယ်။ နစ်ကိုယ်တော်တွေလည်းတွေ့တယ်။ ခလေး ရည်းစားတွေပေါ့။ ရည်းစားပါ ခေါ်လာပြီးသွားဝတ်လိုက် ..ရည်းစားကို ခေါ်ပြီး ပြလိုက်..နဲ့ အိုကေ ပြီး မုဒိတာ ကိုကြံဖန်ပွားလိုက်ရပါသည်။

အတွင်ခံ အောက်ပိုင်းကတော့နဲနဲပေါပါလေရဲ့၊ ဈေးကြီးတာတွေ ကိုဖယ်လိုက်ရင် ၃ထည် ၁၀ နဲ့ရနိုင်ပါသေးတယ်။ ဝယ်ရင်ကောင်းမလားလို့ ဟိုကြည့် ဒီကြည့် ကြည့်လိုက်တာ ကက်ရှာက ဝယ်သမျ ပစ္စည်ေးတွ ကို စက္ကူကလေးနဲ့ပက်ကင်ထုတ်ပေးနေတာကိုမြင်တော့ကိုယ် သွားပေးရင်သူ့ခမျာ ပက်ကင်ထုတ်ပေးနေရဦးမှာ ကိုမြင်ယောင်လို့ ဒီလိုတော့ မလုပ်သင့်ဘူးဆြို့ပီးမယောင်မလည်နဲ့ ပြန်လာခဲ့တယ်။

ဝယ်တာတော့ဝယ်နေကြတာဘဲ။ ကက်ရှာနားမှာ သွားစပ်စုတာ ..မနည်းဝယ်နေကြတာဘဲ။ ရာကျော်တွေလည်းပေးနေကြတာဘဲ။ ၁၁၂ ကျပ်တဲက ကိုယ့်လက်ရှိ တွေ့လိုက်တယ်။ အင်း ပိုက်ပိုက်တွေ တယ်ချမ်းသာကြတာဘဲ။ တို့ဘာလို့မဝယ်နိုင်ပါလိမ့်..အားငယ်သွားသလိုဖြစ်သွားတယ။်

ယောက်ကျားလေးဆီရောက်တော့လည်း ကိုယ်ဝယ်နိုင်တာခြေအိတ်ဘဲရှိတယ။် အမ်..ပြောဘူးပါတယ်။ ဒါနဲ့ လစ်ဦးမှ ဆိုပြီးအောက်ဆင်းသွားတယ်။ တိန်ဘာလန်ကလည်းလျော့နေတယ်။ တိန်ဘာလန် ပစ္စည်းတွေ ကောင်းတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ယောကျာ်လေး အကျီတွေ သဘောကျတယ်။ အဆင်ကိုက လှတယ်။ရိုးရိုးရှင်းရှင်းနဲ့ ဝတ်လိုက်ရင် အတော်အဆင်ပြေမယ။် တကယ်ပါ ..ဝယ်ပေးချင်လိုက်တာ.. ဈေးသွားကြည့်တော့ရှပ်အကျီတထည်ကို ရာဂဏန်း. ဘယ်လောက်လျော့မယ် ညာလောက်လျော့မယ်ဆိုတာ ရှိပါတယ်။ အင်း..ဝယ်ချင်လိုက်တာ.. အဲဒါကိုတော့..။ စိတ်ညစ်သွားပြီ လစ်လာတယ်။

လမ်းတစ်လျောက် သက်သာတာတွေတော့ထပ်မကြည့်တော့ဘူး ဒီနေ့မီးမြင့်လာတယ်။ ချလို့မရတော့ဘူး. ..ကောင်းပါတယ။် စာရင်းချုပ်လိုက်တော့ ဒီနေ့ဘာမှ မဝယ်ဖြစ်ဘူး။

55 comments:

မာ့ခ် said...

မညစ်နဲ့။ ဝယ်သာဝယ်။ :P

Soe Mya Nandar Thet Lwin (Borros Roxo) said...

Carry on.., Treat yourself is the best way to do. Never regret to doing it.

Just be Happy. Life is too short!!!

:))

Anonymous said...

ကျမလည်းတခါတလေ မမလိုဘဲမ၀ယ်ဖြစ်တာတွေ ရှိတာပေါ့....ဒါပေမဲ့ ဘာဘဲဖြစ်ဖြစ် ရှော့ပင်ထဲမှာ လျှောက်ကြည့်နေရရင်ကို လူကစိတ်ချမ်းသာနေတာလေ...မကောင်းဘူးလားမမ..

mie nge

T T Sweet said...

ဒီတစ်ခါတော့ ဘာရမလဲ ... စောစောစီးစီးကို လာမန့်ပလိုက်တယ် အစ်မကွန်းရေ... ကိုယ့်အဖြစ်နဲ့တူနေလို့။ အင်းကျီလေးတွေ ချိတ်ထားရင် သိပ်လှတယ် ... ကိုယ်ဝတ်လိုက်ရင် ဘယ်လိုရုပ်ဆိုးသွားမှန်းသိဘူး။

အစ်မလိုပဲ။ ကပ်ရှာလေးတွေ အလုပ်ရှုတ်မှာ သနားလို့ ဘာမှသိပ်မ၀ယ်ဖြစ်ဘူး။ ဟားဟား

Sein Lyan Tun said...

ဝယ်လိုက်ပါ မကြီး....
နောက်နေ့ထပ်သွားဝယ်လိုက်ပါလားး

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ရေတမာ said...

window shopping ကို window shopping လို့မပြောဘူး..;P

မေလေး said...

မမရေ
ဝယ်တာမဝယ်သာအသာထား ကြည့်လိုက်ရတာအမြတ်ဘဲလေ။
ခင်တဲ့
မေလေး

:P said...

တန်ဘာလန်ကို စဉ်းစားသွားတယ်..
ခုတော့ သိပါပြီ....

subuueain said...

ကြည့်ရတာကို က စိတ်ချမ်းသာစရာဘဲ :))

Anonymous said...

Timberlandကိုပြောချင်တာထင်တယ်..
မယ်ဆင်..
Timberlandဖိနပ်လဲကောင်းတယ်..မမ
တခါလေပဲဟာ ..
လက်ဆောင်ပေးလိုက်ပေါ့...

Xထုံ

Anonymous said...

မမရေ။ အဖြစ်တွေကတော့ တစ်ထပ်တည်းပဲ။ သူများခါးပေါ်မှာ လှသလို အရုပ်မကိုယ်ပေါ်မှာ လှနေလို့ ကိုယ်ပါအားကျပြီး သွားကြည့်လိုက်တာ အဲဒီလိုပဲ စိတ်ကုန်ပြီး ပြန်လာခဲ့ရတယ်။ ကျန်တာတွေတော့ မပြောလည်း သဘောသာ ပေါက်ပေရော့။

ချမ်းမြေ့ရင် said...

ဟုတ်တယ် အစ်မရေ၊ လိုချင်တာလေးတွေမ၀ယ်ဖြစ်လို့ ကက်ရှာဆီ သွားကြည့်လိုက်ရင် ငွေချေဖို့တန်းစီနေတဲ့လူတန်းမြင်တိုင်း ကိုယ့်ဘ၀ကိုယ် မျက်စိလည်ရတယ်ဗျို့

သားကြီး said...

ဖတ်ပြီးမန့်သွားပါတယ် အစ်မရေ :)

တောင်ပေါ်သား said...

မကြီးရေ ညစ်မနေနဲ့ တွေ့တာ အဆင်ပြေတာ ၀ယ် ပြီး ၀တ်လိုက် ၊ စားလိုက် ပျော်ပျော်နေး)


လေးစားလျက်
တောင်ပေါ်သား

ကြည် said...

အော် လက်စသတ်တော့ဒီလိုကိုး.....ဘာပဲဖြစ်ဖြစ် ၀င်းဒိုးရှော့ပင်းပေါ့...တန်ဘာလန်ကိုကြည့်ရတာနဲ့တင် ၀င်းဒိုးရှော့ပင်းထွက်ရတာ တန်သွားတာပဲဟာကို။ depressed မဖြစ်ပါနဲ့။

Ree Noe Mann said...

ဝယ်သာဝယ် အမရေ ဘာမှ အားငယ်နေမနေနဲ့

မောင်လေးရီနို

D Soe said...

ဖိနပ်ကောင်းကောင်းက လိုကိုလိုတယ် အမရေ...။လှမယ်ထင်ရင် ဝယ်သာဝယ် အမရေ...စိတ်မညစ်နေနဲ့...။

ဖိုးသင်္ကြန် said...

Raffle ရောက်ခဲ့တယ်ပေါ့။

ဝက်ဝံလေး said...

widow shopping ပေါ့ဟုတ်လား မမကွန် ဟဟ ညီမလဲ အဲလို ထွက်ရတာ ကြိုက်တယ် ဟိဟိ

တာ့တာဘိုင်

ZT said...

နည်းနည်း ပိန်းတော့ တိန်ဘာလိန် ဆိုတာ ဘာလဲလို့ အတော် စဉ်းစားလိုက်ရတယ် အစ်မရေ။ :) ကွင်းစ ကွင်းပိတ်နဲ့ အင်္ဂလိပ်လို ထည့်ရေးပေးရင် ပို အဆင်ပြေမယ်။

ရွှန်းမီ said...

GSS fever :-)

kaungkinpyar said...

မမ၀ယ်သမျှ လိုက်ဆွဲပေးချင်ပါတယ်၊ ၀ယ်ပါ

မီယာ said...

မမ depressed ဖြစ်နေတယ် ထင်လို့ လာအားပေးတာ။ ဈေးကြီးတာတွေ ကြည့်လာတာကိုး။ ဈေးမ၀ယ်ရလို့ ဂျီတွန်နေတာနေမှာပါ။ အဲ့ဒီအကြောင်း ရေးဦးမယ်။

Mae said...

တွန့်တာခြင်းတူတယ် မမရေ၊ ဒီမှာက အပေါစားက စင်္ကာပူမှာထက်တောင် ပိုပေါတယ်၊ ဒါပေမယ့် လုံးဝမခံဘူး၊ မနုသွဲ့ ပြောသလို ကောင်းတာဆို ဈေးကြီးပေးရတယ်ဆိုတာ အမှန်ပဲ

Steve Evergreen said...

ငယ်ငယ်တုန်းက မလိမ်မာခဲ့တော့ အခု လူတန်းစေ့နေဖို့တော်တော် ရုန်းကန်နေရတာကိုတောင် ဘလော့ဖြစ်အောင် ရေးနိုင်တာမဆိုးဘူးပြောရမယ်။ ဈေးပေါတာ လိုချင်ရင်တော့ London ကိုလာခဲ့။ တထည်မှ 99 Pence ထဲ
အောက်ဆုံးပုံ ကိုပြောတာ

Anonymous said...

"ဒါတောင် ဝယ်ထားတတွေ အိမ်မှာကိုယ့်အရပ်လောက်ဖြစ်နိုင်ပြီ. ပုံးနဲ့ပါ ထည့်တိုင်းတယ်"....အဲဒီအရေးအသားမျိုးပေါ့ ('မျိုး' ဟုတ်ဘူးနော်) ကိုစွဲနေတာ...


Timberland shirt ကိုအရမ်းကြိုက်... ခုတော့ဝယ်နိုင်သေးဘူး....

ကိုလူထွေး said...

အဲ့လောက်လဲ အသက်မကြီးသေးပဲနဲ့ ကိုယ်ကိုကိုယ် စိတ်ဓာတ်မကျပါနဲ့...

မဝယ်ဖြစ်ခဲ့တာလဲ ခပ်ကောင်းကောင်းပါ...

မြင်မြင်ရာ တားမနိုင်ဆီးမရ လိုက်ဝယ်တတ်တာလဲ စိတ်ရောဂါတခုပဲတဲ့...

မမမှာ အဲဒီရောဂါမရှိကြောင်း အတည်ပြုလိုက်နိုင်တော့ အဝေးက မောင်လေးက စိတ်အေးရတာပေါ့ဂျာ...

းဝ)

tg.nwai said...

ဖတ်ပြီး drepressed ဖြစ်ပြီး ပြန်သွားပါသည်။ ကိုယ့်ဘာသာ..:(

Rita said...

ဒီထဲက comment တစ်ခုကို တုတ်နဲ့ ၀င်ရိုက်ချင်နေတယ်။
ဘယ်သူမှ လာမဆွဲပါနဲ့။

:P said...

စိတ်ထိန်းပါ မရီတာ.. အရင်အမှုတွေလည်း မပြီးသေးဘူး...။
စ တာနေပါလိမ့်မယ်...။ ချစ်လို့ ကျီစယ် သေသွားတယ်ပေါ့ကွယ်....။

Anonymous said...

Innn...

alot of myanmar girls at singapore are....don't know how to stylish...in their own way..

Don't give up..

you are already too old to stylish.?

Don't waste $$$$...lah..

Rita said...

sin ကိုယ်ကလဲ စချင်နေတာပါ။ တင်းပုတ်နဲ့ ထုတမ်း စချင်တာ

kiki said...

အပိုတွေ မဝယ်တာကောင်းတယ် .. အကုန်သက်သာတာပေါ့ ..
မရှိမဖြစ်တာကတော့ ဝယ်ရမှာပေါ့နော...
ဥပမာ.. ဟိဟိ..

Phyo Maw said...

အင်း...
Don't waste $$$$...lah..

အဲဒီ lah ကြီးက ကော စတိုင်ကျတယ်နဲ့ တူပါရဲ့။ O.o

Anonymous said...

စင်စင်က..ချစ်ဖို့ ကောင်းတဲ့commentမျိုးအမြဲရေးတတ်တယ်...

(မရီတာဆီမှာ ဒီနေ့ ရေးထားတာလေးလည်း ပြူံးမိသွားလို့)

မငုံ said...

မ့ရေ..မငုံလဲ အဟိ ဒီလို window shopping မျိုးကြိုက်တယ်။ ပစ္စည်းတခုကိုင်ကြည့်လိုက် ဈေးကြည့်လိုက်နဲ့ ၀ယ်လဲမ၀ယ်ဖြစ်ပါဘူး။ နှမြောလို့။

Anonymous said...

Hi,
I cannot read your posts. Could you tell me which fonts should I download and where?

Thanking you.

khin oo may said...

to
Anonymous said...

Hi,
I cannot read your posts. Could you tell me which fonts should I download and where?

Thanking you.

please go to

http://kyawthetlatt.blogspot.com/

then you can see right hand corner there

ဇော်ဂျီ ကိုဒီမှာရယူပါ
+Download Font
+Download Keyboard Layout
+Download Keyboard Installer
+Zawgyi Web Text Editor
+Burglish Web Text Engine

then download zawgi font and installed it in your computer .

ham..
I think you don't know how to install fonts..

I am also very poor in teaching. let me try

you save the zawgi in desktop
then

click put your mouse pointer to start. (base of the left hand corner and do right click. It will become to (C) drive

under the (C ) look for the Windows

under the window

look for fonts

then you go back to desktop
make a highlight to zawgi and do copy and paste it into that (fonts) then you come back to my blog and you should see my blog as Myanmar language

if can not ...do it again
if can not.... come back and ask again
will need help/

ham......mmmm.(sigh)
kom

:P said...

ချာမ.. ချာမ.... သာမီးကိုလည်း ဇော်ဂျီက ကပြပါ.. ချာမကေအိုအမ်.....။

တန်ခူး said...

မမရေ… စိတ်မပျက်ပါနဲ့ … ကျွန်မဆို တခါတခါ ကိုယ်နဲ့ တော်တာတောင် အတော်ရှာရခက်တာ… တော်တာမရှိတော့လဲ အိမ်ကိုလှမ်းချူပ်ခိုင်းလိုက်တယ်… ဒီနှစ်saleက ခါတိုင်းထက် ပိုချတယ် မမ ရဲ့…

naylin said...

ဝယ်သာ သယ်ပါဗျာ။ ပိုက်ဆံ ဆိုတာ စက္ကူပဲ ဟာ။ ၀ယ်ပြီး ရင်တော့ စိတ်မဆင်းရဲစေချင်ဘူး ;)

WWKM said...

ဟတ်ဟတ်.. မမရေးထားတာတွေဖတ်ပြီးရယ်သွားတယ်.း))
မီးလည်းအိမ်လည်ထွက်ရမှာပျင်း ၊စာရေးရမှာပျင်းလွန်လွန်းလို့ ၀တ္တုဖတ်နေတာ ပြီးတော့
မယ်..း)
တိုက်တိုက်ဆိုင်ဆိုင် မီးလည်း ဟိုနေ့ကရှော့ပင်ထွက်တော့ မောင်က Triumph လေးတစ်စုံလောက် ၀ယ်ဝတ်ပါလားတဲ့ ပြော
ရှာသား.. ဒါပေမယ့် နှမျောလို့ မယူလိုက်မိတာကို အခုမှ
နောင်တရမိနေတယ် မမရေ.. အဟီးးး

Anonymous said...

" မာင်က Triumph လေးတစ်စုံလောက် ၀ယ်ဝတ်ပါလားတဲ.."

Himmmmm...

Don't dare to see Myanmar women body with this..

I'm serious..

They can only in dream..?

Steve Evergreen said...

မြန်မာ ဖြစ်လို့မတော်တာ မတန်တာတော့ မရှိဘူးထင်ပါတယ်။ တကယ်တော့ လူဟာလူပါဘဲ။ size တွေလဲ အားလုံးအတွက်ရတာပဲလေ။

နန်းညီ said...

တိန်.. !!

ဂျပန်ကောင်လေး said...

ဟီး..ဒါဂျပန်တို့ ဖြစ်နေကျ.. ဟိဟိ

Anonymous said...

U know Myanmar women very well, right?

mgnge said...

ဆင်ခြင်တတ်လာ ပြီပေါ့ :P

ကျော်နှင်းဆီလွင် said...

အမရေ
နာမည်ကြီးမို့Linkထားတယ်နော်
:)
အရေးကြီးဆုံးကအတွင်းခံပဲအမရဲ့
အဲဒါပုံမကျရင်ဘာဝတ်ဝတ်မလှတော့ဘူး
ဒါကြောင့်ဝယ်ပစ်လိုက်...
:D

Anonymous said...

အဲဒါတွေ ဝယ်ဖို့ ပိုက်ဆံ အရင်ဝယ်၇ဦးမယ် မဟုတ်လားဗျ

နဒီမိုးညို said...

လိုချင်တာရှိ၇င်တော့..ဝယ်သာ ဝယ်ပစ်..
မမခင်ဦးမေေ၇

Anonymous said...

အတွေးများတော့ အဖတ်မတင်ဖြစ်တာပေါ့ ... နောက်ဆို ဝယ်မှာသာဝယ် မကြီး :D

ူlittlebrook said...

အော် အမရယ် တောက်လျှောက်ကြီးပတ်ကြည့်လာပီးမှ နောက်ဆုံးဘာမှမ၀ယ်ဖြစ်ဘူးတဲ့လား ဟားဟားဟား

PhotoVigor said...

Hi..appreciate it. Every body is broken, this's life. Keep going. Cheers!!

Kellie Culley said...

မမရေ။ အဖြစ်တွေကတော့ တစ်ထပ်တည်းပဲ။ သူများခါးပေါ်မှာ လှသလို အရုပ်မကိုယ်ပေါ်မှာ လှနေလို့ ကိုယ်ပါအားကျပြီး သွားကြည့်လိုက်တာ အဲဒီလိုပဲ စိတ်ကုန်ပြီး ပြန်လာခဲ့ရတယ်။ ကျန်တာတွေတော့ မပြောလည်း သဘောသာ ပေါက်ပေရော့။