Tuesday, June 9, 2009

mg thaung phe

ဘိလပ်ပြန်မောင်သောင်းဖေ

စာရင်းက သိတ်မများပါဘူး.။ အစ်မနစ်ယောက် . မောင်တစ်ယောက်. တူနစ်ယောက် တူမ တစ်ယောက်. ဒါအဓိကပါဘဲ.။ ခဲအိုနစ်ယောက်နဲ့ ယောင်းမနဲ့ကတော့ အားနာပါနာ နဲနဲတော့ပါပါတယ။် ယောင်းမကတော့ပိုများများရတယ။် မိန်းကလေးပစ္စည်းများတာကိုး။

တစ်ချိန်လူံးဝယ်နေတာပါဘဲ။ ဈေးကြီးတာတွေ မထင်ပါနဲ့ ဈေးသက်သက် သာသာ ပေါချောင် ကောင်းလေး တွေပါ။ မျက်စေ့ကို သိန်းငှက်ကဲ့သို့စွန်ကဲ့သို့ပမာ. တွေ့လိုက်လို့ ကတော့ သုတ်ပြီသာမှတ်ပါ။ အနေကြာပြီ ဆိုတော့လည်း တန်တာလေးများတွေ့ရင် တန်းဆွဲသွာြး့ပီ သာ မှတ်ပါ။ အတိုင်းလား မလိုပါဘူး. ။ ဆိုက်ဒ်စုံရှိပါတယ။်

ပြန်ရင်လား. ။ မိဘတွေ မရှိတော့တဲအတွက် မောင်နစ်မ များသာကျန်ပါတယ။် လေဆိပ်က ရောက်တာနဲ့ အထုတ်ကို ကိုယ်နေမဲ့နေရမှာ မချပါဘူး.. အစ်မတစ်ယောက်အိမ်ကို သယ်သွားပါတယ။် ဟိုမှာချခဲ့ပြိး လုပ်ချင်တာတွေလုပ်ပြီးမှ သူ့အိမ်ပြန်သွားပါတယ။် လူစုထားပါတယ။် အမျိုးတွေကို အဲဒီတော့မှ အထုပ်ကြီးရှေ့ချပြီး. But အထုပ်ကလေး သုံးထုပ်ရယ်ပါ။ လက်ကဆွဲတဲ့တစ်အိတ်က ကိုယ့်အတွက်ပါ။ အဲ.. ကျန်တဲ့ ၂၄ လက်မ အိတ် နစ်လုံးက တစ်လုံးကို ၁၅ ကီလိုဆန့်ပါတယ။် နစ်အိတ်ဆိုတော့ကာ သုံးဆယ်ပေါ့./ ရှင်းပါတယ။် အဲဒီထဲကထုတ်ပြီး အကြီးဆုံးကို ကိုယ်ပေးချင်တာတွေ ကို သူတို့ကိုအရင်ပေးပြီး ကျန်တာတွေ ကို အကြီးဆုံးက နေစပြီးတော့ ကြိုက်ရာယူစနစ်နဲ့ ဝေပါတယ။် သိတ်များသွားပြီထင်ရင်တော့ ခဏနေဦး အဲဒါ တစ်ချို့ကို ဘယ်သူမှန်းမသိတဲ့ ပေးစရာလူရှိခဲ့ရင်ပေးဘို့ဆိုပြီးပြန်ဖယ် ထားပါတယ။် သွားရင်းလားရင်း ထည့်ထည့်ပြီး ကြုံရင် ကြုံတဲ့သူကို ပေးပါတယ။် တစ်ခါတတစ်လေ ပေးချင်ပေမဲ့ပါမသွားတာရှိပါတယ် သူ့ကံပေါ့. တစ်ယောက်ကို တစ်ခေါ်က်တောင် အနိုင်နိုင်တွေ့ရတာကိုး။

အစ်မအကြီးဆုံးက တို့ကိုသိတ်ချစ်ပါတယ်။ ငယ်ငယ်ကတည်းက ချစ်တာပါ။ အခုလို သားသမိးမရှိတဲ့အခါ ပိုဆိုးပြီး တူတူမတွေကိုချစ် နေရတဲ့အပြင် တစ်ခါတစ်လေ မှ တွေ့ရတဲ့ ညီမကိုလည်း ချစ်ပြန်ပါတယ။် ဘယ်သွားချင်သလဲ ဘာလုပ်ချင်သလဲ ဘယ်ကို အဖော်လုပ်ပေးရမလဲ။ ဘယ်တော့တွေ့ချင်သေးလဲ ။ လာခဲ့ရမလားဆိုတဲ့ ဂါထာကိုဘဲ ရွတ်နေပါတယ။်

ဘယ်သွားချင်သလဲဆိုတော့ကာ ကိုယ်စိတ်ကူးပေါက်တာတွေက သူ့ကို ခေါ်သွားလို့မှ မဖြစ်ဘဲ။ ဘာလုပ်ချင်သလဲ။ ဒါတွေလည်းသူနဲ့ မဖြစ်ပါဘူး။ ဘယ်ကိုအဖော်လုပ်ပေးရမလဲ။ ဒါလဲခက်တယ။် နိုငှ်ုငံခြားမှ တစ်ယောက်ထဲ နစ်ရှည် အထီးကျန်နေရတဲ့သူကို အဖော်လုပ်ပေးရမလားဆိုတဲ့ မေးခွန်းက နဲနဲတော့ odd ဖြစ်နေတယ။် လာခဲ့ရမလားဆိုတော့လဲ ကိုယ်က တစ်နေရာထဲမှာ ထိုင်နေချင်တဲ့သူမဟုတ်. စလု့းံမှာ အိမ်ထဲမှာနေရလွန်းလို့ ရုးနေတဲ့သူကို သူ့အိမ်မှာဖြစ်စေ ။ တခြားအစ်မအိမ်မှာဖြစ်စေ ထိုင်ခိုင်းထားရင်ကိုယ့်ကိုနိပ်စက်နေသလိုဘဲခံစားရတယ။်

လမ်းပေါါ်မှာပျော်တယ်ဆိုတာ သိလောက်ပါပြီ။ ဒါပေမဲ့လဲဒီအစ်မလေး စိတ်ချမ်းသာပါစေ တော့ဆိုပြီး သူနဲ့နေခဲ့တဲ့ အချိန်တွေ ရှိပါတယ။် အစ်မလတ်ကတော့ ကလေးနစ်ယောက် ရှိတယ်ဆိုတော့ကာ ကိုယ့်ကို အဖက်မလုပ်တော့ပါဘူး ။ လာချင်ရင် လာ မလာချင်ရင်နေ. သဘောဘဲ။ အေးအေးဆေးဆေးပါဘဲ။ သူတို့နစ်ယောက်လုံးက ချက်ကျွေးမယ် ဆိုတာကိုတော့ ခါးခါးသည်းသည်း ငြင်းရပါတယ် သိတာပေါ့။ ချက်မှ မချက်တတ်ကြဘဲ။ ပေါက်တတ်ကရတွေ ကျွေးကြတော့မယ်ဆိုတာ။ ဝယ်ကျွေးပါလို့ဘဲတောင်းဆိုရပါတယ။် အဲဒါနဲ့အစ်မ အကြီးက ရွေဘ ထမင်းဆိုင်မှာ လိုက်ကျွေးတာပေါ့။

မန်းဒလေး သွားမလို့စိတ်ကူးသေးတာ မရောက်ခဲ့ရပါဘူး. အမျိုးတွေအိမ်လည်း စုံအောင် သွားခဲ့ရပါတယ။် သကန်းကျွန်းက အဒေါ် ခွဲစိတ်ထားတယ် ဆိုလှိှုသွားမေးတာပါ။ ကိုယ်ပြန်ရောက်လာပြီး ရက်ပိုင်းအတွင်းမှာ နာရေးကြားရတာ စိတ်မကောင်းလိုက်တာ.။ ဖြစ်တာကတော့ ကင်ဆာဘဲ။ ကင်ဆာက ဖြတ်ကနဲမှ မသေဘဲ။ ဘာဖြစ်လို့သေသွားသလဲ. နလုံးရောရါလို့ပြောကြတာဘဲ။ ပြောရင်တော့ရှည်ပါတယ။်

ပြောချင်တာကတော့ ကင်ဆာဖြစ်ပြီဆိုပြီး စိတ်ဆင်းရဲနေတဲ့သူဟာ ဖြတ်ကနဲ နလုံးရောဂါနဲ့သေသွားတယ်ဆိုရင် ကဲ.ဘာပြောချင်သေးလဲ။ သူကင်ဆာအတွက် ပူပင်ခဲ့ရတောတွဟာ ကိုယ်..သက်ပြင်းချမိတယ်။ အဲဒီအမျိုးမိသားစုဆီ ကိုယ်အခုထက်ထိ ဖုံးမဆက်သေးဘူး.။ ကိုယ့်စိတ်ခံစားမှူကို ကိုယ်နားမလည်နိုင်ဘူး။ ကိုယ်မဆက်ချင်ဘူး. သတင်းမမေးချင်ဘူး. အဲဒီအဒေါ်ဆုံးသွားပြီဆိုတာကို တရားဝင် မကြားချင်ဘူး။ ငိုမှာတွေကို ကိုယ်မကြားချင်ဘူးး။ ကိုယ်စိတ်ဆင်းရဲတယ်။ အမေဆုံ့းသွားတုံးက ကိုယ်မငိုဘူး။ ငုတ်တုတ်ထိုင်ပြီး ကြောင်နေတယ။် အမေလဲ စဖြစ်တာကနေ ဆုံးတဲကအထိ သုံးနာရီနဲ့ ငါးနာရီ လောက်ဘဲကြာမယ်။ ကိုယ်မယုံနိင်ဘူး မယုံချင်ဘူး။ ငိုလဲမငိုချင်ဘူး. လာမေး တဲ့သူတွေ ကို အမေလား မရှိတော့ဘူး လို့တော့ပြောလိုက်တယ်။ ကိုယ့်စိတ်ထဲမှာတော့ ရှိနေဆဲဘဲ။ ကိုယ့်ကိုကို လဲ အပြစ်ရှိနေဆဲဘဲ။ အမေ့ဓါတ့်ပုံ့တွေ ကိုမကြည့်ဝန့်ဘူး။ တပုံ ယူလာတယ။် တစ်နေရာမှာ ထိုးထည့်ထားတယ။် ထုတ်မကြည့်ဘူး ကိုယ်မခံစားနိုင်ဘူး။

ဇတ်လမ်းကိုဆက်ရရင်ကိုယ်ပြန်တာ အတော်ကုန်တယ်ထင်ပါတယ။် ဒါပေမဲ့ကိုယ်ကတော့ နည်းတယ် လို့ တောင်ထင်ပါသေးတယ်။ ကိုယ့်အမျိုးအရင်း တွေချည်းဘဲ ဟာ ဒီထက်တောင် ပေးချင်ပါသေး တယ်။ကိုယ်က သိတ်ဝင်ငွေ မကောင်းလို့ပါ။

နောက်တစ်ခု ကိုမဆာလာနဲ့လွဲပြီးပြန်ပါတယ။် ပြောပြီးပြီရော... သူလုပ်ချင်တာ ကတစ်ခု ကိုယ်လုပ်ချင်တာ က တစ်ခုပါ။ ငယ်ငယ်တုံးကတော့ သူ့ဆန္ဒက ကိုယ့်ဆန္ဒ ဖြစ်ပေမဲ့ အိမ်ထောင်သက်ကြာလာတော့ လူကြီးတွေလည်းဖြစ်လာတော့ တထပ်ထည်း မကိုက်ညီတော့ဘူး။

စလွဲတာက မိုးလင်း မပြောနဲ့ မိုးချူပ်ကတည်းက လွဲတယ်။ ကိုယ်က ညမအိပ်တတ်ဘူး မနက်ဆို မထချင်ဘူး. သူက ညဆို အိပ်ချင်တယ်။ မနက်ဆို သုံ့းနာရီလောက်ကိုယ့်ုကို နှိုးပြီး လမ်းထလျောက်တယ်။ ငါးနာရီလောက်ဆိုဘုရား သွားတယ်။ အဲဒါဟာ ကိုယ့်ကို နိပ်စက်နေသလိုဘဲ။ ကိုယ့်မှာခံစားရတယ် ။ ငယ်ငယ်တုံးကတော့ ထပြီးမျက်စေ့ ပွတ်ပြီး လိုက်သွားတာပေါ့ ။ အခုတော့မလိုက်ချင်တော့ဘူး။ ဟော်တယ်မှာ အိပ်တော့သူက မိုးချိုပ်ရင်အိပ်ဘို့ပြင်ပြီ။

အိမ်မှာ ဆိုရင်တော့ တစ်ယောက်တစ်ခန်း မီးဖွင့်ထားပြသာနာမရှီပေမဲ့ ဟော်တယ်မှာတော့ ပြသာနာဖြစ်လာပြီး ကိုယ့်အလိုအရဆိုရင်သန်းကောင်သန်းလွဲလည်း ဖုံးထပြောချင်ပြောမယ် ။လမ်းထွက်ချင်လည်း ထွက်နေမယ။် ပြန်လာလဲ တယ်လီဗေးရှင်းကို မိုးချုပ် မိုးလင်းတဲ့ အထိ ကြည့်ချင်ကြည့်မယ။် နောက်ဆုံ့း အိပ်ဆေးသောက်အိပ်ရတယ် ဆီရောက်ကော ကိုယ်ဘယ်လိုမှ ညဆို အစောကြီးမအိပ်ချင်ဘူး။ အိပ်ဆေးရှာမတွေ့ရင်လား ဘာမီတွန် သောက်လိုက်တာပေါ့ လွယ်ပါတယ။် သူက မိဘ နဲ့အတူမနေတတ်ဘူး။ ငယ်စဉ်ကာလကတဲက တစ်ယောက်ထဲ နေလာတဲ့သူဆိုောာတ့ကာ ဟော်တယ်မှာဘဲ နေပါတယ။် ဈေးတော့သက်သာတဲ့နေရာရွေးရတာပေါ့။

လမ်းထွက်တော့ကော သူ သွားချင်တာ လက်ဘက်ရည်ဆိုင်..ဘာဆိုင်ညာဆိုင် ……….ကိုယ်ကရော …………သိလောက်ပါပြီ။ ကိုယ်ဘာတွေ လုပ်တော့မလဲ ဆိုတာ အဲသလိုဆိုတော့ကာ တစ်ယောက် တစ်ချိန်ပြန်တာ အကောင်းဆုံး ဆိုပြီး တစ်ယောက်တစ်လှည့် ပြန်ကြပါတယ်။

ခရီး အတူသွားဘို့ကောကေ. သူက ကျန်းမာရေးနဲနဲအားနည်းတယ။် နလူံးက စိတ်ညစ်ရင် ..ရင်ဘတ်အောင့်တတ်သလို တစ်သက်လုံး ဘွဲ့ရကတည်းက ပိုက်ဆံကို ရှာတာ အခုထက်ထိဆိုတော့အင်ဂျင်က ကျ. (လူကတော့မကျသေးပါဘူး) နေပြီဆိုတော့ ဝေးဝေးလံလံမသွားလိုဘူး။ ခွင့်ကလည်းရက်က တိုလိုက်သမှ သူ့ခွင့်ကလည်း (ရ ) ရက်ဆိုတာ အလွန်ဆူံးဘဲ။ လေးရက် နဲ့တောင်သွား ဘူးသေးတယ။် ဘယ်လိုလုပ်တို့နဲ့ကိုက်မှာလဲ။ လေးရက် ဆိုတာ တို့ဒီမှာ သွားဘို့ အထုတ်ထုတ် နေတုံးရှိသေးတယ။် သူက သိတ်မြန်တယ်။ တို့က သိတ်နေးတယ် အဲဒီတော့ အဲသလိုတွေဖြစ်ကုန်တာ အဆန်းမဟုတ်ဘူးး ။ တစ်ယောက်ဆီ သွားကြလို့အိမ်ထောင်ရေး အဆင်မပြေဘူး မထင်ပါနဲ့ ပြေပါတယ။် အရမ်းပြေပါတယ။်

ရန်ကုန်သွားတော့လား ..တစ်ခါတစ်လေ မှသွားတာဆိုတော့ အိုကေပါတယ်. စလုံး က လာတယ်ဆိုတော့ နဲနဲအထင်ကြီးပါတယ်။ ဘာမှန်းတော့ မသိကြီးပါတယ်။ ဒင်နာသွားမယ်ဆိုတော့ ..ဒေါက်ဖိနပ်ပြေးစီးဦးမလို့ ခင်မောင်သိန်းထွန်းဝင်းက မလိုဘူး.။ အစ်မ က အစ်မဘဲ။ ဆိုတာနဲ့ဘဲ မစီးခဲ့ရတော့ဘူး.။ နောက်တော့လည်း သူပြောသလို ဘဝင်မြင့်ပြီး ဒီအတိုင်းဘဲ အစုတ်ကလေးနဲ့ဘဲ သွားလာနေတာ ရွီုင်ရယ်ပက်ခ ဟော်တယ်က သူငယ်ချင်း ကျော်ရဲအောင်နဲ့ဘဲတွေ့မျှဘဲ ပြာသွားတော့တယ် ။

သူက ဟော်တယ်မှာ လုပ်တယ်ဆိုတော့ ကာ ကိုယ့်ုကိုမြင်တော့ဘဝင်မကျဘူး. ညီမရယ်. (သူက ဘယ်လောက်ကြီးတဲ့ မိန်းကလေးဖြစ်ပစေ ညီမလို့ခေါ်တတ်ပါတယ်။ သူ့မှာ ချစ်စဘွယ် ညီမကလေးများ စွာရှိပါတယ။်) စလုံးကလာတာဒီလိုဘဲဝတ်လာရသလားဆိုပြိး ဂရုဏာဒေါသောဖြစ်သေးတယ။်

အခုတစ်လော နာမည်ကြီးနေတဲ့သူကလေးနဲတွေ့မယ်ဆိုပြီးချိန်းကြတော့လည်း သူ့မှာ ကိုယ်ယောင်ကိုယ်ဝါ လျော့ခဲ့ရတယ်လို့ဆိုပါတယ။် သူသိနေပါတတယ်တဲ့။ ကိုယ်လာရင် တရုတ်ပိတ်လုံချည်နဲ့ လာတော့မယ်.. မန်းဒလေး ညှပ်ဖိန်ပ် နဲ့ လာတော့မယ်ဆိုတာကိုသိနေလို့ သူ့ရဲ့ အရောင်တွေ ကို လျော့ပစ်ခဲ့ ရတယ်လို့ဆိုပါတယ။်

ညည်းချင်လေးမဟုတ်ပါဘူး. ကြုံခဲ့တာလေးတွေပါ. ရေးခိုင်းတဲ့ မနော်ဟရီ ကို ကျေးဇူးတင်ပါတယ။် နိုင်ငံခြားပြန်ရဲ့ အဓိပပါယ်ကို စဉ်းစားလို့မလရလို့ မရေးဘဲထားတာ။ မေးခွန်းကို နားမလည်တဲ့သဘောပေါ့။ ကိုယ်နားလည်တာက တစ်မျိုးလေ. ရှိပါစေတော့ ဂရင်းဂဲလ်လေးရဲ့စာ ကိုဖတ်လိုက်တော့မှ အဖြေသိသွားပြီး မနော်ရဲ့ အမေးကို ဂရင်းဂလဲလေးဆီကနေ မှီးပြီးကုးူချလိုက်ပါတယ်။ စာလုံးပေါင်းမှားတာတွေကိုလား။ ညီလင်းဆက် ရဲ့ ဆော့ဝဲလ်ထဲသာထည့်လိုက်ပါ။ အမှန် ပြန်ထွက်လာပါလိမ့်မယ။်

46 comments:

ရွှန်းမီ said...

ဟေးးးး

ကောင်းကင်ပြာ said...

ဝေးးးးး ၁ထင်တယ်

ကောင်းကင်ပြာ said...

ဟော်တော် ဟိဟိကို့ထက် ဦးသူ ရှိတယ်တော့

ဆောင်း said...

:-)

Anonymous said...

ဘယ်အချိန်လာလာတွေ့တွေ့ချင်းလာလည်း ရှေ့မှာ ရောက်နေတာပဲ ... တော်ပြီ နေရာ မဦးတော့ဘူး စာပဲ ဖတ်တော့မယ် :D

April said...

ဖတ်လို့ကောင်းတယ်..

ပျော်ရွှင်ပါစေ..
မိုးနေ

ကောင်းကင်ပြာ said...

ရေးထားတာ တ၀ကြိးဖတ်သွားတယ်၊ ခုန နေရာဦးနေလို့၊ ခုမှ ဖတ်ပြီးတယ်

မီယာ said...

မောင်သောင်းဖေက မမလား။ လက်ဆောင်တွေရတာ ပျော်စရာကြီး။ ကိုမဆလာနဲ့ မြန်မာပြည်ပြန်တာ ပျော်စရာမကောင်းဘူးပေါ့။ တခြားနိုင်ငံသွားရင်ရော။ မမရေ အရမ်းပူရင် ဒီဘက် ခရီးထွက်လာပါလား။

Mae said...

မမ ..ရယ်လိုက်ရတာ၊ စာရေးကောင်းတယ်၊ အဒေါ်အတွက်တော့ စိတ်မကောင်းပါဘူး၊

မသိတာတစ်ခုရှိလို့ ရှင်းပေးပါ
“ကိုယ်ကရော …………သိလောက်ပါပြီ။ ကိုယ်ဘာတွေ လုပ်တော့မလဲ“
ဘာတွေလုပ်လဲဟင်? စိတ်ပူလိုက်တာ

Anonymous said...

အင်ဂျင်က ကျနေပြီ။ လူကတော့ မကျသေးပါဘူး ...
အင်း ... ဟုတ်မှာပါ ...
ထင်ပါတယ် ...
မမက နှေးတယ် ... သူကမြန်တယ် မဟုတ်လား ...
အိမ်ထောင်ရေး ... သိပ်အဆင်ပြေပါတယ် ...
ယုံပါတယ် မမရယ် ... ယုံပါတယ် ... ယုံပါတယ် .... ပေါ့နော် ....

Sein Lyan Tun said...

ညဘက်မအိပ်ပဲ လုပ်ချင်တာလုပ်ချင်တဲ့စိတ်ကတော့
မကြီးနဲ့တစ်ထပ်တည်းပဲ
ကျနော်ကခုဆို ညမင်းသား
ဇီးကွက်ဖြစ်နေတယ်
တစ်သက်လုံးက ဒီလိုပဲနေလာတော့
သေတောင်ဒီအကျင့်ကပျောက်မယ်မထင်ဘူး...
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

မီးငယ် said...

ညမအိပ်တာကတော့ မမနဲ့ မီးငယ်နဲ့တူတယ်..
ခုချိန်ထိ မအိပ်သေးဘူးမမရေ...
လူလည်း ဇီးကွက်လား သွေးစုပ်ဖုတ်ကောင်လားတော့မသိဘူး
မနက်အပြင်ထွက်ရမှာ တီကောင်ဆားနဲ့ ပက်သလိုပဲ

Moe Cho Thinn said...

ဒီတခါ အရှည်ကြီးပါလား။ စာကြေအောင် ပြန်ဖတ်လိုက်အုံးမှ..

Anonymous said...

မမ..
သေချာဖတ်သွားတယ်.
မငိုတတ်ဘူးဆိုတော့ အသည်းအတော်မာတယ်နော်..
မလှထုံပြောသလို ဒီတခါစာအရှည်ကြီါ်ရေးတော့
၂ခေါက် ၃ခေါက် သေချာဖတ်ယူရတယ်..။။

Xထုံ

MANORHARY said...

ဒီလိုဖတ်ကောင်းအောင်ရေးမှတော့ စာလုံးပေါင်းက
ဘာအရေးလဲ..နော့..ဒီလူနဲ့ဒီလူတွေမှားလည်းပြင်ဖတ်
သွားလိုက်ရုံပဲ..(အမှန်က ဘာမှပြောစရာမရှိရင်တောင်
အလိုင်းမင့်မညီတာ စာလုံးပေါင်းမှားတာလေးက အစ ပြောမယ့်သူတွေ ပြောစရာရှိအောင်စေတနာလေးနဲ့ ချန်ပေးထားတယ်လို့ မြင်ပါတယ်..:) )
ကျေးဇူးတင်ပါတယ်။
ညမအိပ်တတ်သူချင်းများစုပြီးနေကြရင် ဘာဖြစ်မလဲလို့ လည်းတွေးမိကြောင်းပါ...း)
(နေမကောင်းနေတာနဲ့ နည်းနည်းလာတာနောက်ကျ သွားကြောင်း...)

MrDBA said...

အံ့ဖွယ် ရှည်လျားလှချေလား။ ကောင်းလေစွ။

တောင်ပေါ်သား said...

မကြီးရေ ဖတ်သွားတယ် ဒီတခါတော့ ဖတ်ရတာ စိတ်မကောင်းတာတွေများတယ် ကိုမဆလာကြီးနဲ့ တူတူ သွားကဲကြတာပေါ့လေ အားကျတယ် အဟား


လေးစားလျက်
တောင်ပေါ်သား

လူမုန်း said...



ညာတကာ နစ္စ သင်္ဂဟော တဲ့
မင်္ဂလာ တရားတော်နဲ့ ညီပါ၏...


မေတ္တာရပ်ခံချက်။.....။ ညမအိပ် သူများသည် ကျွန်တော်တို့အား “Bankruptcy” ဖြစ်ရန်လုပ်ဆောင် သူများဟု သတ်မှတ်သည်။


ပုံ

ငတက်ပြား
ငှက္ကဌ(ဥက္ကဌ ကိုယ်စား)
အလီဘာဘာ ဘဏ်

မိုးကောင်းသူ said...

မမ kom ရှည်ရှည်လဲ ဖတ်မှာပဲ။ တိုတိုလဲ ဖတ်မှာပဲ။ အမြဲတမ်းအားပေးလျှက်။

:P said...

ခုတစ်လော မမစာ ရှည်ရှည်လေးတွေ ဖတ်ရတာ စိတ်ချမ်းသာတယ်....(တိုတိုလေး တုံးကလည်း စိတ်မဆင်းရဲပါဘူး...)။
ကိုမဆလာနာမည်လည်း လည်း တရားဝင်ဖြစ်သွားရှာပြီနော်..။

myo said...

စဖတ်တော့ မမလက်ရေးလေး တော်တော်လှလာပြီလို့ ပြောမလို့ဟာ ပြီးခါနီးကတော့ အိပ်ငိုက်သွားတာဖြစ်ရမယ်..။

စလုံးပြန် ကေအိုအမ်ဆိုပြီး ရေချမ်းချမ်းလေး တခွက်လောက်ရော တောင်းမသောက်ခဲ့ဘူးလားငှင်..။

သူများတွေလိုပဲ နှစ်ခေါက်ဖတ်သွားတယ်
ဘ၀ထဲက ရယ်စရာ မောစရာတွေပဲ..။

D Soe said...

လာဖတ်သွားပါတယ် အမရေ..။

Anonymous said...

မမ..
စာပုဒ်(၈) - ကိုဖတ်အပြီးစိတ်ထိခိုက်၇တယ်..အဖြစ်တူနေလို့ ..ကျမက"ဖေဖေ"....(၃~၄)နာ၇ီ အတွင်းမှာဖြစ်သွားတာတွေကို မယုံနိင်ခဲ့ဘူး.. ခုချိန်ထိနာေ၇းဆို နာမည်ဆိုးတတ်ပါစေ တတ်နိုင်သမျှရှောင်တယ်..

မိဘ မရှိတဲ့နောက် (အိမ်ထောင်ရှိသော်လည်း)မောင်နှမတွေအပေါ်သံယောဇဉ် ကြီးတယ်..

ကျော်ရဲအောင် အကြောင်းတော့ပြောတော့ဘူး .. ကျမနဲ့ တွေ့ တုန်းကလည်းအဲလိုပြောတယ်..စလုံးမှာဒီလိုဘဲဝတ်နေသလားတဲ့...ဆိုပြီး.. ဟိုေ၇ာက်တုန်းလေး ကိုယ်နေချင်သလိုနေ၇တာနော့်...


အမြဲတမ်းပိတ်သတ်တဦး

ကိုရင်နော်ခင်လေးငယ် said...

ပြုံးပြီးဖတ်တယ် အစ်မရေ..း)

khet myint myint said...

အန်တီကွန့် စာရှည်ရှည် ပိုစ့်ကို ပြုံးပြီး ဖတ် ၊ ဖတ်ရင်း တွေးမိတယ်။
Rule of thumb အဖြစ်ပြောရရင်
terminal illness ဖြစ်နေတဲ့သူတွေက accident ဖြစ်ပြီး တိမ်းပါးလေ့မရှိကြဘူး ။
accident နဲ့ တိမ်းပါးတဲ့သူတွေကလည်း terminal illness မခံစားလိုက်ရဘူး ။
တယ်လဲ မျှတတဲ့ လောကကြီးပါပဲ ။

ခပ်မြင့်မြင့်

khaing said...

ဖတ်လို့ကောင်းတယ်..မkom
ရှည်ရှည်ရေးပေးထားလို့ ..ကျေးဇူးတင်ပါတယ်။

Bino said...

နောက်တစ်ခု ကိုမဆာလာနဲ့လွဲပြီးပြန်ပါတယ။် ပြောပြီးပြီရော... သူလုပ်ချင်တာ ကတစ်ခု ကိုယ်လုပ်ချင်တာ က တစ်ခုပါ။ ငယ်ငယ်တုံးကတော့ သူ့ဆန္ဒက ကိုယ့်ဆန္ဒ ဖြစ်ပေမဲ့ အိမ်ထောင်သက်ကြာလာတော့ လူကြီးတွေလည်းဖြစ်လာတော့ တထပ်ထည်း မကိုက်ညီတော့ဘူး။
::D
All family life are same.

ဝက်ဝံလေး said...

မမ ကွန် လာဖတ်သွားတယ် နော် မီး အမြဲတမ်းနောက်ကျတယ် မီး ကို ဘိတ်ချီး ဆုပေး ခိခိ သိလား ဂယ်ပြောတာ မမ ကွန် တင်တဲ့ အချိန်နဲ့ မီး ရှိတဲ့ အချိန်နဲ့ မတူလို့ ဂလိုဖြစ်နေတာ ဟွန်းးး ရှိများရှိလို့ကတော့ မီးက တစ်ပဲ မန့်တာကိုပြောတာ နော် ဘိုင်ဗျာ ရာသီဥတု သိပ်မကောင်းဘူး လူလဲ သိပ်နေလို့မကောင်းဘူးဗျာ ဘာဖြစ်ချင်နေမှန်းကို မသိဘူး တာ့တာ နော် မမ ပျော်ရွှင်ပါစေ ဂျာ

Anonymous said...

ကျွန်တော်တော့ ပြန်ခါနီး ၃လလောက် အလိုကတည်းက အမရဲ့ ဘလော့ကို အခေါက်ခေါက် ပြန်ဖတ်ပြီး သင်ခန်းစာ ကျေညက်အောင် လုပ်မယ်။ လက်တွေ့ကျင့်သုံးစရာတွေ ရှိတယ်လေ။ ကိုးကားရမယ်။ မပြန်ခင် တစ်ပတ်လောက်အလိုမှာ Revision တစ်ခေါက်ပြန်လိုက်ရင် ဟိုကျမှ စိတ်ငြိမ်ဆေး မလိုတော့တဲ့ဘ၀ ရမယ်။ ၀င်ငွေ သိပ်မကောင်းပေမယ့် လူမှုရေး ကျေညက်လို့ရတယ်ဆိုတာ အမရဲ့ စေတနာ + အရည်အချင်းပဲ။ လေးစားတယ်ဗျာ။ နားလည်မှုတည်ဆောက်တာတော့ ကျွန်တော့်ရဲ့ အညံ့ဆုံးအရည်အချင်းဖြစ်နေလို့ မောင်သောင်းဖေလည်း ကိုယ့်ကို အလေးပြန်ပြုသွားမယ်ထင်နေမိတယ်။ Anyway, အမ စိတ်ချမ်းသာပါစေ။

မိုးခါး said...

ညီမနဲ့ တူတာတွေတွေ့တယ်
ဥပမာ ညမအိပ်ချင်တာ မနက်မထချင်တာ
ခုဒီမှာ အလုပ်လုပ်ရတာ ကိုယ့်ကိုယ် သိပ်သနားဒါဘဲ ..း(

GreenGirl said...

မမက နိုင်ငံခြားပြန် အတွေ့အကြုံ ပိုများတယ်။ လူချစ်လူခင်ကလည်း များတာကိုးနော်း)

MrDBA said...

နောက်တစ်ခေါက်သေချာပြန်လာဖတ်သွားတယ်။ အရီး နောက်လဲ ဒီလို ရှည်ရှည်ရေး။

khin oo may said...

9 Jun 09, 10:49 PM
TZA: ကွန်ကွန့်အရှည်ဆုံးပို့စ်ကို ဖတ်လိုက်ရပါတဲ့ အခိုက်အတန့်မှာ အသက်ရှူမှားသွားပါတယ်..

ကိုလူထွေး said...

May Flower: မမ ဟိ ကိုလူထွေးကလေ မမကိုအားကျလို့  တထောင်တန် တအုပ်ကိုအကြွေအနုတ်အဖြစ် ငါ..သုံး..ပစ်..ခဲ့..တယ် တဲ့ ဟိ
............................................

ချစ်မကြီး.. အဟီး....းဝ)
မိုက်တယ်မှလား... ကာရန်တွေ နဘေတွေ....
ကြိုက်ရင်ပြော... အဲဒီကဗျာလေးကို
လက်ဆောင်ပေးမယ်...

ခင်အုန်းမယ့်
ကိုလူထွေး...းဝ)

မငုံ said...

မနက်က ဖတ်သေးတယ်။ အခုပြနှ်လာဆက်ဖတ်တာ။ ဟုတ်တယ်နော်။ ပြန်ရင် ဘယ်ပစ္စည်းလျော့ဈေးချမလဲ အရင်ချောင်း၇မယ်:))
အမျိုးများရင် ဟိုလဲပေးချင် ဒီလဲပေးချင်ပဲနော်။

သီဟသစ် said...

မမကွမ်းရေ
ကျေနပ်သွားပြီ အရှည်ကြီးဖတ်ရလို့..

Dr. Yi Yi Win said...

ကိုယ်အဆင်ပြေသလိုပေါ့ မကြီးရာ။

Unknown said...

ဟုတ်တယ်အမ.... တခါတလေတော့လဲ နာရေးသတင်း မကြားချင်ဘူး။ ခံစားချက်က တမျိုးပဲ..... ကိုယ်ခင်တဲ့ ချစ်တဲ့သူတွေကို အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင် နေတာ မြင်ချင်ကြားချင်တယ်။ ကျွန်တော်လဲ မြန်မာပြည်ပြန်ရင် ကိုမဆလာလိုဘဲ ဟိုတယ်မှာ နေဖြစ်မယ်ထင်တယ်။ လွတ်လွတ်လပ်လပ် နေချင်တယ် သွားချင်တယ်။ တယောက်တည်းနေတာ ကြာတော့ တယောက်ထဲပဲ နေချင်တွေးချင်တယ်။

Anonymous said...

အမရေ....ဗမာပြည်ကလူတွေက ပြည်ပထွက်ရင် သားသားနားနားဝတ်တယ်, နိုင်ငံခြားပြန်မြန်မာတွေက ဗမာပြည်ရောက်ရင်ပေါ့ပေါ့ပါးပါး လေးတွေဝတ်ကြတာ ကြားမိတယ်..ဟုတ်တော့ဟုတ်နေပါပြီမမရယ်....
မြန်မာပြည်ကို ဖုန်းဆက်ရင် ဟိုလူတော့ဆုံးသွားလို့ ဒီလူတော့ဆုံးသွားလို့နဲ့ ကိုယ်ပြန်ရင်တော့ ဆွေမျိုးတွေ ကျန်ပါဦးမလားမသိပါဘူးအမရယ်...
ဒီတခါ အမစာရှည်ရှည်လေးဖတ်ရလို့ ၀မ်းသာပါတယ်...ဆက်ရေးဦးနော်မမ...( mie nge )

ကိုလူထွေး said...

"အားထုတ်မှူအပေါ် မူတည်ပါတယ။် ဘာသာရပ်တစ်ခုအပေါ့် အချိန်ပေးပြီးလေ့လာရင်အချိန်အတန်အသင့် ကြာရင် အောင်မြင်မှုတစ်ခုရတာ လောကနိယာမတစ်ခုပါ"

အဲဒီထုံးကို နှလုံးမူပြီးသကာလ "ရန်ကုန် ဇာတ်သိမ်း" ကဗျာ ကို ရေးရန် ချစ်မကြီး ခင်ဦးမေ၏ yangon အပိုင်း 1 မှ 19 အထိကို print ထုတ်... နေ့မအား ညမနား ဖတ်ရှုလေ့လာခဲ့ပါတယ်...

ရန်ကုန်နဲ့ ဝေးနေခဲ့တာလဲ ကြာပေါ့ မဟုတ်လား...

းဝ)

Steve Evergreen said...

writing too much. I dont understand. sorry. will try again later.

Andy said...

ဖတ်ဖူးသမျှထဲမှာ အရှည်ဆုံးပဲ။ (ခပ်တိုတိုမန့်ပြီးပြန်သွားသည် ဟီဟီ)

Thinzar said...

အစ်မရေးခဲ့သမျှမှာ အရှည်ဆုံး ပို့စ် ထင်တယ်။ ဖတ်လို့ကောင်းတယ်။ :)

Rita said...

မမနဲ့ kmsl အကြောင်းကို စိတ်ဝင်စားတယ်။ အဲဒီအကြောင်းတွေ များများရေးပါ။

ကြည်ဖြူပိုင် said...

မမရေ...............အရမ်းဖတ်လို့ကောင်းတယ်။ သေသေချာချာဖတ်သွားတယ်။

ksanchaung said...

“ဘိလပ်”ပြန်မောင်သောင်းဖေ
“စ”လုံးပြန် ခင်ဦးမေ
ကာရန်ကို ညီနေတာပဲ
ကဗျာစပ်ဦးမှ