Saturday, February 13, 2010

Feb 12

ဒီနေ့လည်းအလုပ်များတာဘဲ။ မနက်ကတထည်းက လုပ်လိုက်ကြတာ. ထမင်းမစားလိုက်ရတဲ့သူတွေ အများကြီးဘဲ . ကိုယ်ကတော့စားလိုက်ရတယ်။။ ကိုယ်က လစ်ရင်လစ်သလို အောက်ဆင်းပြီးစားလိုက်တာဘဲ ။မစားလိုက်ရဘူးဆိုတာမရှိဘူး။ ပေါက်စီကလည်း အမြဲဝယ်လာတယ်။ kmsl အပိန်ကျင့်ရင် ပေါက်စီစားပြီး ကျင့်သတဲ့ ။ကိုယ့်အတွက်ကတော့ပေါက်စီဆိုတာ snack ဘဲ။

အိမ်ပြန်လမ်းမှာ ဘတ်စကားပေါါ်မှာ မြန်မာကောင်လေးတွေ့တယ် . သူကတော့မြန်မာလိုပြောလိုက်မှ အလန့်တကြားကြည့်လိုက်ရတယ်။ ဆံပင်ဆေးဆိုး မြန်မာလိုသာမပြောရင် မြန်မာလို့မသိနိုင်ဘူး။ ။အလုပ်ထွက်ထားတယ်တဲ့ အခုလျောက်လည်နေသတဲ့။ အစိမ်းရောင် တီရှပ်ကလေးများ ဒီနေ့ ဘယ်သူဝတ်ထားသလဲ။

တစ်ခါ ရထားပေါ်မှာ ချာတိတ်မနစ်ယောက် လေပေါနေလေရဲ့။ cilvil ဆိုတာလဲပါတယ်။ HDB ဆိုတာလဲပါတယ်။ အတိုးနှူံးဆိုတာလဲပါတယ်။ စလုံးရုပ်တော့မထွက်သေးဘူး။ လာတာမကြာသေးတဲ့ပုံဘဲ ။လာတာ မကြာသေးတဲ့ ပုံဆိုတာ ဘယ်လိုလဲသိချင်ရင်ကိုယ့်ကိုကြည့်ပါ။ ကိုယ်ကတော့ ရောက်တာကြာပေမဲ့ အခုမြင်ရင် ကူညီချင်စရာ ကောင်းလောက်အောင် village ကလာတဲ့သဘောရှိပါတယ်။

တစ်ခါ ဘေးကတစ်ယောက်ဖြတ်သွားပြန်တယ်။ သောကြာနေ့ half day တဲ့။ ဘယ်သူများ ဖုံးကြီးကိုင်ပြီးအဲသလိုများဒီနေ့ပြောမိကြသလဲ။

ဟိုနေ့ကတော့ပြီးခဲ့တဲ့စနေကပေါ့။ ပင်နီဇူလာမှာ ဖိုးစိန်များလား ဆိုပြီးလိုက်ကြည့်မိသေးတယ် ရှပ်ကျီအတို လက်ခေါက်ဝတ်ပြီး။ ခပ်ပိန်ပိန်ပါးပါး လက်သူကြွယ်မှာ ရွေလက်စွပ်ဝတ်ထားတယ်။

ကိုယ်လား။
စကားမပြောဘူး ။အားလုံးကိုလိုက်ကြည့်ပြီးရင်ထဲကနေဝေဖန်နေတယ်။

15 comments:

စူးနွယ်လေး said...

အဲဒါပဲကောင်းတယ် မမ

mirror said...

ခက်တာပဲ...။သတိထားဦးပြီး ပါးစပ်ပိတ်နေမှ..

Unknown said...

မတွေ့အောင် ရှောင်နေမှဘဲ...

Moe Cho Thinn said...

စလုံးမှာ မနေမိတာ ကံကောင်းတယ်။ :)

Moe Cho Thinn said...

နေ့တိုင်း ရက်စွဲနဲ့ကို ပို့စ်တွေ တင်တော့မယ် ထင်တယ်။ လန့်ပါ့။

T T Sweet said...

အစ်မရယ် ... အစ်မလိုပဲ ကိုယ့်ရှေ့မှာ ရပ်နေတဲ့ အစ်မတစ်ယောက်ကို မခင်ဦးမေထင်လို့ ပြုံးပြခဲ့ဘူးပါတယ် ... သမီးလေးနဲ့ နယူးရီးယား ကောင့်ဒေါင်းညက ... ည၇နာရီခွဲလောက် ... ကိုယ်တွေလဲ ဗမာလိုပြောရော ရှေ့မှာ ရပ်နေတဲ့ အစ်မတစ်ယောက်က နှစ်နှစ်ကာကာ ပြုံးပြနေတယ်။
စိတ်ထဲက အဲဒီအစ်မကို မမကွန်းလို့ ထင်နေကြောင်းပါ။ဘာလို့လဲတော့ ကိုယ်လဲစဉ်းစားလို့မရ။
အစ်မရှေ့မှာ သားအမိနှစ်ယောက် ... ဘေးက ၂ယောက်တွဲခုံလေးမှာ ... သမီးလေးက ဖုန်းနဲ့ ဂိမ်းကစားနေတာ။ အဲလိုလေး မြင်ဘူးလား။

Anonymous said...

ဘတ်စ်ကားပေါ်မှာ ခုံတစ်ခုံပေါ် ၀င်အထိုင် နောက်ကြည့်မှန်နဲ့ ခေါင်းတိုက်သွားလို့ ခေါင်းပွတ်နေတဲ့ တစ်ယောက်ရော မတွေ့မိဘူးလား။
ကိုယ်လည်းလေ မကေအိုအမ်စာတွေကြောင့် ရထားပေါ်မှာရော အမများလားလို့ တွေးမိတတ်တယ်၊ အဲဒီလောက်ထိ ဖမ်းစားတယ်နော၊
:)

သူရဲကောင်းကြယ် said...

ဖေဖော်ဝါရီ ၁၄ ဆိုပြီး ခေါင်းစဉ်တပ်ရေးဖို့ အစပျိုးနေတယ် ထင်မိပါရဲ့...:P :P

ရွှေဘ၇ူနိုင်း said...

ဘယ်နှစ်၇က်ပိတ်သလဲဗျ...
နက်ဇန် special/sprise
တခုခု ဘဲဘဲ ကြီးအတွက်
လုပ်လိုက်အုံးလေ...ဟဟဟ

ကလူသစ် said...

မျက်စိတောင်မှောက်လိုက်ကြည့်နေတဲ့သူဆို အန်တီကွန်ပေါ့

ဒဏ္ဍာရီ said...

မခင်ဦးမေကတော့ ....... တကယ်မလွယ်ဘူး။ သူကတော့ သများတွေကို မပြောပြဘူး။ တွေ့သမျှလူတွေကိုတော့ သူသိနေတယ်။း)
တွေ့မယ်နော် အမ......... လွတ်အောင်ပြေးထား တွေ့အောင်ကို ရှာမယ်။း)

ခင်မင်လေးစားလျှက်

Sein Lyan Tun said...

ဖိုးစိန် က မပိန်တော့ဘူး.... ဝလာတယ်..

လူပါးးးး...

ရွှေလက်စွပ်တော့ မဝတ်ဖူး..

ဝတ်ထားတဲ့ ရွှေဆွဲကြိုးက ပြူးထွက်နေတာ သဘောင်္ဆိပ်က သဘောင်္ချည်ကြိုးကွင်းတွေတောင် အရှူံးပေးရမယ်..း)

ရှာရတာလွယ်ပါတယ်... အင်္ကျီ ကို ရင်ဘတ်ဟောင်းလောင်းနဲ့ ဆွဲကြိုးမမြင်မြင်အောင် ပြထားရင် ဖိုးစိန်... လက်မှာ လက်ပတ်ရောင်စုံတွေ ရှုတ်နေအောင်ပတ်ထားရင် ဖိုးစိန်ပေါ့..

အခုတော့ ပိုက်ဆံမရှိ အကြွေးတွေ များနေလို့ အိမ်တွင်းပုန်းလုပ်နေပါဒယ်...

ဒီဇင်ဘာနှင်း said...

မမကြည့်ရတာ မျက်စိတော်တော်လျင်သလို နားလဲပါးပုံပဲနော် မမရေ မနက်ဖန်အတွက် ဘာစီစဉ်ထားလဲဟင်

Bino said...

Don't be keep quiet!
When I arrived at Singapore, I visited to Peninsula plaza.
Oh my god! there are a lot of Myanmar. I greeted some of them.
Most are run away from me.
A few of Myanmar replied me without emotion.
I felt lonely in the crowd of Myanmar.
What was wrong with me.

BINO

Unknown said...

သူငယ်ချင်း ကျွန်တော်တို့သူငယ်ချင်းနဲ့မိတ်ဆက်ချင်ပါတယ်၊သူငယ်ချင်းရဲ့blogလေးကိုဖတ်ရပါတယ်။သူငယ်ချင်းရဲ့အရေးအသားကို သဘောကျပါတယ်။ကျွန်တော်တို့ရဲ့http://taylaydoeyethmatthan.ning.com/မှာလဲရေးပေးစေချင်ပါတယ်။အကယ်လို့ ရေးရန်အခက်အခဲတစ်စုံတစ်ရာ ရှိလို့ မရေးနိုင်လျှင်လည်း။ ကျွန်တော်တို့ကြိုက်တဲ့စာများကိုRefrenceလုပ်ဖို့ခွင့်ပြုစေချင်ပါတယ်။သူငယ်ချင်းကလောင်အမည်နဲ့သူငယ်ချင်း၏blog Link ကို ပါ Refrence ၏နောက်တွင်ရေးပေးမည်ဖြစ်ပါသည်။အများဖတ်ရှု့ရန၊်ဗဟုသုတနှင့်ရသ ဖြေဖျော်မှုရရန်အတွက်လုပ်ခြင်းဖြစ်သည့်အတွက်နားလည်စေချင်ပါသည်။
update ဖြစ်သောpostများကိုလည်းtaylaymin@gmail.comသို့ပို့ပေးးစေချင်ပါသည်။ကျေးဇူးအများကြီးတင်ပါသည်ခင်ဗျာ။
တေလေများ