Wednesday, February 10, 2010

legion







http://www.imdb.com/title/tt1038686/


အချိန်ကလေးနဲနဲရတာနဲ့ ထမင်းမစားဘဲလစ်သွားလိုက်တယ်။ ပေါက်စီဘဲစားလိုက်ရတယ်။ ရုပ်ရျင်ကြည့် ချင်တာနဲ့ ဘယ်လောက်မအားသလဲဆိုတာ လမ်းသွားရင်း မုန့်စား သွားရ တယ။် လုပ်ချင်တာ တွေ ကများနေလို့။



ရုံရှေ့မှာ ရွေးစရာ နစ်ကားရှိတယ်။ soldier ရယ် legion ရယ်။ ခဏစဉ်းစားလိုက်တယ် ဘာကြည့်ရင်ကောင်းမလဲလို့။ သိတ်မစဉ်းစားလိုက်ရပါဘူး စစ်ကားမကြည့်တော့ဘူး ။ legion ဘဲကြည့်တော့မယ်။ ဒါပေမဲ့တောင်ပံတွေ ပါလို့စိတ်ညစ်သွားသေးတယ်။မ တတ်နိုင်ဘူး ။ကိုယ်မှ မရိုက်ဘဲ သူရိုက်တာဘဲကြည့်ရတော့မှာပေါ့။


ရုံမှာကြည့်တာ ကအကြောင်းရှိပါတယ်။ sound effect ကိုခံစားချင်လို့ပါ။ ပီပြင်တာများ အစပိုင်းကလေးမှာ ခွေးဟောင် သံကြားလိုက်ရသလိုဘဲ ဘယ်ကနေထွက်လာ ပါလိမ့်လို့ တော်အနောက် ကို လှည်ကြည့်လိုက်မိသေးတယ်။ ပြီးတော့မှ ရုပ်ရှင်ထဲက နေ အသံ ထွက်မှန်းသိလိုက်ရတယ်။

ဇတ်လမ်းက plot က ဒီလိုပါ
An out-of-the-way diner becomes the unlikely battleground for the survival of the human race. When God loses faith in humankind…

ကိုယ်နားလည်တာကတော့ထုံးစံအတိုင်းပေါက်တတ်ကရဘဲ။ ချောင်ကျတဲ့ အဝေး ပြေးလမ်းမပေါ်မှာ အသားမဲတဲ့မင်းသားတစ်ယောက်ကလမ်းပျောက်ပြီး စားသောက်ဆိုင် တစ်ဆိုင် ထဲကိုရောက်လာတယ်။ အဲဒီမှာအရင်ရှိနင့်နေတာက မိသားစုတစ်ု အဖေရယ် အမေရယ် သမီးချောချောလေးပါတယ်။ ဆိုင်ပိုင်ရှင်ကလဲမိသားစု သားရယ် သမီး ရယ် သမီးက ကိုယ်ဝန်နဲ့။ သူတို့နဲ့ဘာပက်သက်မှန်းမသိတဲ့သူတစ်ယောက်ရယ်။

အဲဒီမှာ အဲဒီဆိုင်ရှိတဲ့ရပ်ကွက်က တီဗွီလဲပျက်။ တယ်လီဖုံးတွေလဲပျက် ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်။ အဲဒီအချိန်မှာ ကြောက်မက်ဘွယ်ရာတွေဖြစ်လာတယ်။ တောင်ပံပါတဲ့ မင်းသားလဲပါတယ်။ ဒီလောက်ဘဲ။ ကျန်တာတော့ကိုယ့်ဘာသာ ကိုယ်ကြည့်တော့ ဆက်ပြောရင် ပျက်စီးမှာစိုးလို့။

ပျင်းနေတဲ့ကိုယ့်အတွက်တော့မဆိုးပါဘူး။ မင်းသားချောချော မင်းသမီးချောချော နဲ့ အိုက်တင်တွေလည်းကောင်းကြပါတယ်။ အကြိုက်ကြီးမဟုတ်ပေမဲ့ မပျင်းလိုက်ပါဘူး။

The book of Eli ဆိုတာ ကြော်ငြာနဲ့တော့စိတ်ဝင်စားသွားမိပြီ။အဆင်ပြေရင်ကြည့်ဦးမယ်။




အပြန်ဘိုက်ဆာလို့ မက်ဒေါနယ်ဘက် မျော်ကြည့်မိသေးတယ်။ လူတွေများတာနဲ့ မစားခဲ့ရတော့ဘူး ။ ပေါင်မုန့်ဘဲဝါးလိုက် ရတော့တယ်။








တုံချမ်း တုံချမ်းအသံကြားတော့ဝါသနာအရအနံ့ခံလိုက်သွာားတာ တိုးနယားလား အဲဒါ ကနေတာတွေ့တယ်။ ခဏဘဲကပြီးထိုင်သွားလိုကတာ ကိုယ်ကြည့်နေတုံး သူ ဘယ် အချိန်ကတည်းက ကပြီးမောသွားပြီလဲမသိ.ကိုယ့်ကြည့်နေတော့ထိုင်နေတာဘဲ ထပါတော့ မင်းသားရေလို့တောင်စိတ်ထဲကနေ ရေရွတ်မိသေးတယ်။ အိပ်တောင်နေလိုက်သေးတယ်။








အပြန်မှာတော့အိတ်တစ်လုံးပါလာတယ် မယုံမရှိနဲ့။ အမဲရောင်ကလေး လှကလှနဲ့။


12 comments:

Ko aYate said...

just :D

Bino said...

ဲYou've got a new idea.
Good.
Fresh

ဝါးလိုက် ရတော့တယ်။

ပီပြင်တာများ အစပိုင်းကလေးမှာ ခွေးဟောင် သံကြားလိုက်ရသလိုဘဲ

ဝါသနာအရအနံ့ခံလိုက်သွာားတာ

တိုးနယားလား?

I see a couple fur dogs in your photos.

I get a smell......

BINO

ကောင်းကင်ပြာ said...

ရုပ်ရှင် သွားကြည့်ရင် ကောင်းမလားပဲ...

ပိုက်ဆံ အိတ်လေးတွေက သေးတယ်...

ဝက်ဝံလေး said...

:P :D

ပွင့်မြုးဇင် said...

စိတ်ရှိတိုင်း လုပ်လိုက်နိုင်တယ်ဆိုတာလဲ ပါရမီတစ်မျိုးပဲ.. ညီမကတော့ စိတ်သွားတိုင်းကိုယ်မပါနိုင်တာ သားသားကိုယ်ဝန်နဲ့ကတည်းကပဲ..

Anonymous said...

တိုးတက်လာပါလား မုန့်စားရင်းလမ်းလျှောက်တယ်တဲ့

subuueain said...

မုန့်စားရင်း လှည်းစီးမဟုတ်ဘူး မုန့်စားရင်းလမ်းလျှောက်ပေါ့ :) အိတ်လေးလှတယ် ဘယ်ကဝယ်လာတာလဲ ပြောပြပါ :)

ဇွန်မိုးစက် said...

မမတစ်ယောက်ထဲ သွားကြည့်တာလား။

tg.nwai said...

မမရေ..အမောပြေ မမ အပန်းဖြေတာ လာဖတ်သွားပါတယ်...

Vista said...

ကောင်းပ မမ . ဒီနေ့ တော့ ၁၂ နာရီဆို အိပ်နော်

ချစ်ကြည်အေး said...

ဟင်...အိတ်ဝယ်လာပြန်ပလား...မမရေ...:))

အိုက်ခီလောက် said...

အနံခံကောင်းတဲ့ မမ ပါလား အဟတ်
အနံခံပြီးလိုက်သွားတယ် ဆိုလို့ 
ပြီးတော့ ခွေးဟောင်သံလေး ကြားမိပါတယ်
ရုပ်ရှင်ရုံထဲမှာကိုး
အပြန်အိတ်တစ်လုံး ဝယ်တာတောင်
ထည့်စရာမကုန်သေးဘူးလားမကြီးရယ်