Saturday, March 27, 2010

glance johor

Johor ဆိုတာ စလုံးနဲ့ကပ်နေတဲ့မြို့။

City square လောက်ဘဲသိတဲ့ကိုယ့်ကို တစ်ယောက်က တစ်နေရာခေါ်သွားတယ်။ မုန့်သွားစားဖြစ်တယ်။ TZA ကိုအားကျလို့လိုက်သွားတာလဲပါတာပေါ့. (ဟော..ပါသွားပြီ .ဟိ..)

China town လိုပုံစံမျိုးတော်တော်များများရပ်ကွက်တွေ ရှိတဲ့အထဲက တစ်ခုပေါ့။ဘာမှန်းမသိတဲ့ဟာ သူမှာတာလိုက်စားတယ်။ seafood တွေတော့ ကိုယ်မစားတတ်လို့မထည့်ဘူး.။ မြန်မာကြေးအိုး ခပ်ဆန်ဆန်ပါဘဲ။ အရသာတော့ နဲနဲလွဲသပေါ့။

Curry puff ကောင်းတယ်ဆိုလို့လဲစားဖြစ်တယ်။ ဖက်ထုတ်ကြော်ပုံစံမျိုးလဲစားဖြစ်တယ။် အထွေအထူးတစ်ခမ်းတနားကြီးသွားစားတာမဟုတ်ပါဘူး ။အပျင်းပြေသဘောလောက်ပါဘဲ။ tey ice လဲသောက်ဖြစ်တယ် သူကဘာလီသောက်တယ်။ ဒါပေမဲ့ခေါက်ဆွဲသုပ်လောက်ဘဲစားတတ်တဲ့ကိုယ့်အတွက်တော့ဒါ အတော် ခမ်းခမ်းနားနား စားဖြစ်တယ် လို့ ခေါ် ရမယ်။

နေ့လည်ကနေသာတယ်. ။
တစ်ဖြည်းဖြည်းနဲ့ မိုးတွေ ကညို့လာတယ်။ တိမ်တွေကို စိတ်ဝင်စားတဲ့သူမို့လို့ ကောင်းကင်ကို ခဏခဏမော့ကြည့်မိတယ်။ ခလုပ်တိုက်မှာတောင်စိုးရိမ်ရ.။ နောက်ပိုင်း တော်တော်ကြီးကိုမှောင်လာတယ်။ အဲဒါနဲ့ဘဲမိုးချုပ်သွားရော.. ဒါဘဲ။ ပြီးပြီ.။

















မှတ်ချက်
(ပိုစ်တွေထဲမှာ TZA ကိုထည့်ရေးတာခေတ်စားနေလို့..)

33 comments:

ကိုအောင် said...

အမကြီး ဂျဟိုးမှာ ပျော်ပါစေ၊ ဂျဟိုးဘာရူ အူဂျမ်းလကီး (ဂျဟိုးမှာ မိုးတွေရွာ
နေလား- မလေးလို ပြောကြည့်တာ)၊ နေကောင်းပြီး
အရာရာ အဆင်ပြေပါစေ

Rita said...

ခေတ်မီသူတိုင်း တီဇက်အေကို ပို့စ်ထဲ ထည့်ရေးကြသည်။

သက်ဝေ said...

မမရေ... တိမ်တွေလှတယ်...း))

ဒီတိုင်းဆို ပိုစ့်နောက်တခုရေးရင် TZA ပါအောင်ရေးရမှာပေါ့နော်...

ပုံ
ခေတ်မီလိုသူတဦး

:P said...

ပို့စ် အဆုံးနားလေးမှာ စာဖတ်သူကို လှည့်ပတ်ခေါ်သွားပြီး၊ လှလှပပလေး အဆုံးသတ်လိုက်တာ မိုက်တယ်ဂျာ...

ဘာတဲ့... "ဒါပဲ၊ ပြီးပြီ "တဲ့........ဟင့်


sdl

PAUK said...

တိမ်တွေ..
တိမ်တွေ...
လှပါတယ်..

rose of sharon said...

တိမ်တွေကတကယ်လှတယ်... TZA ကိုမသိပါ... ကျမအတော်တုံးပါသည်

ဝက်ဝံလေး said...

တီဇက်အေ ဆိုတာ သန့်ဇင်အောင်ကို ပြောတာပါ မရို့စ် ဒီကိုလာ ဆိုပြီး ခေါ်နေတာလေ အသိဘူးလားလို့ အဟီးးးးးး မာမီ သမီးဖြေရှင်းပေးသွားတယ်နော် မာမီ့အစားး

--

ဖက်ထုပ်စားချင်တယ်

မေ့သမီး said...

သူများလဲ TZA ကိုမသိလို့မေးမလို့ အခုတော့ သိသွားလို့ မမေးတော့ဘူး။ ဖတ်လာတာဘာများဆက်ရေးမလဲလို့ ဒါပဲ၊ ပြီးပြီတဲ့။ သိပ်ပြတ်သားနေပါလားဟင်။ ဘယ်သူ့အားကိုးနဲ့လဲ။ :P

ကြည် said...

တိမ်တွေ တအား တအားကိုလှ....ဒီပိုစ့်ကို TZA လာမဖတ်မိရင်ကောင်းမယ်..သူအားငယ်မှာစိုးလို့..သူ့ကိုမသိဘူးဆိုတဲ့လူတွေဒီလောက်များပါလားဆိုပြီး(TZA ပါအောင်မန့်လိုက်တယ် ..ခေတ်မှီသွားပြီ)

TZA said...

ကြည်.. စိတ်မကောင်းဘူး.. ဒို့.. ဒီပို့စ်ဖတ်မိသွားတယ်ကွာ..

(ကြိုးဆွဲချရင်ကောင်းမလား၊ သံလမ်းပေါ်ခုန်ချရင်ကောင်းမလား၊ အိပ်ဆေးအလုံးသုံးဆယ်သောက်ရင်ကောင်းမလား).. မတားကြပါနဲ့တော့။

ပုံ..

(ခေတ်မှီလိုသူ) တီဇက်အေ ခေါ် တီဇက်အာရ်..

ကောင်းကင်ပြာ said...

အဲ့လို ပုံ နဲ့ စာလေးတွေ တွဲရေးထားတာ သဘောကျတယ်....း)

ksanchaung said...

ကြေးအိုးလိုလို၊ ဘာလိုလိုနဲ့ အပြုတ်ပန်းကန်ကြီးကို သွားရည်ကျသွားတယ်။

ချစ်ကြည်အေး said...

မမကွန်...ရီစရာကြီး...., ခမ်းခမ်းနားနား သွားစားတာ ကို လာကြည့်၊ လာဖတ်သွားတယ်......
TZA လည်း လာဖတ်၊ လာမန့်သကိုး......အဟေးဟေး...TZA နာမည်ပါ သွားပြီ...
၂ခါတောင် ဟိ...ဟိ...:)

ADDRESSEE said...

TZA TZA TZA အမရေ ခေတ်မီသွားပြီဗျ ပျော်ရွှင်ပါစေ

ZT said...

City square လောက်ဘဲသိတဲ့ကိုယ့်ကို။

မယုံဘူး။ ဟိုတစ်လောက လာကင်းသွားတယ် ပြောသေးတယ်။ နောက်ပြီး ရှားလော့ဟုမ်း သိထားတာလည်း ရှိသေးတယ်။ ငှဲငှဲ။

Seafood စားပါ။ Abalone တွေ ဘာတွေပါစားပါ။ စလုံးတွေ တစ်ချိန်လုံး JB သွား Seafood ပဲ စားနေကြတာပါ။

ဆောင်းနှင်းရွက် said...

ဒို့လည်း တီဇတ်အေ ဆိုတာ သိဘူးကွယ် ..
ဒါပေမယ့် ထု တိသွားပြီ ..

ကွန့်မန့် ကနေ လင့်ခ်ပါ
သွားကြည့်လိုက်တယ် ... :)))

Vista said...

နောက်ဆုံးမှရိုက်ချလိုက်သလိုပဲ
ဒါပဲ ပြီးဘီတဲ့ ဟင့်

TZA said...
(ကြိုးဆွဲချရင်ကောင်းမလား၊ သံလမ်းပေါ်ခုန်ချရင်ကောင်းမလား၊ အိပ်ဆေးအလုံးသုံးဆယ်သောက်ရင်ကောင်းမလား).. မတားကြပါနဲ့တော့။ )

မတားပါဘူး ကိုတီဇက်အေ ..ခုန်ချပါ ..နောက်ကတွန်းပေးရမလား အင်..?

PhyoPhyo said...

တိမ်တွေက ၀ုန်းဒိုင်းကိုကြဲနေတာပဲ :D
စိတ်ဝင်တစားဖတ်နေတာကို .. ဒါပဲ ပြီးပြီတဲ့
ဒီလိုဆွဲဆောင်မှုလေးတွေကြောင့် ခဏခဏလာဖတ်ဖြစ်နေတာပေါ့ :)

သုခုမလေဒီ said...

းO

Ko Boyz said...

တီဇီးအာရ်ပါ... တီဇက်အာရ် မဟုတ်ဘူး။
ကိုယ်ကမှ ပိုခေတ်မှီသွားတာ။

kma said...

"တိမ်တွေကို စိတ်ဝင်စားတဲ့သူမို့လို့ ကောင်းကင်ကို ခဏခဏမော့ကြည့်မိတယ်။"
တူနေပြန်ပါပြီ...။ ကျနော့်မှာလည်း တိမ်စိုင် တိမ်လိပ်တွေကို လေပျံစီးရင်း 'TZA'လိုပဲ ရိုက်ထားတာတွေရှိပါ့..။ (ခေတ်မီလို၍ နောက်မှ အမီလိုက် မန့်သွားပါသည်။ ခေတ်မီခွင့် ပေးစေလိုပါသည်။)

စူးနွယ်လေး said...

ရောက်ကြောင်းသတင်းပို့ပါသည်..:)

TZA said...

၃၄၀၃၈၄ ကြိမ်မြောက်ဖတ်ပြီး ကျေနပ်စွာပြန်သွားသည်။

သက်ဝေ said...

အော... ဒီလိုလား...
ကော်မန့်တောင် TZA ပါအောင် ရေးမှ ခေတ်မှီတော့မှာကိုး...
ဒါကြောင့် နောက်တခေါက် လာမန့်တယ် မမရေ...း))

ပိုစ့်ထဲ ထည့်ရေးဖို့ကတော့ အကြံထုတ်နေတုံးပဲ...

MrDBA said...

ကျွန်တော်လဲ ဘန်ကောက် အမှတ် ၇ ကို TZA နာမည်ပါအောင် ထည့်ရေးဦးမှပါ။

Kyaw Nyo Thway said...

TZA က ဘာလဲဗျ သိဘူး

သဇင်အောင်လား ၊ သိန်းဇော်အောင်လား ၊ ထွန်းဇော်အောင်လား။ သိဘူး

အောက်ဆုံးက ဓါတ်မီးတိုင်နဲ့ တိမ်တွေပုံ လှတယ်။

ဇွန်မိုးစက် said...

ဇွန်လည်း ကောင်းကင်ပြာနဲ့တိမ်တွေကိုချစ်တယ်။ ပုံတွေအတွက် ကျေးဇူးပါမမ။ :)

NangNyi said...

တိမ်တွေချစ်လိုက်တာ..

NangNyi said...

TZA ..

comment က ခေတ်မမှီမှာစိုးလို့ အသေအချာထည့်မယ် စိတ်ကူးထားပြီး အသေအချာကျန်ခဲ့တယ်.. နောက်မှ လိုက်ပြန်ထည့်လိုက်ပါသည်

little brook said...

ကောင်းလိုက်တာ အောက်ဆုံးက ဓါတ်တိုင်နဲ့ပုံ ..
အမတော့ ၂ခါရှိပြီ ပုံကောင်းကောင်းရိုက်နိုင်တာ ..
အဲ့ပုံက တိမ်တွေ သိပ်လှ ...

ဇွန်မိုးစက် said...

မမတို့ကို အားကျလို့ TZA နာမည်ပါအောင် ရေးလိုက်တယ် :D

ဇွန်မိုးစက် said...

ခုနောက်ဆုံးပို့စ်မှာ ;)

Aaronvjsq said...

ဇွန်လည်း ကောင်းကင်ပြာနဲ့တိမ်တွေကိုချစ်တယ်။ ပုံတွေအတွက် ကျေးဇူးပါမမ။ :)