Wednesday, March 10, 2010

xray

ဒီနေ့လူနာသွားလုပ်တယ်။

ဟိုရက်ပိုင်းက ခါးနာတယ်။ ပေါ်လိုက်ပျောက်လိုက်နဲ့.. ဆေးသောက်ရင် သက်သာတယ။် ဘာကြောင့် ဖြစ်မလဲစဉ်းစားတယ။် မတ်တတ်ရပ်တာသိတ်ကြာလို့လား။ လမ်းလျောက်တာ သိတ်များလို့လား။ ထိုင်တာ သိတ်များလို့လား။ အားလုံးများတယ် မတ်တပ်ရပ်တာလဲများတယ် တစ်နေ့လုံးဘဲ။ ထိုင်ရတယ်ကိုမရှိပါဘူး။ လမ်းကလဲလျောက်ရသလား မမေးနဲ့ အားရင်ခြေထောက်တွေ ကို အပေါ်တင် ထားရတယ်။ သွေးကျလွန်းလို့ . ထိုင်တာလဲများတာဘဲ။ အိမ်ရောက်တာနဲ့ထိုင်တာဘဲ။ ဘယ်မှာထိုင်သလဲဆိုတာတော့ အထွေအထူး ရှင်းပြစရာမလိုဘူး တနင်္ဂနွေ မနက်က မနက်ရနာရီက စထိုင်တာ နေ့လည် ၁၂ နာရီကျော်သွားတယ်။

အဲသလိုဆိုတော့ကာ ဓါတ်မှန်သွားရိုက်တယ်။ ဘာများဖြစ်မလဲဆိုပြီး ဘာမှ မဖြစ်ဘူးလို့တော့ မျော်လင့်တယ်။ ဒါပေမဲ့ နဲနဲ knowledge ရှိရင် များများကြောက်တတ်တယ်။ စကတည်းက စဉ်းစားတာ ကျောရိုးကို ဘယ်ကင်ဆာ ကများ လာပြီးပျံ့နံနေမလဲဆိုပြီးအသည်းယားတာ။ ဘယ်က ကင်ဆာမှ မရှိဘဲနဲ့ကို လန့်နေတာ။

ကျောရိုးကိုဓါတ်မှန်ရိုက်မယ်ဆိုတော့ အရင်ဆုံး ဓါတ်မှန်ရိုက်ရင် မိန်းကလေးများကို ရာသီ (ဆိုတာဘာလဲ မမေးဘူးလို့တော့မျော်လင့်တယ်။) လာမလာ ရက်နဲ့ လွတ်မလွတ်မေး တယ်။ ကိုယ်ဝန်ရှိတဲ့အချိန် ဓါတ်မှန် ရိုက်သလိုဖြစ်မှာစိုးလို့ ။ ကိုယ့်ကိုတော့ ဒီမေးခွန်းမမေးပါနဲ့တော့ out of question…

ဓါတ်မှန်ခန်း ထဲဝင်ပြီး အကျီလဲခိုင်းတယ်။ ဆရာဝန်များခွဲခန်းဝင်သလိုပုံစ့မျိုးကြီး ..ရှေ့ကွဲလား နောက်ကွဲလားမမေးနဲို့ကိုယ့်ဘာသာကို နောက်ကွဲဝတ်လိုက်တယ်။ အဝတ်လဲခန်းထဲက ပြန်ထွက်လာတယ် ။ ကုတင်တစ်လုံးပေါ်အိပ်ခိုင်းတယ်။ အပေါ်မှာ ကင်မရာကြီးအကြီး ရှိတယ်။ အနေအထားချိန်တယ်။ ခါးရိုးကိုရောက်အောင် ချိန်တယ်။ ပြီးတော့ အခန်းထဲကနေလူတွေ ထွက်သွားကြတယ်။ ဓါတ်မှန်ရောင်ခြည်က တတ်နိုင်သလောက်မထိရင် ကောင်းတာကိုး... တစ်ခါပြန်ဝင်လာပြန်တယ်။ ဘေးစောင်း အနေအထားနဲ့ ထပ်ရိုက်တယ်။ အနေအထားချိန်ျကျပြန်တယ။် ဒူးကလေးကွေးလိုက်ပါဦး.

အင်းလူနာလုပ်ရတာ တယ်မချောင်တာဘဲ အားလဲငယ်သလိုလို။။ သူတို့ပြုသမျ နုရတော့ တာ ဘဲ။ လေအေးစကက်ကလည်းအေး ကိုယ့် အသည်းက လည်း အေး.. ဘာများထွက်လာမှာလဲလို့လဲစဉ်းစားနေသေး...

တစ်ခါ ရိုက်ပြီးသွားပြီး ခဏလေးထိုင်နေတုံးမှာဘဲ ရိုက်တဲ့သူကချကိချင်းပြန်ဝင်လာပြီး ဓါတ်မှန်မှာ ဘာတွေညာတွေတွေ့နေတယ်။ ဘာများဝတ်ထားသလဲ လာမေးတယ။် ဟယ်..စကဒ် စကဒ်.. ဒီနေ့ဝတ်လာတဲ့စကဒ်က အရှေ့ကချိတ်တဲ့ချိတ်ဆိုတော့ချိတ်တွေ လာပေါ်နေတယ် ခါးရိုးတည့်တည့်ဘဲပေါ့။ ကြည့်ရတာ မရှင်းဘူးဖြစ်နေတယ်။ ပြန်ရိုက်ကြဦးစို့ .. ဟုတ်လား.. ဟင်း သက်ပြင်းချလိုက်တယ်။ မလွယ်ပါလား။ ဟိုချွတ် ဒီချွတ်. ကုန်တော့မယ်။ တော်သေးတာပေါ့ ဝတ်ရုံကြီးရှိလို့..

ရိုက်ကြပြန်တယ်။ ခဏစောင့်ယူရင် အဖြေရမယ်။ ခဏစောင့်လိုက်တယ်။ ဓါတ်မှန်ပြား ကိုမြင်ရတယ်။ ကိုယ့်ဘာသာကိုယ်လား ယူမကြည့်ပါဘူး ကြောက်လို့.. ဒီအတိုင်း ထားလိုက်တယ။် radiologist report ကိုစောင့်တယ်။ ပုံမှန်ပါဘဲ ဘာမှ မရှိပါဘူးလို့ ပြောတော့မှ သက်ပြင်းချလိုက်နိုင်တယ်။ တော်ပါသေးရဲ့ ဘာမှ ပျ့နံတာမရှိလို့ လို့ ဓါတ်မှန် ဆရာဝန်ကိုပြောခဲ့သေးတယ။် ဒီတစ်ခါသက်ပြင်းချတာတော့ ကိုယ်မဟုတ်တော့ဘူး သူဖစ်သွားပြီ။
။။။။။။။။။။။။။။။။။။။။။

25 comments:

JulyDream said...

အသက်ကြီးပြီဆိုတာ မမေ့နဲ့ပေါ့။ ဇရာက ထောင်းတော့မယ်လေ။ အချိန်က စကားပြောလာပြီပဲ။

တရား မမေ့နဲ့အုံး။ ဒီဘဝ ကံကောင်းသလို နောင်ဘဝလည်း ကံကောင်းဖို့ ကြိုးစားထားပါလို့ပဲ မှာချင်တယ်။ ဒီလောက်ပါပဲ။

အိုက်ခီလောက် said...

နေရာလာဦးတာ အဟွန်း
လောင်းတိုင်း နို့ ဆီ နို့ ဆီလောင်းတိုင်း သတိရနေပါ၏ မကြီး

အိုက်ခီလောက် said...

ဟဟ အစိုးရိမ်လွန်ပြန်နေရော
မကြီးရာ အသက်ကြီးလာတော့ အချိန်စီးအောင်နေတောမ့ယ်ပေါ့လေ ဟဟ
ကျန်းမာရေးဂရုစိုက်တတ်တာလား
တစ်ခုခုဖြစ်မှာစိုးရိမ်တာလားဆိုတာမေးတော့ဘူး

ဇွန်မိုးစက် said...

ဇွန်လည်း ပြီးခဲ့တဲ့အပတ်က MC ယူပြီး Xray သွားရိုက်သေးတယ်။ ဒူးနာနေလို့ တစ်ခုခုဖြစ်နေပြီထင်တာ။ ခြေထောက်ကိုပဲရိုက်တာဆိုတော့ ၀တ်ရုံတွေဘာတွေ ၀တ်စရာမလိုဘူးပေါ့။ အဖြေထွက်လာတော့ bone ရော joint ရော ကောင်းတယ်တဲ့။ ဆရာဝန်က muscle injury ဖြစ်တယ်လို့ပဲပြောတယ်။ လမ်းအလျှောက်များရင် နာနေတုန်းပဲ။ ခုတောင်ဆေးလိမ်းပြီး ပတ်တီးစီးထားရတယ် မမရေ။ သက်ပြင်းမချနိုင်သေးဘူး။း(
Pls take care of your health. I've to take care of mine too.

SHWE ZIN U said...

အင်း တော်သေးတာပေါ့
နေကောင်းပါစေ

PAUK said...

တော်သေးတယ်..

မေ့သမီး said...

အမရေ ဘာမှမဖြစ်ရင်ကောင်းတယ် သိလား။ :P

Khyl said...

မမရေ.... ခြင်လဲ ပြေးရဦးမယ်ဆေးခန်းကို.....ချိတ်ငစ်ဒလယ်.. မမနေကောင်းလို့ ၀မ်းသာပါတယ်....

မောင်မောင် said...

မကြောက်ပါနဲ့ ဗျာ။
ဖြစ်လာယင်တော့လဲ ခုလိုစစ်ဆေးတာ မမှားပါဘူးနော်။

PhyoPhyo said...

တော်ပါသေးရဲ့ .. နေကောင်းပါစေ
ခင်မင်လေးစားလျှက်

Moe Cho Thinn said...

နေကောင်းအောင် နေပါလေ..
ချစ်တဲ့ခင်တဲ့သူတွေ စိတ်မပူပါရစေနဲ့။
အလုပ်မှာ လမ်းအရမ်း လျှောက်၊ အိမ်ရောက်တော့ ကျောက်ချ ထိုင်၊ မျှတော့ မျှသားပဲ။ :))

ရွှေရတုမှတ်တမ်း said...

ဒို့ဂျီးတော်ကြီး အလတ်ကြီးရှိပါသေးတယ်

သက်ဝေ said...

"ဒါပေမဲ့ နဲနဲ knowledge ရှိရင် များများ ကြောက်တတ်တယ်..."
မမရေ... အမှန်ပဲ...
အိမ်ကတယောက်လဲ စစ်နေတာ စစ်နေတာ တော်တော်စုံနေပြီ...း(( ဘာမှလဲ ဖြစ်တာမဟုတ်ဖူး...
ရှိတ်ညစ်တယ်...

မမ နေကောင်းအောင်နေပါ... အလကားမလိုအပ်တဲ့နေရာမှာ စိတ်တွေ ပူမနေပါနဲ့... စိတ်ကြောင့် ဒုက္ခရောက်လိမ့်မယ်... ဟဲဟဲ စောစောစီးစီး ဆရာလုပ်သွားတယ်...း))

Vista said...

ဘာမှမဖြစ်ဘူး မမကွန် မပူပါနဲ့ ပျော်အောင်နေပါ

လုလု said...

မမကွမ်
နေကောင်းအောင်နေပါနော်။ စစချင်းဖတ်ပြီး စိတ်ပူသွားတယ်။ နောက်တော့ ဘာမှမဖြစ်ဘူးဆိုတော့ ၀မ်းသာသွားတယ်နော်။ ပျော်ရွှင်ချမ်းမြေ့ပါစေနော်။

ဆောင်း said...

နေကောင်းပါစေ

kiki said...

အာရောဂျံ ပရမံ လာဘံ..
( သူများတွေ ပြောကြတာပဲ )...
ကျန်းမာခြင်းသည် လာဘ်ကြီးတပါး ဆိုတော့၊
မကျန်းမာရင် ပိုက်ဆံကုန်မယ် လို့ လည်း တွေးကြည့် လို့  ရတယ်နော် .. ဒီတော့ ဂရုစိုက်နေလေ..

တော်သေးတာပေါ့ မမကွန်ရယ် ..ဓါတ်မှန်မှာ Negative finding ဆိုတော့ CT scan တို့  MRI
တို့ များ ဆက်ရိုက်ဖို့  စဉ်းစားနေသေးလား လို့  ။

rose of sharon said...

စစ်ကြည့်လိုက်တာဘာမှမရှိတော့တော်သေးတာပေါ့နော်... စိတ်ရှင်းသွားတာပေါ့....

:P said...

များကတော့ အဲဒီဝတ်ရုံကြီးကိုရှေ့ခွဲဝတ်ပလိုက်တာပဲ...

khet myint myint said...

အသွားအလာ အစားအသောက် အနေအထိုင် ဂရုစိုက်ပါလို့ မှာချင်ပါတယ်.. ညဘက်တွေ ထထပြေးဖို့ အစီအစဉ် ရှိမရှိပါသိလိုပါတယ်..

ချစ်ကြည်အေး said...

မမရေ...ညက ချက်စ်ပိန်း ဖြစ်လို့ ဒီမနက် ထိအောင်စူးအောင့်နေပြီး အသက်ရှုမဝနေတာ၊ ဆရာဝန်က ရိုးရိုးမာဆယ်လ်ပိန်းပါ စိတ်ဖိစီးလို့ ဖြစ်တာတဲ့လေ...ခုထိ လူကနေရတာ အားမရှိသလိုပဲ လူက ဟာပြီး ပေါ့လွင့်လွင့်ကြီးဖြစ်နေတုန်း....ခုလဲ ရှိစုမဲ့စုအားလေးနဲ့ ရေးနေတာ တကယ်တော့ လှဲအိပ်ချင်နေပြီ....ဘာမှမဖြစ်တာ အကောင်းဆုံးပဲ ဂရုစိုက် မမရေ....:))

သံလွင် HeRo said...

ကျန်းမာပါစေ...ချမ်းသာပါစေ တီကွန်

Bino said...

Good practice for medical checkup.
But keep away from X-ray.
Avoid X-ray next 6months.

BINO

ကောင်းကင်ပြာ said...

မမ နေကောင်းနေပါစေ....

စူး said...

အမ..ကျန်းမာရေးကအရေးကြီးတယ်။

တော်သေးတယ်..ဓာတ်မှန်ရိုက်တာ ဘာမှမဖြစ်လို့။