Tuesday, April 27, 2010

push











ရန်ကုန်ကို.......ရန်ကုန်ကို...
ပြန်မယ်ဆိုပြီးခွင့်ကိုနစ်လလောက်ကစနှူး. တစ်လခွဲလောက်ကြိုတင်ပြီးသကာလ. ခွင့်ရသွားတယ်။

ပြန်ချင်လွန်းလို့တော့လဲမဟုတ်ဘူး.ဒါပေမဲ့ ဒီမှာထိုင်နေလဲ အင်တာနက်နဲ့ဘဲ မျက်နှာအပ်ထား တာမ ထူး ပါ ဘူး လေ.သွားလိုက်ပီါဥိးမယ်ဆိုပြီး လက်မှတ်ဝယ်လိုက်တယ်

ဝယ်လိုက်တော့လဲရောက်သွားတာပေါ့။ဒီတစ်ခါတော့လေသိတ်မရှည်ဘူးလို့ဆုံးဖြတ်ထားပါတယ်။

ရေးစရာတွေလဲအများကြီးရှိသလို.မရေးဘူးလို့ဆုံးဖြတ်ထားတာတွေလဲအများကြီးရှိတယ်။ ရေးချင်ပေမဲ့ လဲ မ ရေးသင့် တာတွေရှိသလို. မရေးချင်တာတွေလဲရှိတယ်။ ရင်ထဲမှာခံစားချက်မျိုးစုံဖြစ်နေတယ်။

ကိုယ်ဘလော့ရေးတာဟာ ကိုယ့်အတွက်လား. ရေးချင်လို့ရေးနေတာလား. ကိုယ့်အတွေ့အကြုံတွေကို မျှဝေနေတာလား။ နာမည်ကြီးချင်လို့ ရေးနေတာလား.ကိုယ့်ဘာသာကိုယ် ဇဝေဇဝါဖြစ်လို့နေတယ်။

ဇဝေဇဝါဖြစ်နေတာ အသာထား.ရေးချင်တာ. ရေးနိုင်တာလေးတွေ ရေးပါဦးမယ်။ အထုတ်ပြင်တာ ကတော့ရိုးနေပါပြီ. ထုံးစံအတိုင်း လက်ဆွဲအိတ်ထဲက ကိုယ့်အတွက် အှ့ကျှီလုံချည်။ ကျန်တဲ့ ၂၄ လက်မ အိတ်နစ်လုံးကအမျိုးတွေ အတွက်.။ မနိုင်လို့ အခမဲ့ကူလီထမ်းခြင်း အကျိုးကို စာမဖွဲ့ချင်တဲ့သူတစ်ယောက်က ကုညီထမ်းပေးသွားပါတယ်။ အပေးအယူကို မမျှော်လင့်ဘူးလို့ထင်မိတာဘဲ။

ဓါတ့်ပုံတွေ အများကြီးလဲရိုက်ဖြစ်ပါတယ်။ ဒါပေမဲ့လဲမြင်ကွင်းတွေက ထပ်နေတယ်။ ဒီကိုဘဲသွား ဒါဘဲလုပ်တတ်တဲ့သူတစ်ယောက်အတွက် အသစ်အဆန်းမရှိဘူးဖြစ်နေတယ်။ စလုံး လေဆိပ် ဓါတ်ပုံလဲရိုက်ဖြစ်ပါတယ်။ ရိုက်လို့ရမရလဲဇဝေဇဝါဖြစ်လို့နေမိပြန်တယ်။ ဟိုနားမရျိုက်ရ ဒီနားမရိုက်ရနယ်မြေများလားလို့ ထင်ယောင်ထင်မှားဖြစ်နေပြန်တယ်။ ဒါပေမဲ့ လေဆိပ်ထဲမှာ ဓါတ့်ပုံမရိုက်ရလို့တော့မမြင်မိဘူးထင်တာဘဲ။

လေဆိပ်ထဲကနေ Chivas တစ်လုံးတော့ဝယ်ဖြစ်ပါတယ် ရန်ကုန်မှာဘဲသိမ်းထားတယ်။ ကိုယ့် မိတ်ဆွေများကမသောက်တတ်သူများဖြစ်နေကြတယ်။ လေယဉ်ပေါ်က ပုံ.တွေ လေယဉ်ဘေးက ပုံတွေတော့သူများဦးသွားပြန်တော့ခက်တယာ်။ ဘာမှ ကို ထည့်စရာမကျန်တော့တာ။

ထည့်ချင်တာကတော့တစ်ခုဘဲရှိတယ်။ လေယဉ်ထွက်ခါနီးဆို ရေသောက်ချင်တယ။် ဟိုတုံးကဆိုရင် ရေဗူးကလေးယူသွားလို့ရပေမဲ့ အခုမရတော့တဲ့သကာလ ရေစင်ကလေးတွေ့တော့ရေသောက်ချင်မိတယ်။

Push လို့ရေးထားတဲ့ရေစင်ကလေးဘေးကိုရောက်သွားတယ်။ push ဆိုတာဘာလဲ တွနိးပါ. ဖိပါ. မှန်တယ်ဟုတ်. ကိုယ်ဒီလောက်မအပါဘူး။ အဲဒါကို ဖိလိုက်တယ်။ ဘာမှလဲမဖြစ်ဘူး. ထပ်ဖိတတယ် ဘာမှ မဖြစ်ဘူး အားရပါးရ Push တယ် အဲသဟာလဲဘာမှ မဖြစ် ရေမထွက်လာဘူး .ဘေးကဖြတ်သွားတဲ့ တစ်ယောက်ကတော့ မေးကလေးထိုးပြတာဘဲ။မေးထို့းပြတာပြတာဘဲရှိတယ။် ဘာမှ လုပ်လို့မရဘူး။ တို့ကတော့.......တို့ကတော့ ဖိမှာဘဲ ဆိုပြီး ဆက်ဖိတာဘဲ။

ကယ်တင်ရှင်ရောက်လာတယ်။ ဟော..တွေ့ပြီလား push အောက်မှာ ဘုကလေးတစ်ခု…အဲသဟာကို ဖိမှ ရေကထွက်တာ. Push ဆိုတဲ့စာတန်းကြီးကိုဖိလို့ဘာမှထွက်လာမှာ မဟုတ်ဘူး. ရှင်းပြီနော်။











မောင်လေးညီမလေးများကိုချစ်လွန်းလို့ရှင်းပြတယ်မှတ်ပါ။
ဒီနေ့တော့ဂလောက်ဘဲ။

အိပ်ပြီ.
တာ့တာ...

33 comments:

Anonymous said...

ပျောက်နေတယ်မှတ်တာ မမ အိမ်ပြန်သွားတာကိုး :)

စူးနွယ်

မေ့သမီး said...

ဟား ဟား မမပိန်း။ အောက်ကဘုကိုနှိပ်မှ ရေထွက်တာ မသိဘူးလား။ စလုံးမှာနေလာတာပဲ ကြာလှပြီဟာကို။ :P ပြန်တဲ့အကြောင်းတော့ လာမကြွားနဲ့တော့။ သူများက ကျောင်းပြီးလို့ အိမ်ကိုအပြီးပြန်တော့မှာ။ kwi kwi

ကိုဇော် said...

အရမ်းကောင်းတယ် မမမေရေ. . .
အလကား အရေမရ ၊ မဖတ်မရ စာတွေထက် စာရင်တော့ ဒီလို အတွေးပါတဲ့ စာလေးတွေပဲ ဖတ်ချင်တယ်ဗျာ။
ကျေးဇူး...

PhyoPhyo said...

ဖတ်ရရင် ပျော်ဖို့ကောင်းတယ်၊ အသစ်တင်တာနဲ့ ရောက်ပီးသားပဲ ... မ ရေ ..
ရေးချင်တာသာရေးပါ :) ဂွတ်နိုက်
God bless you.

သက်ဝေ said...

ဟားဟားဟား... မမကတော့ လုပ်မယ်...
ဒါပေမယ့်လဲ ကိုယ့်ကို အခုနေ ဘာကို push လုပ်မှ ရေသောက်လို့ရမှာလဲ မေး... ရုတ်တရက်တော့ သိမယ်မထင်ဘူး... ဘဝတူတွေပါပဲ မမရယ်...
ပုံ/
x ထုံ အဖွဲ့ထဲ ရောက်လာသူ တဦး

Anonymous said...

ဒီအရေးတွေကို ဖတ်ချင်နေတာကြာပြီလေ၊

T T Sweet said...

အစ်မ ပျောက်နေပါလား အောက်မေ့တယ် .. ပြည်တော်ပြန်သွားတာကိုး ... ကြုံတုံးကြွားမယ်။ အဲလို အဖြစ်မျိုးတွေ အများကြီးဖြစ်ဘူးတယ်။ MRT ကတ် အသစ်တွေ စပေါ်ကာစက tap လုပ်ရင် အပေါ်က စခရင်မှာချည်း သွား tap လုပ်တာ။ သူက ဘယ်မှာလုပ်ရမယ်လဲဆိုတာမှ မပြောထားတာကိုးနော့။ ဘယ်လိုသိမလဲနော့။ များတို့ အပြစ်မဟုတ်း))

ရွှေရတုမှတ်တမ်း said...

ထူးဆန်းပါပေ့...ဂျီးတော်ရယ်

ကလူသစ် said...

ပြန်လှချည်လား။ အားကျလိုက်တာ

sosegado said...

Push သိသွားပါပြီ

Vista said...

Push ဆိုလို့  Enrique Iglesias

ရဲ့သီချင်းများလားလို့....
မမတယ်မိုက်နေပါလားဆိုပြေးလာဖတ်ရတယ် ဟိဟိ

sweetpeony said...

လာလာ ချောင်းတာ မရှိဘူးလို့တော့ ထင်နေတာ..း)

kiki said...

ဪ.... ဂလိုလား ။
မှတ်ထားလိုက်ပြီး)ဝ

Push နဲ့  Pull အကြောင်းလေးများ ရော..
ကြုံ တာ ရှိအုံးမလား .. ဖတ်ချင်တယ် မမကွန် ..

Phyo Maw aka pm ^_^ said...

စာတန်းကို မတွန်းပါနဲ့ ရေးထားခိုင်းရမယ် ဘွား အတွက် lol ^_^

Khyl said...

အမသာ မပြောရင် အော်တိုငုတ်တုတ်ထွက်လာတယ်ထင်ပြီး..... ပါးစပ်ကြီးဟပြီး..... ရေဘုံဘိုင်အောက် စောင့်နေဦးမှာ ... တော်သေးတာပေါ့အမကယ်ပေလို့.......

ကျော်ညိုသွေး said...

ဖတ်ပြီး မောဟတွေ များနေရတာထက်စာရင် ဒီလိုမျိုးလေးတွေ ဖတ်ရတာ စိတ်ပင်ပန်းပြေတယ်။

အဲ့ဒါကြောင့်လည်း အန်တီခင်ဦးမေ တို့လို ၊ ကိုလူထွေးတို့လို ဘလောဂ့်မျိုးတွေပဲ ဦးစားပေးဖတ်ဖြစ်တယ်။

လူတွေက စိတ်ဆင်းရဲ မခံနိုင်ကြတော့ဘူး။

TZA said...

လုပ်ပြီ အရီးတို့ကတော့။

SHWE ZIN U said...

အတော်လေး မှ Push ခဲ့ရဲ့လား အဲ ပျော်ခဲ့ရဲ့လား
ပျောက်နေတယ် မှတ်ပါတယ်

ချစ်ကြည်အေး said...

နေ့လည်က ရုံးမှာ ထမင်းစားရင်းဖတ်တာ ကံကောင်းလို့ ထမင်းမသီးတယ် ရီလိုက်ရတာ... မမရယ် ဖြစ်ရလေ ဟားဟားဟား.....:)

ပေါ့ဆိမ့် said...

အင်း... ဝေးလိုက်ပုံများ အစောကတည်းက အဲဒါလေးကို Push လိုက်တာဟုတ်ဘူး...
ဟီး ပျော်ရွှင်ပါစေ အမ...
ခင်မင်စွာဖြင့်.. (ပေါ့ဆိမ့်)

Anonymous said...

တော်သေးတယ်..
ကျနော်က ခရီးသွားရင် ရေသိပ်သောက်တတ်သူမဟုတ်လို့..
မမက..
မပျော်လို့သာတော်တော့တယ်..
၁၀ရက်ဆိုပြီး၂ပတ်လောက်ကြာတယ်..
အိမ်ပြန်ရတာအားကျလိုက်ထှာ..



Xထုံ

ဇွန်မိုးစက် said...

သြော်... ဂလိုလား။ ဇွန်လည်း ရေသိပ်ဆာတတ်တာ။ မှတ်ထားဦးမှ။း)

လေပြေသွေး said...

(၂)လပိုင်းက ကျွန်တော်ပြန်တော့လဲ ဒီအတိုင်းပါပဲ။ Push လုပ်တာပဲ။ ဘာ...ရေမှ မထွက်လာဘူး။ နောက်ဆုံးမှ မြားလေးသွားတွေ့တယ်။

ဝက်ဝံလေး said...

ဟဟဟ မာမီ ခံလိုက်ရတယ်ပေါ့ ဟိဟိ

Anonymous said...

မျှားပြထားတာ မသိဘူးနဲ့တူတယ်...စလုံးတောသူတွေ ခက်နေပြီ


မြို့ကြီးသား

khin oo may said...

သို့
မြို့ကြီးသား.

ဒီမှာ ရေစင်က နိမ့်နိမ့်လေး ငါးပေအရပ်သမားရဲ့ခါးတစ်ဝက်ဘဲရှိတယ။် ဘယ်လိုလုပ် ဘုကလေးကိုမြင်ရမှာလဲ။ သူ့ဘုကလေးက ဟိုအောက်ဆုံးမှာ.. မျှားကလဲ..သိဘူးအေ. တောသူက တောသူဘဲ။

Unknown said...

ကြုံဖူးတယ်.. ကြုံဖူးတယ်..
နော်တို့လည်းကြုံဖူးတယ်...

khin oo may said...

ကြည့်..
တို့တစ်ယောက်ထဲဟုတ်ဘူး.

Anonymous said...

မ ကို ချစ်တယ်

ဘီလူး

khin oo may said...

ဘီလူးဆိုရင်တော့ကြောက်တယ်။

Moe Cho Thinn said...

မျှားပြထားတယ်လေ မမရဲ့၊ သူများတောင် သိတယ်။ ဒီပို့စ်ကို ဖတ်ပြီး ထုံအဖွဲ့ကတောင် ထွက်ချင်စိတ် ပေါက်တယ်။ ထုံလွန်းလို့အေ.. :D

khin oo may said...

ငါးဖယ်ကများပြောင်းပြန်.အေ။

khin oo may said...

ဘယ်သူလဲဗေလုဝ..