Monday, May 24, 2010

Yangon 7

















ချောင်းသာ မရောက်ဘူးသေးဘူး.
အော်.....မရောက်ဘူးသေးဘူးလို့ပြောရင် မုသားဖြစ်မယ်။ ငယ်ငယ်တုံးးက ရောက်ဘူးတယ်။စိုးသူနဲ့ ပြေငြိမ်းနဲ့ပေါ့. အဲဒီတုံးက ပြေငြိမ်း ခြေထောက် ဘာစူးတာလဲမသိ. ငြှောင့်စူးတာ ကိုယ်သူခြေထောက်ကိုင်ဘူးလိုက်တယ်ထင်တယ်။ အခုလို ခေတ်မှာသာဆိုရင် ဘိုက်ကိုပွတ်လွတ်လိုက်မှာဘဲ. လွမ်းလိုက်တာ..

မရောက်ဘူးတာတွေ အများကြီးပါဘဲ.စလုံးမှာလဲ မရီနာဘေးတို့ဒူးရင်းသီးတို့. Zoo တို့.. Night ဆာဖာရီတို့. East cost တို့ ဟိုသစ်လုံးတွေ နဲ့တံတားကြီးတို့. တောင်တက်တာတို့...စွန်လွတ်တဲ့နေရာတို့ ဘာ bridge ညာ.. Bridge တွေ လဲမရောက်ဘူး. အခုဖွင့်တယ်ဆိုတဲ့ကာစီနို.ယူနီဗာဆယ်လဲမရောက်ဘူး. ပြောမကုန်. မရောက်ဘူး.ဘူး။။။။။။။။။။

ချောင်းသာသွားမယ်စိတ်ကူးလိုက်သေးတယ်။ အဲဒီရက်ပိုင်းက ကံမကောင်းဘူး. / ဟိုဟာဖြစ်လိုက် ဒီ“ဟာဖြစ်လိုက်နဲ့ ငါသွားတဲ့အခါမှ ဘာညာထပ်ဖြစ်ရင်အခက်. အခုတောင် ကံကောင်းလို့ဘာမှ မဖြစ်တယ်။ အဲဒီသွားရင်းတစ်စုံတစ်ခု ထပ်ဖြစ်ခဲ့ရင် ဘယ်သူမှ သနားမှာတောင်မဟုတ်. ဒီလောက်တောငလမ်းများရသလား လို့ဘဲ ပြောကြမှာ ဆိုပြီးအစီအစဉ်ဖျက်လိုက်ရတယ်။

ကျိုက်ထီးရိုးကိုလဲ သွားမယ်ဆိုပြီး သေချာကိုသွားမေးလိုက်သေးတယ်။ ပန်းဆိုးတန်းမှာ ဆိုင်တွေရှိတယ်။ အကြမ်းဖျင်းအသွားအပြန်ကို တစ်သောင်း တစ်သောင်းခွဲ ဝန်းကျင် ထင်တယ်။ သောကြာညသွား.စနေမှာပြန်ချင်လဲရတယ်။ တန်င်္ဂနွေ မှပြန်ချင်လဲရတယ်။ တစ်ညအိပ်နစ်ညအိပ်ကြိုက်ရာ ရွေးပေါ့။နေစရာကလဲသူတို့ကိုစီစဉ်ခိုင်းလဲရတယ်

















ထမင်းဆိုင်မှာ ဝင်အိပ်မယ်ဆိုလဲရတယ် အခြေအနေအမျိုးမျှိုးပေါ့။ စရိတ်လဲသိတ်မကြီး ပျော်ရွင်ဖွယ်ရာခရီးစဉ်ဖြစ်မယ်ထင်ပါတယ်။ ကင်ပွန်းစခန်းကိုရောက် အဲဒီကမှ ရသေ့ တောင်ဘကကိုကားစီး. မကျေနပ်လဲ အဝေးပြေးကား ဂိတ်တွေ ကနေ သွားစီးရင်အဲသေလာက်ဈေးမကြီးဘူးပြောတယ်။ သို့ သော်ငြား. တွက်ရေးကတော့ စက်သေငှေးပါဘဲ။ ခက်တာက ကိုယ်က လန့်နေတယ်။ ဘာမှ ကို မလုပ်ရဲတော့တာ.

အဲသလေိုဆိုတော့ဘာချောင်းသာ မှ လဲ မသွားနိုင်.. ကျိုက်ထီးရိုးလဲမသွားနိုင်.. အော်. ငါန့ယ် သွားချင်ပါတယ်ဆိုတာနဲ့ဘဲပြီးသွားလေတယ်။ မာမီကြီး ဦးစီးသော. .ရွေလမ်း ခရီးဘရားဖူးနင့်အပန်းဖြေခရီးသွား..ပို့ဆောင်ရေးဆိုဘဲ.ဆိုင်းဘုတ်ကြီည့်ပြီး စိတ်ဝင်စားသွားတယ်။ ယခုတော့လဲ ချောင်းသာပုံတွေ မပြနိုင်တော့ သွားစုံစမ်းခဲ့တဲ့ ကားဂိတ်ပုံတွေ ဘဲပြနိုင်တော့ တယ်။ နိုင်သလောက်ဖိုက်တာပေါ့လေ. ရှူံးပါတယ်။ :(



14 comments:

ကိုဇော် said...

မမမေ ကတော့ လုပ်လိုက်မှဖြင့် အဆန်းတွေချည်းပဲ. .
မသွားရတာကိုများ ဖြစ်နေသေးတယ်။
အ တူ တူ ပဲ လို့ ပြောမလို့ပါ..:P
ကျနော် သွားဖြစ်မှ ပုံတွေ ပြမယ်ဗျာ။

သူရိန်မင်း said...

အစ်မကတော့လေ လုပ်တော့မယ် အလန့်တကြား၊ :P အပြေးအလွှား လာဖတ်သွားပါတယ်။ နောက်တစ်ခါ နိုင်ပါစေဗျာ။ :)

Moe Cho Thinn said...

သူ့ဖာသာသူ ညှောင့်စူးတာ ဘာကိစ္စ သူများ ခြေထောက်ကြီးသွားကိုင်တာတုန်း။ ;D
ဒါတောင် ဗိုက်သွားပွတ်ချင်သေးတယ်..ခက်တယ်။ :)

ဆောင်း said...

မကွန်ရေ မသွားတာ ကောင်းတယ် သင်္ကြန်ကိစ နဲ့ ထိပ်လန့် ပီး အတော်များများ ဘယ်မှ မသွားရဲမလာရဲ ဖြစ်နေကြတာ ဒီလောက်နဲ့ လည်း ကောင်းသားပါဘဲ

Anonymous said...

တောင်ကြီးအင်းလေး သွား ဦး မလို့ ရန်ကုန်ပြန်တုန်းက... မကွမ် ပြထားတဲ့ လမ်းမှာ မေးခဲ့တာ ၃ ၄ ခါ ကျ တယ် ... မှတ်ပုံတင် ပျောက်နေတာနဲ့ သွားမယ့်အဖော်က နေမကောင်းတာနဲ့
မရောက်ခဲ့ဘူး .. ကျိုက်ထီးရိုးဘဲ ရောက်ခဲ့တယ် ...

mie nge

ကာရံဆူး said...

ဟိုတစ်နေ့ က မရွှေစင် ဘလော့မှာ ချောင်းသာသွားတယ်ဆိုကတည်းက စိတ်ကို မနည်းထိန်းနေရတာပါ အစ်မရယ်...ခုတော့ မြန်မာကို ပိုပိုပြီး လွမ်းရတော့မယ်...

juli said...

မရောက်ဘူးတာတွေ အများကြီးပါဘဲ.စလုံးမှာလဲ မရီနာဘေးတို့ဒူးရင်းသီးတို့. Zoo တို့.. Night ဆာဖာရီတို့. East cost တို့ ဟိုသစ်လုံးတွေ နဲ့တံတားကြီးတို့. တောင်တက်တာတို့...စွန်လွတ်တဲ့နေရာတို့ ဘာ bridge ညာ.. Bridge တွေ လဲမရောက်ဘူး. အခုဖွင့်တယ်ဆိုတဲ့ကာစီနို.ယူနီဗာဆယ်လဲမရောက်ဘူး

(နာ့များစောင်းပြောသလားပဲ)

Vista said...

စဉ်းစားနေပါတယ် ခြေထောက်ညောင့်စူးတဲ့ မင်းသားကို
ဘယ်လို အကြောင်းပြပြီး ဗိုက်ကိုပွတ်မှာလည်းလို့ ။
အငြိမ့်ထဲက လူရွှင်တော်တွေ သွားမြင်ယောင်တော့တယ်။
ခြေထောက်ကျိုးတဲ့ လူကို မျက်လုံးဖြဲကြည့်သလိုလေ ဟားဟား။

Rita said...

ခြေထောက်ညောင့်စူးတာ ဗိုက်ခံနေလို့ မမြင်တာများလားဆိုပြီး ပွတ်မှာ။

Anonymous said...

Hey girl

I like the way you write. It is hilarious but with some style and grace and it is hot!

ရွှေရတုမှတ်တမ်း said...

အံမလေး...ခြေထောက်ကြည့်ပြီးဗိုက်ပွတ်တာ..
လက်မြှောက်တာနဲနဲလိုသွားရင်.......

sosegado said...

်ကြံစည်တိုင်းလည်းဖြစ်မလာဘူး

Anonymous said...

ပြေငြိမ်းကိုတောင် သတိရသွားပြီ။
သွားတက်ကလေးနဲ့ ချစ်ချာလေးနော်။
မိန်းမ မယူခင် သေသွားတာ နှညောစရာကြီး ဟိဟိ :P
ခမျာမယ် မမကွမ်ရဲ့ ဗိုက်အပွတ်တောင် မခံသွားရရှာဘူး ... အဖြစ်ဆိုးလိုက်တာနော် ...

သဒ္ဓါလှိုင်း said...

မမခင်ဦးရေ..
ကားဂိတ်ကဆိုင်းဘုတ်ကိုပဲငေးလိုက်ရတာပေါ့..။
ကြည့်ပြီးသွားချင်လိုက်တာလေ..
မမကျန်းမာပျော်ရွှင်ပါစေနော်။။
ခင်တဲ့
ညီမသဒ္ဓါ