Saturday, May 15, 2010

rain

ရန်ကုန်မှာနေပူနေတာ .အချို့ဒေသတွေမှာ ရေအခက်အခဲဖြစ်နေတာတွေကြည့်ပြီးတော့ ဘယ်တော့မှများမိုးရွာမှာပါလိမ့်ဆိုပြီး. မိုးလေဝသ ရှာကြည့်တယ်။ မြေ့ပုံက အကြမ်းဖျင်းဒီလိုပါ. မိုးရွာတော့မယ်ထင်တာဘဲ။ တိမ်တိုက်တွေကတော့ဦးတည်နေပါပြီ။













လွန်ခဲ့တဲ့နစ်နာရီလောက်က က update လုပ်ထားတဲ့ပုံပါ။ အခုအချိန်မှာ ၃ရ ဒီဂရီစင်တီဂရိတ်ရှိပြီး partly cloudy ဖြစ်နေပါတယ်။ wind က 9 km/h / 2.6 m/s from the SE ဖြစ်ပါတယ်။














တိမ်အရောင်ကိုကြည့်မယ်ဆိုရင် အညိုရောင်က low cloud နည်းတယ်။ အခုမြင်ရတဲ့အဝါလိုလို.အနီလိုလိုခရမ်းရောင်လိုလိုကတော့ high cloud ဖြစ်တယ်။















Zoom ဆွဲကြည့်တဲ့အခါတိမ်ထုတွေ က လပွတ်တာ နားကို ရောက်တော့မယ်။ cloud ကအတော်ကြီးတယ်။ အကြမ်းဖျင်းအားဖြင့်ဆိုရင်မိုးရွာတော့မယ်ထင်ပါတယ်။















Reference:

http://www.wunderground.com/global/stations/48097.html

19 comments:

ချစ်မောင် said...

မိုးလေ၀သ ခန်.မှန်းချက်ကတော....

Unknown said...

တကယ်ပဲ ရွာစေချင်ပါတယ် အမရယ် ။
မဟုတ်ရင် အားလုံး ဒုက္ခရောက်ကုန်ကြတော့မယ် ။။။

Shinlay said...

တကယ်ရွာပါစေ.... သတင်းလေးကြားတာနဲ့ တောင်ဝမ်းသာမိပါတယ်။

သစ်သစ် said...

မိုးရိုးရိုးပဲ ဖြစ်ပါစေ မမရယ်....

ဇွန်မိုးစက် said...

မုန်တိုင်းမဟုတ်မယ့် မိုးးးးးးးး ရွာပါစေ။

ကိုဇော် said...

ရွာပါစေ. . .
လေမပါရင် ပြီးရော. .

Bino said...

မုန်တိုင်းမဟုတ်မယ့် မိုးးးးးးးး ရွာပါစေ။

Well come .

BINO

မြစ်ကျိုးအင်း said...

ဟုတ်တယ် မိုးရွာပါစေ
ဒီအချိန်မှာ ဒါ အလိုအပ်ဆုံးပဲ

Moe Cho Thinn said...

မိုးရွာပါစေ..။
မီးလာပါစေ..။
ရေမှန်ပါစေ..။
..ပါစေ။
...ပါစေ။
...ပါစေ....ပါစေ..ပါစေ....................

Zay Tar Yar said...

မမမေရဲ့ခန့်မှန်းချက်ကတော့ မကြာမှီင်္မိုးရွာပါတော့
မယ် ရွာရာရွာနှုန်း၈၀ဖြစ်ပါတယ် နောက်နှစ်ရက်အဘို့
ခန့်မှန်းချက်ကတော့ ဒလမြို့နယ် ပဲခူးတိုင်း ပြည်ခရိုင်
အတွင်းကျေးရွာ၄၀ကျော်လောက်လူများရေငတ်နိုင်ပြီး
အထက်မြန်မာပြည်မန္တလေးတိုင်း ၊ မကွေးတိုင်း ၊တို့တွင်
အပူလှိုင်းဖြတ်၍ လူများမာလကီးနိုင်ပါတယ်ရှင်နှုန်းထား
များကတော့ မန္တလေးတိုင်းတွင် တနေ့၂၀နှုန်းနှင့် မကွေး
တိုင်းအတွင်း မှာတနေ့၁၂ယောက်နှုန်းတို့ဖြစ်ပါတယ်ရှင်
ရန်ကုန်မြို့နှင့်အနီးတ၀ိုက်အတွက်တော့ သီရိပစ္စဂဟရာဇာ
ဘွဲ့ခံ ဆင်ဖြူရတနာကြီးဦးဘုန်းတခိုးအာနုဘော်တော်
ကြောင့် နောက်လေးရက်လောက် အပိုချိန်တိုးနိုင်ပြီး လူများ တာပန္နငရဲ့သို့ရောက်သည့် အလား ငွေ့ငွေ့
တရှိန်ရှိန်နဲ့ အပူဒဏ်များဆက်လက်ခံစားရမည်ဖြစ်
ကြောင်း ခန့်ရပါတယ်ရှင် မြန့်မာအသံကဆက်လက်အသံလွင့်နေပါတယ်အချိန်
တိုင်းငယ်တွင်းမှာ သတင်းများကိုကြေငြာပါတော့မယ်ရှင်.....။

Y said...

ဟေး....

“ဒေါ်ထွန်းလွင်” ရဲ့ မိုးလေဝသ အစီအစဉ်ပြီးပြီ

မြန်မာ့အသံ ဇာတ်လမ်းလာတော့မယ်.. ကွ


အပူတွေ ငြိမ်းအေးကြပါစေဗျာ


Y

ကျော်နှင်းဆီလွင် said...

အယ် မရယ်
ခုမှပဲစိတ်အေးရတော့တယ်။
:)

sosegado said...

မိုးရွာရင်တော့၊ ရန်ကုန်က အပူ စတေးလာရှောင်တဲ့သူတွေ ပြန်လွတ်ရမယ်၊

မောင် လေး said...

မိုးရွာပါစေဗျာ
အစ်မမိုးချိုသင်းကိုလည်းအသစ်တင်ဖို့ပြောပေးကြပါအုံး(သူလည်းမန့်ထားတာတွေ့လို့)

မောင် လေး said...
This comment has been removed by the author.
သက်ဝေ said...

ဟေး....
“ဒေါ်ထွန်းလွင်” ရဲ့ မိုးလေဝသ အစီအစဉ် ဆိုတာကို (စိတ်ညစ်နေတဲ့ ကြားကပဲ) ပါးစပ်မပိတ်နိုင်အောင် ရယ်သွားပါတယ်...း))

မမက ဒါမျိုးတွေလဲ ရေးတတ်တာကိုး...
ပိုင်တယ်ကွာ...

suphyu said...

မန္တလေးမှာတော့ ဒီနေ့မိုးရွာပြီတဲ့

SHWE ZIN U said...

မခင်ဦးမေ
ဒီနေ့ ညနေ မန်းလေးမှာ မိုးရွ့ာပြီး နဲနဲ အေးသွားပြီ

ကျေးဇူး
ရွှေစင်

အဖြူရောင်နတ်သမီး said...

မကြီးပြောတာ မှန်သွားပြီ...
ရန်ကုန်မှာ မိုးတွေရွာနေပြီတဲ့..
ပျော်စရာကြီးနော်...