Thursday, June 24, 2010

အိမ်

ခင်ဆွေဦးရဲ့ အိမ်ဆိုတဲ့ ဝတ္ထုတို ကလေးကို ဖတ်ဘူးသူ ရှိပေမဲ့ရှားမယ်ထင်တယ်။ မဂ္ဂဇင်းထဲမှာ.. သူ့ဘဝမှာ နေခဲ့တဲ့ အိမ်လေးတွေ အကြောင်းစိတ်ရှည်လက်ရှည်ရေးထားတာ. ဖတ်လို့အတော်ကောင်းတယ်။ စာကို ရှပ်ဖတ်တတ်တဲ့ကိုယ်လိုလူတောင် မှတ်မိနေတယ်။ ဘဝနဲ့ယှုဉ်ရေးထားလို့ဖြစ်မယ်။ ရိုးသားခြင်းဟာ စာတွေ ကို ရုပ်လုံးကြွစေတယ။် နောက်ဆုံးမှတ်မိသလောက် သူရောင်းလိုက်တဲ့ တိုက်ပြီးတဲ့နောက်မှာ..သမက်က စကာပူလာပြီး ခြောက်လလောက် လုပ်သွားတဲ့အထဲကနေစုပြီး အိမ်ဝိုင်းကလေးတစ်ခု ဝယ်ဖြစ်လိုက်တယ်ဆိုတာ မှတ်မိတယ်။ သူရောင်းလိုက်တဲ့ တိုက်နဲ့ခြံကို မမြင်ဘူးဘဲနဲ့ကို နှမျောလို့မဆုံးဖြစ်မိတယ်။

ကိုယ့်ဘဝကို ကိုယ်ပြန်စဉ်းစားကြည့်တယ်။ လူမှန်းသိစအရွယ်က သထုံ. ကစတယ်။ အဖေက အစိုးရဝန်ထမ်းဆိုတော့နယ်စုံပြောင်းရတယ်။ ကိုယ်မမွေးခင်ကတည်းက ပြောင်းနေတာ. ကိုယ်အမေက အဲဒါကို လိုက်နေရင်းနဲ့ ကိုယ်ဝန်ရှိတိုင်း. ကလေးမွေးခါနီးတိုင်းရန်ကုန်ပြန်မွေးတယ်။ သူ့သားသမီးတွေကို ရန်ကုန်သူဖြစ်စေချင်လို့။

သထုံကိုတော့ကိုယ်မမှတ်မိတော့ဘူး. အိမ်ကနေလှမ်းကြည့်ရင်တောင်မြင်ရတယ်ဆိုတာလောက်ဘဲ။ တစ်ချို့သောသူတွေ က မှတ်ညာဏ်ကောင်းကြတယ်။ သားငယ်ငယ်ကဆိုပြီးအစချီပြောရင် ပိစိကတည်းက စပြောနိုင်တယ်။ ကိုယ်ကတော့မပြောနိုင်ဘူး. ။ မေ့ပလိုက်တာရယ်.မေ့တတ်တာရယ်ပေါင်းရင် အတော် မှတ်ညာဏ်နည်းတယ်။

ပူတာအို.
ဒါလည်းရေးတေးတေးဘဲ လှမ်းမျှော်ကြည့်ရင်ရေခဲတောင်တွေ မြင်ရတယ်ဆိုတာလောက်ဘဲ။ သိတ်အေးရင် မနက်ပိုင်းလက်ကကလေးတွေ ကို ဖယောင်းတိုင်ကင်ရတယ်ဆိုတာမျိုး. အိမ်နောက်မှာ ချောက်ကြီးရှိပြီးအဲဒီထဲမှာ စမ်းချောင်းကလေးရှိတယ်ဆိုတာမျိုးလောက်ဘဲ မှတ်မိတယ်။

မိုးညှင်း
အစိုးရပေးတဲ့အိမ်ဘဲလားငှားနေတဲ့အိမ်ဘဲလား မမှတ်မိတော့ဖြစ်နိုင်တာငှားနေတဲ့အိမ်ဖြစ်ဘို့များတယ် နားခါမြောက်ပိုင်းတို့ ကျောင်းတက်ရင် တံတားတစ်ခုဖြတ်ကူးရတယ်တို့. အိမ်နားက ရထားလမ်းမှာရပ်ထားတဲ့ မိးရထားကုန်တွဲတွေကနေ ကြံချောင်းတွေ သွားဆွဲတတ်တာတို့မှတ်မိတယ်။

ရန်ကုန.်
ရေကျော်.
ငါးနစ်ကျော်ကြာတယ်။ ငါးတန်းကနေ ဆယ်တန်းအထိ.. အိမ်ငှားနေကြတယ်။ သစ်သားနဲ့ အုတ်ရောထားတဲ့အိမ်. ဘေးခန်း အပေါ်ခန်းကိုသစ်သားနဲ့ခြားထားတဲ့အိမ်. အပေါ်က noise က အောက်ကိုလာသလို. ဘေးခန်းက noise ကလဲ လာတယ်။ ပျော်တယ် မပျော်တယ် သိတ်မမှတ်မိပေမဲ့. အိမ်ရှေ့မှာ မန်းကျည်းပင်ကြီးရှိတယ်။ အဲဒီအောက်မှာသွားသွားပြီးစာကျက်တတ်တယ်။ မီးရထားလမ်းနဲ့လဲနီးတယ်။ လှမ်းမျှော်ကြည့်တတ်တယ်။

မြို့ထဲက လမ်းတစ်လမ်း.
ဆယ်တန်းကနေ ကျောင်းပြီးတဲ့အထိ.. ကျောင်းပြီးရာကနေ အိမ်ထောင်ကျတဲ့အထိ..အိမ်ထောင်ကျပြီးလဲ အိမ်ထောင်ဖက်က အဝေးရောက်နေတော့မိဘနဲ့ဘဲနေဖြစ်တဲ့ အိမ်. အတော်လေးသံယောဇဉ်ဖြစ်ခဲ့ရတဲ့အိမ်။ စီးပွားဖြစ်တယ်လို့ဆိုတဲ့အိမ်။ ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့မှာပြောင်းဖြစ်ခဲ့တဲ့အိမ်။ အမျိုးနာမည်ကြီးခဲ့တဲ့အိမ်။

အဖေ့ကုတင်ဘေးမှာ ဖျာလေးခင်ြးီပီး စောင့်အိပ်ဲခဲ့တဲ့်။ အမေ့ ကို မမေ့နိုင်ခဲ့တဲ့အိမ်. အမှတ်တရ ပေါင်းများစွာကို သယ်ဆောင်သိမ်းဆည်းခဲ့ရတဲ့ ။။။။ စလုံးလာတော့မှ မနေဖြစ်ခဲ့တော့တဲ့.............နောက်ပိုင်းဖျက်လိုက်တဲ့...အိမ်။ ရန်ကုန်သွားတိုင်း သွားကြည့်ဖြစ်ခဲ့တဲ့လမ်းတလမ်းထဲက အိမ်…………

စလုံးအိမ် (၁)
စလုံးရောက်တော့ လေဆိပ်က နေ နံပါတ် တစ်ဆယ်ဘတ်စကကားနဲ့ kmsl လာကြိုတဲ့ အိမ်. ဟောင်းပေမဲ့လေဲကောင်းနေဆဲအိမ်. နစ်ပေါင်းများစွာ်နေခဲ့တဲ့အိမ်။ အိမ် ဈေးတွေ ထောင်ကျော်ဖြစ်လာလို့ အိမ်ပြောင်းမယ်ဆိုတော့ စိတ်မကောင်းဖြစ်ခဲ့ရတဲ့အိမ်.

စလုံးအိမ် (၂)
ဈေးသက်သာလို့ရွေ့ခဲ့တဲကအိမ်။ သက်သာပေမဲ့လဲပျော်ရွင်မှု.နွေးထွေးမှုတွေ ပေးခဲ့တဲ့အိမ်.........


အိမ်………
နောက်တစ်ချိန်ဘယ်ကိုသွားဖြစ်မယ် မသိသေးတဲ့အခြေအနေ........................နဲ့အိမ်...........

45 comments:

ကိုအောင် said...

ဖတ်လို့ကောင်းတယ် အမကြီး၊ အိမ်နဲ့ပီသတဲ့ အိမ်
ပေါင်းများစွာ ပိုင်ဆိုင်ပါစေ။

kaungkinpyar said...

နှလုံးသားတွေ နွေးထွေးရင် ဒါဟာလဲ အိမ်....

မမ ပျော်ရွှင် နွေးထွေးပါစေ..

သိင်္ဂါကျော် said...

လောလောဆယ် အိမ်အသစ် လိုချင်နေတယ်..
home ကို ပြောတာမဟုတ်ဘူး.. house ကိုပြောတာ.

ကိုဇော် said...

ဘဝဆိုတာလည်း အိမ်တစ်လုံးပါပဲ အမရယ်။
အခြေအနေ အရ ပုံသဏ္ဍာန်တွေ ကွဲပြားသွားရတာ မဟုတ်လား။ နေပျော်ပါစေ။

ကြည် said...

မမရဲ့ အိမ်ကိုဖတ်ပြီး နေခဲ့တဲ့ ပျော်ခဲ့တဲ့ အိမ်လေးကို လွမ်းသွားတယ်...မမပျော်ပါစေ..ဖတ်မိတဲ့သူတိုင်း ကိုယ်နေခဲ့တဲ့ အိမ်လေးဆီကို အတွေးရောက်သွားစေတဲ့ပိုစ့်လေးပါပဲ.

Unknown said...

အမရေ....
ဘဝကို တစိတ်တပိုင်း လှစ်ဟလို့
ခံစားချက် တစေ့တစောင်းကို ဖွင့်ဟလို့
အတွေ့အကြုံနဲ့ အတွေးတချို့ မျှဝေလို့
ရေးထားတာကို ကိုယ်ဖြတ်သန်းခဲ့ ကြုံခဲ့တာတွေနဲ့ နှိုင်းယှဉ် စဉ်းစားမိတယ်ဗျာ...... ဒီအတွေးအရေးလေး ကြိုက်တယ်။

သူကြီးမင်း (တုံးဖလား) said...

အိမ်... အိမ်... အိမ်....
နောက်ဆုံးတော့လဲ... အမြဲနေအိမ်ကို ပြန်ကြရမှာပါဘဲလေ။ တရားရတတ်ရင် ရစရာကြီး။။

ပျော်ရွှင်ပါစေ မမကွန်။

ကိုသျှန် said...

သေချာတာက ကျနော်တို့အားလုံး“ပြန်စရာအိမ်”ရှိတယ်လဗျာ....

mae said...

အိမ်ဆိုတဲ့ သီချင်းကို နားထောင်မိနေတာ.. ခုတလော အိမ်တွေ အကြောင်း စဉ်းစားမိနေတယ်၊ မမ ရေးတာနဲ့ တိုက်ဆိုင်လိုက်တာ

Anonymous said...

အမေ့အိမ်ကလွဲပြီး ဘယ်မှာမှ မသာယာနိုင်ပါဘူး...နောက်ဆုံးတော့ လူတွေအားလုံးက ဘယ်မှာပဲရောက်နေရောက်နေ အမေ့ကိုပဲပြန်ရမှာပဲလေ...အမေ့အိမ်မဟုတ်တောင်မှ ကိုယ့်မိသားစု တည်ဆောက်ထားတဲ့ အိမ်ကိုပြန်ရမှာပေါ့...အသက်ရွယ်ငယ်သေးသောအခါ အပျော်ပါးမက်မောနေတဲ့အချိန်တွေမှာ ဘ၀ဆိုတာတွေကိုကြား၇င် နားခါးတတ်ကြတယ် မသိချင်ကြဘူး....အပျော်မှာပဲ အလှပမှာပဲယစ်မူးနေတတ်ကြတယ်...အသက်ရွယ်ကြီးလာ ရလာမှာပဲ တရားပေါက်လာတတ်ကြတယ်...နောက်ဆုံးတော့ မင်းဟာ ကမ္ဘာကြီးထဲကို တစ်ယောက်တည်းလာပြီး တစ်ယောက်တည်းပြန်သွားရမယ့်သူပါ...ရှင်သန်နေတဲ့
အခိုက်တန့်လေးမှာ ဘ၀ကိုအကျိုးရှိရှိအသုံးချကြပါ...


ဘဘကြီး

လသာည said...

နှလုံးသားတွေ နွေးထွေးရင်..
ဒါဟာလည်း အိမ်...

ကိုပေါ said...

အေးဗျာ.... မခင်ဦးမေရေးတာ ဖတ်ရတော့....

ကျနော်တော့ ကိုယ်မွေးခဲ့ရာ အင်းလျားလမ်းက အိမ်ကို သတိရတယ်။ ခြံကျယ်ကြီးထဲက နှစ်ထပ်အိမ်။ နောက် ၁၀ နှစ်သားလောက်မှာ ရွှေတောင်ကြားမှာ နောက်ထပ် အိမ်တလုံး ထပ်ဝယ်တော့ ၅ နှစ်လောက် သွားနေဖြစ်သေးတယ်။ တက္ကသိုလ်ရောက်တော့ ဝင်ဒါမီယာက တထပ်တိုက်ပုလေးမှာ တယောက်တည်း သွားနေဖြစ်တာများတယ်။ ကျောင်းပြီးတော့ လှိုင်သာယာမှာ ပြောင်းနေတယ်။ အခုတော့ စင်္ကာပူမှာ ခြေသလုံးအိမ်တိုင်ပေါ့။

တကယ်တော့ ခြေသလုံးအိမ်တိုင်ဘဝက အလွတ်လပ်ဆုံးပါ။

(ခက်ဆစ်)
ခြေသလုံးအိမ်တိုင် = အိမ်တိုင်ကဲ့သို့ တုတ်ခိုင်သော ခြေသလုံး။

ရွှေရတုမှတ်တမ်း said...

အမေ့အိမ် ကိုပဲ သတိရပါတယ် ဂျီးတော်ရယ်

TZA said...

နှလုံးသားတွေနွေးထွေးရင် ဒါဟာလည်းအိမ်။

SHWE ZIN U said...

မခင်ဦးမေ ရေ

ခင်ဆွေဦး ရဲ့ အိမ်ကို ဖတ်ဖူးပါတယ် ကျနော်လည်း နှမျောမိတယ်

မခင်ဦးမေ လည်း ဘဝမှာ နေပျော်တဲ့ အိမ်နဲ့ တူတဲ့ အိမ်လေးမှာ နေရပါစေဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

အိမ်..
အိမ်
အိမ်..
အိမ်ကို တမ်းတခဲ့တာ...ကြာပေါ့။
အခုလောလောဆယ်တော့..
sofa

sofa


sofa


sofa


sofa




Xထုံ

(ဝန်ခံချက်= အိမ်မရှိရင် ဆိုဖာဆိုတာ ဝေးရော..)

Moe Cho Thinn said...

မမရေးထားတာ လွမ်းစရာ..
ချိုသင်းလဲ အိမ် လို့ စဉ်းစားရင် ငယ်ငယ်က မိစုံ ဖစုံ နဲ့ မိသားစု နေခဲ့ရတဲ့ အိမ်လေးကိုပဲ လွမ်းမိတယ်။ အမေ့အိမ်ကိုပဲ ချစ်သမီး လွမ်းပါတယ်ပေါ့..

အိမ်လွမ်းဝေဒနာကတော့ တကယ်ဆိုးပါတယ်။ တခါတုန်းက ၀ိုင်ဝိုင်းဆိုတဲ့ အိမ်လွမ်းသူ သီချင်း နားထောင်ရင်း ကိုယ့်ဖာသာကိုယ် တယောက်တည်း ရှိုက်ကြီးတငင် ငိုလိုက်ရတာ..။

ဧပရယ်လ်ပူး@ပူးတေ said...

မမရေ..

ပူးတေကတော့ အိမ်ကောင်းကောင်းမကောင်းကောင်း မိသားစုတွေ ကိုယ်ချစ်တဲ့လူတွေ(အဲဒီထဲမှာ ညီအစ်ကိုမောင်နှမ အဖိုးအဖွားတွေပါ ပါတယ်) နဲ့ တူတူနေရမယ်ဆို ဘယ်မှာပဲနေရနေရ ပျော်မိမှာပါပဲ... ခုတော့ မပျော်ဘူးးးး
;'(

rose of sharon said...

အမ ဒီလိုလေးရေးတာ ဖတ်လို့တကယ်ကောင်းတယ်... ဘယ်နေရာဘဲဖြစ်ဖြစ် နွေးထွေးမှုတွေပေးတဲ့အိမ်ကတော့ နေလို့အကောင်းဆုံးပေါ့နော်...

ချစ်ကြည်အေး said...

နှလုံးသားတွေနွေးထွေးရင် ဒါဟာလည်းအိမ်။

ချစ်ကြည်အေး said...

ဒါမျိုးလေးတွေ များများရေးစမ်းပါမမ ဖတ်ကောင်းလို့....:)

Anonymous said...

http://www.youtube.com/watch?v=CH1i0X6hsJQ&feature=related

နားထောင်ပါ..
ပေးတဲ့ သီချင်းကို..
နာမည်က..
အိမ်...
တဲ့..



Xထုံ

Anonymous said...

ဘလော့ဂါ တစ်ယောက် ပို့ ရေးတိုင်း နောက်ကနေ မှတ်ချက်ရေးတာတွေက စိတ်ထဲကပါလို့လား၊ Comment မရေးရင် မကောင်းလို့ ရေးတာလား။ တချို့  Comment တွေ ဖတ်ရတာ အားမရဘူး

Myanmar Good Knowledg Co., Ltd said...

မကွန်ရှင့်
မင်္ဂလာပါ။
ကျွန်မ မခင်ဦးမေ ရဲ့ ဘလောက်ကို ဖတ်ပါတယ်။
ဒါပေမယ့် kom နဲ့ မခင်ဦးမေ တစ်ယောက်ထဲဆိုတာကို မသိခဲ့ဘူး။
အဲ ကျွန်မရဲ့ ဘလော့ဂ်မှာ kom ဆိုတာနဲ့ အတူ မခင်ဦးမေရဲ့ နာမည်ကို တစ်ပြိုင်နက်တွေ့ရတော့ မှ ပဲ ၀မ်းသာအားရနဲ့ ပြန်လာပြောရတယ်။ (ကျွန်မက၀မ်းသာပေမယ့် ၊ ဖတ်ကြည့်တဲ့ သူကတော့ ကျွန်မရဲ့ တုံးပုံတုံးနည်းကို စိတ်ပျက်မလားပဲ)။

ခင်ဆွေဦးရဲ့ “အိမ်” ကို မဖတ်ဘူးပါဘူး။
မခင်ဦးမေရဲ့ “အိမ်” ကို ဖတ်ရတော့ ၊
“ဘ၀” “အိမ်” “အချိန်” တွေကို ပြန်ပြောင်းခံစား၊ သတိရမိပါတယ်။
ခင်မင်လေးစားလျှက်

စစ်မင်းညို said...

ရောက်ခဲ့တရ်ဗျ၊ ကျနော်တို့လို အိမ်နဲ့အဝေးကြီးမှာ နေတဲ့လူတွေအတွက်တော့ အရမ်းလွမ်းသွားမိတရ်။
အရမ်းဖတ်လို့ ကောင်းတရ်ဗျ

Anonymous said...

တကယ်တမ်းတော့ ဘ၀ဆိုတဲ့ နေအိမ်တောင် မြဲမှ မမြဲတာပဲဗျာ

ကျနော် အခန်းတွေ ဆိုပြီး ရေးခဲ့ဖူးသေးတယ်

ပြောင်းချိန်တန်ပြောင်း ပျက်ချိန်တန်ပျက်ပေါ့

လောကဓမ္မတာမှာ ဖြစ်လာသမျှကို အကောင်းဆုံးရင်ဆိုင်နိုင်ပါစေလို့

(လားရှိုးသိန်းအောင်ရဲ့ သီချင်းလေးတပုဒ်တီးတိုးဆိုရင်း ကော့မန့်ပေးသွားတာပါ)

ရွာသားလေးဝိုင်တီယူ

သဒ္ဓါလှိုင်း said...

ငယ်ငယ်ထဲကနေခဲ့ရတဲ့အိမ်ကိုတော့အလွမ်းဆုံးအတမ်းတ
ဆုံးမမေ့နိုင်ဆုံးပဲနော်..။ရှေ့လျှောက်ကိုယ့်အိမ်ကလည်း
ဘယ်မှာပါလိမ့်..

ခင်တဲ့
ညီမသဒ္ဓါ

နုငယ် said...

မမရေ..အိမ်စာစုလေးကောင်းလိုက်တာ

သက်ဝေ said...

အခုတလော အိမ်အကြောင်း တွေးနေမိတုန်း မမရေးတာ ဖတ်ပြီး စိတ်မကောင်းဘူး...။

ချိုသင်းပြောသွားတဲ့ ဝိုင်ဝိုင်း သီချင်းဆို နားကို မထောင်ရဲတာ...း((

ဇွန်မိုးစက် said...

ဒီပို့စ်လေး ကြိုက်တယ် မမ။ ဇွန်လည်း ရန်ကုန်သူပေမယ့် အိမ် ခဏခဏပြောင်းဖူးတယ်။ သံယောဇဉ်အရှိဆုံး အိမ်ကတော့ သုဝဏ္ဏက အိမ်ပါပဲ။ သတိရသွားပြီး စိတ်မကောင်းဖြစ်သွားတယ်။း(

Cameron said...

ညီမလေးလဲ အိမ်တော်တော်များများမှာနေခဲ့ဖူးတယ် အိမ်ရဲ့နွေးထွေးမှုက ဘယ်နေရာနဲ့မှတုနှိုင်းမရပါဘူး..။ အမခုလိုရေးပြမှ ဘယ်လိုအိမ်မျိုးတွေမှာနေခဲ့ရသလဲဆိုတာ သိရတယ်..။
ပူတာအိုမှာနေခဲ့ဖူးတဲ့ အိမ်မျိုးလေးကြိုက်တယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

An Asian Tour Operator said...

လွမ်းစရာလေး

ထွန်း said...

(တစ်ချို့သောသူတွေ က မှတ်ညာဏ်ကောင်းကြတယ်။ သားငယ်ငယ်ကဆိုပြီးအစချီပြောရင် ပိစိကတည်းက စပြောနိုင်တယ်။ )

ကျနော့်များ ဒိုင်ယာဂေါ်နယ် diagonal ပြောလေရော့သလား

နေကောင်းလား ညီမ

khet myint myint said...

စာတိုတိုလေးပေမယ့် စာမျက်နှာအများကြီးကို ဖြတ်ကနဲဖြတ်ကနဲ ဖတ်လိုက်ရတယ်

Vista said...

ဖတ်လို့ ကောင်းလိုက်တာ ..
ပြုံးတောင်ပြုံးမိတယ် ..
အနော်ကတော့ ဘယ်အိမ်မှ လွမ်းတယ်မရှိဘူး
လက်ရှိနေတဲ့ နေရာလေးကိုပဲ နေပျော်အောင်လုပ်ထားပီးနေတယ် ။

KNSL said...

မ ဖတ်လို့အရမ်းကောင်းတာပဲ
မြောသွားတယ်
ကံကောင်းလို့မနစ်တာ
:D

နေ၀သန် said...

အိမ်..ရင်ကိုနွေးထွေးမှုတွေ ပေးတဲ့အိမ်...း))))... ပျော်စရာကြီး...

ခင်မင်တဲ့
နေ၀သန်

Y said...


အိုးးး

KinOoMay 77 မှာ မောင်/ နှမ တွေရှိပါသေးတယ်


Y

Shinlay said...

အိမ်လာလည်ပါတယ်။
အကောင်းဆုံးနဲ့ မေ့မရနိုင်တဲ့ နေရာတွေပါ။

မောင် လေး said...

အမပို့စ်လေးဖတ်ရတာ အိမ်လွမ်းစိတ်တွေပိုလို့တိုးလာတယ်
ဒီကအခန်းကျဉ်းလေးတွေမှာ ဘယ်လိုမှ၊ဘယ်တုန်းကမှ
နေလို့မပျော်ဘူး။တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲ သူဌေးက
ကျွန်တော်တို့ကို အခန်းပြောင်းအုံးမယ်လို့ ပြောပြန်ပြီခင်ဗျ။
အမကွန်တို့တတွေ နွေးထွေး၊ပျော်ရွင်ဖွယ်
အိမ်ကလေးမှာ နေရပါစေဗျာ......

Anonymous said...

ဒို့လဲအိမ်ကိုလွမ်းသွားတယ်။။။
ငယ်ငယ်တုန်းကတော့ဝင်ဒါမီယာမှာနေတာလေ
၁၀ တန်းရောက်တော့ရွှေတောင်ကြားပြောင်းသွားတယ်
ကျောင်းတက်တော့လဲ အင်းလျားလမ်းထဲပြောင်းသွားပြန်တယ်။
နေရာတွေဘယ်လိုပြောင်းပြောင်း ကိုယ်နေခဲ့တဲ့နေရာတွေကတော့ လွမ်းစရာတွေချည်းပါပဲ။။။။
အဟက်ဟက်ဟက် :))))

T T Sweet said...

အစ်မရဲ့ အိမ်လေးတွေ အကြောင်း ဖတ်သွားပါတယ်။ မြန်မာပြည်မှာ ၃အိမ်၊ စလုံးမှာ ၇အိမ်တောင်ပြောင်းဘူးတယ်။ ကလီမန်းတီးတင် ၄အိမ်ပြောင်းနေရတာ။ အဲဒီအချိန်တွေပြန် သတိရလာတယ်။

YoungGun said...

လောလောဆယ် အိမ်မရှိသေးဘူး။ .. ဒါပေမယ့် အိမ်ကို သတိရအောင် လုပ်ပေးတဲ့ အိမ်ကို .. ကျေးဇူးတင်ပါတယ်။

Unknown said...

ဖတ်လို့ကောင်းတယ်အစ်မ။မမိုးချုပ်သင်းလိုဘဲဝိုင်ဝိုင်းရဲ့သီ
ချင်းနားထောင် ပြီးတယောက်ထဲငိုဖူးတယ်။

Anonymous said...

ပုထုဇဉ်တို့၏ အမြဲနေရမည့် စံအိမ်သည် အပါယ်လေးဘုံသာ ဖြစ်သည်ဟု နှလုံးပိုက်ထားဖို့ သင့်ကြသည်