Monday, June 7, 2010

revenge














ရန်ကုန်သွားပြန်ပြီ. ..တစ်ခေါက်.။ ကီလိုသုံးဆယ်ကို မသယ်ပြန်ဘူး။ အိတ်ကလေးတစ်လုံးဆွဲပြီးသွားတယ် ။ မုန်းစရာကြီး....ကိုယ့်အမျိုးတွေ အတွက် သယ်သွားပေးပါဆိုတာကိုလေးတယ်တဲ့ .... မင်းပိုက်ဆံအိတ်တွေ မလိုဘူး ။ ပိုက်ဆံအိတ်ထဲထည့်ဘို့ ပိုက်ဆံဘဲလိုတယ်လို့ပြောသေးတယ် ။ . မိန်းမတွေ သဘောနားမလည်ပါဘူး.












အဲသလို အပြောင်းအလဲလေးတွေ အာသာပြေလုပ်နေရတာကို.. အသစ်အဆန်းလေးတွေ သုံးချင်တာကို. ဒီပိုက်ဆံအိတ်က စကာပူက ညီမက ပို့ပေးလိုက်တာလေ .........လို့ပြောချင်တာကို. မိတ်ကပ်များမဝယ်ရပါဘူး ညီမ ပို့ပေးနေတာဘဲလို့ပြောချင်တာကို.......... နားမလည်နိုင်ဘူး.

ခက်သေးတယ် ။ ဘယ်လိုမှ HE ပေးလို့လဲမရဘူး ။ အဲဒါနဲ့ဘဲကျန်ခဲ့ပြန်ရော ။ စိတ်နာလို့ ခွင့်မယူလိုက်ဘူး ။ ပြန်လာရင် သွားမကြိုဘူး ။ နောက်တစ်ရက်လည်းခွင့်ယူပြီးမနိပ်ပေးဘူးလို့. မဟုတ်ရင်အဲဒါဆို ခွင့်နစ်ရက်ကုန်မယ်။ ကိုယ့်ခွင့်ကိုယ်စုထားပြီး ကိုယ့်ဘာသာဘဲကိုယ်ပြန်သယ်တော့မယ် တစ်ကယ်.


.


အပြန်ရထား.





ပလာတာ. တိုရှည်ဆိုင်ဘေး.




24 comments:

ကိုအောင် said...

ဟုတ်တယ် ပိုက်ဆံမလိုဘူး ပိုက်ဆံအိတ်ပဲ လိုတယ်၊
မိတ်ကပ် မလိုဘူး မိတ်ကပ်ဗူးပဲ လိုတယ်၊ အထာတွေ
ကို သဘောမပေါက်ရင် ရွာကို မြန်မြန်ပြန်လွတ်လိုက်
... :)

သူကြီးမင်း (တုံးဖလား) said...

ရန်ကို ရန်ချင်း မတုန့်နှင်းရာ.....းဝ)

မောင်မောင် said...

သြော် ဒါများလွယ်လွယ်လေး မသယ်ပေးချင်နေ
ကိုယ်ပြန်မှ ကိုယ်ဟာ ကိုယ်သယ်မှာပေါ့။ :)
ဟုတ်ဘူးလား မခင်ဦးမေ :)
ပေးမှာ က လဲ ကိုယ့် အမျိုးတွေချည်းဟုတ်ဖူးလားဗျ။
ဒီတော့ သူ့ အမျိုး ကို မပေးနဲ့ ပေါ့ ။ :)
ရန်တိုက်ပေးခဲ့ တယ်နော်။ :D

ကိုဇော် said...

အဲဒီလို မလုပ်နဲ့လေ. .
သူက အပြန်မှာ ကိုယ့်အတွက် သယ်လာမှာ မဟုတ်လား။ သွားမကြိုရင် မပေးဘဲ သူများကို ပေးလိုက်ဦးမယ်နော်. .
( ရန်တိုက်ပေးတာ . . . :P )

Steve Evergreen said...

ကိုမဆလာ့ကို စတိဆီတခါလောက် အလယ်လွှတ်လိုက်စမ်းပါ။ အဲဒီအထာတွေအပြင် အပိုလေးတွေပါ သင်ပေးလိုက်မယ်

ရွှေရတုမှတ်တမ်း said...

လောလောဆယ်သီးခံပါ ဂျီးတော်ရယ်..
ပြန်လာမှ ရန်ဖြစ်ပါ...လင်နဲ့မယား..ဆင်နဲ့နွား..တဲ့

ခြင် said...

အမ နှစ်ယောက်အတူပြန်တဲ့ အချိန် သူ့ချည်းပဲသယ်ခိုင်း..... နောင်ဂျိန်နောင်ဂျိန်.... (စဉ်းစဉ်းစားစား လုပ်ပါ... စတာ.... )

Moe Cho Thinn said...

မသယ်သွားတာ ကောင်းတယ် လို့ ဖြေတွေးပေါ့ မမ။ သယ်သွားရင် ကိုယ့်အမျိုးလက်ထဲ မရောက်ဘဲ သူ့ကောင်မလေးတွေ ပေးလိုက်ရင် ဘယ့်နှယ်လုပ်ပါ့..:))

Anonymous said...

မမ စိတ်ကောက်တဲ့ မျက်နှာလေး ကြည့်ရအောင်...

mie nge

Nyein Khant said...

Mr. Bean ---- Restaurant on Youtube:
http://www.youtube.com/watch?v=jquWO-0VkII

ချစ်ကြည်အေး said...

ဒါမျိုးတွေ သင်တန်းပေးနေတယ် အိမ်ကလူကြီးဆီကိုသာ လွှတ်လိုက်စမ်းဘာ...

နန်းညီ said...

“ဖိနပ်များ ဝယ်မစီးရပါဘူး.. နည အကိုတွေ အမတွေက All Star တွေ အမြဲဝယ်ပို့ပေးနေကြ”
:P

sosegado said...

ဘာလို့ မသယ်ချင်တဲ့ တကယ့်အကြောင်းကို လိုက်ရှာပေါ့၊ အရင်တုန်းကပဲ ကောင်းလိုက်တာဆို၊ ..ဆို …ဆို၊

Anonymous said...

ကာရာအိုကေကကောင်မလေးတွေ သွားပေးနေမှဖြင့်..
ယူသွားမပေးတာပဲကောင်းပါတယ်..မမရာ..




Xထုံ

Anonymous said...

sweet revenge

http://www.youtube.com/watch?v=vWNuRiOHkAk




အိမ်ကြီးရှင်တင်ထားတဲ့ ခေါင်းစဉ်မြင်ကတည်းက ဒီသီချင်းပဲ ခေါင်းထဲ
ရောက်လာတာ..



Xထုံ

Vista said...

မမပဲပြောတော့ ရုပ်ရှင်ထဲမှာ Brad Pitt လားဘယ်သူလည်းမမှတ်မိတော့ဘူး အိတ်လေးတစ်လုံးဆြွဲ့ပီးလေယာဉ်ပေါ်ပေါ့ပေါ့ပါးပါး
တက်သွားတာအားကျတယ်ဆို ... ဟွန်း။
ကိုမဆလာပြောတာမှန်တယ် .. ပိုက်ဆံပဲလိုတယ် ပိုက်ဆံရှိလို့ ကတော့ ဘောင်းဘီအိတ်ထဲထည့်ထားလည်းအဆင်ပြေတယ် ၊ ကဒ်လေးတစ်ကတ်သာလိုတယ်ကွယ်။

ဇွန်မိုးစက် said...

မမတကယ်ပဲ စိတ်ကောက်သွားတာလား။း)

သူရိန်မင်း said...

ဟုတ်တယ်။ မသယ်တာ ထောက်ခံတယ်။ ခရီးသွားရင် ၀န်စည်စလယ်တွေ သယ်ရတာလောက် စိတ်ရှုပ်စရာ မရှိဘူး။ ခရီးလည်းမတွင် ပြန်ဘူး။ သွားပေးပြန်ရင်လည်း အလာပ သလာပတွေ ထိုင်ပြောရဦးမယ်။ ဘယ်လောက်ပျင်းစရာ ကောင်းလဲ အစ်မရဲ့။ ပေါ့ပေါ့ပါးပါး ပိုက်ဆံတွေပဲ သယ်သွားလိုက်။ ဒီကျမှ လိုချင်တာ ၀ယ်ပေးလိုက်၊ :) ပြီးတာပဲ မဟုတ်လား။ တခါတလေ သဘောတရားတွေက တော်တော် ရှုပ်ပါတယ်လေ။ :(

Bino said...

Take one candy every 4hrs.

BINO

ကလူသစ် said...

ပြန်လှချည်လား။ ရိုးမှ ရိုးသေးရဲ့လား။ ငှဲ ငှဲ

Maung Myo said...

စာအုပ်မျက်နှာဖုံးက ကောင်မလေး လိုချင်တယ် ၀ယ်ပေးပါ ကြီးတော်ရေး)

ကိုအောင် said...

ဖုန်းလေးဘာလေး ဆက်ကြည့်အုံး၊ ကာရာအိုကေဆိုင်
ရောက်နေလား၊ ပန်းကုံးတွေ စွပ်နေလားလို့ ...း)

Unknown said...
This comment has been removed by the author.
Steve Evergreen said...

မမ အဲလောက် စုပ်ပဲ့ပြီး မီးမလာ ရေမလာတဲ့ နိုင်ငံကို ခဏခဏပြန်နေတာ ရိုးမှရိုးရဲ့လားတောင် တခါတလေ စဉ်းစားမိတယ်။ ရီးစားဟောင်းက အိမ်ထောင် မကျသေးဘူးလား