Thursday, July 29, 2010

ဘလော့ဂါရဲ့ည

ပင်ပန်းလို့ခဏအိပ်ပျော်ရာက နေကကုန်းရုံးထလာတယ်။ ညကို အိပ်ဖို့နမျောတယ် လုပ်ချင်တာတွေ ကများတယ်။ ဒီပုံနဲ့ဆို လုံးပါးပါးမယ်။ ရသမျှ ဘလော့ပိုစ်တွေ ကို မှီသလောက်လိုက်ဖတ်တယ်။ စီပုံးကို ဖတ်တယ်။ သွားနေကျလေးတွေဆီသွားပြီးအကဲခတ်တယ်။ ကွန်မက်တွေုကိုဖတ်တယ်။ ကိုယ်က မရောက်ပေမဲ့ရောက်လာတတ်တဲ့သူတွေ ကိုကျေးဇူးတင်ပါတယ်။

နိုင်ငံရေးဆိုတာဘာလဲဆိုတာမသိပေမဲ့ ဘလိုင်းကြီးဆဲဆိုနေတာမျိုးတော့လဲမလိုလားဘူး။ ဆဲတာ လို့မပြောချင်ရင်လဲပြောချင်ရာသာပြောပါတော့။ ဓါတ်ပုံတွေ ပြန်ကြည့်တယ်။ ကိုယ့်ဘာသာကိုယ်ပီတိဖြစ်တယ်။တင်ဘို့ကတော့မဝံ့ရဲပြန်ဘူး. ဓါတ်ပုံတင်ရင်ဲ မလာဘူးဆိုတဲ့သူတွေ ရှိသလို. စာရေးပြန်လဲ အပလာပါဆိုတဲ့သူတွေ ကြောင့်ခက်တယ်။ အစကတည်းက အပလာကြီးပါဆိုတာကိုလဲ လက်မခံကြဘူး အာပလာမှာလဲ အပလာဒုက္ခ ရှိတယ်။

ဘလောကတွေ လည်ဖတ်ပြန်တော့အမြင်မတော်ရင်ပြောချင်တဲ့ဝါသနာကြောင့်လူမုန်းတယ်။ ကိုယ့်ဘာသာကိုယ်ရေးတာကို ပရိတ်သတ်အတွက်ရေးတာပါဆိုတဲ့သူတစ်ချို့ကလဲရှိတယ်။ တင်မှ မတင်လိုက်ရရင်စားမဝင်အိပ်မပျော်တဲ့သူတွေ လည်းရှိတယ်။

ဘာဘဲပြောပြော ပြောချင်ရာပြော..ဖတ်ချင်ဖတ် မဖတ်ချင်နေ. ပြောစရာလူသိတ်မရှိတဲသူတစ်ယောက်အဖို့ ပြောချင်ရာပြောနေနိုင်တဲ့ဘလော့တစ်ခုပိုင်တယ်ဆိုတာ သိတ်ဝမ်းသာစရာကောင်းတာဘဲ ။ ဘောင်ထဲက နေဘို့တော့လိုအပ်တာပေါ့။

မှတ်ချက်
ရန်ကုန်ည နဲ့ mix လုပ်လိုက်တယ်။ မနေနိုင်လို့။







21 comments:

Unknown said...

ဓာတ်ပုံတွေ တင်ပါ အမရယ်....
ကျွန်တော်တို့က TZA ကို အလကား နောက်တာပါ။

Anonymous said...

ကောင်းပါတယ်။ ရေးချင်တာ ရေးရတာ။ ကျွန်တော့်မှာတော့ တမျိုးလုံး တဆွေလုံး ဘလော့ကို ဖတ်နေလို့ ရေးချင်တာတောင် မရေးရဘူး။

အမည်မသိ ခေတ်စာဆို :D

ကိုဇော် said...

ရေးချင်သာရေး အားပေးနေတယ်။
ပေါက်ကရ ရေးရင် ပေါက်ကရ အော်မယ်။
အတွေးကောင်းကောင်း ရေးရင် ကောင်းကောင်းပြောမယ်။ ဒါဘဲ. . ဟိုဟာကြက် ၊ ကျန်တာ အကုန် မန်ဒါလီ။

မပြောမဆိုနဲ့ နာမည်ယူသုံးထားမိပါသည်။

http://www.zaw357.net/2010/07/blog-post_29.html

Anonymous said...

ရေးချင်တာရေး..တင်ချင်တာတင်ပါ။
စိတ်ချ..
ဖတ်ချင်မှဖတ်....မှာ။
လေးစားစွာဖြင့်
bbq

နေ၀သန် said...

ဒီနေ့အတွေးတွေကိုသိပ်ကြိုက်စ်....း))

ခင်မင်တဲ့
နေ၀သန်

ကောင်းမွန်ဝင်း said...

မကွန်ရဲ့ ည
ခဏလာလည်သွားတယ်။

စိတ်သွားတိုင်းကိုယ်ပါသရွေ့ကတော့ လာဖြစ်မယ်ထင်တယ်။

ရေးရတာလည်းကြိုက်တယ်၊ ဖတ်ရတာလည်းကြိုက်တယ်။

Anonymous said...

ပုံကိုတင်ဖြစ်အောင်တင်လိုက်သေးတယ်..။


Xထုံ

myo said...

ပုံတင်တင် ဘာတင်တင် ကိုယ်ကြိုက်တာသာလုပ်မမ
ကိုယ့်ဘာသာစိတ်ချမ်းသာဖို့အရေးကြီးတယ်..
သူများတွေစိတ်ချမ်းသာအောင် လိုက်လုပ်နေရရင်ပင်ပန်းတယ်..
(ဘောင်ထဲက နေဘို့တော့လိုအပ်တာပေါ့။):D

မောင်မျိုး said...

အမယ် မယ် ကြီးတော် လေသံကနော် မာလိုက်တာ ပဲပြုတ်ရောင်းတဲ့ ဒေါ်အေးစိန်က အကြွေးမရောင်းဘူးလို့ပြောတဲ့လေသံနဲ့ ဖတ်ချင်ဖတ် မဖတ်ချင်နေတဲ့း)

ဟူတ်ကဲ့ ဘောင်ထဲမှာပဲနေပါတယ် အပြင်ထွက်ရင် ကြောင်ကုတ်မှာစိုးလို့ ။

:P said...

အာပလာ မှာလည်း အာပလာ ဒုက္ခ... ဟားဟားဟား.. ရယ်လိုက်ရတာ မမရယ်...။
.
.
စာကြောင်းကိုရယ်တာဖြစ်ပြီး KOM ကို အာပလာပြောခံရတာ ရယ်တာမဟုတ်ကြောင်း နားလည်မည် ထင်ပါ၏။

ပုံ/ အာပလာpif

Mon Petit Avatar said...

အာပလာ=Me
"ဘာဘဲပြောပြော ပြောချင်ရာပြော..ဖတ်ချင်ဖတ် မဖတ်ချင်နေ. ပြောစရာလူသိတ်မရှိတဲသူတစ်ယောက်အဖို့ ပြောချင်ရာပြောနေနိုင်တဲ့ဘလော့တစ်ခုပိုင်တယ်ဆိုတာ သိတ်ဝမ်းသာစရာကောင်းတာဘဲ ။ "It is just a precise expression of me and glad to know that I am not alone.

T T Sweet said...

ဟုတ်တယ်အစ်မ ... ဘလော့မှာရော ဖိုရမ်မှာရော ဖတ်စရာတွေ များလွန်းလို့ ညအိပ်ရမှာ နှမြောတယ်။ အဲဒါ တကယ်။ ပို့စ်တင်တိုင်း အစ်မလာလာဖတ်တာ သိတယ်။ တစ်ခါတစ်လေ တင်ပြီးပြီးချင်း ... ရောက်ရောက်လာတယ် ... အစ်မကွန်ဟာ ဘလော့တွေအတွက် ဖတ်အားလဲ အရမ်းကောင်းတဲ့သူတစ်ယောက်ဆိုတာ ထောက်ခံပါတယ်။

စကားမစပ် အပေါ်ဆုံးကပုံကို ကြည့်လိုက်တာ ပုံက၀ါးတာလား၊ သများမျက်လုံးက၀ါးတာလား မနဲပြန်စဉ်းစားရတယ်။ အဖြေက ၂ခုစလုံး ... ဟားဟား ...
ကျေးဇူးအစ်မ

ညိမ်းနိုင် said...

“ ပြောစရာလူသိတ်မရှိတဲသူတစ်ယောက်အဖို့ ပြောချင်ရာပြောနေနိုင်တဲ့ဘလော့တစ်ခုပိုင်တယ်ဆိုတာ သိတ်ဝမ်းသာစရာကောင်းတာဘဲ ”
ဟုတ်တယ်...ရေးချင်တာသာ ရေးကြပါ..။
ရေးသမျှကို လိုက်ပြီး ဝေမျှခံစားပါတယ်..။ကျွန်တော်လည်း
ရေးချင်တာရေးတာပဲ..။ဓာတ်ပုံတွေလည်း တင်သာတင်ပါ
တစ်ယောက်ထဲတော့ ပီတိမဖြစ်ပါနဲ့ အစ်မရယ်...။
ကျွန်တော်တို့လည်း မျှဝေပြီး ဝါးချင်ပါတယ်...(အဲမှားလို့)
မျှဝေခံစားချင်ပါတယ်လို့..။

သူကြီးမင်း (တုံးဖလား) said...

မျက်မှန်ဆိုင်ကြီးက မွဲမွဲကြီး။ အလှပြင်ဆရာမ ရုပ်ဆိုးနေသလိုမျိုးပေါ့။ မျက်စိကုပေးတဲ့သူ မျက်စိကန်းနေသလိုလို။းးဝ

ဖိုးတုတ် said...

ကောင်းလိုက်တဲ့ ပို.စ်လေး ၊ မမကွန် ရေးတာ အမှန်တွေပါ အစဉ်အမြဲအားပေးလျုက်


ခင်မင်စွာဖြင့်

ကကစ

Anonymous said...

ထိုင်း ရှပ်နီတွေက ဘန်ကောက်မှာ လမ်းတွေ ပိတ်ပြီး သပိတ် စခန်းဖွင့်ပါတယ်။ စီးပွားရေးတွေ ရပ်တန့်ကုန်ပါတယ်။
မြန်မာ သံဃာတော်တွေက သပိတ်စခန်း မဖွင့်ခဲ့ပါဘူး။ စီးပွားရေးတွေ မရပ်တန့်ခဲ့ပါဘူး။

၃။ ထိုင်း ရှပ်နီတွေ တောင်းဆိုတာကို ထိုင်းအစိုးရက လက်ခံစကားပြောပြီး ဆွေးနွေး ညှိနှိုင်းတာတွေ လုပ်ပါတယ်။ တီဗွီကနေ ရှပ်နီခေါင်းဆောင်တွေနဲ့ ဆွေးနွေးတာကို တိုက်ရိုက် ပြသခဲ့ပါတယ်။
မြန်မာပြည်က စစ်အုပ်စုကတော့ သံဃာတော်တွေနဲ့ ဘာမှ မဆွေးနွေးခဲ့ပါဘူး။

၎။ ထိုင်းအစိုးရက တိုင်းပြည်ကောင်းစားရေး ရှေးရှုပြီး ညှိနှိုင်းမှုတွေမှာ လျော့ပေးခဲ့တာတွေ လုပ်ပါတယ်။ ရှပ်နီတွေက မကျေနပ်ခဲ့ပါဘူး။
ြုမန်မာပြည်က စစ်အုပ်စုက တိုင်းပြည်ကောင်းစားရေးနဲ့ ပြည်သူလူထု အခက်အခဲတွေကို ဘာမှ မကြည့်ခဲ့ပါဘူး။ မိမိ ကောင်းစားရေး၊ အာဏာကို ဖြတ်လမ်းကနေ တည်မြဲရေး ကြည့်ပြီး တိုင်းပြည်မျက်နှာကို မထောက်ဘဲ အလျော့မပေးခဲ့ပါဘူး။

၅။ ထိုင်းအစိုးရက ဆန္ဒပြသူတွေကို ပြန်သွားဖို့၊ အကြမ်းမဖက်ဖို့ အကြိမ်ကြိမ် ပြောပါတယ်။ အဲလို အတွက် လူစုခွဲဖို့ အိမ်ပြန်ဖို့ ပြောပြီး၊ မပြန်ရင် လက်နက်သုံး ဖြိုခွဲရပါမယ် ပထမအကြိမ်မှာ ကြေငြာတာ ၁ ပတ် ကျော် ကြာပါတယ်။ ရှပ်နီတွေက မပြန်ခဲ့ပါဘူး။

မြန်မာ စစ်အုပ်စုက လူစုခွဲပါ မခွဲရင် ပစ်မယ် ပြောပြီး အချိန် ၁၀ မိနစ် ပေးတယ် ပြောပါတယ်။ ဒီနောက် အကြမ်းမဖက်တဲ့ သံဃာတွေကို အကြမ်းဖက်ပြီး ပစ်သတ်ပါတော့တယ်။ (စာသင်ကျောင်း တစ်ကျောင်းလွှတ်လို့ ကျောင်းသား ၁ ထောင်လောက် ထွက်လာရင်တောင် လူစုခွဲပြီး ကျောင်းကနေ အိမ်ပြန်ကြတာ ၁၀ မိနစ်မက ကြာပါတယ်။)

၆။ ထိုင်းအစိုးရက ပထမ အကြိမ် သေနတ်သုံး ဖြိုခွဲပေမယ့် ၂ ဖက် ပြန်ပစ်တာတွေရှိပြီး ဆန္ဒပြသူတွေရော စစ်သားတွေရော သေခဲ့ပါတယ်။ ၂ ဖက် တိုက်ခိုက်ကြတာပါ။

မြန်မာပြည်မှာ သံဃာတော်တွေက ပြန်ပြီး မတိုက်ခိုက်ခဲ့ပါဘူး။ သံဃာတော်တွေပဲ သေပါတယ်။ စစ်သားတွေ ဒဏ်ရာတောင် မရခဲ့ပါဘူး။

၇။ ထိုင်း အစိုးရက ဒုတိယ အကြိမ် ထပ်ညှိနှိုင်းပါတယ်။ ထပ်ပြီး အလျော့ပေးခဲ့ပါတယ်။ ရှပ်နီတွေက အဓိက နိုင်ငံရေး တောင်းဆိုမှုတွေကို ရခဲ့ပြီး လက်ခံခဲ့ပေမယ့် အရေးမပါတဲ့ အသေးအဖွားကိစ္စ အကြောင်းပြပြီး အိမ်မပြန်ခဲ့ပါဘူး။

အကြမ်းဖက် စစ်အုပ်စုက မြန်မာ သံဃာတော်တွေ ပစ်သတ်ခဲ့ပါတယ်။ ဆွေးနွေးမှု ဒီနေ့အထိ ဘာမှ မရှိခဲ့ပါ။

၈။ ထိုင်းအစိုးရက ဆန္ဒပြတာတွေ ရပ်ပြီး အိမ်ပြန်ကြပါ။ ဆွေးနွေးပွဲတွေ ဆက်လုပ်သွားပါမယ် ပြောတယ်။ ရှပ်နီတွေက မရပ်ခဲ့ပါဘူး။

အကြမ်းဖက် စစ်အုပ်စုက မြန်မာ သံဃာတော်တွေ ပစ်သတ်ခဲ့ပါတယ်။ ဆွေးနွေးမှု ဒီနေ့အထိ ဘာမှ မရှိခဲ့ပါ။

၉။ ဒုတိယအကြိမ် ထိုင်းအစိုးရ မရပ်ရင် ဖြိုခွဲပါရမယ်ပြောတယ်။ ၂ ပတ် အချိန်ပေးခဲ့ပါတယ်။ အိမ်ပြန်မယ့် လူတွေကို ကားတွေ စီစဉ်ပေးပါတယ်။ ကြက်ခြေနီတွေကို ဝင်ခွင့်ပေးပါတယ်။ သတင်းသမားတွေကို ဝင်ခွင့်ပေးပါတယ်။

အကြမ်းဖက် စစ်အုပ်စုက တကြိမ်တည်းမှာ ၁၀ မိနစ်ပေးခဲ့ပြီး လမ်းတွေကို ပိတ်ကာ မြန်မာ သံဃာတော်တွေ ပစ်သတ်ခဲ့ပါတယ်။ ကြက်ခြေနီ၊ သတင်းသမား ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးခဲ့ပါဘူး။

၁၀။ ထိုင်းရှပ်နီတွေက အိမ်တွေ၊ ကုန်တိုက်တွေ၊ ကားတွေ၊ ဘဏ်တွေကို မီးတင်ရှို့ခဲ့ပါတယ်။ အကြမ်း ဖက်မှုတွေလုပ်ပါတယ်။

သံဃာတော်တွေနဲ့ မြန်မာပြည်သူတွေက ဘာမှ မဖျက်ဆီးခဲ့ပါဘူး။ အကြမ်းမဖက်ခဲ့ပါဘူး။

၁၁။ ဆန္ဒပြပွဲ ဖြိုခွဲခံရ အပြီးမှာ ရှပ်နီခေါင်းဆောင်တွေကိုပဲ ထိုင်းအစိုးရက ရွေးချယ် ဖမ်းဆီးခဲ့ပြီး အခြား ပါဝင် ဆန္ဒပြပြည်သူတွေကို ကားတွေ စီစဉ်ပေးပြီး အိမ်ပြန်ပို့ခဲ့ပါတယ်။ အခု အထိ အဖမ်းခံရသူ ၁၀၀ မပြည့်သေးပါဘူး။

မြန်မာစစ်အုပ်စုက ဆန္ဒပြ သံဃာတွေအနီး ပတ်ဝန်းကျင်မှာ ရှိတဲ့ လမ်းဘေးက ကွမ်းယာသည်တောင် မချန်ပါဘူး။ အကုန် ဖမ်းပါတယ်။ လူ ၆၀၀၀ ကျော်ကို ဖမ်းဆီး ပြီး စစ်ဆေးခဲ့ပါတယ်။

၁၂။ ရှပ်နီတွေ ဆန္ဒပြတဲ့ စုစုပေါင်း ၂ လ ကျော် ကာလ အတွင်းမှာ သေဆုံးသူ ၁၀၀ မကျော်ခဲ့ပါဘူး။ ဖမ်းဆီးခံရသူ ၁၀၀ မကျော်ခဲ့ပါဘူး။ သေဆုံးသူတွေမှာ စစ်သားတွေ ပါခဲ့ပါတယ်။

သံဃာတော်တွေ မေတ္တာပို့ တောင်းဆိုရာမှာ သံဃာတော်များနဲ့ လူအပါအဝင် စုစုပေါင်း ၂၀၀ ကျော် ကို အာဏာရှုး စစ်အုပ်စုက ပစ်သတ်ခဲ့ပါတယ်။ စစ်သား တစ်ယောက်မှ မသေခဲ့ပါ။ လူ ၆ ထောင်ကျော် ဖမ်းခံခဲ့ရပြီး ဒီနေ့အထိ လူ ၅၀၀ ကျော် ဆက်လက် ဖမ်းဆီးခံနေရပြီး ပျောက်ဆုံးနေသူတွေလည်း ရှိခဲ့ပါတယ်။

အထက်ပါ အချက်တွေကတော့ ထိုင်း ပြည်သူ့အစိုးရနဲ့ မြန်မာ အာဏာသိမ်း စစ်အုပ်စုတို့ ကွာခြားချက်များသာ ဖြစ်ပါတယ်။

Anonymous said...

ကိုယ့်ဘာသာကိုယ်ရေးတာကို ပရိတ်သတ်အတွက်ရေးတာပါဆိုတဲ့သူတစ်ချို့ကလဲရှိတယ်။
စောင်းပြောနေသလို မျိုးပဲနော့
ခင်တဲ့
သားထူး

လသာည said...

ဘာပဲပြောပြော.. အစ်မကို အားပေးနေတဲ့သူတွေ အများကြီးပဲလေ..။ အစ်မကို သံဃောဇဉ် ရှိသူတွေပေါ့..။ စိတ်ညစ်နဲ့.. အစ်မနောက်မှာ အများကြီး ရှိတယ်။

သံဃောဇဉ်စစ်တမ်းလို့ သဘောထားပြီး ရေးသာရေး..။ အစ်မစစ်တမ်းမှာ အအောင်ပေးသူတွေကို ကြေငြာတဲ့အခါ လသာညကိုလည်း မမေ့နဲ့နော် အစ်မ..း))
အစ်မရဲ့ ရိုးရိုးလေး တွေးတဲ့အတွေးတွေကို သဘောကျသူပါ..။

Anonymous said...

အမကို နာမည်တပ်ပီးတော့တောင် အမရေးတဲ့ အရေးအသားကို အတုယူနေသူရှိတာ ဂုဏ်ယူလိုက်ဘာ...

ဂုဏ်ယူလိုက်စမ်းဘာာာ

Han Kyi said...

ဘလော့ဂါ တစ်ယောက်နဲ့တစ်ယောက်တော့ ရည်ရွယ်ချက်ချင်း ဘယ်တူနိုင်ကြမလဲလေ...ဘာပဲရေးရေး တစ်ခုခုတော့ ရပါတယ်...မရေးတဲ့သူထက်စာရင် ရေးနေတာ တစ်ခုခုပေးနေတာပဲပေါ့...

ဖိုးတုတ် said...

အာပလာကြီးရဲ့ ဒုက္ခတွေကို သိခွင့်ရမလား

တကယ့်တော့ သိပ်တော်တဲ့သူတွေက မာန်မာန မထောင်လွှားတတ်ဖူး ကိုယ့်ကိုကိုယ် နှိမ့်ချပြီး ရိုးရိုးအေးအေးနေတတ်တယ်

မမကွန်ကြီးလို လူမျိုးတွေကို ရည်ညွှန်းတာပဲဖြစ်မယ်

ကျွန်တော်တော့ မဟုတ်တာသေချာပါတယ်


ခင်မင်စွာဖြင့်

ကကစ