Sunday, September 19, 2010

a

လူထုဒေါ်အမာလဲမဟုတ်ရပါ။ သန္တာစမ်းက မမခင်လဲမဟုတ်ရပါ. မော်ဒယ်ဖြစ်ချင်နေပေမဲ့ မယ်တော်ဖြစ် သွား တဲ့ သူ............က........ဒီကလူရယ်ပါ။

စာတွေဖတ်တယ်။ဖတ်တယ် ကျောင်းစာကလွဲရင်အားလုံးဖတ်တယ်။ ဆိုင်းဘုတ်တောင်ဖတ်တယ်။မျက်စိကိုအနားမပေးဘဲဖတ်တယ်။ အိပ်နေရင်းဖတ်တယ်။ လမ်းသွားရင်းဖတ်တယ်။ ထမင်းစားရင်းဖတ်တယ်။ အိမ်သာထဲဖတ်တယ်။ လမ်းထိပ်က စာအုပ်ဆိုင်ကုန်အောင်ဖတ်တယ်။

ပင်နီစူလာမှာ လမ်းပြကြယ်မပေါ်ခင်ကတည်း ကတစ်ပါတ်တစ်ခါငှားဖတ်တယ်။ လမ်းပြကြယ်မှာ ဆက်ဖတ်တယ်။ ဖတ်ပြီးရင်းဖတ်ရင်းက ရပ်သွားတယ်။ ဘလော့ဘဲဖတ်တော့တယ်။ သတင်းစာတောင်မဖတ်တော့ဘူး.

အခုစာအုပ်တွေ မကိုင်ဖြစ်တာကြာပြီ။ ဟိုတုံးက မြန်မာဆိုင်ကနေ ထွက်သမျှ ဝယ်ဖတ်တယ် မဂွဇင်းအားလုံးနီးပါးဝယ်တယ်။ ကလျာ . မဟေသီ. ရွေအမြုတေ. ရယ်စရာ. သောကြာ……. စုံအောင်ဝယ်တယ် အားလုံးဖတ်တယ်။ ရန်ကုန်ကနေပြန်ရင် သယ်တယ်။ ပြန်ကာနီးစာအုပ်ဆိုင်ကို သေချာတစ်ခေါက်သွားပြီးဝယ်တယ်။ သယ်တယ်။ ဖတ်တယ်။ ခရီးသွားရင် စာအုပ်ကို ထူပေ့ဆိုတဲ့စာအုပ်ကို တမင်ဝယ်ပြီးသယ်သွားတယ် ဥ့ပမာ. စုံထောက်မောင်ထင်ကျော်တို့. မြန်မာဝတ္တုတိုပေါင်းချုပ်များ. အစရှိသဖြင့်.

ဟင်း. အခုသက်ပြင်းချမိတယ်။ အခု ဘာစာအုပ်မျ မဖတ်တော့………….။ မျက်စိက လေည်းတစ်သက်လုံးဖတ်လာတော့အနီးက အစောကြီးကထည်းကမှုန်သွားတယ် စာဖတ်ရင် မျက်မှန်တပ်ရတယ်။ နေတဲ့အိမ်က မီးလုံးကလေးတွေကလည်း နေနေတဲ့သူတွေ သိမှာပါ.ခေါင်မိုးပေါ်မှာ မီးလုံးက အုပ်ဆောင်းနဲ့အုပ်ထားတော့ အလင်းရောင်က ရှိသင့်သလောက်မရှိတော့.. စာဖတ်ရင်မျက်စိက အားစိုက်လာရတယ် ကွန်ပြူတာကတော့မီးအားကောင်းတယ် မျက်စိအားသိတ်စိုက်စရာမလိုဘူး. အဲဒီဆင်ခြေနဲ့ စာအုပ်တွေ ဖတ်အားကျလာတယ်။ တော်ရုံဇတ်လမ်းကတော့ ကိုယ့ိုကို ဆွဲဆောင်မှုမရှိနိုင်တော့ တာတော့အမှန်ပါဘဲ။ ဘလော့ကတော့နိုင်ငံတစ်ကာ ကလူတွေ ကို တွေ့ရမြင်ရတယ်။ ဘဝထဲပိုရောက်တယ် ။ ဘဝထဲက ဇတ်လမ်းတွေ ကိုဝတ္တူတွေ ကမလိုက်နိုင်တာရှိတယ်။ အဲဒါအားသာချက်ရှိတယ်။

ဖတ်ရင်းကနေ ပြောချင်လာတယ်။ ပြောမိရင်လဲ လူမုန်းများတယ်။ ဒါတောင် တတ်နိုင်သလောက်ထိန်းတယ်။ ညလဆ ကိုလည်း ကျေးဇူး ကိစ္စကို ဘာမှ မပြောပါဘူး ။ ကိုပေါကိုလည်း သွားသွားပြောပြီးဖျက်ဖျက်ပြစ်တယ် ။ ဆိုးတာပေါ့အစကတည်းက မပြောဘဲနေရမှာ. သွားပြောပြီးမှ အားနာလို့ဆိုပြီးပြန်ဖျက်တယ်။ မမရီတာတို့ဆွေးနွေးပွဲ ကိုလည်းသွားဖတ်တယ် .။မီးတွေမြင့်တာနဲ့နားမလည်တာနဲ့အသာလေးတိတ်တိတ်ကလေးပြန်လာတယ်။ ပန်ဒိုရာရဲ့ ဖဘမှာ dislike ပါသင့်မပါသင့်ကို အကြီးအကျယ်ဝင်ဆွေးနွေးကြတယ်။

အခုဖဘမှာ ထိုင်ဖတ်ရင်းနဲ့စိတ်ညစ်ပါတယ် ။ တစ်နေရာမှာ မက နစ်နေရာ သုံးနေရာမွှာ S ကို ပီပီသသကြီးတွေ အသံထွက်နေကြတာကို အံ့သြဘနန်းဖတ်ရတယ်။ toilet ထဲမှာ ကိုယ့်ကိုယ်ကို ဓါတ့်ပုံပြန်ရိုက်ပြီး တင်တဲ့သူရှိတယ်။ အရေးကြီးတဲ့အခန်းကတော့ မမိလိုက်ပါဘူး။ ဒါကိုလည်း မပြောဝံ့ပါဘူး ။ ငါဘဲ ခေတ်နောက်ကျနေပြီ ။ ခေတ်ဆွေးကြီးဖြစ်နေပြီ.။ ဒါ ခေတ်နဲ့အညီဖြစ်ပါလိမ့်မယ်လို့ ဆိုရအောင်ကလည်းသိတ်ခက်ပါတယ်။

အရှိကိုအရှိအတိုင်းမြင်စေချင်ပါသည်. (ဟောက်ဆာဂျင်ဘဝ) ဆိုတာကို ဖဘမှာဖတ်ရသလို အင်တာနက်ပေါ်မှာလဲ ဖတ်ရှုသုံးသပ်နိုင်အောင်တင်ပြပေးသူက တင်ပြပေးထားပါတယ်။ အင်တာနက်ပေါ်မှာ ပျံ့သွားအောင်ကူညီဆောင်ရွက်ပေးပါဆိုလို့ ကူညီသူကလည်းကုညီလိုက်ပါတယ်။

ကူညီသူကိုလည်းပြောချင်ပါတယ်။ ဆေးရုံဆေးခန်းခေါ်မသွာဲး ဘဲ အိမ်မှာဘဲ အသေခံလိုက်ဘို့ မှာထားမိတဲ့အကြောင်းဖတ်ရတဲ့အခါလည်း စိတ်ညစ်မိပါတယ။် နောက်တစ်ချိန်တော့ကြားလာနိုင်ပါတယ် ကျွန်တော်ကတော့မှာထားတာဘဲဗျာ အိမ်သူက ခေါ်သွားလို့ပါဆိုပြီး.......

စာရေးသူမှာလည်းရေးတဲ့သူအလျောက်တာဝန်ရှိပါတယ။် ကိုယ်ရေးသမျဟာ တာဝန်ရှိလွန်းလို့ သိတ်တွေးရင်းနဲ့ ဘာမှ မရေးဘဲနေလိုက်တော့တဲ့သူလဲရှိနိုင်ပါတယ။်

[[.အလုပ်သမားများအနက် အလုပ်ချိန်အများဆုံး အလုပ်သမားသည် ဆရာဝန်ဖြစ်သည်................
မည် သည့် အထူးကုကမှ DHF patient ကို့ hourly BP နင့် vital sign monitor လုပ်မပေးပါ..............
အ လုပ်သင် ဆရာဝန်များကြောင့်သာ ကလေး ငယ်များအသက်ရှင်ခြင်းဖြစ်၏..... ] ]

ဆိုသော statement များ. ကို မြင်ရသောအခါ သက်ပြင်းချမိ၏။ ရေးသူကရေးရွေ့ ဖြန့်သူကလည်းဖြန့်ပေး၏။

မှတ်ချက်
မြင်ရုံသာမြင်ရွေ့ ဖတ်ရုံသာဖတ်ပြီး ခံစားချက်မရှိသောသူ ………………….ငါဖြစ်လို၏။

22 comments:

ကိုအောင် said...

b ....း)

ကိုအောင် said...

အမကြီး ကျနော့်မိန်းမက မေးတယ်
Yangon Child (YCH) က လာတာလားတဲ့ ...။

မေပယ်လ် said...

ဉာဏ်မမီပါ..ဒါပေမယ့် ခုလို စာများများပါတော့
လာရတာ တန်တာပေါ့.။

သာမီးလေး said...

စာများများ ဖတ်ရတာ မျက်စိ မူးလယ် မာမီရယ် ခိခိ နောက်ဆို နဲနဲပဲရေး ဒါဗြဲ

သူကြီးမင်း (တုံးဖလား) said...

မမကွန်.. "အေ" တဲ့။ ကြောက်စရာကြီး။ :D

ကိုဇော် said...

စာဖတ်တာပဲ ဖတ်ချင်တာ ဖတ်ပေါ့။ အခု နောက်ပိုင်း ကွန်ပျူတာနဲ့ ပိုဖတ်ဖြစ်တာတော့ အမှန်ပဲ။ အခုတောင်မှ ipad လေး လိုချင်နေတာ ၂ ပိုင်းသေနေပြီ။ ( အို ၃ ပိုင်းကွာ ..ပိုပြောလိုက်တယ်။ )

တချို့တွေကတော့ အကောင်းတယ် လို့ ပြောမှ ကြိုက်ကြတယ် ဆိုပဲ။ ကျနော်ကတော့ တင်ထားတဲ့ စာနဲ့ ဆိုင်တာဆိုရင် လက်ခံတယ်။ မဟုတ်ရင်တော့ ဖျက်သင့်တယ်လို့ ယူဆတယ်။

ရေးချင်တာရေး...မရေးချင်နေ..ဒါပဲ။ ခံစားချက်ကတော့ နဂိုကတည်းက ခပ်ပျော်ပျော် ဆိုတော့ အတိုင်းအတာ တစ်ခုထိပဲ ရှိတယ်။

Anonymous said...

မှတ်သားသွားပါတယ်။
;))

ရွှေရတုမှတ်တမ်း said...

ဟုတ်ပါ့ ဂျီးတော်ရာ..စာအုပ်တောင်မကိုင်ဖြစ်တာ ကြာပြီ... မမြင်ဖူးသေးတဲ့ စာရေးဆရာ ဘလော့ဂါတွေရဲ့ စာတွေပဲ အလျင်မီအောင်မနဲဖတ်နေရတယ်..

:P said...

ဘာတွေလဲဆိုတာ ခုမှ ရေးတေးတေး သဘောပေါက် သွားတယ်.. မနက်စောစောဖတ်တုံးက ဘာမှန်း မသိသေးဘူး...။

"မြင်ရုံသာမြင်ရွေ့ ဖတ်ရုံသာဖတ်ပြီး ခံစားချက်မရှိသောသူ ဖြစ်လို၏" မလုပ်နဲ့ မမ....။
လုံးဝမဖတ်ပဲ နေချင်နေ၊ မနေနိုင်ရင် ဖိဖတ်ပစ် :P
လုံးဝမဖတ်ရင် လုံးဝ မသိ၊ စိတ်အနှောက်အယှက်လုံးဝ မဖြစ်၊

ဖိဖတ်ရင် စာအုပ်ကျေမယ်...အဲလေ... ဖိဖတ်ရင်.. ဖတ်ရင်းဖတ်ရင်း ဟုန်သွားမယ်... ပြောချင်ရာပြော ငါကတော့ အေးဆေး ဆိုသလိုဖြစ်သွားမယ်....။

ပုံ/ဆြာ.....

ညိမ်းနိုင် said...

လမ်းပြကြယ်ကို မရောက်တော့တာကြာပြီ...။ဘလော့ တွေ
တောင် နပ်မမှန်ဘူးဗျာ...အချိန်မရလို့...။အင်းးး တချို့ကိစ္စ
တွေကိုတော့ သူ့သဘောသူဆောင်တယ်လို့ သဘောထား
လိုက်ပါ အစ်မကွန်...၊စိတ်အနှောက်အယှက်ဖြစ်ရတာတွေ
ရှိသည့်တိုင်အောင် ကိုယ့်စီ မကပ်ညှိနိုင်အောင် ကြိုးစား
ရုံမှတပါး ကျွန်တော်တို့မှာ ဘာများတတ်နိုင်ဦးမှာတဲ့လဲ..။
ဆရာဝန်ကိစ္စကတော့ တိဝူးဂျာ...း)

Phyo Maw said...

သောကြာနေ့က ဂျူးတစ်အုပ်တောင် ဝယ်လာသေးတယ် ဖတ်ဖို့ဆိုပြီး။

Han Kyi said...

ဟောက်စ်ဆာဂျင်လေးတွေပြောတာ ဟုတ်တယ်အမရေ...ဖြတ်သန်းခဲ့ရတာပါပဲ...ဒါပေမယ့် ဆရာကြီးတွေရဲ့ ပညာတွေကြောင့်လဲ လူနာတွေ အသက်ရှင်တာကိုတော့ ကလေးတွေ သိထားသင့်တယ်လေဗျာ...ဘယ်သူကမှ ဘယ်သူ့ထက် ပိုအရေးမကြီးပါဘူးနော..

sosegado said...

ဆရာဝန်များကို အဆွေခင်ပွန်းဇနီးမယား မိတ်ဆွေ တော်စပ်ရသော ဒုက္ခသည် ကြီးမားလှပါတကား၊

Anonymous said...

အမ..ခုတလောရေးတာလေးတွေထဲက တချို့ကို ကြိုက်တယ်..
အဲလိုလေးတွေများများရေးပါ..အမ


မျိုးနပ်

Moe Cho Thinn said...

စာမဖတ်ဘဲ မနေနိုင်တော့ကာ ဖတ်တော့ ဖတ်မှာပါပဲ။ ချိုသင်းကတော့ လက်လှမ်းမီသလောက် ဖတ်ပါတယ်။ FB မှာတော့ friendship ကို အဓိကထားလို့ သူငယ်ချင်းတွေရဲ့ သာရေး နာရေး သိချင်တယ်။ ဘလော့ကိုတော့ အချိန်အားရင် ပြေးလာ ဖတ်တယ်။ ကိုယ့်ဖာသာကိုယ် ရွေးချယ်ခွင့်ရှိတဲ့ အခြေအနေမျိုးမှာ ဘာလို့များ စိတ်ညစ်နေမလဲ မမရယ်..

ခေါင်းစဉ်ကိုတော့ နားမလည်ဘူးဗျို့။ a ဆိုတော့ AIDS ထင်နေတာ.. ဘုရား ဘုရား မြင့်လိုက်တာ၊ မော့ကြည့်ရတဲ့ စာမျိုးဆိုတာ ဒါနေမှာ.. :)

TURN-ON-IDEAS said...

ဒီတစ်ခါ ဖတ်ရတာ သိပ်တော့နားမလည်ပါ။
နောက်တစ်ခေါက် ပြန်လည်ဖတ်ပါမည်...

အားကစားလဲ လုပ်ဖြစ်အောင် ကြိုးစားပါ အစ်မကွန်...

Gyidaw said...

DEAR,DEAR,OH!MY DEAR, Too high to understand ur title''a''.Thanks for sharing.

ညီလင်းသစ် said...

ဘဝထဲက ဇတ်လမ်းတွေကို ဝတ္ထုတွေက မလိုက်နိုင်တာ ရှိတယ်ဆိုတာ တကယ်ပါပဲ၊ စာကတော့ ကျနော်တို့လည်း ဖန်သားပြင်မှာပဲ ပိုဖတ်ဖြစ်လာတယ်။

Bino said...

ကိုယ်ရေးသမျဟာ တာဝန်ရှိလွန်းလို့ သိတ်တွေးရင်းနဲ့ ဘာမှ မရေးဘဲနေလိုက်တော့တဲ့သူလဲရှိနိုင်ပါတယ။်

Like me!

BINO

ကောင်းမွန်ဝင်း said...

မကွန်
အေ တူ ဇက် အကုန်ရေးသာရေးပါ။
အမုန်းဖတ်မယ်။

kma said...

ကိုယ်စတိုင်လ်နဲ့ ကိုယ်၊ ပိုနေမြဲ ကျားနေမြဲ ဆက်လျှောက်စမ်းဘာ.. Walk on!

T T Sweet said...

ဘဝထဲက ဇတ်လမ်းတွေ ကိုဝတ္တူတွေ ကမလိုက်နိုင်တာရှိတယ်။ အဲဒါအားသာချက်ရှိတယ်။

အဲဒါသိပ်မှန်တယ်အစ်မ။ တကယ့်အဖြစ်တွေ ဖတ်ပြီး ၀ထ္ထုတွေ ခံစားလို့မရတော့ဘူး။ စာအုပ်တွေ မဖတ်ဖြစ်တာကြာပြီ။