

အမျိုးတစ်ယောက်အလျှုကို ခပ်သုတ်သုတ်သွားဖြစ်တယ်။ မနက်မိုးလင်းကတည်းက run လိုက်တာအလှျှုလုပ်တဲ့နေရာကို နောက်ကျမှရောက်ဖြစ်တယ်။ သိမ်းတောင်သိမ်းနေပြီ.။ ကမန်းကတန်းနဲ့စား. ဘုန်းကြီးတရားဟောတဲ့အချိန်မှာယောင်ယောင် ယောင်ယောင်နဲ့အပြင်မှာနေ.ပြီးလုမှ အထဲကိုဝင် တရားနာ။ ပြီးတော့ပြန်ကြတယ်။ နေရာကတော့သိတဲ့သူသိကြမှာပါ။ ကားရပ်ရခက်တယ်။ ကားတွေများလွန်းလို့ရဲလာဖမ်းသေးတယ်။ နေကလည်းပူလိုက်တာ ခုန်ဆွ ခုန်ဆွ.. လျောက်ရတယ်။ ဓါတ့်ပုံတွေ ရိုက်တာနည်းသွားတယ် မောသွားတာနဲ့။



19 comments:
မမကွန်ကလဲ အနော်တို့ကိုတောင် လက်မတို့ ၀ူး
ပြီးလုမှ တရားသွားနာပြီး ဒန်ပေါက်နဲ့ အိုက်စပ်ခကလင် ဆွဲချင်တာပေါ့လို့
အောက်ဆုံးရဲ့ အပေါ်ပုံက
အဝါရောင်ထမင်းအချပ်လိုက်ကြီးတွေလား.
ဒါမှမဟုတ်..ဆန်နဲ့လုပ်တဲ့ မုန့်လား..။
အောက်မှာတော့ ကြက်ရိုးကြီးတစ်ချောင်းပါသေးတယ်.။
ထုံတယ်လို့ ဝန်ခံထားပြီးသား..။
ထုံတယ်လို ထပ်လာပြောရင် ထုလိုက်မှာ..။
ပုံ /
Xထုံ
အပေါ်ကလူပြောသွားတယ်..
ဒန်ပေါက်တဲ့..
ဟုတ်ပုံမရပါဘူး..။
Xထုံ
ဘယ်လို ဘယ်လို. . .
သွားပုံတွေက အမျိုးမျိုးပါပဲလားဗျ။
၁။ ခပ်သုတ်သုတ် ဆိုတော့ အဝတ်စနဲ့ သုတ်လိုက် သွားလိုက်ကို ပြောတာလား။
၂။ Run ( ရမ်း ) တယ် ဆိုတော့ ရမ်းပြီး လျှောက်တာလား။
၃။ ခုန်ဆွ ခုန်ဆွ လျှောက်တယ် ဆိုတာတော့ မျက်လုံးထဲမှာ မမြင်ပါ။ လက်တွေ့ လျှောက်ပြီး ဗီဒီယို အနေနဲ့တင်ပေးပါ။
လုံးဝကို မထုံသော ကိုနုံ....
ဒံပေါက် ထမင်းထည့်ပုံ အနုပညာ မဆန်။ :D
(မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ ခေါက်လိုက်သည်) :))
စားစရာပုံတွေ တင်တဲ့အထဲမှာ ဒီတခါ အညံ့ဆုံး...
စားချင်စရာတစက်မှမကောင်း..
အမ အဲဒါအလှူအိမ်မှာစားခဲ့တဲ့ ထမင်းပန်းကန်လား..
ဘုရားဘုရား..စေတနာပါပါရောထည့်ကျွေးတာလားဟင်..
အဲလို မလှမပ စားချင်စဖွယ်မရှိ ဖြစ်သလိုထည့်ပေးတာ အလှူအိမ်တဲ့လား
မြတ်နိုး
အဲလိုဒံပေါက်ဝါ၀ါလေးစားချင်တာ.. စလုံးကဒံပေါက်တွေက နီလို့ရဲလို့.. အရသာကလဲ ပြင်းမှပြင်းပဲ.. မကြိုက်ဘူး..
ဒန်ပေါက်ပန်းကန်ရှေ့က မဲမဲပြောင်ပြောင်က ဘာကြီးတုန်း ...
လက်ကောက်လိုလို ဘီးကုတ်လိုလိုကြီး။
မဆိုင်တာကို ၀င်ဆွမ်းကြီးလောင်းသွားသည်။း))
ဟင် မမ ကျန်စုပုံ ဒံပေါက် စားခဲ့တယ်ပေါ့၊ စားလို့ ကုန်လားဟင်....ဖျား ဖျား....
Click, Open Link in New Tab, Ctrl ++++ (ဟင်း...) Close Tab.
Click, Open Link in New Tab, Ctrl ++++ (အင်...) Close Tab.
Click, Open Link in New Tab, Ctrl ++++ (အို...) Close Tab.
Click, Open Link in New Tab, Ctrl ++++ (ဟာ...) Close Tab.
Click, Open Link in New Tab, Ctrl ++++ (ဪ...) Close Tab.
အစ်မ ဒံပေါက်ကလည်း တစ်မျိုးကြီးပါလား...
ကြက်ရိုးကြီး ကြည့်ပြီး ကျောတောင်စိမ့်တယ်...
အင်း...ဒါပေမယ့် သွားရည်ကျသွားတယ်ဗျ...
အထက်က မောင်ဝေး မှက်ချက်
အကြိုက်ဆုံးပဲ..ထပ်တူကျတယ်။
ကြက်သားဒံပေါက်လား ကြက်ရိုးဒံပေါက်လား
ဟုတ်ပ အစ်မရယ်...ဒန်ပေါက်က လူတကာပြောချင်စရာပဲ။
ကြက်ကလည်း အရိုးပဲတွေ့ရတယ်...။
မမ KOM ၏ အတွေးများ.....
ဘယ်ကလာ ဒံပေါက်...
နနွင်းနဲ့ ကြော်ထားတဲ့ ထမင်းကြော်...
စပျစ်သီးခြောက် - မပါ။
သီဟိုစေ့ - မထည့်။
ပဲစေ့များ - နာ့းသင်း။
ကရဝေးရွက် - စိတ်ကူးထဲတောင်မရှိ.. ထည့်ဖို့ ။
လေးညှင်းပွင့် - လိုက်ရှာဝယ်လို့ မရ။
(ဘုရား.. ဘုရား... မမကွန် ကုသိုလ်ရေးသာ သွားတာ... အကုသိုလ်က အတုံးလိုက်ပါဆယ်ဆွဲ လာမှာ သေချာတယ်။)
22 Sep 10, 21:58
kom: လက်ကောက်လိုလို ဘီးကုတ်လိုလိုကြီး။ က
22 Sep 10, 21:59
kom: နေကာမျက်မှန်လေ. ဟင်းဟင်း. ( ကိုယ်ကိုလှုပ်ခါ ရယ်သွားရင်းပြော. )
TTSweet: အော် အဲဒါ ညက်မှန်ကြီးကိုး ... မျက်လုံးတွေမကောင်းတော့ဘူးဆိုတာ ယုံပြီလား အစ်မကြီး ...
22 Sep 10, 22:47
TTSweet: ကိုယ်ကို လှုတ်ခါတဲ့ စတိုင်ကိုတော့ ကြိုက်သွားပြီ ... ရယ်ရလို့ ...
22 Sep 10, 22:46
အလှူကကျွေးတဲ့ အပြင်အဆင်က သိပ်မလှဘူးနော်။
မကွန်
ကျွန်မလေ တစ်ခါတစ်ခါ အလှူထမင်း၊ အလှူဟင်း သိပ်စားချင်တယ်။ ငယ်ငယ်တုန်းက အလှူတွေသွားစားရတာကို သိပ်သတိရတယ်။
အခုတောင် ဒန်ပေါက်အနံ့ ရလာသလိုပဲ။
Blurs shot made me blurred.
BINO
Post a Comment