Orchard ရောက်တယ်။ Somerset MRT ကနေတက်သွားတာ. ခါတိုင်းအပေါ်တက်လိုက်ရင် OCBC နဲ့ ဘဏ်နဲ့အတူ. Shopping center ရှိတယ် သိတ်မကြီးလှဘူး. .သုံးထပ်..ပြီးရင်လမ်းမဖြတ်ပြီးရင် ဘယ်တစ်ဘက် ညာတစ်ဖဘက်မှာ shopping centre နစ်ခုရှိတယ်. အဲဒီသုံးခုကိုပတ်လိုက်ရင် အတော်အချိန်ကုန်သွားပြီ. ပြီးရင်ဘာဂါ စားပြီးပြန်လာ.။
မရောက်တာကြာပြီ။









တစ်ယောက်ထဲပါဘဲ။ တစ်ယောက်ထဲသွားဖန်များလွန်းလို့ အဖော်ပါရင် တောင် နေတတ်ပါတော့မ လား အောက် မေ့မိတယ်။ ကိုယ့်စိတ်ကူးနဲ့ကိုယ် ဝင်လိုက်ထွက်လိုက်။ ငေးလိုက်မောလိုက်. လျောက်လိုက်နဲ့လျောက်တာ အတော်လျှောက်ဖြစ်တယ်။











မရောက်တာကြာပြီ။




မျက်စေ့လည်သွားတယ်။ စတက်ကတည်းက ဘယ်ဘက်ကိုတက်ရမှန်းတောင် မသိတော့ဘူး. အသစ်ပြန်ဆောက်နေတာတော့သိတယ။် နောက်ဆုံးတော့ ရောက်သွားတယ်။ shopping centre ထဲကို. အကြီးကြီးဘဲ။ ဘယ်သွားရမှန်းတောင်မသိ. ။နောက်ဆုံးတော့ ဟိုကြည့်ဒီကြည်နဲ့ လမ်းပေါ်ရောက်သွားတယ်။





တစ်ယောက်ထဲပါဘဲ။ တစ်ယောက်ထဲသွားဖန်များလွန်းလို့ အဖော်ပါရင် တောင် နေတတ်ပါတော့မ လား အောက် မေ့မိတယ်။ ကိုယ့်စိတ်ကူးနဲ့ကိုယ် ဝင်လိုက်ထွက်လိုက်။ ငေးလိုက်မောလိုက်. လျောက်လိုက်နဲ့လျောက်တာ အတော်လျှောက်ဖြစ်တယ်။









ဘာမှမစားဘူး… တစ်ဆယ်ဘိုးလေးထည် လျောပုဝါ နစ်ဆယ်ဘိုး ရှစ်ထည် ဝယ်တယ်။ ရန်ကုန်က ကိုယ့်အမျိုးပြောသလိုဘဲ. shopping သွားတာ. ဈေးတွေကကြီးတယ်။ ဘာမှ မဝယ်ရရင်လဲစိတ်မချမ်းသာဘူးဟုတ်. အဲဒါနဲ့ ဆပ်ပြာဘဲဝယ်နိုင်တာနဲ့ shopping သွားတိုင်း ဆပ်ပြာဘဲဝယ်ဖြစ်တယ်တဲ့ တို့လဲ အဲသလိုဘဲ အော့်ချက်သွားပြီး. တစ်ဆယ်တန်ဘဲဝယ်နိုင်တယ်။ ကျန်တာတွေ ဆိုင်ထဲတောင် မဝင်ဝံ့ပေါင်.။ ဒါဘဲ. ပြန်လာတယ် ပန်နီစူလာမှာ လွိုင်နွိုင်းမှာ မြီးရှည်သုပ်စားတယ်။ တောက်တိုမယ်ရဝယ်တယ် …..မြနန္ဒာမရောက်လိုက်ဘူး ဆွိရယ်. .


21 comments:
တစ်ယောက်ထဲသွားဖန်များလွန်းလို့ အဖော်ပါရင် တောင် နေတတ်ပါတော့မ လား အောက် မေ့မိတယ်။
ခွန်လည် အဲ့အတိုင်းဘဲ အစ်မရေ။ တယောက်တည်း နေတာများလို့ သူငယ်ချင်းအိမ်သွားရင် သူတို့ကပုံမှန် စကားပြောနေတာ ပေမယ့် ကိုယ့်အတွက် အရမ်းနားညည်းသလိုဘဲ.....
အဖော်ပါလာရင် အာရုံနောက်တယ်...
ကိုယ့်ဖာသာသွားတာ အကောင်းဆုံး..
လွတ်လပ်တယ်...
သွားချင်တဲ့နေရာကို သွား၊ စားချင်တာကိုစား၊ ထိုင်ချင်ထိုင်၊ ငေးချင်ငေး ဓါတ်ပုံရိုက်လဲ တားမယ့်သူ မရှိ၊
ဒီလို ဘ၀ပဲ လိုချင်တယ်...
အမှောင်ထုထဲက အလင်းစက်များ
မမ တယောက်ထဲ အောချတ်မှာ လျှောက်လည်ရင်း ဓါတ်ပုံတွေရိုက်နေတယ်ပေါ့လေ...
မိုက်တယ်...း))
မြီးရှည်မစားဖြစ်တာတောင် ..
အတော်ကြာနေပြီဗျ .. :P
အဲ့အစ်မကလဲ တစ်ယောက်တည်း လက်ဖက်ရေတွေသောက်ပြီး အေးအေးဆေးဆေး စိမ်ပြေနပြေထိုင်နေတာကိုး ... ထင်သွားတာပေါ့နော်။ ပို့စ်ဖတ်ရင်း ရင်တောင်နဲနဲခုန်သွားတယ်။ ဟုတ်များနေမလားလို့ ....
ဟုတ်တယ် ... တစ်ခါတစ်လေ တစ်ယောက်တည်း လျှောက် လှိမ့်ရတာ လွတ်လပ်တယ်။ အထူးသဖြင့် ရှော့ပင်းလို ဟာမျိုးပေါ့။
မရောက်တာ ကြာပြီ ဆိုတာ ရက်နဲ့လား ၊ စက္ကန့်နဲ့ တွက်တာလား။
အေးအေးဆေးဆေး သွားတာ ဆိုရင်တော့ တစ်ယောက်တည်းပဲ တွေတွေငေးငေး သွားတာ အကောင်းဆုံးပါပဲ။ နှစ်ယောက်ဆိုတော့လည်း သူ့ဝိုင်းဆွဲခိုင်းပေါ့ :P
ဆပ်ပြာတွေချည်းပဲ ဝယ်နေတယ် ဆိုတော့ အူလျှော်ဖို့ ထင်တယ် ဒါမှမဟုတ် ဟိုတစ်ခါလို အိမ်သာထဲ ချဦးမလို့လား။
ဝယ်စရာ မရှိလဲ အရေးမကြီးပါဘူး..အဓိက က ရောက်ဖို့ပဲလေ...shopping mall ကြမှ tester ရေမွှေးဆွတ်ပြီး.(စက္ကူဆွတ်ချင်ယောင်ဆောင်ပြီးလူဆွပ်တာ) ပြန်ထွက်ခဲ့တာပဲ
တစ်ချို.နာမည်ကြီး brand တွေတင်ထားတဲ့ဆိုင်တွေဆိုရင် ဈေးကသိပ်ကြီးလို. မ၀ယ်နိုင်မှန်းသိတော့ အထဲတောင်ဝင်ပြီး မကြည့်ချင်တော့ဖူး
မမကွန်က ဆပ်ပြာဝယ်တယ်ဆိုတော့ ကျွန်တော်ထက်ချမ်းသာတယ်လို.ဆိုရမယ် ကျွန်တော်တော့ ဘာမှမ၀ယ်ဖူး
ခင်တဲ့
Z
ဇွန်လည်း တစ်ယောက်တည်း သွားရတာကို ပိုကြိုက်တယ်။ ကိုယ့်စိတ်တည့်ရာ လျှောက်ကြည့်၊ ၀င်ကြည့်၊ ၀တ်ကြည့်နဲ့ ဟုတ်လို့။
အင်းးးး ဟုတ်ပ...အစ်မရာ....တစ်ယောက်တည်းထွက်ရဖန်
များတော့လည်း..တောင့်တမိသား...။းD
အော်ဒါနဲ့ မရောက်ဖြစ်တာက ဘယ်လောက်ကြာသွားပြီ
မို့လို့လဲဟင် ၃ရက်လောက်ထင်ပါ့
ဟုတ်တယ် မမကွန်ရေ...ရှော့ပင်က တစ်ယောက်တည်းထွက်တာပိုကောင်းတယ် ပါလာတဲ့သူကိုလဲအားမနာရတော့ဘူး...အေးဆေး ဟိုကြည့်ဒီကြည့်လုပ်လို့ရတယ်....
ဟားးးး ဟားးးးး အကျင့်တူတဲ့လူနဲ့ တွေ့နေပြန်ပြီ။
အပေါ်က ကိုကြီးကျောက် လိုပဲ ကျွန်တော်လဲ သွားစရာရှိရင် စတိုးဆိုင်ထဲဝင် ရေမွှေးဆွတ်ပြီး လစ်တာပဲ။ :P
“မိုးမှောင်သဲ ‘လ’မိုက်ရက်ထဲ ညကလဲခပ်မဲမဲ” ဆိုသလိုပုံမျိုးချည်း မြင်လေ့ရှိရာကနေ၊ လင်းလင်းကျင်းကျင်းပုံမျိုး မြင်ရလာ၏။ ကောင်း၏။ ဓာတ်ပုံပညာအဆင့်မြင့်လာ၏။ အဆုံးမတော့ ရောင်နီဦးကို မြင်ရချေပြီ။ နှစ်ကျပ်ခွဲတန် အုန်းသီးနှင့်သာဆိုလျှင် မြင်းကိုဂျိုတပ်ပေးသကဲ့သို့ ရှိချေတော့မည်။ စောင့်မျှော်အားပေးနေသည်။
ဒို့ကတော့ ခုဆို အဖော်သဟဲလေးနဲ့ အပြင် ဂျလန်းဂျလန်းထွက်တာကို မက်တတ်နေဘီ B-)
Thanks Daw KOM I just share Shawls price there n compare it in Geneva.I read n enjoy ur shopping round.I do window shopping sometime but i prefer walking alone,looking at squarels,feeding birds in lake.B Cool:) GYIDAW
တစ်ဆယ်ဘိုးလေးထည် လျောပုဝါကို ဘယ် shop ကဝယ်တာလဲဆိုတာလေး ပြောပြပေးပါခင်ဗျာ။
တစ်ဆယ်ဖိုး လေးထည် တန်သလားလို့.. ပနစူလာက ဒန်ဒါရီ မှာ တစ်ထည် ၁၂ကျပ်တဲ့။ အမျိုးအစားတော့ တူမယ် မထင်ဘူးဗျ။ ဘယ်ဆိုင်က ဝယ်တာလဲ သိချင်တယ်.. မေးလဲ ဖြေမှာ မဟုတ်ပါဘူး။ အိမ်က မာမားဖို့ ဝယ်ပေးမလားလို့ပါ.
ဒီ.ထက်ကောင်းတဲ.ပုံတွေရိုက်ပါအုံး
မကြာခဏလာလည်ဖြစ်ပါတယ်...
ဒေါ်ခင်ဖုန်းကြည်..........
ပြောင်းပြန်ပဲ.. ခုတလော ဘေးက တယောက်အမြဲပါနေလို့ အရင်လို တယောက်ထဲ မဂျလန်းတတ်တော့ဘူး ဖြစ်နေ..း(
တစ်ဆယ်ဘိုးလေးထည်က orchard က lucky plaza ကို orchard လမ်းမဘက်က နေဝင်လိုက်တာနဲ့အဝင်မှာဘဲ ကွက်လပ်ကျယ်မှာ နစ်ဆိုင်ရှိပါတယ်။ ပုဝါတွေ မျိုးစုံရောင်းတယ်။ တစ်ဆယ်ဘိုးလေးထည်. တစ်ဆယ်ဘိုးသုံးထည်။ တစ်ထည် ရကျပ်. တစ်ထည် တစ်ဆယ် တစ်ထည် ၁၅ ကျပ် ဈေးအမျိုးမျိုးရှိပါတယ်။ ဈေးကောင်းရင် အသားပိုကောင်းတယ်။ ပစ္စည်းကြာရှည်ခံတယ်။
ကျေးဇူးပါ မမ....ပြာ ပဝါတွေ ဝယ်ချင်နေတာ ဒီပြင့်နေရာတွေမှာ ဈေးကြီးနေလို့...:)
Post a Comment