ရန်ကုန်မှာ ညတိုင်းလိုလိုပိုက်ဆံထုတ်ရေရတယ်။ ဘယ်လောက်ရှိတယ်။ ဘယ်လောက်ကုန်တယ်. ဘယ်လောက်ကျန်သေးတယ်. အသေးစိတ်မဟုတ်ပေမဲ့ အကြမ်းဖျုင်းပေါ့. .။

တထုပ်ကို တစ်သိန်း. .ရှိတယ်။ ထောင်တန်. အသေးရှိတယ်။အ ကြီးရှီတယ်. အသေးကတော့ပိုသိမ်းလို့ကောင်းတယ်။ ပိုက်ဆံကို အမျိုးဆီကနေ နဲနဲစီ. တောင်းသုံးတာ အတော်ကုန်တယ်။

ပြီးတော့တစ်ခါ ပိုက်ဆံစီရတယ်။ တစ်ဆယ်တန်.နစ်ဆယ်တန်. ငါးဆယ်တန်. တစ်ရာတန်. နစ်ရာတန်. ငါးရာတန်. တစ်ထောင်တန်ကလေးတွေ ကို စီပြီးသေချာ တစ်ထပ်စီထားတယ။် လိုတဲ့အခါ လိုအပ်သလို ဆွဲထုတ်ပြီးပေးရတာပေါ့. တစ်ခါ တစ်လေ အကြွေ ရှာမတွေ့ရင် နစ်ရာပေးရမဲ့နေရာမှ ငါးရာတန်ပေးမိရင်နမျောရတယ်။

ညဘက်တွေ ပိုလမ်းထွက်ဖြစ်တယ်။ ဘာရယ်လို့တော့လဲမဟုတ်ဘူး နဂိုကတည်းက ညမအိပ်သူမို့လို့ ညဘက် ဆိုတော်တော်နဲ့မအိပ်တော့မနက်ဆိုရင်မနိုးးဘူး. နိုးပြန်တော့လဲ ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နဲ့ တော်တော်နဲ့အပြင်မထွက်ဖြစ်ဘူး. နောက်ကျမှ ထွက်ဖြစ်တော့ နောက်ကျမှ ပြန်ဝင်ဖြစ်တဲ့သဘောပါဘဲ။ နေ့လည်ဆိုပူတော့သိတ်လမ်းမသလားနိုင်ဘူး. ညနေဘက်တွေ လည်းအေးချမ်းတော့ ညဘက် ပိုနေဖြစ်တဲ့သဘော။

ညဘက်တွေ မှာ လူခြေတိတ်တယ်လို့ခံစားရတယ်ဆိုတော့ပဲုံမှန်ပါဘဲတဲ့. ။ အမျိုးတွေ ကပြောတယ်။ လမ်းတွေ ကတော့သိတ်ပြီး မလင်းလှဘူးဆိုတော့လင်းပါတယ်တဲ့.။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇတ်တော့ အေးချမ်းပါတယ်။

တစ်ရက်မှာတော့ အကင်ဆိုင်ထိုင်ဖြစ်တယ်။ စားချင်သောက်ချင်လို့ မဟုတ်ပေမဲ့ အေးအေးချမ်းချမ်းစကားပြောလို့ရတဲ့အနေအထားမို့လို့ဘဲ။ ဘာမှ လဲ သိတ် မစား ဖြစ်ကြပါ ဘူး ဟိုဟာလေးမှာလိုက် ဒီဟာလေးမှာလိုက် သဘောတရား လောက်ပါဘဲ။

စည်တစ်ခွက် ၇၀၀. X ၄ ခွက်. = ၂၈၀၀
ရေသန့် တစ်ဗူး ၄၀၀ ကျပ်.
ဝက်ထမင်းကြော် ၁၇၀၀ ကျပ်
ပေါင် -= ၁၅၀၀ ကျပ်.
သီးစုံ-- ၇၀၀ ကျပ်.
ဆိတ်သားကင်=၇၀၀x 2 = ၁၄၀၀ ကျပ်
န့ရိုး. = ၈၀၀ ကျပ်
ငါးတိုးဟုး= ၇၀၀ ကျပ်.
ပြည်ကြီးငါးဖုံး= ၇၀၀ ကျပ်
ရေညွတ်= ၁၀၀၀ ကျပ်

အမှန်ကတော့ဘာမှန်းမသိဘူး. ဒီလိုဘဲ ဟိုထိုးဒီထိုးနဲ့မှာတာဘဲ။ ဆိုင်ရှေ့သွားရပ်ပြီး လိုချင်တာ လက်ညှိုးထိုးပြီးရင် ပြန်လာထိုင်. ကင်ပြီးတာ ပန်းကန်လေးနဲ့လာလာပေးတာဘဲ။ စုစုပေါင်း ဘီယာ. + ရေ က ၃၂၀၀ ကျပ်. အကင်က ၈၅၀၀ ကျပ်. ။။ စုစုပေါင်း.၁၁၇၀၀ tax လား service charge လားမသိတာက ၁၁၀၀ ကျပ် အားလုံးပေါင်းတော့ ၁၂၈၀၀ ကျပ်. တစ်သောင်းသုံးသောင်းဘဲဆိုကြပါစို့။

25 comments:
အမေ့ဆီကတောင်းသုံးတာပဲ..
နယ္မွာဆိုောတ့ သံုးစရာ မယ္မယ္ရရမ၇ွိပါဘူး။
စက်ဘီးစီးတာများတယ်..။
တခါတလေ မြင်းလှည်းစီးတယ်..။
အသိမိတ်ဆွေလူကြီးသူမတွေသွားကြည့်တဲ့အခါ
ကွေကာအုပ်လေး ဟောလစ်လေးဝယ်ဖို့လောက်ပဲ။
ဒါလဲ အမေက တစ်ဖာလောက်ဝယ်ထားပေးတော့ တအိမ်သွား တထုပ်ဆွဲသွားရုံပါပဲ..။
Xထုံ
လူရှင်းတုန်းမို့..ထပ်ရေးပါရစေ..။
အိပ်တော့မယ်ဆိုတာ လာပြောတာပါ..။
နောက်တခါပြန်ရင် ကျနော့်ကိုခေါ်ပါ..။
လိုက်စားမလို့..။
နောက်တခါပြန်ရင် နယ်တွေဖက်သွားဖြစ်အောင်သွားပါ..။
နယ်မှာ..
လပိုသာတယ်..။
ကြယ်တွေစုံတယ်..။
Xထုံ
ရွှေပန်ဆိုင်းက စည်နဲ့ အကင်လေးကိုလွမ်းလိုက်တာနော်.... ရှလွတ်
ငါးထောင်တန်လဲ ပါဘူး။ ((((းးးး)))
မြန်းမိစ့် ဒေါ်လာတွေ ကောင်းကြောင်း ကြွားတာပေါ့.....
ငါးထောင်တန် ကျန်သေးသဗျ...
Xထုံလိုပဲလုပ်ပါ့လားဗျာ.... ကွေကာအုပ်လေး တစ်ပါကင်နဲ့  အလုပ်ကိုဖြစ်လို့  ... :D
အမှောင်ထုထဲက အလင်းစက်များ
အို...၂၀၀ တန်ကို ပေးစရာ မရှိလို့ ၅၀၀ တန်ပေးတော့လည်း ဘာဖြစ်လဲ။ လှူတယ်လို့ သဘောထားလိုက်ပေါ့။
ဒါနဲ့ အဲဒီလို လုပ်မယ် ဆို အနော့်ကို သတိရနော် အဟဲ။
ဟီးဟီး ဘီယာက ဘယ်သူသောက်တာလဲ ဟင်
သြော် ......... ရှိသူများတော့ သုံးနိုင်လိုက်တာ
ဒိုများမှာတော့ ကောက်ညှင်း အရက်ကိုတောင် ခွက်လှည့်
သောက်နေရတယ် ၊ အားကျတယ် ... အားကျတယ်
အားကျယုံပဲ တက်နိုင်တော့တယ်ကွယ် ။
မြန်မာပြည်က ဈေးကြီးနေတယ်ဆိုပေမယ့် အခြားနိုင်ငံတွေထက်အများကြီး ဈေးသက်သာပါတယ်...ကိုယ်စားချင်တာ မြန်မာအစားစာ အစုံရှိတယ် ဟင်းသီးဟင်းရွက်ပေါတယ်...လူမူဆက်ဆံရေး ပြေပြစ်တယ်...ရာသီဥတုအနည်းငယ်ပူတာပဲရှိမယ်..မြန်မာနိုင်ငံမှာ ၀င်ငွေအသင့်တင့်ဝင်တဲ့ လုပ်ငန်းတစ်ခုရှိရင် ဘယ်နိုင်ငံရပ်ခြားမှ သွားပြီးအလုပ်လုပ်စရာတောင်မလိုဘူး မျက်နှာငယ်စရာလည်းမလိုဘူး တိုင်းတစ်ပါးသား ခိုင်းတာလည်းလုပ်စရာမလိုတော့ဘူး...ရွှေနိုင်ငံမှာ လုပ်ငန်းတွေ တိုးတတ်ဖော်ထုတ်ပေးနိုင်တဲ့တစ်ချိန် သင့်တင့်လျောက်ပတ်တဲ့ခံစားမှုလစာ ရှိတဲ့အချိန် အမြန်ရောက်ပါစေလို့ပဲ ဆုတောင်းနေတယ်...
ကခ
မရေးတော့ဘူး နေမလို့...
အပေါ်က Anonymous ကို နည်းနည်းပြောချင်တာလေး ဖြစ်သွားတာနဲ့ ရေးလိုက်တော့မယ်...
ကျနော်လဲ မြန်မာပြည်ကို ပြန်ချင်တာ အရမ်းပဲ...
ဒါပေမဲ့ ကိုယ်တစ်ယောက်တည်း အဆင်ပြေနေရုံနဲ့ မပြီးဘူးဗျ...
ဥပမာ ရေ၊ မီး ကိစ္စ၊ ဆက်သွယ်ရေး၊ ရုံးကိစ္စတွေ... စသည်စသည်ဖြင့် နေရာတွေမှာ အဆင်ပြေပါ့မလား...
ကိုယ့်မျက်စိရှေ့ မတရားတာတွေ တွေ့ရင်ကော...
လူတွေ ကိုယ်တိုင်က ပြင်ကြဖို့လဲ လိုတယ်...
စနစ်ကလဲ မကောင်းတော့...
ပြန်နေချင်ပေမယ့်လည်းဗျာ...
ရန်ကုန်မြို့ကို ကုန်ရန်မြို့လို့ ပြောင်းခေါ်ရတော့မယ်ထင်ပါ့။ ဒါ့ကြောင့် မရောက်တာကြာ ရောက်ချင်၊ ရောက်စဉ် ကြာကြာမရောက်ချင်ဖြစ်ပြီး ပြန်ထွက်လာကြတာကိုး။ တချို့ပိုက်ဆံတွေပုံ ကြည့်ရတာ... ဟင်း... မပြောတော့ဘူး၊ မပြောချင်တော့ဘူး၊ သူများပြောတာတွေပဲ နားထောင်ကြည့်တော့မယ်။
သူဌေးဆိုတော့ ပိုက်ပိုက်တွေ ညတိုင်း ထုတ်ရေရတာပေါ့ :))
သူငယ်ချင်းသူဌေးတစ်ယောက်ကတော့ ပစ္စည်းတွေ အလုံးလိုက်ရောင်းတဲ့ ဒိုင်ဖွင့်ထားတာ ညညဆိုင်သိမ်းချိန်ကျ ပိုက်ဆံသိမ်းရင် ပီနံအိပ်ကြီးနဲ့ဗျ။
ငွေဖောင်းပွလွန်းအားကြီင်္းတော့ အသုံးမခံဘူးနော်။ ငယ်ငယ်က ကစားတဲ့ စက္ကူပိုက်ဆံတွေကျနေတာပဲ။ လျှောကနဲ ... လျှောကနဲပဲ ... ကုန်တာ ...
အမဘီယာဒူသောက်တာလဲဟင်။မြန်မာဘီယာဆိုကျွန်တော်
ကကြိုက်တာနော်နောက်တစ်ခါသွားရင်ခေါ်အုံး
ဗမာပြည်ကအစားအသောက်တွေ..တွေ့ရာမစားစေချင်ဘူးဂျီးတော်ရယ်..ကျနော် အသဲကင်ဆာဟာ အစားအသောက်ကြောင့် ၈၀% ပါတယ်.. ပြီးတော့ဈေးကြီးလိုက်တာ..အမေရိက ကုန်ဈေးနှုန်းထက်တောင်ကြီးသေး..ဒီမှာ ရေတပုလင်းကို ၁၅ပြား( ကျပ် ၁၅၀) လောက်ပဲရှိတာ၊ ဝင်ငွေချင်းတော့ ယှဉ်မပြတော့ပါဘူး..အားလုံးသိပြီးသားမို့..
ပိုတ်ဆံတော်တော်သုံးတာဘဲနော်။ သူဌေးပေါ့။
အဲလောက်ပဲ ကျတာလား။ ဒီလိုမှန်းသိရင် ပိုသောက်လိုက်ပါတယ်။ :)
အို...တို့တိုင်းပြည်က သူဌေးတိုင်းပြည်ပဲ သူများတွေမစီးနိုင်တဲ့ ကားတွေတောင်စီးကြတာ..
ဒီလောက်ငွေသုံးတာတော့များနော် ...
အစ်မကွန်...စည်တခွက် ၇၀၀ ခုရတော့ဘူးနဲ့တူတယ်ဗျ..။
မြန်မာပြည်မှာ ပိုက်ပိုက်သုံးရတာ တခုတော့ကောင်းတယ်
အထုတ်ကြီးကြီး သုံးရလို့...ဟီး..။ဒီမှာက ကိုယ့်ပိုက်ပိုက်
ကိုယ်တောင်မြင်ရတာမဟုတ်ဘူး...။ရေဖို့ကတော့ဝေးရော။
ရှားရှားပါးပါး တစ်ဆယ်တန်လေးတွေ ပြန်မြင်ရတယ်...ဒီမှာတော့ နှစ်ရာတန်တွေဆိုရင် ပုံပျက်ကုန်လို့ ပလတ်စတစ်နဲ့ထုပ်ပြီး သုံးနေရပြီ။ ဘယ်မှာပဲဖြစ်ဖြစ် ကိုယ့်ပိုက်ဆံအိပ်ကတော့ သတိရတိုင်းထုတ်ရေနေရတာပါပဲ...ဘတ်ဂျက်လဲ ဆွဲရပါများလို့ LCCI မှာတောင် နည်းပြဖြစ်လောက်အောင် ငွေစာရင်း နိုင်နေပြီ...
ဟင်းးးးးးးး(သက်ပြင်းချလိုက်သောအသံ)
ရန်ကုန်ပြန်ရမှာတော်တော်ကြောက်တယ်..
မြန်မာနိုင်ငံက သေဌေးဘဲ ဘာဝယ်ဝယ် သောင်းနဲ့ သိန်းနဲ့ 
ကျုပ်တို့ တောသူတွေကတော့ အသုံးစရိတ်တပတ် ၁၀ ဘဲ သုံးနိုင်တယ်။ (မှတ်ချက်။ ။
စတာလင်ပေါင် ၁၀ပေါင်)
အထဲမှာနေတဲ့သူများကတော့ အပြင်နဲ့ တခါမှ မယှဉ်ဘူးကြတော့... တို့မြန်မာပြည်ကသာ အကောင်းဆုံး အသာဆုံး.. အမွန်မြတ်ဆုံးလို့ကို စွဲကိုင်ထားတော့တာပဲ.... ဗြဟမ`စိုဟ် တရားလဲ အရှိဆုံးလို့ ထင်နေကြတယ်....ဒီလိုထင်နေကြတာ မှားနေတဲ့အတွက် စိတ်မချမ်းသာပါဘူး....
အဝေးကြီးကို တွေးရင်စိတ်မောတယ်...အများကြီးတွက် ပူပန်နေရင် စိတ်ပင်ပန်းတယ်..အကောင်းဆုံးကတော့ စိတ်ချမ်းသာသာနဲ့လောကဘ၀ကြီးကို ဖြတ်သန်းဖို့ပဲ..နောက်ဆုံးတော့ လူသားအားလုံးက သေရမှာချည်ပါပဲ
ကောင်းမြတ်
အကြွှေးစာရင်းတော့ ဟုတ်လောက်ဘူး အကြွားစရင်းတွေဟီး
Charged 10% of total consumables from customer as a tex.
Post a Comment