Monday, December 13, 2010

:hot:



















ဟုး…………..မောတယ်။


မနေ့က ဘူဂစ် ရောက်တယ်။ additional 15% discount တဲ့ . လူတော်တော်များတယ်။ ဝယ်နေကျတာဘဲ။ ဝယ်ချင်ပါတယ် ဘာဝယ်ရမှန်းကိုမသိတာ. Scholl သွားကြည့်တော့ ကိုယ်စီးတဲ့ဖိနပ်ကအောက်သွားပီ. New design တွေ ဖြစ်နေတယ်။ hush pupies ဘက်လှည့်တော့သုံးဆယ်ကျော်. တန်ပါတယ် ဝယ်ခါနီးစိတ်မဆုံးဖြတ်နိုင်ဘူး. နံပါတ် ၅လား ၆ လားဆိုတာကိုး ဝယ်ပြီးကာမှ မှားရင်လည်း နမျောစရာ..အေ...........ရှိတာ စီးလိုက်ပါဦးမယ် ဆိုပြီးပြန်ထွက်လာ.........ကျန်တာတွေ ကတော့ ကိုယ်မဝယ် နိုင်တော့ဘူး. ဝယ်နိုင်တာတွေလည်းမဝယ်ချင်တော့ဘူး လည်ဆွဲတစ်ဆယ်.. ကလိုးကလက်လေး တွေ ဟိုတုံးက တော့ အသေတိုးဝယ်ခဲ့တာပေါ့ အခုတော့လဲ ကိုယ့်ုကို ဆွဲဆောင်မှု ကင်းမဲ့နေတယ။်

ဖိနပ်. ပိုက်ဆံအိတ်. သိတ်များနေပီ.......ထီး.......များတာဘဲ အကျီကတော့ဘာဝတ်ဝတ် မလှတာမို့လို့ သင့်တင့်ရုံ ရှိရင် ပြီးတာဘဲဆိုပြီး နေနေတာဘဲ. ဘာမှ မဝယ်ဘဲပြန်လာတာ ဒီတစ်ခေါက်ဘဲရှိသေးတယ။်





















မြန်မာဆိုင်မှာတော့အတော်ကုန်တယ် စာရင်းရှင်းလိုက်တာ ငါးဆယ်ဝန်းကျင်မို့ လို့ကိုယ့် ဘာသာတောင်ကိုယ်လန့်သွားတယ်။ မျှစ်ချဉ်လဲဝယ်လာသေးတယ်။ ဟိုနေ့က မျှစ်ချဉ်နဲ့ဝက်သားလေး သူများဘလော့ (ရသာချို) မှာ တွေ့လိုက်တာ စားချင်သွားတယ်။ ဒါပေမဲ့ခက်တာက မျှစ်ချဥင်္ျက်ပြီးရင် အိမ်က တော်တော်နဲ့အနံ့မပျောက်တာ ဆိုးတယ်။ ဟင်းသွားဝယ်တာ က ၁၅ ကျပ်. ဂျာနယ်က ရန်ကုန်တိုင်း. 7 days. မော်ဒန်. ဈေးကွက်. စုစုပေါင်း ၇ ကျပ်.

ဒါဘဲ....


ဖရဲသီး




















ငါးဘတ် မွှေချက်






































ပြောင်းဖူးပြုတ်




















ငါးဖယ်ကြော်






































ပုဇွန်ခေါင်းအဆီ.




















တို့စရာ. နံနံပင်. ကြက်သွန်မြိတ်. ငရုတ်သီးစိမ်း




















မုန်လာဥချဉ်ရည်



















ငှက်ပျောသီး


30 comments:

Anonymous said...

နောက်ဆုံးတော့..
ငါးပတ်မွှေနှင့် ပုဇွန်ဆီ..
တခွက်စီဖြစ်စေသတည်း...

မိုးယံ said...

ဟွန့် ... ပူတယ်...

Rita said...

ငါးပတ်မွှေမှာ နံနံပင် အုပ်ရလို့လား
:think:

PAUK said...

ငါးဟင်းတိုင်းမှာ နံနံပင်ပါရတယ.် မဟုတ်လားး.။

ထွက်တိုင်းမဝယ်ပါနဲ့ မမရယ်..။
ထွက်ရတာတောင် ကံကောင်း..။
ဟိုကြည့်..ဒီကြည့်...ပြီး ပြန်လာပေါ့။
ဟီးးဟီး

pandora said...

ငါးပတ်မွှေကို စားချင်သွားတယ်
တကယ်ပါ

PAUK said...

ဟိဟိ..ပန်ပန်..
မလာတာ ကြာရော့...။


မမ
ခေါင်းစဉ်နဲ့ ပို့စ်လိုက်လို့ မမှီလို့ ထပ်လာဖတ်တယ်။

T T Sweet said...

အကျီကတော့ဘာဝတ်ဝတ် မလှတာမို့လို့ သင့်တင့်ရုံ ရှိရင် ပြီးတာဘဲ

အဲလိုမျိုးတွေးမိတာကြာပြီ အစ်မ။ ပိုက်ပိုက်တော့ အကုန်သက်သာတယ်။

khet myint myint said...

ဆိုင်ပေါက်ဝကို ကျောပေးပြီး ထိုင်တာကိုးး
ဒါ့ပြင် တစ်ဆိုင်ကနေ တစ်ဆိုင်ပြောင်းစားသေးတယ်

...အလင်းစက်များ said...

ပုဇွန်ဆီလေးနဲ့  ငါးဖယ်ကြော်ချားချင်တယ်... နံနံပင်လေးတွေအုပ်ထားတာ စားချင်တယ်...

ဝယ်ထားတာတွေများနေတာ ဘာလို့ များသိမ်းထားတာတုန်း... အလည်လာတဲ့သူတွေကို မဲဖောက်ပြီးပေးလိုက်ပါ့လား.... :P

ကိုအောင် said...

စားနိုင်သူတွေမို့ စားကြပါ စားကြပါ ...

ကိုဇော် said...

အင်္ကျီအကြောင်း ပြောသွားတာကတော့ ယုံပါတယ်လို့ . . .

Anonymous said...

wooooooooooooooooooooooow

Anonymous said...

SG also gonna b hit snow blizzard.U cooked n looked delicious:)gyidaw

ဖိုးတုတ် said...

ပြောင်းဖူးပြုတ်ကလဲ မပြုတ်ရသေးတဲ့ပုံပဲ ..

Have a great week.

Cheer & regards,

Z

8 users online said...

ငါးဘတ်မွှေချက်က စပါးလင်ချက်နဲ့ တူနေတယ်။ စပါးလင်များနေတယ်။
ပုဇွန်ဆီကို ဘာတွေနဲ့ ထည့်ချက်တာတုန်း။ ကန်စွန်းရွက်နဲ့လား။ ပုဇွန်ဆီမှာ နံနံပင်နဲ့ အုပ်စရာ မလိုပါဘူး။

Vista said...

မမ ငါးဖယ်ကြော်က ကြော်ခါစဖောင်းဖောင်းလေး နဲ့ ပြားကပ်သွားပီး ၂ပုံကိုး ဟားဟား

မောင်ဝေး said...

အောင်မယ်.. ကြက်ဥပြုပ်နဲ့ ထမင်းကြော်ကျွမ်းကျင်ရာထူးကနေ ဘယ်တုန်းက ခုန်ပျံကျော်လွှားလို့ အိုင်းရွန်းရှက်ဖ်အဆင့်ရောက်သွားမှန်း မသိလိုက်ရပါကလား? သပ်သပ်အချိန်ပေးပြီး ခဏခဏလာအကဲခတ်မှ မျက်ခြေမပြတ်ရှိတော့မယ်ထင်တယ်။

...အလင်းစက်များ said...

စလုံးက မီးမှန်ပုံမရဘူးနော်....... ပြောင်းဖူးက မပြုတ်ရသေး...၊ ဓါတ်ပုံဒွေက လိုက်တင် မကောင်းလို့  မှုန်.. . တော်တော်ဆင်းရဲတဲ့နိုင်ငံ ဖစ်ပုံရဒယ်... :D

မှတ်ချက်။.....။ ပိုစ့်ကိုသုံးသပ်မိခြင်း. :P

ညယံ said...

ှုငါးဖယ်ကြော်တွေပါလား။ရခိုင်မုန့် တီနဲ့ ဆို တော်တော်လိုက်မယ်။

ငြိမ်းစိုးဦး said...

စား စရာ ၊ အားထားပါ ...
ငြိမ်းစိုးဦး
nyeinsoeoo.multiply.com

နေ၀သန် said...

မခင်ဦးမေတို့ကတော့ ပိုက်ဆံကို လိုသလို သုံးနိုင်ပါပေ့ဗျာ.... အဲဒီလို ကုသိုလ်ကံကလည်း နည်းနည်းနောနောမှ မဟုတ်ပဲလေနော့....း))))).... (မရောက်တာကြာလို့ ထေ့လိုက်တာ... :D.. ဟဲဟဲ..ခွင့်လွှတ်တော်မူ..)

ခင်မင်တဲ့
နေ၀သန်

rose said...

အိုးးးးးးး မမခင်ဦးမေ ပုံတွေနဲ့ နှိပ်စက်ပြီ။ သရေကျလာပြီ။ စားချင်တာ။ ပုဇွန်ဆီပာင်းလေး အကြိုက်ဆုံးပဲ။ ရန်ကုန်မှာ ရှိတုန်းကဆို ရို့စ်က သိပ်ကြိုက်လို့ အမေ ခဏ ခဏ ချက်ပေးတယ်။ ဒီမှာတော့ ပုဇွန်ဆို ခေါင်းတွေ အကုန် ဖြုတ်ထားကြတယ် မုန်းးတာာာာာာား)

Sunny said...

အိ.. hot ဆိုလို့ ပူတဲ့အကြောင်းများလားလို့ ..
အခုတော့ အစားအသောက်တွေ ကြည့်ပြီး ဗိုက်ဆာလာပြီ.. ငါးဟင်းနဲ့ ပုစွန်ဆီက အကြိုက်တွေချည်းပဲ.. ဟိဟိ

Anonymous said...

ဟင်းတွေက စားကောင်းမယ့်ပုံ၊
ရှမ်းခေါက်ဆွဲ ကြိုက်တယ်လား၊
ဘာမှ မ၀ယ်ဖြစ်တဲ့နေ့ဆိုလဲ ပျော်တာပဲ၊
ဝယ်လာရရင်လည်း ၀ယ်ထားတာတွေ ပြန်ပြန်ကြည့်ရတာလည်း ပျော်စရာပါပဲ။

ညိမ်းနိုင် said...

ငါးပတ်မွေလေးစားချင်လိုက်တာဗျာ.......။

သက်ဝေ said...

ပုဇွန်ခေါင်းအဆီ မမ ဘယ်ကများရပါလိမ့်....း))

ဖိုးတုတ် said...

မမကွန်းက ၀ါးသလား ၊ စားသလားမမေးနဲ. ၊ စလုံးမရောက်ခင် မြန်မာနိုင်ငံမှာ အကောက်ခွန် ၀န်ထမ်းများလုပ်ခဲ့သလားမသိဖူးနော်

Anonymous said...

ဘလေါ၈ါမမတွေဟါ သူတို့လင် ဘယ်လေါက်တော်ကြောင်ူး တတ်ကြောင်း ဘယ်လို၈၇ုစိုက်ကြောင်း နဲ့ အ၇ျက်မ၇ျိကြဖူး...

ဘယ်လိုသဘေါထားကြီးကြောင်း ဘယ်လိုကူင်္ညကြောင်း ....
အိမ်နေ၇င်း ဘောလိမပါကြောင်း
ပညာတေိာသင်စု ဘယ်လို၇ကြောင်း ၇ွံတါ
အ၇င်ကတေါ့ဘယ်တေါမှါနေကြတယ်မသိ သေါက်စကါးပြော၇င် သေါက်ကြီးကြယ်ကျတယ်ေ၈ျာ်လီဆွေသမီးပြ ကေါင်ူတယ်

Steve Evergreen said...

ကြောင်စာလောက်လေးတွေ အံ့ဩစရာ

ပါရမီဖြည့်ဖက်လေး said...

ငါးဖယ်ကြော်စားချင်သွားပြီ။ ပုဇွန်ခေါင်းအဆီလည်း သိပ်ကြိုက်တာ။