Tuesday, December 21, 2010

MC shop


















ဆေးခန်းသွားတယ် (အစောကြီး.) ရှစ်နာရီဖွင့်မှာ ကို အစောကြီး ရောက်သွားတော့ လူနည်းနည်းဘဲ ရှိသေးတယ်။ စောစောသွားတော့စောစော အိမ်ပြန်ရောက်တာပေါ။ စောင့်တဲ့အချိန်ကလည်းရှိသေးတယ။် တစ်ကယ်ဖျားတာပါ. အဖျားသိတ်မများပေမဲ့ နာစေးချောင်းဆိုး လည်ပင်းနာ ထုံးစံအတိုင်းဆိုတော့အားကုန်တယ်။ အလုပ်သွားဘို့အားမရှိဘူး သွားရင်လဲခိုနေရမှာဘဲ ခိုလို့ကလဲ မရတော့ အရှင်းမသွားတာဘဲ ကောင်းပါတယ်။ ဖုံးတွေ အများကြီးဘဲ ခေါ်ရတယ်။ ငါဟာ အကောင်ပါလားဆိုတာ သိလိုက်ရတယ်။ ဒါမှ မဟုတ် တပည့်ကြီးလဲ ဖြစ်နိုင် တာဘဲ။ အားလုံးကို သတင်းပို့ရတာကိုး.. essential kom ပေါ့။ စလုံး ၂၀ ကုန်တယ်။





















ပြီးတော့ဆေးသောက်ပြီးအိပ်နေတယ်။ ဆေးခန်းကနေ သွားတိုက်ဆေး ၄ ဗူး ခြောက်ကျပ် နဲ့ဝယ်လာသေးတယ် မသုံးဘူးပါဘူး ပက်ဆိုးဒန့် လောက်ဘဲသုံးဘူးတာ.. တရုတ်သွားတိုက်ဆေးလဲ သုံးခဲ့ဘူးတာဘဲ သိတ်၈ျီးမများပါဘူး maid in USA လို့လဲရေးထားသေးတယ။် တန်တယ်ထင်တာနု့ ဝယ်ထားလိုက်တာဘဲ။ ပုပ်ကုန်မှ မဟုတ်.။ တို့ကိုကြည့်ပြီးစလုံးကလူတွေ ကပ်စည်းနဲလို့မထင်ပါနဲ့ ။ သူများတွေ က သထိန်းတွေပါ. တို့ကသာ ပိုက်ပိုက် မရှိတာ။


















ဟိုတစ်လောက ဟိုဘက်မှာ ဘီစကစ် ဝယ်စားသေးတယ် ဝယ်တုံးကတော့ဒီလိုပါဘဲ အထုတ်ဖောက်တဲ့အချိန်မှာ လူစုံတာနဲ့ တစ်ယောက် တစ်ထုတ်ပေးလိုက်တာ ချကခြင်းနီးပါးကုန်လုနီးပါးဖြစ်သွားတဲ့အခါဘီစကစ်ဘူး အောက်ခြေက ဘောက်ခြာလေးထွက်လာတယ။် ဝမ်းသာသွားတယ် ငါများ ကံစမ်းမဲပေါက်ပလားဆိုပြီး.










အမှန်ကတော့ကံစမ်းမဲ မဟုတ်ဘူး ကြက်ကြော်ဝယ်စားရင် အဲဒါထုတ်ပေးရင် သက်သာရာရမယ်။ ငါးကျပ်. အဲသလိုနားလည်တယ်။ အံမယ် ဒါဆိုရင် ငါ ခဏခဏ အထုတ်ဝယ်ပြီးသူများတွေ နဲ့စား အဲဒါကို ကြက်ကြော်သွားစား ဟန်ကျတယ်။ ထပ်ဝယ်ဦးမှ ဆိုပြီး……..ဒါပေမဲ့ တက်နဲ့လှော်နေကျအတိုင်း လှော်ကြည့်လိုက်ောတ့ ……. မှန်ဘီလူးလိုတယ် အဲဒီစာသားလေးတွေ ကို မမြင်ရဘူး. မှန်ဘီလူးအကူအညီယူလိုက်တော့မှ တွေ့တယ် ဘယ်နေ့ဘယ်ရက် အတွင်းသာ သုံးရန် နောက်ဆု့းရက်က အောက်တိုဘာတဲ့ .. ဒီဇင်ဘာမှာဝယ်စားမိတာ နာတာဘဲ။ ကြားထဲမှာ လောဘ မောဟဖြစ်လိုက်ရတာ အဖတ်တင်တယ။် အစကတည်းက ကိုယ်တို့မတွေ့ကြခဲ့ရင်ကောင်းမှာ............

20 comments:

Anonymous said...

how does photos and post relate?

...အလင်းစက်များ said...

ဂရုစိုက်လေဗျာ...... ညတွေနက် အိပ်ရေးမ၀ ကိုယ်ခံအားတွေကျကုန်ရင် ဘယ်ရောဂါမဆိုဝင်မှာပဲ... နောင်မပြောရစေနဲ့  .... အရိုက်ခံရမယ် သတိထား... ဟမ်.. ဆရာလုပ်လိုက်မိဘီ... :P

ကိုဇော် said...

စိတ်ဆိုးနေသောကြောင့် . . .
Comment မရေးပါ. .
ဒါဘဲ . .

မိုးယံ said...

အဲလဲံ အစကမတွေ့ကြရရင် အကောင်းသားတဲ့ မမကွန် ကဗျာဆန်နေပြန်ပြီ... ဆရာဝန်မမ ကျန်းမာရေး ဂုစိုက်ပါ..


အနော်တို့တုန်းကတော့ နေမကောင်းရင် ရေထောင်းသောက်တာပါပဲ...

Anonymous said...

ပြီးခဲ့တဲ့နှစ်ပတ်ကဘဲ ရေငွေ့ပေးတဲ့ စက်သွားဝယ်တာ
အိတ်ထဲမှာ ကူပွန် ရှိတာ ( ၁၀ ဖိုး ) မေ့ပြီး မသုံးခဲ့ရဘဲ အပြန် ရထားစီး လမ်းတ၀က်ရောက်မှ သုံးဖို့ သတိရ တယ်လေ ... ကိုယ့်ကိုယ်ကို ယူကျုံး မရ ဖြစ်နေတာ
မမကွန် ရေ ... ခုရော ကောင်းသွားပြီလားးးးးးး

mie nge

ရွှေရတုမှတ်တမ်း said...

အစက ဒို့မပြောလား...ကူပွန်ဆိုရင် expire ဖြစ်မှ လက်ထဲေ၇ာက်တတ်တာလို့

Sunny said...

မမ သက်သာလား..အိမ်မှာ ဂျာနယ်ဖတ်ပြီး အနားယူနေတယ်.. ဗိုက်ဆာတော့ ပလာတာစားတယ်.. အဲလိုလားဟင်.. ကူပွန်ကလည်း expire ဖြစ်သွားတာ နှမြောစရာ.. နောက်တစ်ခါ ထပ်ဝယ်စားကြည့်လေ မမ..

Anonymous said...

ဘောပင်လ်တွေလိုချင်တယ်။ သကြားပလာတာစားချင်တယ်။ အစကတည်းက တို့မတွေ့ခဲ့ကြရင်ကောင်းမှာ.. :P

မေဓာဝီ said...

maid in USA တဲ့ .. အတော်နောက်တဲ့ အမခင်ဦးမေ :)

ကိုအောင် said...

:P

Anonymous said...

(^ - ^)Take care.Gyidaw

Anonymous said...

နောက်ဆုံးတော့ အနားယူခွင့်ရှိသွားတာပါပဲလေ..

ဟောဒီက..
maid in ထားဝယ်

နေ၀သန် said...

:P.. ဟုတ်ပ.. အစကတည်းက မတွေ့ဖြစ်ခဲ့ရင် အကောင်းသား... :D

ခင်မင်တဲ့
နေ၀သန်

Anonymous said...

အစကတည်းက မ ဖတ့် ဖြစ်ခဲ့ရင် အကောင်းသား... :D

Anonymous said...

အမ လူနောက်



ပုံ

maid in home.... (ဗြဲ...)

ဆောင်း said...

ဘီစကစ်နဲ့ ပလာတာ မှားစားသလား

အုပ်ကြီး said...

အဆဂထဲဂ မတ်တွေ့ ဂျ ယင် အပ်ကောင်းဒါး ...:P

ညိမ်းနိုင် said...

အစ်မကွန်....နေကောင်းဝူးလား....။တိတ်ကဲ..ဗျိုးးးးးး။

Cameron said...

မမကွန်... ကျန်းမာရေးဂရုစိုက်...
အမတို့ရှော့ပင်ထွက်ချက်ကတော့ လက်မြှောက်ပါတယ် ဆေးခန်းပါမကျန်ဘူး... နောက်ဆုံးစာသားလေး အဆုံးသတ်လိုက်တာကို အကြိုက်ဆုံးပဲ...။

ဖိုးတုတ် said...

မမkom ရဲ့ အသက်က တဖြေးဖြေးကြီးလာပြီဆိုတော့ ကျန်းမာရေးကိုပိုပြီးဂရုစိုက်ပါဗျာ

ခင်တဲ့

Z