ဝမ်းနဲ့မလွယ်ပေမဲ့မွေးထားတဲ့သားတပည့်လေးတစ်ယောက်ရှိပါတယ်။ ဘလော့ရေးချင်လို့ ဆိုပြီး ယောင် လည်လည်နဲ့ ဘလော့လောကထဲအရောက်မှာ ဘာလုပ်ရမှန်းမသိလို့ ဆရာလာတင်တာမှာ ဖမ်းပြီး ဆွဲထား လိုက်တဲ့ချာတိတ်ကလေးပါ. ရိုးသယောင်တော့ လည်းရှိပါတယ်။ သူငယ်ချင်းလည်းသိတ်ရှိ ရှာပု့မရဘူး သူ့ဘာသာ ကျိတ်လုပ်. ချာလပတ်လည်. ဆရာ့ကို ဆရာတင် ဆရာ ကလည်းသိတ်လည်တာ မဟုတ်ပေမဲ့ ခပ်တည်တည်နဲ့ အခြေခံလောက်တော့သိပေသတော့ ဆရာလုပ်လို့ရနေပေသေးတယ။်
ဒါပေမဲ့လည်း အထင်မသေးဝံပါဘူး. လူတိုင်းဟာ နေရာတိုင်းမှာမ တော်နိုင်ကြသလိုနေရာတိုင်းမှာလည်း ညံမနေကြဘူး. နဲနဲလေးသိတာကို မျှပေးတာပါ. အန်မတန်မှ ရိုးစင်းတဲ့ကိစ္စပေမဲ့လည်း ဆရာမပြရင်ငပိဖုတ်တာတောင်နည်းမကျတာမို့လို့ ခရီးသွားဟန်လွဲ ကူညီလို့ရရင် ကူပေးလိုက်ကြမိမှာပါဘဲ.။
သူက ပိုစ်တင်တဲ့အခါမှာ အချိန်တွေ မကိုက်ဖြစ်နေလို့ကူညီကြပါဦးဆိုပေမဲ့ နေနိုင်သူ ကိုရွေပေါက်က လှည့်ကြည့်မှာ မဟုတ်လို့ ဆရာကဘဲ အကြံအဖန်လုပ်ပေးလိုက်ရပါတယ်။ ရှင်းပြလဲ အာပေါက်မှာမို့လို့ ဒါကလေးကြည့်ပြီးလိုက်လုပ်ဘို့အ ကြံပြု လိုပါတယ်။ ဒါမှ မရသေးရင် လဲ ဆက်လက် ရှင်းပြဘို့အဆင်သင့်ရှိပါတယ်။
တစ်ချို့ကတော့အချိန်တောင်တမင်လွဲတင်တတ်ကြသေးတယ်။ လူညာ၈ျီးတွေ . .. ..




သူ့ဘလော့တော့မညွန်းတော့ပါဘူး ကိုယ်မွေးထားတာလေးမို့လို့ပါ။
15 comments:
ဗဠော့ညွှန်းဒေါ့ သွားဖွပ် လို့ ရတာပေါ့ ဂျီးဒေါ်ဆရာရဲ့
မညွှန်းတော့ ဆရာကောင်းတပည့်ထံ မရောက်တော့ဘူး
2
Let me know, let me know, who is your pupil?
ဟဲ့! ဘလော့ဂ်အသစ်နဲ့ ကောင်ကလေး၊ နင့်မွေးစားမေမေ ဘလော့ဂါဆြာမကြီးပြောတိုင်း လိုက်လုပ်မနေနဲ့၊ အချိန်နာရီတွေ ဟိုပြောင်းသည်ပြောင်းနဲ့ တော်ကြာ နင့်ကွန်ပြူတာထဲက နာရီသံပတ်တွေပြတ်ကုန်ရင်၊ နာရီဆိုင်လဲ ကွန်ပြူတာမပြင်တတ်၊ ကွန်ပြူတာဆိုင်လဲ နာရီမပြင်တတ်နဲ့ နင်ဒုက္ခလှလှကြီးရောက်လိမ့်မယ်။ ‘သူမ’ က နင့်လိပ်စာမပြောဘူးဆိုလို့ ဒီမှာနင့်အတွက် စေတနာနဲ့ဝင်ပြောပေးထားတာ၊ အတတ်မဆန်းနဲ့ ကြားလား။
ပါဝါတက်အောင်လုပ်ပြန်ပြီ
>>
Craton
“. . . အချိန်နာရီတွေ ဟိုပြောင်းသည်ပြောင်းနဲ့ တော်ကြာ နင့်ကွန်ပြူတာထဲက နာရီသံပတ်တွေပြတ်ကုန်ရင်၊ နာရီဆိုင်လဲ ကွန်ပြူတာမပြင်တတ်၊ ကွန်ပြူတာဆိုင်လဲ နာရီမပြင်တတ်နဲ့ နင်ဒုက္ခလှလှကြီးရောက်လိမ့်မယ်။ . . .”
:)
လူညာကြီးတွေဆိုတာ မယ့်ကိုတော့ မရည်ရွယ်ဘဲ ထိတာပဲ :P
ဘယ်အချိန်တင်တင် ၉ ဂဏန်းကြိုက်လို့ ၉ နာရီပြောင်းထားတယ်ပါတယ်း))
အဲဒီအချိန်နဲ့နေ့ ပြောင်းတင်တာ ကျွန်တော်လဲ လုပ်တတ်ဖူးရယ် မှတ်သားထားအုံးမှ
မောင်ဘကြိုင်
ဟိတ်တယ်ဂျာ . . .
ဟိတ်တယ်. . .
ညာတဲ့ လူတွေကိုလည်း ဟိတ်တယ်။
တပည့်မွေးဂိုဏ်ထောင်မလို့လား၊ လိုင်စင်လိုတယ်
ရသွားပြီ မကွမ်း။ အရင်တစ်ခါ C Box တုန်းကလို ပဲ Time Zoneမှာ GMT+08:00 နဲ့GMT-08:00 လွဲနေတာ။ ပြင်လိုက်ပါပြီ။
Thanks again!
အစ်မကွန်....ကျွန်တော်လည်း ဆြာတင်ချင်ပါတယ်...။
ကန်တော့ပွဲလိုပါသလားခင်ည...:)
ဟုတ်ပါ့ ဒို့ ဘလော့တောင် ဟိုးတစ်ရက်က ကုတ်တွေ ပျက်ကုန်ဒါ ... အဲ့ဒါ သူဘဲ လာပြီး စောင်မကြည့်ရှုသွားဒယ်.... အဲ့ဒါ မကြာဘူး... ပြန်ကောင်းသွားရော..
(လူတိုင်းဆရာတင် မှန်ကြပါစေ) :P :P :P
တပည့်ဂျီးများတောင် ရှိပြီပေါ့။ တမူး ပိုရှူပါ မမရာ..
ကျနော်က အိမ်မှာ မှ မရှိတာမမရဲ့..။
လှည့်မကြည့်တာ မဟုတ်ရပေါင်ဗျာ..။
ဟီးဟီးး
Xထုံ
Post a Comment