
စနေတနင်္ဂနွေမှာ စလုံးမှာ မရှိတဲ့သူအတွက် စိတ်မကောင်းပေမဲ့ကိုယ့်အတွက်တော့ကိုယ်ဝမ်းသာမိတယ်။ ထမင်း မချက်ရတာ တယ်ဝမ်းသာ စရာကောင်းတာဘဲ . ဟောလီးဒေးဆိုတာ မဒေးဘူးလို့တောင်ခံစားရတယ်။ မနက်အိပ်ရာကထရင် ဘရိတ်ဖိတ်. နေ့လည်စာ နေ့ခင်းစာ ညနေစာ. ဘာမှ သာ ကောင်းကောင်ကန်းကန်းမစားရတယ် ချက်ရတဲ့ချာတူးလန်အဖို့မှာလဲ နားရတယ်မရှိဘူး. စားလို့သာမကောင်းတာ. တယ်စိတ်ကုန်စရာကောင်းတာကိုး။ ကိုယ့်အတွက်ကတော့ထမင်းအိုးတစ်အိုးရှိရင်ရပြီ. ထမင်းအိုးမရှိလဲရတယ် ကိုယ်မချက်ရရင်ပြီးတာဘဲ အားလုံးစားလို့ရတယ်။

နားတယ်ဆိုတာ အဲဒီတော့မှဘဲနားရတာဘဲ. ဘာမှ မချက်. ထမင်းအိုးလေးတစ်လုံးတည်လိုက်ရင် ဘဝကြီးက အေးချမ်းသွားပီ. အိပ်လိုက်စားလိုက် အင်တာနက်ရှေထိုင်လိုက်.

လမ်းထွက်မယ်လုပ်တော့မိုးချု့်နေပြီ. ရထားပေါ်ရောက်တော့ ညခုနစ်နာရီကျော်နြေ့ပီ. ဘာလုပ်ရမလဲ စဉ်းစားလို့တောင်မရတော့ဘူး ဘာဆိုင်ဖွင့်ဦးမလဲဆိုတာ မနည်းစဉ်းစားနေရတယ်။ အဲဒိတော့မှ လူကလည်းလန်းဆန်းနေလိုက်တာ. သွားချင်လိုက်တာ နေရာကိုစုံနေတော့တယ်။ သွားနေကျနေရာတွေဘဲပေါ့။

ဘူးဂစ်သွားတယ် ဟိုကြည့်ဒီကြည့် အချိန်သိတ်မရလို့ စိတ်ကူးယဉ်ချိန်မရလို့ပစ္စည်းမပါခဲ့တော့ဘူးဝယ်တယ်ဆိုတာကလည်း စိတ်ကူးလေးယဉ်ပြီးဝယ်မှသာလျင်ဝယ်လို့ကောင်းတာ။ ပိုက်ဆံအိတ်တေါ သွားကြည့်ဖိနမပ်တွေ စွပ်ကြည့်. အိတ်ကလေးတွေ ကိုင်ကြည့် နာရီကလေးတွေ ကိုင်ကြည့်ပြီး နောက်ဆုံးတော့ လက်နိပ်ဓါတ်မီးလေးလက် (ဟင်) ပါလာတယ။်

စီးတီးဟောပြန်ရောက်လာတယ်။ ခဥမ ဘယ်သူဆိုတာသာ မသိရင်ရှိမယ်။ ကိုယ့်ကို တော့ဆိုင်တိုင်းလိုလိုက မျက်မှန်းတန်းမိကြတယ်။ ဒီလောက်ဂဒီးရဒီးလာတာကို။ ဆိုင်ပေါက်စေ့ ဟိုဝင်ဒီထွက်လုပ်တယ် ဟိုဆိုင်နဲနဲ ဒီဆိုင်နဲနဲဝယ်တယ်.။ အပေါ်တက်လိုက် အောက်ဆင်းလိုက်လုပ်တယ်။ ဟိုဆိုင်ဝင်စကားပြော ဒီဆိုင်ဝင်စကားပြောလုပ်တယ်။

ခေါင်းသွားလျော်ပြန်တယ် အခုတစ်လောလှချင်နေတယ်။ လူကို သလို့မရတော့ဆံပင်ဘဲသွားသနေရတဲ့သဘောဖြစ်နေတယ်။ အဆင်ပြေပါသလားတဲ့ဆိုင်ရှင်ကမေးတယ် အဆင်ပြေပါတယ် မပြေတာ တစ်ခုဘဲရှိတယ် အားနာလို့မပြောခဲ့ဘူး ခေါင်းလျော်တော့ရေနွေး (ပူ)နဲ့လျှော်ပေးတယ် လျော်ပေးတဲ့သူကိုသုံးခါတိတိပြောတယ် အစ်မ ရေနွေးမကြိုက်ဘူး ရေအေးနဲ့လျော်ပေးပါဆိုတာာကို ပြောတိုင်းမှာ အင်းလို့ပြောပြီးရေနွေး(ပူ)ဘဲခေါင်းပေါ်ရောက်လာတယ်။ သက်ပြင်းသာချမိတော့တယ်။

ငါဝတ်လည်တာနေမယ်လို့စဉ်းစားတယ် တစ်ခါတစ်လေ ကိုယ်အ့လုပ်ထဲကလူတစ်ချို့ကကိုယ့်ကို သူတို့လိုချင်တာတွေ အများကြီးတင်ပြကြတယ် ကိုယ်လည်းနားအေးပါေးအေး အေးအေးလို့ပြောပြီးအရေးကြီးတာလောက်ဘဲ လုပ်ပေးပြီးသေးသေးလေးတွေ ကို မသိချင်ယောင်ဆောင်နေလိုက်တယ် အဲသလိုဖြစ်နေပြီ. စဉ်းစားလို့ကိုမရဘူး.။ စိတ်ပေါက်ပေါက်နဲ့ အိမ်ရောက်ရင် ခေါင်းပြန်လျော်ဦးမလို့ ဒရိုင်ယာလုပ်ထားတာ ကို နမျှောနေတာနဲ့ အဲတာ ကိုယ်မလုပ်တတ်ဘူးလေ။

ဒါပေမဲကလဲ မနက်ဖြန်တော့ပြန်လျော်ရင်လျော်လိုက်တော့မယ်။ တစ်ခါတစ်လေ ကိုယ်ကလဲ ဂျီတယ်။ ခေါင်းလျော်တာ ခေါင်းပူလို့ခေါင်းလျော်တာပေါ့ ခေါင်းကခြောက်တယ် စဉ်းစားရတာတွေ တွေးတောရတာတွေ ပူတယ်။ ရေအေးနဲ့လောင်းမှ ခေါင်းအေးတယ်လို့ထင်တယ်။ ရေနွေးနဲ့လောင်းတာ ခံစားလို့ကိုမရဘူး.။ ဆံပင်သန်ဆေးလေးထည့်လိုက်မယ်နော်ဆိုပြီး ဘတ်ဘတ်ဆို ဆေးလာဖြန်းသွားတယ်။ ဒေါ်ဂျီက အနံ့ကို sensitive ဖြစ်တယ။် ရေမွေးကြိုက်ပေမဲ့ အနံ့တွေ ကိုမကြိုက်ဘူး. ခေါင်းလိမ်းဆီတို့ deodorant တို့ကို အနံ့မပါတာကိုမှရွေးဝယ်တယ်. (ဒါတွေ ဘာဖြစ်လို့ပြောနေတာလဲအစ်မရယ်လို့) ဆိုမဲ့သူတစ်ယောက်ကို သတိရတယ်။ မတတ်နိုင်ဘူးလေ. ပြောရမဲ့သူမှ မရှိဘဲ။ စကားကပြောချင်နေတာ. ကိုယ့်ဘာသာကိုယ်ချရေးရတော့ရင်ပေါ့သွားတောပါ့

. (ကျွန်တော်တို့အတွက်ကတော့စားတာတွေ လောက်တော့တင်ဘို့မလိုအပ်တော့ဘူးဆိုတဲ့သူတစ်ယောက်လဲရှိသေးတာဘဲ ကိုယ့်ဘဝနဲ့ကိုယ် သူ့ဘဝနဲ့သူပေါ့ကွယ်။ ကိုယ်တွေ လည်းမင်းလို လူတွေ ကြားထဲရောက်လာတဲ့အခါ. ).
လူတစ်ချို့က လှိုဝှက်တတ်ကြတယ် တစ်ချို့က ပွင့်လင်းကြတယ်။ တစ်ချို့က ပွင့်လင်းသလိုနဲ့လှို့ဝှက်ကြတယ်။တစ်ချို့က ရူးသလိုနဲ့ ယဉ်ကျေးကြတယ်။ တစ်ချို့က ယဉ်ကျေးသလိုနဲ့ ဓါးနဲ့ထိုးတတ်ကြတယ် ဘယ်လူလူတွေလဲဆိုတာ ..

ပဲကြော်အတုကြီးလို့ပြောတာ စိတ်မရှိပါနဲ့ ပဲံကြောဆိုတာ အဲသလိုဘဲ လို့မြင်နေလို့ပါ. ဖဘထဲက ပဲကြော်က ဖြူနေလို့ပါ။

စီတီဟောကပြန်လာပြီးအိမ်ပြန်မလာချင်သေးဘူး ရထားပေါ်ကဆင်းပြီးကာမှ မပြန်ချင်သေးဘူးဆိုပြီး ပြန်တတ်သွားပြီးဘာလ်ုပရမလဲ အကြံထုတ်တယ် ဟမ်ဘတ်ကာ ဆိုင်ရောက်သွားတယ် ၂၄ နာရီဖွင့်သည်လေ. တော်သေးတာပေါ့။ ထိုင်တယ်။ ဟိုစဉ်းစားဒီစဉ်းစားရင်းနဲ့ထိုင်စားတယ်။ နော်မန့်ကိုတော့အားနာသား.။ ဆောရီး.။

၁၂ ကျော်ပြီဆိုရင်တော့လည်းအိမ်ပြန်ဘို့သင့်ပြီပေါ့။

13 comments:
မမ တော်တော် ပျော်နေတယ်ပေါ့ ထမင်းဟင်း မချက်ရလို့ ကူပြီးပျော်သွားတယ်နော် ဟုတ်တယ် ထမင်းတအိုးရှိရင် ရပြီ မချက်ရရင်ပြီးရောပေါ့
mie nge
ပျော်နေတယ်ထင်ပေမယ့် ဆက်ဖတ်တော့ စိတ်က အင်တင်တင်ကြီးမှန်း သိသာနေတယ်....
နင်တို့အချစ်ကိုငါမယုံတော့ချေဆိုလို့ အပေါ်ယံ မဟုတ်တဲ့ ထါဝရချစ်ခြင်းများစွာဖြင့်...
မမက မကြင်နာတော့ပေမယ့် မမရဲ့ ပိုစ့်တိုင်းကို ဖတ်ပြီး နောက်ရေးမယ့် စာတွေ မြော့နေသူတဦး
ခမမပဲ တမ်းတမနေပါနဲ့။ ။ အခုဒီကွန်မန့်ရေးသူကို ဘယ်သူလဲ သိမယ်ထင်ပါတယ်လေ။ xx
အဲဒီ့ ထမင်းကို အိမ်မှာကို မစားချင်တာ ရှင်းရော။
ဓါတ်မိအောင် ဓါတ်မီး ဝယ်တာလား ???
စိတ်ထွက်ပေါက်အနေနဲ့ လျှောက်သွားနေတယ်ပေါ့....။ မမတို့တော့ ထမင်းမချက်ရလို့ ပျော်နေတာ..... ကောင်းတာ.....။ ဒီနေ့တော့ ရုံးပိတ်လို့ ထမင်းချက်စားမယ် မမရေ....။ လာစားပါဦး။း)
ကိုဇော်ပြောသလို ပဲ ဓါတ်မိအောင် ဓါတ်မီး ဝယ်တာလား မမခဥမ
မမအာဝါး
နေပါဦး . . ထပ်မေးလိုက်ဦးမယ်။
အခု ရေးထားတာနဲ့ ခေါင်းစဉ် 8p နဲ့ ဘာဆိုင်သတုံး . . . ပြော . . အခုရှင်း။
( ညစ်ညစ်နဲ့ လျှောက်ရမ်းပစ်မှာနော် )
မမကွန်က ဗစ်ပြန်လာတာနဲ့ စီဘောက်ကို ဖြောက်ထားတာ ဘယ်တုန်းကတဲက မသုံးစေချင်နေမှန်းမသိဘူး
ဒို့များ တဝမ်းတခါးအတွက် အလုပ်ထဲရောက်နေလို့ပါဂျာ.. ဒီက သတိတရနဲ့ မတ်စိပြန်ပို့ပါတယ်ဗျ...
LED ဓါတ်မီးလေးတွေ မူစတာဖာ မှာ ၂ကျပ် ၆၀ဘဲ ရှိတာ ၅ကျပ် နဲ့ ၀ယ်လာတာလား ... သွားပြီ။
အပနား
မမကွန်းရဲ့ အပင်ဓါတ်ပုံတွေက အရမ်းကြည်လင်ပြတ်သားတော့ အရမ်းအံ့သြမိတယ် ၊ စလုံးက လမ်းနဲ. အဆောက်အဦးတွေပုံတွေကတော့ ၀ါးနေတယ် ၊ မမကွန်းကြောင့်မဟုတ်ပါ ၊ စင်ကာပူက လျပ်စစ်မီးတွေမကောင်းလို.ပါ ၊
မမကွန်းကြီးရဲ့ လွတ်လပ်မူကြီး အဓွန်. တည်ပါစေဗျာ
ခင်တဲ့
Z
“စကားကပြောချင်နေတာ. ကိုယ့်ဘာသာကိုယ်ချရေးရတော့ရင်ပေါ့သွားတာပေါ့”
အဲ့စကားတစ်ခွန်းကတော့ ရင်ကိုထိတယ်အစ်မ...
တကယ်ပြောတာ...:((
Post a Comment