Wednesday, February 9, 2011

part 6/ 2011 yangon



အဲဒီနေ့ကနေသာတယ်။ သွားရင်းနဲ့ ဆိုင်တွေ့တယ်။ ခဏရပ်တယ်။ ဖရဲသီးတစ်လုံး ၁၅၀၀ ကျပ်. ထန်းသီးတစ်ထုတ် ၅၀၀ ကျပ်. အုန်းသီးတစ်လုံး ၅၀၀ ကျပ်. ခွဲပြီးသားတစ်လုံးလုံး အလုံးလိုကိ ပုံမပျက်. ထိပ်ဖျားကလေးဘဲပိတ်ထားတယ် အရည်ကိုသောက် အုန်းသီးနုကိုကိုက်စား. ပု့မပျက်ခွဲတာ ဒီတစ်ခါဘဲတွေ့ဘူးတယ်။ သဘောင်္သီး သုံးလုံးတစ်ထောင်နဲ့ယူသွားလျှော့ပေးတယ်တဲ့. ပုံမှန် ဒီထက်ဈေးကြီးသတဲ့မြို့ထဲမှာလဲ ဒီထက်ဈေးကြီးသတဲ့. အုန်းသီးနစ်လုံး ဖရဲသီးတစ်လုံး. ထန်းသီးတ်ထုတ်. သဘော်သီး လေးလုံးဝယ်တယ်။ အုန်းသီးတစ်လုံး. ထန်းသီးတစ်ထုတ်ကို စား ကျန်တာ အမျိုးတွေ ကိုပေးလိုက်တယ်။ ထန်းရည်ပုလင်းတွေ မြင်တော့အရက်သမားတွေကိုသတိရမိပါတယ်။


























12 comments:

Anonymous said...

ဘာကိုမြင်တော့ ဘာတွေကို သတိရတယ်ဆိုတာကို
ရယ်နေတယ်..။


ပုံ..။
သတ်ချင်သတ်
မပြောဘူး

ကိုဇော် said...

ထန်းရည်မြင်တာနဲ့ အရက်သမား မြင်တာ တကယ်တော့ မဆိုင်ဘူး။ တကယ်ဆို ထန်းရည်သမားကိုပဲ မြင်ရမှာပေါ့။ အရက်သမား သိက္ခာကျထှာ။

Anonymous said...

ထသီးဆံ စားချင်တယ်..။
ငတ်နေတာကြာပါပြီ..။

ပုံ..။
အပေါ်ကသူ

Anonymous said...

ထသီးဆံ စားချင်တယ်..။
ငတ်နေတာကြာပါပြီ..။

ပုံ..။
အပေါ်ကသူ

...အလင်းစက်များ said...

ဟွန်းဟွန်း :P

Anonymous said...

အင်း အဲဒီလို ထန်းသီးစားဖို့ ကုန်လိုက်တဲ့ ပိုက်ပိုက်တွေ ပင်ပန်းလိုက်တဲ့ ခရီးတွေကို အရင်းနှီး ပြုရဦးမယ်။
ဟဲဟဲ..ဟစ်ဟော့ စာသားတွေလိုပဲ။
အလွန်အမင်းအားကျသွားသူတဦး။

စန္ဒကူး said...

၂၀၀၂ ချောင်းသာရောက်တုန်းက အုန်းသီးအဲလိုခွာပေးတယ်။ အချို့အုန်းသီးတွေရင့်တော့ အခွံညိုညိုလေးတွေ ပုံလုံးဝမပျက်အောင်ခွာပေးတာ ကျွမ်းကျင်သူတွေတစ်ကယ်..

ညယံ said...

အယ် ထန်းသီးဆံတွေ ... မစားရတာကြာလှပေါ့ ...

တီချမ်း said...

စာကြွင်း

မိန်းမဆိုတော့လဲ လူကနေပေမယ့် ဝါသနာက မနေတော့ ဈေးဆစ် လိုက်သေးတယ်
သင်္ဘောသီး ကို ၄ လုံး ၁ ထောင်ထားဆိုတော့ ယူယူ အမဆိုတာနဲ့ ၄ လုံးယူခဲ့တယ်

သဒ္ဓါလှိုင်း said...

ထန်းသီးစားချင်လိုက်တာမမခင်ဦး..။
ခင်မင်စွာ
ညီမသဒ္ဓါ

An Asian Tour Operator said...

ထန်းသီး ဆံတွေ သောက်ချင်လိုက်တာ.. ဟုတ်ပေါင်.. စားချင်လိုက်တာ :))

ညိမ်းနိုင် said...

ထန်းသီးတော့ကြိုက်ဘူး....၊ထန်းရည်သောက်ချင်လိုက်တာ
ကတောက်....ကတောက်....ကတောက်....
ဒီနိုင်ငံမှာ မြန်မာအစားအသောက် အကုန်ရတယ်....၊
ထန်းရည်ပဲမရတာ....ဟွန်း....၊မေ့ချင်ယောင်ဆောင်ထား
တာ အစ်မကွန်ကြောင့် တတိရတွားပြီ.....:(