Sunday, March 6, 2011

Drive Angry



ရုပ်ရှင်ရုံဆီသွားတုံးကတော့ unknown ကြည့်ဘို့ဘဲ. အမည်မဖော်လိုသူတစ်ဦး (ကိုဇော်) က အဲဒီကားကို ကြည့်ပါလို့ recommend ပေးထားတယ်။ တန်းစီနေရင်းက စိတ်ပြောင်းသွားတယ်. Unknown က တစ်နေ့ကိုသုံးပွဲဘဲပြတော့တယ်။ သဘောက နဲနဲရုံတင်တာကြာသွားပြီဆိုတဲ့သဘောဘဲ.အသစ်ဆိုရင် ပွဲစဉ်အများကြီးပြတယ်။ အဲဒါနဲ့ အနောက်က ကလေးမတွေ ကိုနေရာဦးခိုင်းထားပြီး. ဘာကားရှိသေးလဲ သွားကြည့်တယ်။ Drive angry တွေ့တယ။် Nicolas Cage ဆိုတာနဲ့သဘောကျသွားပြီ။

face off မှာ အရမ်းကြိုက်သွားတယ် အကြိမ်ပေါင်းများစွာကြည့်တယ်။ အဲဒီထည်းမှာ ဘယ်သူက လဲ Nicolas Cage လား John Travolta ကလား. သူ့မိန်းမ ဆရာဝန်မကို မျက်နာကို လက်နဲ့သပ်တဲ့ အခန်းကို သိတ်သဘောကျတယ်။ ချစ်ခင်မှုကို သက်သေပြသလိုဘဲခံစားရတယ်။ သူ့မိန်းမ ဆရာဝန်မကလည်း ရုပ်ဆိုးလိုက်တာ. ဆရာဝန်မဆိုရင် ရုံပ်ဆိုးမယ်လို့ပိတ်သတ်တွေ ကတောင် အထင် အမြင် လွဲသွားနိုင်တဲ့အန္တရာယ်ရှိတယ်။



လိုရင်းက တော့မိန်းကလေး သဘာဝအတိုင်း အသစ်ကို မှ မက်မောတတ်တာမို့လို့ နောက်နေ့မှဘဲ unknown ကြည့်တော့မယ် အခုတော့အသစ်စက်စက်ကိုမှ ကိုင်လိုက်ဦးမယ်ဆိုပြီးစဉ်းစားလိုက်တယ်။ နောက်ကကလေးမ နစ်ယောက်ကလည်း drive angry ဘဲတဲ့ အာ. ငါတို့ ၁၅ မိနစ်တောင်နောက်ကျနြေ့ပီဆိုတော့ရပါတယ်တဲ့ ထွေလာလောက်ဘဲ လွတ်ဦးမှာပါတဲ့ အဲသာနဲ့ သူများယောင်ရင် ယောင်တတ်တဲ့အတိုင်း. Drive angry ဘဲလို့ဆုံးဖြတ်လိုက်တယ် သုတ်သုတ်ကလေးဝင်. ဒီတစ်ခါ လက်မှတ်ဝယ်တာကတော့သိတ်မကြာဘူး. ဒါတောင်ရုံထဲရောက်သွားတော့ကားက စပြနေပြီ.

ကြော်ငြာအရတော့ Nicolas Cage ကိုကောင်မလေးတစ်ယောက်နဲ့တွေ့တာ သမီးများလားလို့တောင်ထင်မိတယ်။ မင်းသမီးဖြစ်နေတာကိုး. အခုလဲ စိုးအောင်ဇတ်လမ်း. သိုင်းဝထုတွေ လိုဘဲ မည်သို့မည်ပုံဖြစ်သည်မသိ. မင်းသမီးနဲ့ Nicolas Cage ကကားတစ်စီးပေါ်ကနေ အတူဆင်းလာကြပြီး နှုတ်ဆက်စကားဆိုရင် လမ်းခွဲပြီးကိုယ့်လမ်းကိုယ်သွားကြတာကိုတွေ့လိုက်ရတယ်။

ကောင်မလေးက သော့ဖွင့်ပြီးအိမ်ထဲဝင်သွားတယ် ဘာဖြစ်သွားမှနးမသိ. အပြင်ပြန် ရောက်လာတယ်။အနောက်က သူ့ရည်းစားလား ဘာလားမသိထင်ရတဲ့သူတစ်ယောကက် လိုက်လာတယ်။ ကောင်မလေးက သွားတော့မယ်လုပ်တော့ငါ့ကား သူ့ကားဆိုပြီးငြင်းကြရာကနေ ထသတ်ကြတယ်။ ကောင်မလေးကလဲပြန်ချတာဘဲ မနိုင်ဘူး. မနိုင်ဆို ဗလကလည်းကွာတာကိုး. . အဲဒါကို မလှမ်းမကမ်းက နေသူ့အလုပ်နဲ့သူရှုပ်နေတဲ့ Nicolas Cage ကမြင်သွားတော့ဟိုတစ်ယောကက် အသေတီးတော့မယ်အချိန်မှာ အချိန်မှီကလေးရောက်လာပြီးဟိုကောင်ကိုဆော်ထည့်လိုက်တာ တစ်ချက် ထည်း အဲ..တစ်ချက်တည်းတော့မကဘူးနဲနဲ တော့ချက်ရတယ်။ ဟိုကောင်လဲသွားရော. အဲဒါနဲ့ကောင်မလေးလဲ နီကိုလပ်နဲ့ပါသွားရော. စကားတွေ တော့ပြောကြတာပေါ့ ဘာတွေ ပြောသလဲတော့မမေးနဲ ကိုယ့်ဘာသာဘဲ စဉ်းစားယူရတာဘဲ မိတ်ဆက်တာတွေ လုပ်ကြမှာပေါ့ ဟိုကောင်ကဘယ်သူလဲ နင်ရရည်းစားလားဘာဖြစ်လိုကလဲ. ဘယ်သွားမှာလဲ နင်ကကောဘယ်သလဲ ဘာလုပ်ကိုင်စားလဲ ဘယ်သွားမလို့လဲ ဘာလဲညာလဲ ASL တွေ မေးကြမှာပေါ့။

အဲဒါနဲ့ကလပ်လို ဟော်တယ်လို နေရာရောက်သွားပြီး. ဟိုဟာ ဒီဟာ မှာသောက်မလို လုပ်ပြီး ကောင်မလေးက ငါ .ငါ့တူနဲ့သွားတွေ့လိုက်ဦးမယ်ဆိုလား ဘယ်သူနဲ့သွားတွေ့လိုက်ဦးမယ်ဆိုလား. ဆိုပြီါ် ထွက်သွားပြီး ကောင်လေးတစ်ယောက်ကို တစ်နေရာကို လက်ကိုင်ပုဝါလိုမျိုးနဲ့ ပုတ်လိုက်တာ ကောင်လေးလဲ ကောင်မလေးနောက်ပါသွားရော. စိတ်ဝင်စားစရာဘဲ.

ဆက်ရေးခါနီးစဉ်းစားသွားတယ် ဆင်ဆာလွတ်မလွတ်. အင်တာနက်ထဲစာရေး တာလည်းမလွယ်ဘူး ရေးပြီးမှ ပြန်ဖျက်ဘို့ မလွယ်ဘူး. မရေးတာကောင်းမယ်ထင်တယ်.အဲဒါ သူတို့နစ်ယောက် အဲသလို. ဟိုလိုတောကမဟုတ်ဘူး. ဒီလိုတော့ဟုတ်တယ်။ အဲသလိုနေတုံး. ရန်သူတွေ ရောက်လာသလို ခံစားရတော့ကောင်မလေးက အသာလေးထွက်ကြည့်တာ. တစ်ကယ်ဘဲရန်သူတွေ က နီကိုလပ် အခန်းထဲကိုဝင်သွားပြီးအသေချ ကြပြန်ရော နိကိုလပ်ကလဲအားတာ မဟုတ်ဘူး နောက်ကောင်မလေး (မျာျးားတော့အသက်ကြီး ) တစ်ယောက်နဲ့ အလုပ်ရှုပ်နေရာကနေ ဆေးလိပ်ကြီးခဲပြီး အဲဒီတစ်ယောက်ကို လက်ကိုင်ထားပြီး ( လက်က မချဘူးနော် ဖက်ထားရာ) ကနေပြန်ချတာ အော်ရင်၈ျီနယ်ကောင်မလေးကလည်းကူညီပါတယ်။ အဲဒါနဲ့သူတို့ပြေးကြပြန်ရော. ကောင်မလေးက စကားပြောရင် F ခဏခဏပါတယ်။ ဖဘ မှာ F ထည့်ထည့်ရေးနေတဲ့ညီမလေးကိုသတိရမိပြန်တယ်။

အဲဒီကောင်မလေးဝတ်တဲ့ အကျီထဲမှာ ဟိုနေ့ကဝယ်လာတဲ့ အကျီပုံစ့မှိုးလေးတွေ့ လိုက်တယ်။ရင်ဘတ်အိပ်ထောင်နဲ့ မကြိုက်ချင်ဘူး ဒါပေမဲ့ဈေးသက်သာတာနဲ့ ဝယ်ထားလိုက်တာ. ဘယ်သူ့ဘဲ့ပေးပေးဆိုပြီး. အဲဒီထဲမှာ မင်းသမီးက အဲဒါမျိုးလေးဝတ်ပြီးအပေါ့်က တစ်ထပ် ထပ်ဝတ်ထားတာ အတော်လှတယ်။ အင်း. အဓိကကတော့ လူလှဘို့ပါဘဲ လူလှရင်ဘာဘဲဝတ်ဝတ်လှတာပါဘဲလေ။



ရေးရင်းသက်ပြင်းချပြန်သည်. လက်ညောင်းလာသည်. အတိုချုံးရမယ်။ အဲသည်မှာ အဲသလိုဘဲ အတိုချုံးမယ်ဆိုရင် လူတစ်ယောက်က နိကိုလပ်သမီးကိုသတ်. မြေးကိုယူပြီး သွားတာ အဲဒါကို ပြန်လိုက်ောတင်းတာ ကလေးကို. အဲဒီမှာ အနျောာက်အယှက်တွေကလည်းအများကြီးဘဲပေါ့ ဘယ်ူသူမှန်းမသိတဲ့ အက်ဖ်ဘီအိုင်ဆိုတဲ့ သူလည်းပါသေးတယ။် သူကလည်း မျက် လှည့်ပြ တတ်တယ်။အသေးစိတ်ကောာတက့ထားပါတော့ အရေးရယ်အကြောင်းရယ် သူ့ကို ဝိုင်းပစ်ကြတော့မယ်ဆိုရင်. သူက ကျပ်စေ့လိုဟာမျိုးကို လက်နဲ့ တောက် ကောင်းကင်ပေါ်ပြစီပြီးပြန်ကျလာမယ်ဆိုရင် အက်ဖ်ဘီ အိုင်ဆို တဲ့ ကဒ်ပြားမျိုးကသူ့လက်ထဲ့ကို ကျလာတယ်။ ထူးဆန်းတာပေါ့. တစ်ချက်တစ်ချက်တော့အတော်လေးပေါတယ်။ ၁၃ ကားလား + ၁၈ ကားလားတောင်ပြန်ကြည့်ရမလိုဘဲ.

ဒါပေမဲ့ကောင်းပါတယ်။ ကားတွေ ပြိုင်မောင်းတာကြည့်ရတယ်။ သီချင်းတွေကောင်းတယ်။ ဇတ်လမ်းက လမ်းသရဲဆန်တယ်။ အက်ရှင်များတယ်။ ကြည့်လို့ကောင်းပါတယ် လွတ်သွားမှာစိုးလို့ ရောက်ရောက်ချင်း ဆိုရင် လက်ထဲ့ကကိုင်သွားတဲ့ ပိုက်ဆံအိတ်အသေးလေးကိုတှောုင်အိတ်ကြီးထဲမထည့်ဖြစ်ဘူး သေချာကြည့် နေရတာနဲ့.

အိပ်ငိုက်လာပြန်သည် ပက်ပီသုံးငုံ့ထသောက်သည်.

အဲသည်မှာ သူတို့နောက်ကိုလိုက်လာတဲ့ မျက်လှည့်ဆရာကြီး ကို တံတားပေါ်မှာ ကားအပြိုင်မောင်းနေ ရာကနေ ပြိုင်ဖိုက်ကြရာမှာ တံတားပေါ်က နေကားပြုတ်ကျပြီးမြေကြီးပေါ်ဇောက်ထိုးဆင်းသွားတာကို မြင်လိုက်ရတယ်မဆိုးဘူး လွတ်ပြီပေါ့ဝမ်းသာပြီးထွက်သွားကြတယ်။

ဆင်းလာတဲ့ကားဘေးကိစက်ဘီးနစ်စီးနဲ့ကောင်ေလေးနစ်ယောက်မတော်တဆ ရောက်လြာီပီး အံသြ သွားကြတယ်။ ဒီကားထဲကလူ အသက်ရှိနိုင်သေး လားဆိုပြီးစဉ်းစားကြတယ်။ ဒီကောင်တွေ ဘလော့ဂါမဟုတ်တာ သေချာတယ် ဘလော့ဂါသာ ဆိုရငှ်ရှစ်မိုင်လမ်းဆုံမှာ ကားကြီး zif ထောင်သွား တာမြင်သွားတာနဲ့ငါတော့ယနေ့ကံကော်းပြီဆိုပြီး ရိုက်တဲ့ ဘောလ့ဂါလိုဘဲ ဘယ်သူမှ မလွတ်ဘူး အဲဒီကောင်တွေလို ဆွေးနွေးချိန်မရဘူး မြင်တာနဲ့ ကင်မလာကြီးထုတ်ရိုက်မှာဘဲ ချစ်ကြည်အေးဆိုရင် သုံးချောင်းထောက်တောင်စက်ဘီးမှာ ချိတ်ထားနိုင်သေးတယ်။ ပန်ပန်ဆိုလဲ အိုင်ဖုံးမှာ ကမန်းကတန်း ခဲကြမ်း အဲလေ အိုင်ကြမ်းခြစ်ထားလိုက်ပြီ။ ကိုဘ ဆိုရင်တော့ map ထဆွဲမှာဘဲ ဘယ်နေရာလဲလို့ N2ကို လှမ်းမေးနိုင်တယ်။

ကလေးကို abduct လုပ်သွားတဲ့လူနောက်လဲလိုက်ကြတာ သက်စွန့်ဆံဖျား. နောက်ဆုံး နီကိုလပ်ကားကို လိုက်လို့မရအောင်လုပ်လိုက်တာလား အောတိုပျက်သွားတာလားမသိမှာ နီကိုလပ်တို့ကျန်ခဲ့တယ် ဒါလဲယုတ္တိမရှိဘူး. ဒီလောက်အသေချနေကြတာ သူတို့ကားပျက်သွားရင်လမ်းသွားလမ်းလာကားတွေ ကို သေနတ်ပြပြီးကားလုပြီးဆက်လုကိလို့ရတာဘဲ ရုပှ်ရှင်ပြီးသွားမှ ဆိုးတာနဲ့ မလိုက်သွားကြတော့ဘူး. ကားပျက်ကိုဘဲပြင်လို့ရအောင်လုပ်ကြရတော့မယ်။

ထပ်ပြီးလိုတိုရှင်းရရင်. လိုက်ရင်းနဲ့ ကလေးပြန်ရလာရော နိက်ုလပ်ကလဲသေမလိုဖြစ်နနေပြီး ကလေးကိုစောင့်ရှောင့်ပါနော်. ငါ့ကို promise ပေးပါပေါ့ကောင်မလေးခများလည်းသနားပါတယ် မျက်ရည်လွဲရွဲဖြစ်နေပြီ. အဲသည်မှာ ပြောပြီး ငြိမ်ကျသွားတော့ သေပြီထင်တာဘဲ ရုတ်တရက် ကလေးအမေဖြစ်သွားတဲ့ ကောင်မေးလေးလဲ မျက်ရည်လည်ရွဲ နဲ့ နီကိုလပ်မိတ်ဆွေ က နစ်သိမ့်ရတယ်။အဲဒီလူ ကံဘဲပေါ့။

ကောင်မလေးနဲ့ ဟိုလူနဲ့ ထွက်သွားပြီးကာမှ သေပြီထင်တဲ့ နီကိုလပ်က ပြန်ထလာပြီး အဲဒီမျက်လှည့်ဆရာ လူကြီး က တလိုက်တာ နဲ့ရောက်လာတဲ့ကားနဲကဘယ်မှန်းမသိထွက်သွားကြရော အဲသလိုတော့နိကိုလပ်က မလုပ်သင့်ပါဘူး ကောင်မလေးခများ ကလေးတစ်ယောက်နြ့ကျန်ခဲ့တယ်။ သူ့ ကလေးပြန်လိုချင်လို့ဆိုပြီး သက်စွန့်ဆံဖျားလိုက်ပြီး ရတော့လဲ သူများကိုပေးခဲ့တာကောင်းသလား။ ကောင်မလေးခမျာ ရည်းစားဘဲလိုချင်ရှာမှာ သူများကလေးတော့လိုချင်ရှာမှာ မဟုတ်ဘူးလေ. နိကိုလပ်နားလည်သင့်တယ်။



နောက်ထပ် ကိုကာ ကိုလာ သုံးငုံထသောက်ပြန်သည်။

အဲဒီကားနဲ့ မျက်လှည့်ဆရာကြီးနဲ့ နီကိုလပ်နဲ့ထွက်သွားပြီး ထုံးစံအတိုင်းဘဲ ဘယ်သူမှ မရှိတဲ့ကား လမ်းအရှည်ကြီးပေါ်မောင်းထွက်သွားရင်းနဲ့ ပြီးသွားယတ။် ဇတ်သိမ်းသီချင်းလေး ကနား ထောင်လို့ကောင်းတာနဲ့ မထဘဲ ကားမောင်းတာကြည့်ရင်းနဲ့နားထောင်နေတာ ပြီးလုမှ သတိပြုမိတာ ရုံထဲမှာ နောက်ဆုံး ကျန်သူဖြစ်နေတယ်။ ကျန်တဲ့ရပ်ကြည့်နေတဲ့သူတွေ က နောက်တစ်ပွဲစ ဘို့အတွက်သန့်ရှင်းရေးလုပ်ဘို့ စောင့်နေတဲ့ဝန်ထမ်းတွေ. ………ဒီလောက်ကောင်းတဲ့သီချင်းကို နားမထောင်ကြဘဲ ဘာဖြစ်လို့ရုံထဲကနေ ကမန်းကတန်းထွက်သွားကြတာလဲနားမလည်နိုင်ဘူး.

ပြီးပါပြီ။

13 comments:

ဉာဏ်လင်းထူး said...

တင်မြင့်တို့၊စောညိုတို့ စာရေးသေးရင်တော့ ဇာတ်လမ်းတခုရတာပေါ့။

Anonymous said...

သူတို့ တွေအိမ်မြန်မြန် ပြန်ပြီး blog ရေးကြမလို့ နဲ့ တူတယ်။ ဒါမှမဟုတ် ဖတ်ကြမလို့ နဲ့ တူတယ်။ blogging ကအချိန်ပေးကြရမယ်မှုတ်လာ။..
ှုIora

Anonymous said...
This comment has been removed by the author.
သာမီး ဆလူး said...

ဟင် မန့်ထားတာတွေ ကုန်ဘီ ပြန်မန့်မယ် ခဏ အယ်ရာ တက်သွားလို့

သာမီး ဆလူး said...

အော်.. ဒီလိုပါ အဲဓီ ရုပ်ရှင်ကို ဘတ်စ်ကားမှတ်တိုင်မှာ ကြော်ငြာထားလို့ ဆေးသားလဲ အရမ်းကောင်းတော့ အက်ရှင်ကားဖြစ်မယ်လို့ထင်တာ ခု မာမီ ရေးပြတော့လဲ သွားကြည့်စရာမလိုတော့ဘူးပေါ့ သွားကြည့်မယ့် ပိုက်ဆံကို မုန့်ပဲဝယ်စားလိုက်တော့မယ်လို့ ဟိ
ဟို face off ကားထဲက မိန်းမကို လက်နဲ့သပ် တဲ့အခန်းက နီကိုလပ် မဟုတ်ဘူး ဟို ကျပ်စိနဲ့ တူတဲ့မင်းသားလေ အဲဓီ အခန်းလေး သိတယ်လို့
အဲဒီ ဆရာဝန်မ ရုပ်ကို မမှတ်မိတော့ပါဘူး ကြည့်တာကြာပြီဆိုတော့လေ
အိမ်းးး ဒါကို ကော်ပီ ကူးထားအူးမှ မဟုတ်လို့ အယ်ရာ ဆိုပြီး မန့်ထားသမျှတွေ ပါကုန်ရင်တော့ ဂွမ်းဘီပဲ ဟင့် ...

သာမီး ဆလူး said...

တော်ပါသေးရဲ့ ဒီတခါ အယ်ရာမဖြစ်ဘဲ တက်သွားလို့ ဟိဟိ
by the way, အပေါ်က comment delete ဆိုတာ များနော်

Anonymous said...

That one was john travolta not nicolas.

ဟောလိဝုဒ်ကျောက် said...

ဖွားဖွားပုံပြောမယ်...အဲ...ဇာတ်ပြောမယ်ဆိုပြီး..
ဓါတ်ရှင်ဇာတ်လမ်းတွေ ရေးပြီး ဘလော့တခုတော့ ဖွင့်သင့်နေပြီ..

kiki said...

“ Drink Angry...”
“ အိပ်ငိုက်လာပြန်သည် ပက်ပီသုံးငုံ့ထသောက်သည်”.......%*&^@#$

“နောက်ထပ် ကိုကာ ကိုလာ သုံးငုံထသောက်ပြန်သည်။” ......(%&$#@)&

ဂျီးဒေါ် ကွန်.. ပက်စီ ကိုလာ သုံးငုံ X ၂ ခါ ပဲ ထသောက်ချိန် ရ လိုက် လို့ .. ဟိဟိ

ကိုဇော် said...

ဒီကားကို မကြည့်ရသေးဘူး။ ရေးထားပုံ အရတော့ ဟိုကားလောက် ကောင်းမှာ မဟုတ်တော့ဘူး။ အခုနောက်ပိုင်း နီကိုလပ်ကလည်း ဘာလို့ ကြောင်တောင်တောင် ကားတွေ ရိုက်တာလည်း မသိ။
ဘာပဲ ပြောပြော. . . . ဒီရက်ပိုင်းမှာ ပြေးရ လွှားနေရတာနဲ့ မောထှာ . . .ပက်ပစီ ဖြစ်ဖြစ် ၊ ကုတ်ကုတ်ကိုလာ ဖြစ်ဖြစ် တိုက်. . .

ဇွန်မိုးစက် said...

ဇွန်လည်း face off မှာ ဂျွန်ထရာဗိုတာက သူ့မိန်းမျက်နှာကို လက်နဲ့ပွတ်သပ်တဲ့အခန်းလေး သိပ်သဘောကျတာ။ အဲဒီ့ကားမှာ မင်းသား၂ယောက်လုံး သရုပ်ဆောင် သိပ်ကောင်းတယ်နော်။
ီDrive Angry ကို trailer ကြည့်လိုက်ရတယ်။ မင်းသားကိုကြိုက်ပေမယ့် Season of the Witch ကားလောက် စိတ်မ၀င်စားခဲ့ဘူး။ National Treasure နောက်ပိုင်းသူ့ action ကားတွေ အရမ်းမကောင်းတော့ သလိုပဲ။
မမရေ...ဇွန်က ဒီည Adjustment Bureau ကြည့်ပြီး ပြန်ခဲ့တာ။ မတ်ဒေမွန်ကိုကြိုက်တာရော၊ ဇာတ်ကားကို စိတ်ဝင်စားတာရော။ ဒါပေမဲ့ Unknown က ပိုကောင်းတယ်။

ဇွန့်ကို သတိတရနဲ့လာချောင်းကြည့်တယ်ဆိုလို့ ပျော်သွားပြီ မမ။း)

Anonymous said...

ကြီးဒေါ်
မျက်လှည့်ဆရာ ဆိုတာSaturn ရဲ့ agentတဲ့ဗျ
Nic Cageကသေပီးသား
သုမြေးလေးကိုကယ်ဖို့ ငရဲကခိုးထွက်လာတာ
အဲလူကြီးကပြန်လိုက်ဖမ်းတာ

Anonymous said...

ခုလို Anonymous ရှင်းပြတော့လဲ ရှင်းသားပဲ...