ဟုတ်တယ် .ရန်ကုန် ခဏသွားတယ်။ သင်္ကြန်သွားချင်လို့ကိုသွားတယ်။ ထွေထွေထူးထူးတော့ ပြောစရာမရှိပါဘူး.။ ဘာမှ ပြောစရာမရှိဘူးလို့ထင်ပေမဲ့လဲ ပြောမယ် ဆိုရင်တော့ လဲ အများကြီးဘဲပေါ့.။ စည်တာ မစည်တာ နေက်မှ ထား သင်္ကြန်မှာ မြန်မာပြည်ထဲမှာ ရှိနေချင်လို့ဆန်န္ဒအမှန်ဘဲု။ ပထမ မသွားတော့ဘူးဆိုပြီးနေတာဘဲ. စီတီဟောမှာ ထိုင်နေရင်းက တူးပို့သီချင်းတွေ ကြားတဲ့အခါ ရန်ကုန်ကိုအရမ်းသတိရသွားတယ်။ သင်္ကြန်ကိုသတိရသွားတာပေါ့ အဲသာနဲ့ လေယဉ်ပျံလတ်မှတ်သွားမေးလိုက်တာဘဲ. အပြင်ကနေ လွမ်းမနေချင်တော့ဘူး. ။
စာက မရေးတာကြာလို့ထောက်နေတယ်။ စာမချောဘူး ချောတာမချောတာအပထား. ရေးချင်တာ ရေးတာပေါ့။ ဘလော့လဲမဖတ်ဖြစ်ဘူး. ဖတ်ဘို့လဲ မလွယ်ဘူးလေ.အင်တာနက်ဆိုင်တွေဆီလဲမရောက်ဘူး ရောက်ခဲ့ရင်လဲ ခဏလေးဘဲ နစ်ခေါက်ဘဲရောက်တယ်. စံချိန်ဘဲ။ အီးမေလ်စစ်ပြီးတာနဲ့လစ်တာဘဲ သံယောဇဉ်ဖြတ်ရမယ်။ ဖတ်နေရင် အချိန်အားကြီးကုန်တယ်။ အီမေလ်စစ်တယ်ဆိုလို့ ဘယ်သူကများပို့မလဲ မရှိပါဘူးမရှိဆို ကိုယ်ကလဲမှ မပို့ဘဲ။ you are difficult လို့ ပြောတဲ့သူတွေတော့လဲရှိတာဘဲ မတတ်နိုင်ဘူး. ။ နေတတ်သလိုနေတာဘဲကောင်းပါတယ်။
ဓါတ်ပုံတွေလား ရိုက်တာပေါ့အားကြီးဘဲ။ ကင်မရာတစ်လုံး ဖုံးသုံးလုံးနဲ့ ဟိုဘက်နဲ့ရိုက်လိုက် ဒီဘက်နဲ့ရိုက်လိုက်. ဘက်ထရီထုတ်လိုက်ပြန်ထည့်လိုက်. ရက်စွဲတွေ ကမှားကုန်တော့ပြန်ကြည့်ရတာ အဆင်မပြေတော့ဘူး မနည်းပြန်စီနေရတယ်။ တစ်ချို့ပုံတွေက ရိုက်ထားတာမှတ်မိတယ် ဒါပေမဲ့ပြန်ရှာလို့မရဘူးဖြစ်နေတယ်။ ဘယ်ချောင်ထဲကပ်နေလဲမသိဘူး။ ပြန်ခေါါ်လို့မရဘူးဖြစ်နေတယ်။ phone memory က full ဖြစ်နေတယ်။ ဒါပေမဲ့ပုံက ခြောက်ပုံလောက်ဘဲရှိနေတယ်။ ဘယ်ကနေပြန်ဆွဲ ထုတ်ရမှန်းမသိဖြစ်နေတယ်။
သွားခါနီးမှာလဲအတော်ပြင်ဆင်ရတယ်။ အလန်းလေးတွေ ရှာရတယ်။ မှန်ရှေ့ချ.ဝတ်ကြည့် သင့်တော်တယ်ဆိုရင် တစ်ပုံထဲပြစ်ထည့်လိုက်. မတော်တာတွေဝယ်မိတယ်ဆိုရင် တစ်ပုံထဲပစ်ထည့်လိုက်. တော်တဲ့အထဲကမှ ပြန်ရွေး ဘယ်ဟာယူသွားရင်ကောင်းမလဲ ရက်ကနည်းပြီးယူချင်တာကများနေတယ်။ ဟိုရောက်ပြီးမှလဲသတိရနေတာမျိုးမဖြစ်ချင်ဘူးလေ. ဟယ်ငါ့မှာရှိရက်နဲ့မယူခဲ့မိဘူးဆိုပြီးဖြစ်မှာလဲဆိုး. စိတ်ကူးကယဉ် ဆုံးဖြတ်ချက်က မပြတ်သား.။ ဟိုဟာလဲယူချင်ဒီဟာလဲယူချင်. ဟိုဟာဒီဟာတွေ ကိုလည်းအမျိုးတွေ ကိုပေးချင်. ချင်တာတွေများနေတာနဲ့အိပ်ရေးမဝလိုက်ဘူး။ ဘလော့နဲ့စီနဲ့ ဖဘ ကိုလည်း ပြေးပြေးဖတ်ရသေးတယ်။ အသံတော့သိတ်မထွက်တော့ပါဘူး။ ဘလော့ခံရမှာစိုးလို့. ။
22 comments:
1
ပန်းရောင်လေးက ဘာလေးလဲဟင်.. လန်းတယ်ဗျိုး :D
welcome back
i am looking forward to your new post since the last one
ဝဲလကမ်းဘက်။ ဘလက်တော့တွေ စားနေပြီကိုး။ :D
မမတို့အတွက် မင်္ဂလာရှိပြီး ကျန်းမာပျော်ရွှင်စေမယ့် မြန်မာနှစ်သစ်တခု ဖြစ်ပါစေ ....
mie nge
စိတ်ချမ်းသာသလို နေတာ ကောင်းပါတယ်။ နေခွင့်ရတာ ပိုကောင်းတယ်။ လုပ်ချင်တာသာလုပ် . . မက်ဆေ့ ပို့ထားလိုက်ဦးမယ်။
ပြန်လည် ကြိုဆိုလျှက်ပါ အမ၊
သတိယနေတာ၊
ဘယ်ရောက်နေပါလိမ့်ဆိုပြီး
မြန်မာပြည်ပြန်သွားတယ်လို့တော့ ထင်မိပါတယ်။
မမပြန်လာပြီ... အိတ်လေးတွေကြိုက်တယ်...
အရီးကနေတဲ့ ပုံတွေတောင် ကြည့်ရသေးဗျာ။
ဒါကြောင့် ထူးတေဇာ တင်ထာတဲ့ သင်္ကြန်ပုံပို့စ်တခုမှာ.."မခင်ဦးမေ ပုံရိုက်လာသေးတာလား။ မျက်မှန်နဲ့ လည်စီးပုဝါနဲ့ ကနေတာလေ" လို့ ကွန်းမန့် တခုတွေ့မိလိုက်တာကိုး..။ သြော် သူများ သားသမီးများ စိတ်သွားတိုင်း ကိုယ်ပါ လိုရာဆန္ဒတွေ တကယ်ပြည့်စုံကြပေသကိုး။ ။
(အားကျစွာ မနာလိုစိတ်ထားပေါ်လွင်သော မျက်နှာထား၊ အသံနေ အသံထားဖြင့် မြည်တွန်တောက်တီးသွား..)
kma
သူများတွေဝဲကမ်းဘက်ပြောတော့..ကျနော်လဲ
ဝဲကမ်းဘက်လိုက်တယ်နော်..။
ပေါင်မုန့်တွေ..အချိုစာတွေချည်းပဲတင်ထားတယ်..။
Xထုံ
ထင်သားပဲ ၊ ပျောက်နေပါတယ်လို. ၊ ရန်ကုန်ကို လစ်သွားတာကို ...
ဖတ်လို.ကောင်း၏ ၊ သင်္ကြန်အချိန် (April) က ကလေးကျောင်းပိတ်တဲ့ အချိန်မဟုတ်လို. မသွားနိုင်ပေါင် ၊
ခင်တဲ့
Z
စာမချောလဲ လူချောဖို့ အရေးကြီးတယ်လေ..
မမပြန်လာတာ ဝမ်းသာလိုက်တာ။
Ma Ma KOM, welcome back!!!
မမရေ ၀မ်းသာလိုက်တာ စီဘောက်မှာ မမက ဘလော့လောကကို စွန့် သွားပြီပြောလို့ ဝမ်းနည်းနေတာ
မမ စာတွေ မဖတ်ရတဲ့ အချိန်က တခုခုလိုနေသလိုဘဲ
အခုတော့ ၀မ်းသာတယ်.....မမ နေကောင်းပြီး စာတွေ ပုံတွေ အများကြီး တင်နိင်ပါစေ....
ပန်းရောင်လေးက ဘာလဲဟင်
အပေါ်လား၊ အောက်လား ဒါမှမဟုပ်
လက်လား ခြေထောက် အတွက်လား။
မုန့် အောက်က ပုဂံပြား သူများစီမှာလဲ ရှိတယ်။
Welcome back!
You are lucky.Whenever ur thought is there, u r there.JJJJJJJJJJJJJJJJJJ:(
Gyidaw
မမရေ အိတ်လေးသဘောကျတယ်...
မမရေ မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေရှင်။
Welcome back!!!
မရောက်တာကြာပေမယ့် မကွမ်းက အရင်တိုင်းပဲ..
ပြွတ်စုတ်လေးနဲ့ထိုးတာလောက်တော့
အီကြာကွေး အီကြာကွေး .. ...
အပေါ်ဆုံးပုံ ကိုရေးတာပါ မခဥမ
Post a Comment