လွန်ခဲ့တဲ့ဆယ်နစ်ကျော် လောက်က အော်ချတ်သွားရင်လွယ်တယ်။ ရထားပေါ်ကဆင်းဟို လျှောက်ဒီလျှောက်လျှောက်အပေါ်တက်. isetan ဘက်သွား. ပြန်လာ. ပြီးရင် tang ကိုမွေ. ပြီးရင်ဆက်လျှောက်

lucky plaza ထဲလမ်းသလား. တကာရှီမာရာဘက် လှည့်.

ပြီးရင် ဒီဘက်ပြန်လမ်းကူး.. ဆက်လျောက် လမ်းတစ်လျောက်လျောက် လူတွေ ကိုငေးမော. လမ်းတွေကားတွေ ကိုငေးမော..ပြီးဆက်လျောက်. ဆမ်းမာဆက်နားထိလျှောက် ၈ျွန်လစ်တဲနဲ့ အိုဂျီကိုရောက်. ပြီးရင် တာဝန်ကြေပြီ.

အခုတော့ပြောင်းလဲချက်တွေ အများကြီးဖြစ်သွားပီ. မရောက်တာကြာရင်မျက်စိလည်ပြီ.အဆောက်အဦးကြီးတွေ ကလည်းပိုခမ်းနား.. လှပ.

ငေးမောရတာတွေ ကလဲပိုများလာတယ်။

တိုးရစ်တွေ ကော လူတွေ ကော အများကြီး အများကြီး..ဓါတ်ပုံသမားတွေ လဲအများကြီး. လမ်းအစအဆုံးလျှောက်ပြီး ရှိသမျှ မွေဘို့ဆိုတာ မလွယ်တော့ဘူး။

ဆိုင်တွေလဲအများကြီး. ဘယ်ကိုဝင်လို့ ဘယ်ကိုထွက်ရမလဲဆိုတာ ပြန်ပြန်စဥင်္းစားရတယ်

ဒါပေမဲ့လဲ ရသလောက်တော့လျောက်. ရသလောက်တော့ကြည့်. ရသလောက်တော့ငေး.

သူ ကတော့အမြဲပရိသတ်ရှိနေတာဘဲ လှည့်ကြည့်လှည့်ကြည့်နဲ့ဘဲဖြတ်ခဲ့ရတယ် အထဲကို တစ်ခါဘဲလားဝင်ဘူးတယ်။ သူများနဲ့လိုက်သွားဘူးတာ ကိုယ့်ဘာသာကိုယ်လား ဝင်ရဲပါဘူး ထောင်ဂဏန်းမှ အိတ်ထဲမရှိတာ.

my wish. : အဲသည်ကောင်မလေးဖြစ်ချင်တယ်။

မှတ်ချက်
အော်ချက်မှာ စားတာဟုတ်ဘူး ပြန်လာပြီးမှ. ချွာချုးကန်ဘက်သွားရင်းနဲ့ မှ စားတာ.

13 comments:
အပြောင်းအလဲတွေကို လက်ခံဖို့ ပြင်ဆင်နေတုန်းမှာပဲ ထပ် ပြောင်းသွားပြန်တယ်။ မြန်ဆန်လွန်းတယ်...လိုက်မမီဘူး။
မမကွမ် မဟုတ်တာတွေ ရှောက်ပြောပြန်ပြီ
အယ်လဗီအိတ် ဘယ်နှစ်လုံး ၀ယ်ပြီးပြီလဲ
မမကွန်..
တကယ်ခြေထောက်မှာဗွေပါတယ်..
မဒိုးကန်ကိုတစ်ဝက်လောက်မျှပါမမရယ်..
မဒိုးကန်ကလိပ်ပျင်း.အားတာနဲ့တွင်းထဲပဲ
နေနေလို့..
အဖော်စပ်ရအောင်မမရေ...
ခင်တဲ့
မဒိုးကန်
ဟိုတနေ့ က ဆမ်းမာဆက်မှာ ဂျွန်လစ်တဲ သွားရှာတာ မျက်စိလည်ပြီ တွေ့ လည်းမတွေ့ ခဲ့ဘူး။ ဘယ်လောက် `အ` လဲဆိုတော့။ အမနဲ့  ရောမွှေပစ်လိုက်ရင် ကောင်းမယ် ထင်တယ်။
ဘာမှ မသိဘူး။ အဟင့်
အရာရာဟာ ပြောင်းလဲနေတယ်ဆိုတဲ့ သဘောလေးကို သတိချပ်ရင်း တိုးတက်ပြောင်းလဲလာပုံလေးတွေ ဖတ်သွား ကြည့်သွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကေအက်စီ ဂလုဂလု
ပုံတွေကြည့်သွားတယ်ဗျို့
ကျန်းမာပျော်ရွင်ပါစေ
မောင်ဘကြိုင်
အဲ
အေးဆေးပဲနော် မမကွန်...။ စိတ်ချမ်းသာနေတာကောင်းပါတယ်...။
နဲနဲတည်ငြိမ်သွားတယ် ...
စိတ်အစဉ်ကြည်လင်အေးမြပါစေကွယ် ( အန်တီတင့် လိုဆုတောင်းပေးတာ :P )
အိတ်ထဲမှာ ထောင်ဂဏန်းရှိစရာမလိုပါဘူး မမကွမ်ရယ် ကဒ်ပါရင်ပြီးတာပဲလေ
သွားနိုင်တယ်နော်....ဂယ်ပဲ...း)
ခင်တဲ့
Orchard .... လွမ်းတယ် ...း(
များတို့လို တကာရှီးမားယားကို ၂ခေါက် ရောက်ခဲ့သေးလား ...
သွားနိုင်တဲ့သူသွားတာကို မသွားနိုင်တဲ့သူက အားကျတာပေါ့လို့....:):)
Post a Comment