Friday, June 8, 2012

ပုစိကွစိ

























How is Singapore? ဆိုသော မေးခွန်းကိုဘတ်စကားပေါ်တွင်ဖတ်လိုက်ရာ ဒီလိုပါဘဲဟုသောအဖြေနင့်အတူရိုက်လိုက်သောပုံဖြစ်သည်/ မထင်မှတ်ဘဲနင့်ကြို့က်နေမိပြန်သည် ကိုယ်ရိုက်သောပုံများကို ကိုယ်အားလုံးကြိုက်လေသည် .။ နုနယ်ငယ်ရွယ်ချောမောသော မိန်းကလေးများ၏ ဆံပင်ံပု့ကလေးများကို ရလိုက်သောကြောင့်ဖြစ်သည်။




















လမ်းသွားရင်း အင်တာနက် သည် ကိုယ်နင့်အတူ ရှိနေသည် မှာစိတ်ချမ်းသာစရာကောင်းလှသည်။ စလုံးတွင် နေပြီးသောအခါ လောကကြီးသည် သိတ်ကို သာယာလှပလေသည် မြင်မြင်ကရာသည် လှပနေသည် ရိုက်ချင်သော ဓါတ်ပုံကို ရိုက်ချင်သောအချိန်တွင် ရိုက်စေကာမူ အားလုံးလှနေသည်မှာ သေချာလေသည်. စိတ်မချမ်းသာစရာများကို မြင်ရခဲသည်။ မီးဖွင့်လျင် မီးလာရွှေု ရေဖွင့်လျင် ရေလာလေသည် ။.။အိမ်လခဈေးကြီးသည်ကိုတော့မပြောသင့်ချေ. မြို့ကြီးပြကြီးများသည် အစစအရာရာဈေးကြီးသည် မဟုတ်ပါလား။




















သနားစရာခဥမသည် ဟမ်ဘာဂါကိုသာ စားတတ်ရှာသည် ကိုဘွိုက်နင့် TZA သည် ကြည့်မနေသင့်ချေ။ သူရို့ကျတော့အကောင်းစားတေါ ချည်းလျည့်စားလိုက် အိမ်က မားမားချက်ကျွေးသည် ကို စားလိုက် မ သုံးမ ချက်ကျေွးးသည်ကိုစားလိုက် ကလေးထိန်းသည် အကြောင်းပြဘီး ဖဘဝင်လိုက် နို့သောက်လိုက် အသည်းလေးနင့်ဟိုနားစားလိုက် ဒီနားစားလည်နင့်မနာလိုချေ.။












































ခဥမသည် ပေါက်တတ်ကရများကို လိုက်ဝယ်သောနေရာတွင်နစ်ယောက်မရှိချေ. သိတ်ဈေးကြီးသောအရာများကိုလည်းမဝယ်နိုင်လေရာ ရသေ့စိတ်ဖြေ ငါးကျပ်တန် အောက် တစ်ဆယ်မကျော်စေရမူဖြစ်သာ ဝယ်ရရှာသည်.။ ကျော်လျင်လည်းနဲနဲသာ ကျော်ရမည်ဖြစ်သည်။





























































သူများတွေ (ငါးမှတ်) ရန်ကုန်ပြန်မည်သတင်းကြားရာခဥမသည်လည်းပစည်းစရှာလေသည်။ အဟောင်းများပြန်ထုတ်သည် အသစ်များထပ်ဖြည့်သည်။














































ရန်ကုန်သည် two way plug အသုံးများရာ adapter ကိုသွားလေရာယူသွားသင့်သည်. ။ထိုမှသာလျင် ရောက်လေရာအရပ်တွင် ဘက်ထရီအားဖြည့်နိုင်သည်။ ဘယ်တော့ပြန်ဖြစ်မည်နည်းတော့မသိ. ပြန်တော့လည်းမပြန်ချင်သေးချေ. ပြန်ဘို့တော့အချိန်ရောက်နေပြီညဖစ်သည်. ခွင့်များကိုဖြုန်းရမည်ဖြစ်သည် ။ ရန်ကုန်ပြန်လျင် အိမ်တွင်နေေ၇ွ့အိမ်ရှုင်မလုပ်ချင်သူမဟုတ်လေရာ ယောင်လည်လည်နင့်မပြန်ဘဲနေလေသည်။





















စီးမည်ဖြစ်သောဖိနပ်ကိုတော့မရိုက်ချေ။ ဘောင်းဘောင်းလဲဝယ်သည် ဆိုဒ်သည် XL ဖြစ်သည် မယုံလျှင်လည်း အဲလေ ယုံကြမည်ဖြစ်သည် ဝိတ်ချရမည်ဖြစ်သည် ။ သို့သော်လည်းမချနိုင်သေး နွားနို့တစ်ဘူးကြီး ငါးကျပ်ခွဲနင့်ဝယယ်ကာ ညအိပ်ခါနီးလျင် ဂွပ်ဂွပ်နင့်သောက်သည်။ နွားနှို့ဘယ်တု့းက ကြိုက်သွားသည်လည်းမသိ. အရိုးအတွက်ကောင်းသည် ဆိုလေရာ ဝမ်းသာစရာပင်ဖြစ်သည်။


Hang Ten ထီး



















မှတ်ချက်
ဝယ်ထားတာတွေ မကုန်သေး..


ကြိုက်ရွေ့ထည့်သည်.။ စကားလုံးများမကုန်သေးချေ. သို့သော်. နားထောင်သူထွက်ပြေးသွားမည်ဆိုသောကြောင်ဖြည်းဖြည်းသာပြောပါမည်။ တစ်နေ့လုံးနေရွေ့ပြောစရာလူမရှိသည်မှာဝမ်းနည်းစရာဖြစ်သည် မောင့်ကိုသွားပြောလည်းမောင်ခံစားတတ်မည်မဟုတ်ချေ. မောင်နင့်ကိုယ်သည် နီးလျက် အဲလေ.ဝေးလျက်နင့်နီးကျလေသည်။


အလွမ်းခရီးသည် - အငဲ




12 comments:

ပစ်ပစ် said...

ပစ္စည်းစုံရင်ထပ်တင်ပါမမကွန်

Tommy Girl said...

I also have same habit like you b4.

ဖိုးတုတ် said...
This comment has been removed by the author.
ဖိုးတုတ် said...

ရသေ့စိတ်ဖြေဆိုတဲ့ အသုံးအနှုန်းကိုကြိုက်ပါသည်၊

ဘောင်းဘီ size XL ဆိုသည်မှာ မယုံနိုင်ပါ၊ မမြင်ဖူးသူများက မမခင်ဦးမေသည် အလွန်ဝသော မိန်းမကြီးဖြစ်စေရန် လမ်းလွှဲခြင်းသာဖြစ်ပါသည်။

ဟိုတလောက ကော်ဖီဆိုင်တွင် တွေ.ရသည်မှာ ခန္စာကိုယ် သေးသေးသွယ်သွယ်နှင့် အလွန်လှပသော အမ တစ်ယောက်ဖြစ်ပါသည်။ မမကွန်း ၀တ်သောအ၀တ်အစား size များမှာ XXS ဖြစ်သင့်ပါသည် (ဟီးဟီး အရမ်းမြှောက်သွားသလိုများဖြစ်နေပြီလား)၊

Mrs. Bagel said...

Mama kom... Have a nice day.

သိ င်္ဂါ ရ said...

Performance Art Style ... :)

Anonymous said...

8 Jun 12, 11:43 AM
Pauk: ကျေးဇူးပြုပြီး သူသိအောင် ပို့ပေးပါ
8 Jun 12, 11:42 AM
Pauk: အပေါ်ဆုံးပုံလှတယ်.။လက်ကိုင်ကွင်းတွေ...

NSA said...

မမ ရဲ့ အမဲရောင် ၃ ဆင့် ဇစ်ဆွဲ ပိုက်ဆံအိတ်မျိုး မှုံ့မှာ အစိမ်းရောင်၇ှိတယ်... သူ့ ပစပ နဲ့ စာရွက်စာတမ်း ဆေးမှတ်တမ်းတွေ စုထည့်ထားတာ...

ဝေဖြိုးဟန်(အင်းစိန်) said...

ရန်ကုန်ပြန်မယ်ဆိုရင် တစ်ခုတော့ ဆောင်သွား၊ ဘယ်သွားသွားအဲ့ဒါ မပါရင် မဖြစ်ဘူး။ "သက်ပြင်းတွေ"

ဖြိုးဇာနည် said...

စုံပါဗျားးးးးးး

ဘာဂါသွားစားအုံးမှပဲ ခဥမ ပြောမှ
စားချင်စိတ်ပေါက်လာတယ်။

စက္ကဝါဆာန် said...

အမရေးတာဖတ်ပြီး စလုံးကိုရောက်ချင်လိုက်တာ :D

San San Htun said...

မမကွန်လို လျှော့ပင်းချင်သည်..:)