Sunday, June 3, 2012

Penang--> Genting
































Genting သို့အခေါက်ပေါင်းများစွာရောက်ဘူးသော်လည်းသက်သက်မဲ့သွားခြင်းဖြစ်သည်။



















မြို့ပြတွင် နေသူဖြစ်ရာတောတောင်များကို ကြိုက်သည်ကားကြီးကိုဇိမ်နင့်စီးရသည်ကိုကြိုက်သည် ဆိုဖာနင့်အဲကွန်းနင့်အိပ်ရသည်မှာလေးနာရီခန့်ကို မလေးသုံးဆယ် သာပေးရသည် တန်လေသည်။













































ကားကလည်းလှူပ်လှူပ်နင့်အိပ်ရသည်မှာ ကလေးပုခက်ထဲသို့ရောက်နေသကဲ့သို့ရှိသည်. လူကြီးသော်လည်း အချိန်စီးသော်လည်း စိတ်က ကလေးကသာ ရှိသောခင်ဦးမေ အတွက်အကြိုက်ပင်. MRT စီးလျင် တွဲဆက် နေရာလှူပ်တုတ် လှူတ်တုတ်နားတွင်သွားစီးတတ်သည်။သို့ဖြစ်လေရာ ကားလျောက်စီးသည်မှာ အထူးအဆန်းမဟုတ်ချေ.


































ကားဆရာကြီးသည် သူများဂျုတီယူလာရပုံပေါ်သည် မကြည်မလင်နင့်မောင်းလေသည် မျက်နာမသာချေ. တစ်နေရာတွင်ရပ်ကာ ဆင်းသွာေးလသည်
























ဘာလုပ်ရမည်မသိ ရှူေးပါက်ရမည်လား ရေသောက်ရမည်လားမုန့်စားရမည်လား နာရီဝက်လား ဆယ်ငါးမိနစ်လား ဘာမှန်းမသိ ကားနားတွင်သာ ယောင်လည်လည်လုပ်နေရသည် တွေ့သောမုန့်ကိုဝယ်စားသည်မလေးနစ်ကျပ်ဘိုးဝယ်လာပြီးမစားဖြစ်လိုက်
























တွေ့သောလူ အကဲခတ်ကာ သဘောကောင်းပုံရလျှင်.ကို ကင်မရာထိုးပေးကာ ဓါတ်ပုံရိုက်ခိုင်းသည် ခဥမ မျက်စေ့ကျသူများမှာများသောားဖြင့်အရပ်ရှည်ပြီး ဓါတ်ပုံဆရာလည်းမဟုတ်ကာ ပုံတိုင်းတွင် ခဥမသည် မြေကြီးနားရောက်နေလေသည် သူတို့အရပ်ကြီးတေါ နင့်မညှာမတာ ရိုက်သွားသောကြောင့်ဖြစ်သည် ကင်မရာသည် မျက်နာနင့်တည့်နေရမည်ဆိုသော ကွန်ဆက်ကိုပင် မစဉ်းစားပေးကြချေ. ပြီးပြီးရောလဲဖြစ်နိုင်သည် လှရက်နင့်ပုံကောင်းမထွက်ရှာ။

လမ်းတွင် Ipoh ကိုဖြတ်သည်






























သူများတွေ ဓါတ်ပုံ ၆၄ ပုံတင်ျှင် စိတ်ဆိုးကာ အယ်လဘအမ်တစ်ခုလုံးကို ကျော်ချလေ့ရှိသော ခဥမသည်ဝတ်လေည်ချေပြီ သူ့ပုံများကို သူကြည့်မဝ.























ထိုနေ့ကကားပေါ်တွင်လူပါးသည်. တစ်ကားလုံးမှ လူအနည်းသာရှိသည် . . လမ်းတဝက်လောက်တွင်တော့ခဥမသည် ခုံသုံးခုံခန့်အား occoupy လိုက်လေသည်. ကားဆရာကြီး လှည့်ကြည့်သည်ကို မသိချင်ယောင်ဆောင်လိုက်သည်။


ရှူခင်းများသည် ပိုကြည့်ကောင်းလာသည်ကောင်းကင်သည ပိုပြာလာသည် ။





















































နောက်တစ်နေရာရပ်ပြန်သည် ထိုတစ်ခါတော့ကားဆရာသည် အတော် လန်းလာပြီဖြစ်သည်. နာရီဝက်ဟု မလေးလို ခပ်ဆတ်ဆတ်ပြော ကာ ဆင်းသွားလေသည် ခဥမသည်လည်းပျော်ရွင်စွာဆင်းလေသည် အချိန်သိရပြီဖြစ်သည် . လမ်းသလားရွေ့ရချေပြီ။

























ုဝမ်တန်း မီး ဆွပ်ကိုမှာသည် စားမကောင်းချေ. ဘက်ထရီချာချာကို ကမန်းကတန်းရသလောက်ထည့်သည်။ အိမ်သာပြေးသည်။ ကမန်းကတန်းရှော့သည် ဘာဝယ်သာလဲမေးလျင်တော့အိတ်ဟုသာဖြေလေသည်.။






























ကားကြေီးသည် ကေအယ်နားရောက်ချေပြီဖြစ်သည်. တစ်စုံတစ်ရာကို သင်သတိပြုမိပါစ.




























ဘာလဲမေးလျှင်တော့ခဥမလည်းမသိချေ.

6 comments:

ko 9 said...

1

Tun Tun said...

ဘယ်မတုန်း ဂျန်သင်းက? ဂျန်သင်းကို စိတ်နာတယ်။ 2010 တုန်းက ကေဘယ်ကား စီးချင်လို. ဂျန်သင်းကို ကေအယ် က နေ တိုင်စီ နဲ. သွားတာ ဟိုရောက် တော့ ကေဘယ်ကားက under maintenance တဲ့ ;(

Anonymous said...

မမကွမ် ဒီပိုစ့်လေးရေးတာ အသောလေးဖောက်ထားတယ်။ ဖတ်ရင်း ရယ်နေရတယ်။ သွားချင်တာသွားခွင့်ရတဲ့ဘ၀ကို အားကျမိသူ တစ်ဦး
(လီယို)

Anonymous said...

မမကွမ် ဒီပိုစ့်လေးရေးတာ အသောလေးဖောက်ထားတယ်။ ဖတ်ရင်း ရယ်နေရတယ်။ သွားချင်တာသွားခွင့်ရတဲ့ဘ၀ကို အားကျမိသူ တစ်ဦး
(လီယို)

Anonymous said...

BATANG KALI တွင် ဒုတိယ ကမ္ဘာစစ်အတွင်းက ကျခဲ့တဲ့ ဒဒ်ခ်ျ စစ်သချိုင်းရှိသည့် ၁၀ ဂူမပြည့်သော်လည်း အမှတ်တ၇အဖြင့်ကောင်းမွန်စွာထိမ်းသိမ်းထားသော်ကြောင့် သာယာလှပသည်

Anonymous said...

ရွှေဝါလဲခင်ဦးမေရဲ့ဓါတ်ပုံတွေကိုကြည့်မ၀ပါ။...
................................ရွှေဝါ.