https://www.facebook.com/photo.php?fbid=317657034995492&set=a.281806128580583.64229.182039631890567&type=1&theater

ခဥမသည် သူမ၏ တွေ့ရာနေရာ လက်ဆွဲ လှမ်းပြီး ရိုက်လာသောပုံမျာိးကိုသိတ်တန်ဘိုးထားလေ့မရှိချေ။ ပေါပေါပဲပဲ ပိုစ်ထဲ ထည့်သကဲ့သို့ နာမည်ထိုးလေကလဲ မရှိချေ. သူမ၏ ပုံများကို မည်သူမျှ ယူမည်မဟုတ်ဟု ယူဆခဲ့လေသည် ။
ဟိုတစ်လောက ကောင်လေးတစ်ယောက် သူမ၏ ပုံများကို ယူကာသူ၏ ဖဘတွင် share သည်မဟုတ်ဘဲ သူရိုက်ကကဲ့သို့တင်သည်ကိုလည်း စိတ်မဆိုးချေ. ။ ငါရိုက်ထားတာ ကြိုက်လို့ယူသွားတာ ထင်ပါ၇ဲ့ဟုတွေးသည်
ယခု ညတွေ့လိုက်ရသည်ကတော့ ဆတ်ဆတ်ခါ နာလေသည်. ရဲထွန်းဇော် စာသားများကိုပေါ့ပေါ့ပါးပါး ယူသွားတုံးကတော့ ခွှုင့်တောင်းဘို့စိတ်ကူးမရှိခဲ့ ဒီလူနဲ့ဒီလူ ဘာဖြစ်လဲဟု ငါကြိုက်လိုကယူသုံးတာ ဟုတွေးသည် ဝတ်ဆိုသည်မှာ နေ့မကူးချေ.
ယခုပုံကိုကြည့်ရင်းငါရိုက်ထားတာနဲ့ တူလိုက်တာဟု ဆိုကာ သူမရေးခဲ့သော ပိုစ်ကို ပြန်ရှာပြီး သေချာတိုက်ကြည့်လေသည် ကြည့်လေ တူလေဖြစ်သည် သူရို့ပုံမှာ ချုံ့ထားသောကြောင့်အကျယ်ပြန်ကြည့်ရသည် အိပ်ရေးပျက်ချေပြီ။ မနက်ထရဦးမည်ကို ဂရုမစိုက်နိုင်တော့ချေ. မွန်သွားလေပြီ လင်မွန်သည် ကတမျိုး ဒါက တစ်မျိုးဖြစ်သည် ခံစားချက်ခြင်းမတူသောလည်းနီးစပ်သည်။
page ထဲကပုံ
ချုံ့ထားသည်။ အဲ ချုံ့ထားသည်တာ့မဟုတ် ခဥမ လွတ်လိုက်သော size အတိုင်းပင်ထင်သည်. ခဥမတွင်ကင်မရာနင့်ရိုက်လာရာ မူရင်း ဆိုက်ကြီးဖိုင်ရှိလေသည်။ ထိုပုံကိုလည်း software ထဲထည့်လိုက်လျင်တော့ မည်သို့ထွက်လာမည်မသိ. တူတော့အတော်တူလှသည်။

ခဥမ မူရင်းပုံ
http://khinoomay77.blogspot.sg/2011/12/8.html

ဘုန်းကြီးကျောင်းမို့ တူသည်က ထ ကျန်တောလေးတွေပါတူလှသည် သစ်ပင်. လူ.
နာရိုက်တုံးကလဲ အဲသည်လူက အဲသည်က ဖြတ်လျောက်တယ်အေ့ဆိုလျှင်တော့လည်း ယုံရမည်ပေါ့.။
ကြည့်ရင်းတစ်စိမ့်စိမ့်ဒေါသထွက်သည်။ ၃၂ ယောက်က ကြိုက်ပြီး ၂၂ ယောက်က share သွားသောအခါ ဒေါသအိုးပေါက်ကွဲလေသည်။ သူမရိုက်သောပုံဟုသာြေ့ပာလိုသည် မတူသည်များကို မရှာဘဲ တူသည်များကို သာ ရှာလေသည်။
လူဆိုသည်မှာ အသိအမှတ်ပြုခံချင်သောသူထဲတွင်ရှိလေရာ လူထဲမှလူ သူမသည်လည်း အသိအမှတ်ပြုခံချင်လေသ်ည သူမနေပူကျဲတည်း တွင် ဆိုင်ကယ်တစ်စီးဖြင်က ထိုကျောင်းတိုက်သည် နာမည်ရှိသောလည်း မကြွားဝါတတ်သောေ ကျာင်းတိုက်ဖြစ်လေရာ မရောက်ဘူးခဲ့သော သူမသည မနည်းလိုက်ရှာ အချိန်ကုန်လူပန်း ငွေပန်းပြီး တစ်ကူးတစ်က အမြတ်တနိုး ဘုန်းကြီးကို ခွင့်တောင်းက ရိုက်လာသော ပုံများကို ဤကဲ့သို ယူသွားသည် ကို မကျေနပ်ပါကြောင်း. တင်ပြရလေသည်. စာမူခကိုမျှော်လင့်လျှက်ရှိလေသည်။
မြန်မာတို့ရဲ့ယဉ်ကျေးမှူအမွေအနစ်များ page အတွက် ကျေးဇူးတင်ပါသည် ။ ကိုယ်တိုင်ရိုက်နိုင်လျေင် ရိုက်ကြပါ. မရိုက်နိုင်လျင်ရိုက်ဲခဲ့သူဆီက တော့ဖြင့်ယူသွားကြောင်းတော့ အသိအမှတ်လေးတော့ပြူပေးစေချင်ပါသည် ။ ကျွန်တော်ကတော့သိဘူးဗျ. သူပေးတာ ယူလိုက်တာဘဲဆိုလျှင်တော့လဲ ဘယ်သူမှန်းမသိသော သူကို ဘာမှ မလုပ်နိုင်ပါ သူမကတော့ပေးလိုက်သည်မဟုတ်ချေ. သူမထံမှယူသွားခြင်းသာဖြစ်လေသည်. ယူသွားသည်ကို ကျေနပ်သည် သူမရိုက်သည်ကို မည်သူမျှမသိလိုက်ရသည့်အတွက် မကျေနပ်ချေ. လုံးဝမကျေနပ်ချေ။ မဟုတ်တတာတွေ လာပြောနဲ့နော်. ဘာလုပ်လိုက်မမယ်ဆိုလျင်တော့ ဒီပိုစ်ကို လွတ်လိုလွတ်ငြားကမန်းကတန်းဖျက်လိုက်မည်ဖြစ်သည်။ သူမသည်ကြောက်တတ်သူဖြစ်သည်။

26 comments:
စိတ်မကောင်းမဖြစ်ပါနဲ့ မမ...
မကြောက်နဲ့ ကြောက်စရာလား ဒေါသရှေ့မထားလေနဲ့
ဓါတ်ပုံဆရာမဟုတ်ကြပေမယ့် ဘယ်သူမဆို ကိုယ်ရိုက်လာတဲ့ပုံကို ကွာလတီကောင်းကောင်း မကောင်းကောင်း ကာလာလှလှမလှလှ ဇောင့်ထိုးမိုးမျှော်ဖြစ်နေပါစေ ကိုယ်ရိုက်လာတဲ့ပုံပေပဲ
အဲဒီလိုလုပ်တာ ဘယ်သူကြိုက်မလဲ ဒါကို ဖဘမှာ စာတန်းထိုးတော့လဲ ထိုးတယ်တဲ့ ဆရာကြီးအထာကိုင်တယ်တွေ ဘာတွေနဲ့ ရှုပ်နေတာပဲ
ဘာပြောရမှန်း မသိတော့ဘူး နောက်ခါဆို ပုံရဲ့အလယ်တည့်တည့်မှာ KOM လို့ သာရေးပလိုက်
ဘယ်သူ့ မှဂရုမစိုက်နဲ့ နော်
နေ့ တိုင်းနာရီဝက်လမ်းလျှောက်တော့ ခုလိုဖြစ်ကုန်တာပေါ့ လို့ 
မကြောက်ပါနဲ့လေ...လောကမှာ အများကြီး ထပ်ကြုံဦးမှာပါ..မူပိုင်ခွင့်ဆိုတာရယ်...အဒိန္နဒါနာ ဆိုတာရယ်.... နည်းနည်း နားလည်ရ ခက်တယ်..ခွင့်လွှတ်လိုက်ပါကွယ်
မောင်သိန်စမ်းကတော လုပ်ချလိုက်ပြန်ပြီ
ပုံလေးတွေအောက်ခြေမှာ မချော(အစိမ်းရောင်လွင်ပြင်)လိုမျိုးနာမည်လေးတွေ ရေစာနဲ့ထည့်လေ အစ်မ.။ Pisca မှာထည့်ရတာလွယ်တယ်.အစ်မ စမ်းကြည့်ပါလား.။
မှန်တာကို ပြောတာဘဲ.. မကြောက်နဲ့..
နောက်မှာ ဘယ်သူရှိလဲ အရင်လှည့်ကြည့်လိုက်..
KOM ရဲ့ ပိတ်သတ်ကြီး ရှိတယ်လေ..
ပေါက်ကွဲ သံဇဉ် ...လား
bbq
ခဥမ ===> အဟင့်
အမည်မသိ ===> အဟွတ်
:)
ခုတစ်လော မသိပဲယူခံရတာတွေ အသိမပေးပဲ ယူသွားတာတွေ ကြားနေရပါလား
တောင်းပန်းထားသည်ကို တွေ့ရပါသည်၊
နောက်ဆိုပုံမှာလေဘယ်ထိုးပါကွန်
ဂျာရစ်
ဒီလိုအဖြစ်မျိုး သများကြုံတုန်းက မကွန်တို့ လှိုင်တို့ သများဘက်က ဝိုင်းဝန်းပေးကြတာ အရမ်းကျေးဇူးတင်တာပဲသိလားးး။ ခုမှ ပြောလည်း နောက်မကျသေးဘူးထင်တာပဲ၊ ဒီလူနဲ့ ဒီလူနော့်လေ :)))
အဲ page ကိုသွားချဲခဲ့တယ်အရီး
မငိုတော့နဲ့ တိတ်နော်တိတ်တိတ်
ဟုတ်တယ် မကွန်...သာမီး ဒညင်းသီးပုံဆို ဟိုမှာတွေ့လိုက် ဒီမှာတွေ့လိုက်နဲ့ ယူသုံးကြတာ ဒညင်းသီးပုံမို့လို့ ပြသနာမရှာတော့တာ..ကွကို အိမ်မှာ ကျကျနန ဘလော့မှာတင်ဖို့ အချိန်ကုန်ခံရိုက်ထားရတာပဲလေ...။
ကတောက် မမကေအိုအမ် ပုံ ကိုမှ ခိုးသွားတယ် ကွာ..
ပထမပိုင်းဖတ်နေတာ မမ တော်တော်စိတ်မကောင်းဖြစ်နေတာဘဲဆိုပြီး ကိုပါ လိုက်စိတ်မကောင်းဖြစ်နေတာ . နောက်ဆုံး အပိုဒ်ရောက်တော့ မရီဘဲ မနေနိုင်တော့ဘူး :P
hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog
နောက်..ဓာတ်ပုံရိုက်ပြီးတင်ရင်
ရေစက်ခွက်ကလေးပါ..ကိုင်တင်ပါလို့..
ခုတော့..
မလိမ္မာအကြိမ်ကြိမ်မိုက်နေသူမို့
ခွင့်လွှတ်လိုက်ပါ။
အဲဒီ ဖဘမှာတင်ထားတဲ့ပုံ အားလုံးနီးပါး ကူးယူထားတဲ့
ပုံတွေပါ.....
ုကြိုက်လို့ကူးယူပြီးတင်ထားပေမယ့် ဘယ်ကနေယူပြီးတင်
ထားတယ်ဆိုတာရေးသင့်ပါတယ်...
နားမလည်သူကိုခွင့်လွတ်လိုက်ပါ......
မခင်ဦးမေရိုက်ထားတဲ့ဓါတ်ပုံလက်ရာတွေ
အမြဲလိုလိုကြည့်ဖြစ်ပါတယ်
ကျွန်တော်တခုအကြံပေးချင်ပါတယ်ခင်ဗျာ
မခင်ဦးမေ ကိုယ်တိုင်ရိုက်ထားတဲ့ပုံတွေကို
watermark လေးလုပ်ပြီးမှ
အင်တာနက်စာမျက်နှာပေါ်တင်ပါလို့ 
အကြံပေးပါရစေ နို့ မို့ ဆို
အင်တာနက်ပေါ်က သကောင့်သားတွေ သကောင့်သမီးတွေက စည်းကမ်းမရှိဘူးဗျ
ပိုင်ရှင်အမှန်ကိုခွင့်မတောင်းပဲ ယူယူသုံးကြတယ်
Credit လဲမပေးကြဘူး ... ဖြစ်နိုင်ရင် Photoshop ထဲမှာ watermark လေး သေးသေးလေး ထည့်သင့်တယ်လို့ ပြောတာပါ
ခင်တဲ့
မိုးသူ(တောင်ကြီး)
အဲ့ဒါကြောင့် စာတမ်းထိုးဖို့ ပြောတာပေါ့.. ခုတော့ ခိုးကုန်ဘီ ဘယ်လိုလုပ်ကြမတုံး.. >.<
ဒါနဲ့.. မီးလည်း ကြောက်တတ်တယ် သိလား
တူတူပဲ :D :D
ချစ်လို့ခိုးတယ်မှတ်ပါ အစ်မကွန်....:)))
စတာနော်....။နာမည်လေးထိုးဗျာ....နောက်ဆို...။
ဖဘမှာက ဒညင်းသီးလည်းခိုး၊မုန့်လုံးရေပေါ်လည်း
ခိုး၊ကလေးပုံလည်းခိုး၊ခွေးပုံလည်းခိုးနဲ့....၊စိတ်လေသဗျာ။
ဟိုင်း အင်ပရက်ဆစ်ဖ့်ဖ်ဖ် ဘလော့...
အိုင် ဟဗ် စမော ဘလော့ဂ် သက်စ်ရိုက် နက်သင်းအွန်လိုင်း သရု မြန်မာ...
သြော်.. ဟိုအင်္ဂလိပ်လို လိုက်ပြီး မန့်နေတဲ့ အမျိုးသမီးရေးတာတွေတောင် သံယောင်လိုက်မိနေပြန်ဘီ... ဘာမှ မဟုတ်ဘူး လာလည်သွားတယ်လို့.. အဲ့ဒါပြောတာ အမ.. ပြန်ဘီနော်.. "အဟင့်"
သာမီးလည်း ကော်ပီ ဆိုရင် တအားစိတ်နာတယ်..
အဟင့်..
အမ..ပုံရဲ့အောက်နားလေးမှာနာမည်လေး
ဖြစ်ဖြစ် အမှတ်အသားတခု ဖြစ်ဖြစ်
ရေးလိုက်လေ..
အဟင့်..သူခိုးများတယ်ခိုးရက်ကြတာဘဲ။
အအရ
ဘာအဓိပါယ်နဲဘာတွေပြောနေတာလဲ
Post a Comment